စာလုံး

ႂကြေရာက္လာၾကေသာ ဓမၼမိတ္ေဆြမ်ားအားလုံး ကိုယ္၏က်န္းမာျခင္း စိတ္၏ခ်မ္းသာျခင္း ႏွင့္ျပည့္စုံၾကပါေစ။

Monday, March 2, 2020

၇။ စန္ဒကုမာရဇာတ်တော်

၇။စန္ဒကုမာရ ဇာတ်တော်
~~~~~~~~~~~~
စန္ဒကုမာရဇာတ်တော်သည် ဇာတ်ကြီး ဆယ်ဘတွင် ခုနစ်ခုမြောက် ဇာတ်တော်ဖြစ်သည်။ ဂေါတမမြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော် ဝေဠုဝန်ကျောင်းတော်အနီး ဂိဇ္ဈကုဋ်တောင်ယံ၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောကြားတော်မူသည်။ ထိုဇာတ်တော်တွင် သစ္စာ၏ တန်ခိုးကို ထင်ရှားစွာ ဖော်ပြလေသည်။ ပါဠိကျမ်းဂန်များ၌ စန္ဒကုမာရဇာတ်တော်ကြီးကို ခဏ္ဍဟာလဇာတ်ဟု ပြသည်။ ဇာတ်တော်၏ အကြောင်းအရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
.
ရှေးလွန်လေပြီးသောအခါ ပပ္ဖဝတီပြည်၌ ဝသဝတီမင်း၏သား ဧကရာဇ် အမည်ရှိသောမင်းသည် နန်းစံ၏။ ထိုမင်း၏ သားတော်ကြီးကား စန္ဒကုမာရမည်၍ အိမ်ရှေ့အရာဖြင့် စံရသည်။ ထိုမင်းတွင် ခဏ္ဍဟာလ အမည်ရှိသော ပုဏ္ဏားအမတ်ကြီး တစ်ဦးရှိရာ ထိုအမတ်ကြီးသည် တရားစီရင်ရာ၌ လာဘ်ယူ၍ စီရင်လေ့ရှိသည်။
.
တစ်ခါသော် အမှုသည် ယောက်ျားတစ်ဦးသည် မတရားသဖြင့် အမှုရှုံးအောင် စီရင်ခြင်းခံရသဖြင့် စန္ဒကုမာရမင်းသားအား တိုင်ကြားရာ မင်းသားသည် နှစ်ဖက်သော အမှုသည်တို့ကို ခေါ်ယူ၍ တရားသဖြင့် စီရင်ပေးသည်။ ထိုအခါမှစ၍ လူအများက မင်းသားကို ကြည်ညိုလျက် အမတ်ကြီးကို ရွံ့မုန်းကြသည်။ အမတ်ကြီးလည်း မိမိသည် မင်းသားကြောင့် ဂုဏ်ပျက်ရသည်ဟု ရန်ငြိုးထားလေသည်။
တစ်နေ့သ၌ ဧကရာဇ်မင်းသည် နတ်ပြည်ကို အိပ်မက်တွင် မြင်သဖြင့် နတ်၏ စည်းစိမ်ကို လွန်စွာရလိုသောကြောင့် အမတ်ကြီး ခဏ္ဍဟာလကိုခေါ်၍ နတ်ပြည်ရောက်ရန် နည်းလမ်းကို မေးသည်။ အမတ်ကြီးလည်း နည်းလမ်းကို မသိစေကာမှ မင်းသားကို သတ်ဖြတ်ခွင့်ရစိမ့်သောငှာ လှည့်ဖြားလည်ဆယ်ဉာဏ်ဖြင့် သားသမီး၊ သူကြွယ်၊နွား၊ မြင်း စသည်တို့ကို သတ်လျှက် လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ရမည်ဟု ပြောကြားသည်။
.
မင်းလည်း ယုံကြည်၍ သားသမီး မိဖုရားတို့ကို သတ်ရန် ဆောင်ယူစေသည်။ စန္ဒကုမာရ မင်းသားသည် အမတ်ကြီး၏ အကောက်ကြံပုံကို သိရှိသည့်အလျောက် မိမိတစ်ဦးအတွက် အခြားသူများ မသေရလေအောင် လျှောက်ထားရန် ကြံစည်လျက် မင်းကြီးရှေ့တော်သို့ လိုက်ပါလာခဲ့သည်။
.
ဧကရာဇ်မင်း၏ ယဇ်ပူဇော်ခြင်း အစီအစဉ်ကို ခမည်းတော် မယ်တော်တို့ သိသောအခါ ထိုသို့ပြုခြင်းဖြင့် ငရဲပြည်သို့သာ လားမည်ဖြစ်ကြောင်း၊ ဖျောင်းဖျဆုံးမသည်။ သို့သော် ဧကရာဇ်မင်းလည်း ထိုအဆုံးအမကို ပယ်လေသည်။ ထိုအခါ သားတော် စန္ဒကုမာရ မင်းသားနှင့်တကွ သားမယားများ၊ မှူးမတ်များနှင့် တကွ သားမယားတို့က တစ်လှည့်စီ ငိုကြွေးပန်ကြားကြသည်။ ထိုသို့ပန်ကြားတိုင်း မင်းလည်းစိတ်ညွတ်နူးသဖြင့် ယဇ်ပူဇော်ခြင်း အစီအစဉ်ကို ဖျက်သိမ်းသည်။
.
သို့ရာတွင် အမတ်ကြီး ကြား၍ မင်းအားလှည့်ဖြား တိုက်တွန်းပြန်သော် မင်းလည်း ယဇ်အစီအစဉ်ကို ပြုမြဲ ပြုပြန်သည်။ အမတ်ကြီးလည်း အခွင့်သင့်ခိုက် မင်းသားတို့အား သတ်ဖြတ်ရန် စီစဉ်လေသည်။ ဤတွင် တစ်နန်းတော်လုံး ပူပန်ငိုကြွေးကြသည်။ တစ်ပြည်လုံးလည်း ပြည်သူပြည်သားတို့၏ ငိုကြွေးသံများဖြင့် ပဲ့တင်ထပ်လေသည်။
.
နောက်ဆုံးတွင် မင်းသား၏ မယ်တော် ဂေါတမီမိဖုရားသည် သစ္စာသာလျှင် ကိုး
ကွယ်ရာ ရှိတော့်သည်ဟု အောက်မေ့၍ သစ္စာအဓိဋ္ဌာန်ပြုသည်။ ထိုအခါ သိကြားမင်းသည် မနေသာပဲ သံလှံတံကို စွဲ၍ မင်းကြီးထံသို့ လာရောက်ကာ ပြစ်တင်မောင်းမဲသည်။
.
မင်းလည်း ကြောက်ရွံ့၍မင်းသားတို့ကို လွှတ်သည်။ ပြည်သူအများလည်း အမတ်ကြီးကို ခဲ၊ အုတ်တို့ဖြင့် ပေါက်သဖြင့် အမတ်ကြီးသေသည်။ မင်းကြီးကိုလည်း သတ်ကြမည်ပြုရာ သားတော်က တောင်းပန်သဖြင့် မသတ်ပဲ ဒွန်းစဏ္ဍားအဖြစ် အဝတ်နွမ်းကိုပေးလျက် နှင်ထုတ်သည်။ 
.
စန္ဒကုမာရမင်းသားလည်း ထီးနန်းကို ရရှိသည်။ ဇာတ်ပေါင်းသော် ဂေါတမ မြတ်စွာဘုရား၏ လက်ထက်တွင် ခဏ္ဍဟာလ ပုဏ္ဏားသည် ဒေဝဒတ် စန္ဒကုမာရ မင်းသားသည် မြတ်စွာဘုရားမြတ်စွာဘုရား မယ်တော် ဂေါတမီ မိဖုရားသည် မယ်တော်၊ မင်းသား၏ မိဖုရား စန္ဒဒေဝီကား ယသော်ဓရာ စန္ဒကုမာရမင်းသား၏သား ဝသုလကား ရာဟုလာ ညီတော် ဝါမဂေါတ္တကားရှင်မဟာ ကဿပမထေရ် ဘဒ္ဒသေနညီတော်ကား လက်ဝဲရံရှင်မောဂ္ဂလ္လာန် ညီတော် သူရိယ ကုလာရကား လက်ျာရံ ရှင်သာရိပုတ္တရာ အသီးသီး ဖြစ်လာသည်။

ဓမ္မမိတ်ဆွေများအားလုံး နိဗ္ဗာန်၏
အထောက်အပံ့ဖြစ်ကြပါစေ...။

မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)စုစည်း၍ဓမ္မဒါနပြုပါသည် ။

စႏၵကုမာရ ဇာတ္ေတာ္
~~~~~~~~~~~~
စႏၵကုမာရဇာတ္ေတာ္သည္ ဇာတ္ႀကီး ဆယ္ဘတြင္ ခုနစ္ခုေျမာက္ ဇာတ္ေတာ္ျဖစ္သည္။ ေဂါတမျမတ္စြာဘုရား ရာဇၿဂိဳဟ္ျပည္ ေဝဠဳဝန္ေက်ာင္းေတာ္ ေဝဠဳဝန္ေက်ာင္းေတာ္အနီး ဂိဇၩကုဋ္ေတာင္ယံ၌ သီတင္းသုံးေတာ္မူစဥ္ ေဒဝဒတ္ကို အေၾကာင္းျပဳ၍ ေဟာၾကားေတာ္မူသည္။ ထိုဇာတ္ေတာ္တြင္ သစၥာ၏ တန္ခိုးကို ထင္ရွားစြာ ေဖာ္ျပေလသည္။ ပါဠိက်မ္းဂန္မ်ား၌ စႏၵကုမာရဇာတ္ေတာ္ႀကီးကို ခ႑ဟာလဇာတ္ဟု ျပသည္။ ဇာတ္ေတာ္၏ အေၾကာင္းအရင္းမွာ ေအာက္ပါအတိုင္း ျဖစ္သည္။
.
ေရွးလြန္ေလၿပီးေသာအခါ ပပၹဝတီျပည္၌ ဝသဝတီမင္း၏သား ဧကရာဇ္ အမည္ရွိေသာမင္းသည္ နန္းစံ၏။ ထိုမင္း၏ သားေတာ္ႀကီးကား စႏၵကုမာရမည္၍ အိမ္ေရွ႕အရာျဖင့္ စံရသည္။ ထိုမင္းတြင္ ခ႑ဟာလ အမည္ရွိေသာ ပုဏၰားအမတ္ႀကီး တစ္ဦးရွိရာ ထိုအမတ္ႀကီးသည္ တရားစီရင္ရာ၌ လာဘ္ယူ၍ စီရင္ေလ့ရွိသည္။
.
တစ္ခါေသာ္ အမွုသည္ ေယာက္်ားတစ္ဦးသည္ မတရားသျဖင့္ အမွုရွုံးေအာင္ စီရင္ျခင္းခံရသျဖင့္ စႏၵကုမာရမင္းသားအား တိုင္ၾကားရာ မင္းသားသည္ ႏွစ္ဖက္ေသာ အမွုသည္တို႔ကို ေခၚယူ၍ တရားသျဖင့္ စီရင္ေပးသည္။ ထိုအခါမွစ၍ လူအမ်ားက မင္းသားကို ၾကည္ညိဳလ်က္ အမတ္ႀကီးကို ရြံ့မုန္းၾကသည္။ အမတ္ႀကီးလည္း မိမိသည္ မင္းသားေၾကာင့္ ဂုဏ္ပ်က္ရသည္ဟု ရန္ၿငိဳးထားေလသည္။
တစ္ေန႔သ၌ ဧကရာဇ္မင္းသည္ နတ္ျပည္ကို အိပ္မက္တြင္ ျမင္သျဖင့္ နတ္၏ စည္းစိမ္ကို လြန္စြာရလိုေသာေၾကာင့္ အမတ္ႀကီး ခ႑ဟာလကိုေခၚ၍ နတ္ျပည္ေရာက္ရန္ နည္းလမ္းကို ေမးသည္။ အမတ္ႀကီးလည္း နည္းလမ္းကို မသိေစကာမွ မင္းသားကို သတ္ျဖတ္ခြင့္ရစိမ့္ေသာငွာ လွည့္ျဖားလည္ဆယ္ဉာဏ္ျဖင့္ သားသမီး၊ သူႂကြယ္၊ႏြား၊ ျမင္း စသည္တို႔ကို သတ္လၽွက္ လည္ေခ်ာင္းေသြးျဖင့္ ယဇ္ပူေဇာ္ရမည္ဟု ေျပာၾကားသည္။
.
မင္းလည္း ယုံၾကည္၍ သားသမီး မိဖုရားတို႔ကို သတ္ရန္ ေဆာင္ယူေစသည္။ စႏၵကုမာရ မင္းသားသည္ အမတ္ႀကီး၏ အေကာက္ႀကံပုံကို သိရွိသည့္အေလ်ာက္ မိမိတစ္ဦးအတြက္ အျခားသူမ်ား မေသရေလေအာင္ ေလၽွာက္ထားရန္ ႀကံစည္လ်က္ မင္းႀကီးေရွ႕ေတာ္သို႔ လိုက္ပါလာခဲ့သည္။
.
ဧကရာဇ္မင္း၏ ယဇ္ပူေဇာ္ျခင္း အစီအစဥ္ကို ခမည္းေတာ္ မယ္ေတာ္တို႔ သိေသာအခါ ထိုသို႔ျပဳျခင္းျဖင့္ ငရဲျပည္သို႔သာ လားမည္ျဖစ္ေၾကာင္း၊ ေဖ်ာင္းဖ်ဆုံးမသည္။ သို႔ေသာ္ ဧကရာဇ္မင္းလည္း ထိုအဆုံးအမကို ပယ္ေလသည္။ ထိုအခါ သားေတာ္ စႏၵကုမာရ မင္းသားႏွင့္တကြ သားမယားမ်ား၊ မွူးမတ္မ်ားႏွင့္ တကြ သားမယားတို႔က တစ္လွည့္စီ ငိုေႂကြးပန္ၾကားၾကသည္။ ထိုသို႔ပန္ၾကားတိုင္း မင္းလည္းစိတ္ညြတ္ႏူးသျဖင့္ ယဇ္ပူေဇာ္ျခင္း အစီအစဥ္ကို ဖ်က္သိမ္းသည္။
.
သို႔ရာတြင္ အမတ္ႀကီး ၾကား၍ မင္းအားလွည့္ျဖား တိုက္တြန္းျပန္ေသာ္ မင္းလည္း ယဇ္အစီအစဥ္ကို ျပဳျမဲ ျပဳျပန္သည္။ အမတ္ႀကီးလည္း အခြင့္သင့္ခိုက္ မင္းသားတို႔အား သတ္ျဖတ္ရန္ စီစဥ္ေလသည္။ ဤတြင္ တစ္နန္းေတာ္လုံး ပူပန္ငိုေႂကြးၾကသည္။ တစ္ျပည္လုံးလည္း ျပည္သူျပည္သားတို႔၏ ငိုေႂကြးသံမ်ားျဖင့္ ပဲ့တင္ထပ္ေလသည္။
.
ေနာက္ဆုံးတြင္ မင္းသား၏ မယ္ေတာ္ ေဂါတမီမိဖုရားသည္ သစၥာသာလၽွင္ ကိုး
ကြယ္ရာ ရွိေတာ့္သည္ဟု ေအာက္ေမ့၍ သစၥာအဓိ႒ာန္ျပဳသည္။ ထိုအခါ သိၾကားမင္းသည္ မေနသာပဲ သံလွံတံကို စြဲ၍ မင္းႀကီးထံသို႔ လာေရာက္ကာ ျပစ္တင္ေမာင္းမဲသည္။
.
မင္းလည္း ေၾကာက္ရြံ့၍မင္းသားတို႔ကို လႊတ္သည္။ ျပည္သူအမ်ားလည္း အမတ္ႀကီးကို ခဲ၊ အုတ္တို႔ျဖင့္ ေပါက္သျဖင့္ အမတ္ႀကီးေသသည္။ မင္းႀကီးကိုလည္း သတ္ၾကမည္ျပဳရာ သားေတာ္က ေတာင္းပန္သျဖင့္ မသတ္ပဲ ဒြန္းစ႑ားအျဖစ္ အဝတ္ႏြမ္းကိုေပးလ်က္ ႏွင္ထုတ္သည္။ 
.
စႏၵကုမာရမင္းသားလည္း ထီးနန္းကို ရရွိသည္။ ဇာတ္ေပါင္းေသာ္ ေဂါတမ ျမတ္စြာဘုရား၏ လက္ထက္တြင္ ခ႑ဟာလ ပုဏၰားသည္ ေဒဝဒတ္ စႏၵကုမာရ မင္းသားသည္ ျမတ္စြာဘုရားျမတ္စြာဘုရား မယ္ေတာ္ ေဂါတမီ မိဖုရားသည္ မယ္ေတာ္၊ မင္းသား၏ မိဖုရား စႏၵေဒဝီကား ယေသာ္ဓရာ စႏၵကုမာရမင္းသား၏သား ဝသုလကား ရာဟုလာ ညီေတာ္ ဝါမေဂါတၱကားရွင္မဟာ ကႆပမေထရ္ ဘဒၵေသနညီေတာ္ကား လက္ဝဲရံရွင္ေမာဂၢလႅာန္ ညီေတာ္ သူရိယ ကုလာရကား လက္်ာရံ ရွင္သာရိပုတၱရာ အသီးသီး ျဖစ္လာသည္။

ဓမၼမိတ္ေဆြမ်ားအားလုံး နိဗၺာန္​၏
အ​ေထာက္​အပ့ံျဖစ္​ၾကပါ​ေစ...။

မ်ိဳးဆက္​သစ္​အရွင္​(ဖို​ေလးလုံး)စုစည္​း၍ဓမၼဒါနျပဳပါသည္​ ။

၆။ ဘူရိဒတ္တဇာတ်တော်

၆။ ဘူရိဒတ္တဇာတ်တော်
~~~~~~~~~~~
ဘူရိဒတ်ဇာတ်တော်သည် ဗုဒ္ဓမြတ်စွာ၏ ထင်ရှားသော ဘဝကြီး ဆယ်ပါးကို ပြသည့် ဇာတ်ကြီးဆယ်ဘွဲ့တွင် ဆဋ္ဌမမြောက်ဇာတ်ဖြစ်သည်။ ဘုရင်းရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဥပုသ်သီတင်း ဆောက်တည်ကြသော ဒါယကာတို့ကို အကြောင်းပြု၍ ဘုရားရှင်ကိုယ်တော်တိုင်လည်း ရှေးဘဝ ဘူရိဒတ်နဂါးမင်းဖြစ်စဉ် ကြီးစွာသော စည်းစိမ်ကိုစွန့်ကာ ကြီးစွာသော ဆင်းရဲဒုက္ခကိုခံ၍ သီလပါရမီကို ထိန်းသိမ်းဖြည့်တင်းတော်မူခဲ့ကြောင်း အတိတ်ဆောင် ဟောကြားတော်မူခြင်း ဖြစ်သည်။ ဂါထာပေါင်း ၂၉၈ ပုဒ်ဖြင့် တန်ဆာဆင် ဟောကြားတော်မူသော ထိုဘူရိဒတ်ဇာတ်တော်တွင် ယဇ်ပူဇော်ခြင်း၏ အပြစ်များကို ညွှန်ကြားဖော်ပြ ဟောကြာထားသည်။ ထိုဇာတ်တော်၏ အကြောင်းအရာကား ဤသို့ဖြစ်သည်။

ရှေးလွန်လေပြီးသောအခါ ဗာရဏသီပြည်၌ တပါးသော ဗြဟ္မဒတ်မင်းကြီးသည် မိမိ၏ သားတော် ဥပရာဇာ၌ စည်းစိမ်အခြံအရံ များပြားပြန့်ပွားလှသဖြင့် ထီးနန်းအန္တရာယ် ဖြစ်မည်စိုးသောကြောင့် သားတော်ကို မိမိလွန်မှသာလျှင် တိုင်းပြည်သို့ ပြန်လာရန် မိန့်ကား၍ ပြည်မှထွက်စေသည်။ သားတော ဥပရာဇာသည် ခမည်းတော်၏ အမိန့်အတိုင်း တိုင်းပြည်မှ ထွက်ခဲ့ရာ ယမုနာမြစ်အနီး တခုသောတောင်ကြား၌ ရသေ့အသွင်ဖြင့် တောရိပ်ခိုမှီးနေခဲ့သည်။

ထိုအခါ ယမုနာမြစ်အောက်ရှိ နဂါးပြည်မှ မုဆိုးမဖြစ်သော နဂါးမသည် ကာမဘော်ဖြင့် ပျောပါးလိုသဖြင့် နဂါးပြည်မှထွက်ခဲ့ရာ မြစ်အနီးအနားရှိ ရသေ့၏ ကျောင်းသင်ခမ်းသို့ ရောက်လာသည်။ နဂါးမသည် သဒ္ဓါကြောင့် ရသေ့ဝတ်ခြင်း မဟုတ်သည်ကို စူးစမ်းသိရှိရ၍ ရသေ့နှင့်အတူ ရင်းနှီးနေထိုင်ခဲ့ရာ သားတယောက် သမီးတယောက် ထွန်းကားခဲ့သည်။ တနေ့တွင် ဗာရာဏသီမင်းကြီး နတ်ရွာလားသဖြင့် ရသေ့အား ထီးနန်းဆက်ခံရန် မှူးမတ်တို့က လာရောက်ခေါ်ဆောင်သည်။ နဂါးမသည် ဇာတ်မတူသော လူ့တိုင်းပြည် လိုက်ပါနေထိုင်ခြင်း မပြုလိုသဖြင့် မင်းသားသည် သားတော် သမီးတော်နှစ်ပါးကိုသာ ခေါ်ဆောင်၍ တိုင်းပြည်သို့ ပြန်ကာ မင်းပြုလေသည်။

ထိုမင်းသည် နဂါးမ မှာသည့်အတိုင်း နဂါးသွေးပါသော သားတော် သမီးတော်တို့အတွက် ရေကန်ကြီးတူး၍ ရေကစား ပျော်ရွှင်စေသည်။ တနေ့တွင် လိပ်တကောင်ကို ရေကန်တွင်း၌ တွေ့ကြသည်။ လိပ်ကို သားတော် သမီးတော်တို့က ကြောက်ရွံ့ကြသဖြင့် ငိုကြရာ မင်းကြီးသည် လိပ်ကို ဖမ်းစေ၍ အပြစ်ပေးစေသည်။ မင်း၏ အမတ်တို့က အပြစ်ဒဏ်အမျိုးမျိုးဖြင့် ခြိမ်းခြောက်ရာ ထိုစူဠလိပ်က မတုန်မလှုပ်နေခဲ့သည်။ အမတ်တဦးက ယမုနာမြစ်ဝဲတွင် ချမည်ဟု ခြိမ်းခြောက်သောအခါ လိပ်က သည်းစွာငိုသည်။ ထိုအခါ မင်းချင်းတို့က လိပ်၏ ပရိယာယ်ကို မသိနားမလည်ကြသဖြင့် လိပ်ကို ဝဲ၌ချခြင်းသည် လိပ်အတွက် ကြီးလေးသောအပြစ် ဖြစ်မည်ဟု ယူဆကြ၍ ယမုနာဝဲ၌ ချလေသော် လိပ်သည် ဘေးအန္တရာယ်ကင်းစွာဖြင့် ရေအယဉ်၌ မျောပါ၍ နဂါးပြည်သို့ ရောက်သွားသည်။ ထို့ကြောင့် ‘‘စူဠလိပ်ကို ရေလွှတ်သကဲ့သို့’’ ဟု ဆိုရိုးစကား ပြုခဲ့ကြသည်။

လိပ်သည် နဂါးလုလင်ပျိုတို့နှင့် တွေ့လေရာ ပရိယာယ်ကြွယ်သော လိပ်ဖြစ်၍ ဘေးကင်းစေရန် မိမိသည် ဗာရာဏသီမင်းက နဂါးမင်းကြီးအား မိမိ၏ သမီးတော် သမုဒ္ဒဇာကို ဆောက်နှင်းလို၍ သံတမန်အဖြစ် စေလွှတ်သဖြင့် ရောက်လာခြင်းဖြစ်ကြောင်း ပြောကြားရာ နဂါးတို့ ယုံကြည်ကြသည်။ ထိုကြောင့် တန်ခိုးကြီးသော ဓတရဋ္ဌနတ်နဂါးမင်းထံ ပို့ပေးရာ နဂါးမင်းအားလည်း လိပ်က အထက်ပါအတိုင်း လျှောက်ထားသဖြင့် နဂါးမင်းကလည်း မင်္ဂလာကိစ္စစီစဉ်ရန် နဂါးလုလင် တမန်များကို ဗာရာဏသီမင်းထံ စေလွှတ်လိုက်လေသည်။

ဗာရာဏသီမင်းထံ နဂါးတမန်တို့ ရောက်ရှိ၍ အကျိုးအကြောင်းကြားလတ်သော် လူမင်းသမီးတော်ကို ဖားစိမ်း၊ ငါးစိမ်းစား တိရစ္ဆာန်မျိုးဖြစ်သော နဂါးမင်းနှင့် မဆောက်နှင်းနိုင်ကြောင်း ငြင်းဆိုသည်။ နဂါးလုလင်တို့ ပြန်သွား၍ နဂါးမင်းအား လျှောက်ကြားလေသော် နဂါးမင်းကြီး အမျက်ထွက်၍ နဂါးအပေါင်းကို ဆင့်ခေါ်ကာ ဗာရာဏသီတပြည်လုံးကို နဂါးတို့ဖြင့် ပြည့်စေ၍ တိုင်းပြည်လူထု ချောက်ချားတုန်လှုပ်အောင် ခြိမ်းခြောက်စေသည်။ ထိုအခါ ဗာရာဏသီမင်းလည်း မနေသာသဖြင့် သမီးတော်ကို ဓတရဋ္ဌနဂါးမင်းအား ဆောက်နှင်းရလေသည်။

နဂါးမင်းသည် သမုဒ္ဒဇာအား နဂါးပြည်သို့ ခေါ်ဆောင်ခဲ့သော်လည်း နဂါးပြည်ဟူ၍ လည်းကောင်း မိမိတို့သည် နဂါးများဖြစ်သည်ဟူ၍ လည်းကောင်း မသိရလေအောင် နဂါးပြည်ကို နတ်ပြည်ကဲ့သို့ ဖန်ဆင်းကာ နတ်နှင့်တူသော စည်းစိမ်အခြံအရံကို ပေးထားသဖြင့် မင်းသမီးသည် နဂါးပြည်၌ နဂါးမင်း ချစ်မြတ်နိုးမှုကို ခံယူကာ ပျော်ရွှင်စွာ ခံစားနေခဲ့သည်။ ကာလကြာသော် သုဒဿန၊ ဒတ္တ၊ သုဘောဂနှင့် အရိဋ္ဌဟူသော သားတော် ၄ ပါးကို ဖွားသည်။ တခါသော် သားတော်အငယ် အရိဋ္ဌက နဂါးအသွင် ဇာတိရုပ်ပေါ်အောင် ဖန်ဆင်းပြမှ မိမိသည် နဂါးပြည်၌ နဂါးမင်း၏ မိဖုရားဖြစ်နေကြောင်းကို သမုဒ္ဒဇာမင်းသမီး သိတော်မူသည်။ အရိဋ္ဌသည်လည်း မယ်တော်ကို နဂါးဇာတိ ဖန်ဆင်းပြသရာတွင် မယ်တော်ကြောက်လန့်ကာ လွှတ်ချလိုက်၍ မျက်စိတဖက် ပျက်လေသဖြင့် ကာဏရိဋ္ဌဟု အမည်တွင်လေသည်။ ဓတရဋ္ဌ နဂါးမင်းသည် သားတော်များ အရွယ်ရောက်လတ်သော် နိုင်ငံတော်ကို ၅ စုခွဲ၍ ၄ စုတွင် သားတော်တပါးစီ အုပ်ချုပ်မင်းပြုစေသည်။ ဒတ္တနဂါးမင်းသည် မိမိပိုင်နက်အတွင်း၌ နေထိုင်၍ တရားသဖြင့် မင်းပြုသည်။ နဂါးတို့၏ ပြဿနာအရပ်ရပ်ကိုလည်း ဖြေရှင်းပေးလေသည်။ အခြားသားတော်တို့သည် ခမည်းတော် မယ်တော်တို့အား တလတကြိမ် အဖူးအမြင် အခစား လာကြသည်။ ဒတ္တနဂါးမင်းကမူ လခွဲတကြိမ် အဖူးအမြော်လာသည်။

တရံခါသော် နတ်နဂါးတို့ကို အစိုးရသော ဝိရူပက္ခနတ်မင်းကြီးသည် ဓတရဋ္ဌ နဂါးမင်းကြီးနှင့် သားတော်များ အပါအဝင် နဂါးပရိသတ်နှင့်တကွ သိကြားမင်းထံ အခစားဝင်ရောက်သည်။ ထိုအခါတွင် နတ်နဂါး သိကြား ပရိသတ်၌ ပြဿနာတခုပေါ်သည်။ ထိုပြဿနာကို ဒတ္တနဂါးမင်းက ဖြေရှင်းပေးနိုင်သဖြင့် သိကြားမင်းက မြေကြီးနှင့်တူသော ကျယ်ပြန့်သော ပညာရှိပေသည်ဟု ချီးကျူး၍ ဘူရိဒတ် (ဘူရိဒတ္တ) ဟု အမည်ပေးသည်။ ထိုအခါမှစ၍ ဒတ္တနဂါးမင်းအား ဘူရိဒတ်ဟု ခေါ်ဝေါ်ကြလေသည်။

ဘူရိဒတ်သည် ထိုအခါမှစ၍ သိကြားမင်းထံ မပြတ်ခစား ရသည်။ သိကြားမင်း၏ စည်းစိမ်ကို တွေ့မြင်ရဖန် များလေသော် သိကြားမင်း၏ စည်းစိမ်ကို တောင့်တလေသည်။ ထိုကြောင့် ဖားစိမ်းစား ငါးစိမ်းစား နဂါးအဖြစ်ထက် နတ်အဖြစ်ကို ရလိုသည့်အတွက် ဥပုသ်သီတင်း ဆောက်တည်ရန် ခမည်းတော် မယ်တော်တို့ထံ ခွင့်ပန်၍ ဥပုသ်သီတင်း သုံးလေသည်။

နဂါးပြည်၌ ဥပုသ်တောက်တည်ရာ၌ အနှောင့်အယှက် မကင်း၍ လူ့ပြည်သို့ သွားရောက်၍ အေးချမ်းစွာ ဥပုသ် သီတင်းသုံးရန် အကြံဖြစ်ခဲ့သည်။ ထို့ကြောင့် ဗာရာဏသီပြည်အနီး ယမုနာမြစ်ကမ်းပါးထက်တွင် ဥပုသ် သီတင်းသုံး၍ နေခဲ့သည်။ ထိုအချိန်တွင် နေသာဒမုဆိုးပုဏ္ဏား သားအဖသည် သမင်လိုက်ရာမှ ဘုရားလောင်း ဘူရိဒတ် ဥပုသ် သီတင်းသုံးရာ အရပ်သို့ ရောက်လာသည်။ နဂါးမင်းသည် ထိုပုဏ္ဏားသားအဖက မိမိအား ဤနေရာ၌ တွေ့ကြောင်းကို အလမ္ပာယ်သမားအား လမ်းညွှန်လေသော် မိမိဥပုသ် ဆောက်တည်ခြင်းကို အနှောင့်အယှက်ပြုမည်စိုး၍ ထိုသားအဖအား နဂါးပြည်သို့ ဆောင်ပြီးလျှင် နတ်နှင့်တူသော စည်းစိမ်အခြံအရံကို ပေးထားသည်။ သို့သော် ကာလကြာညောင်းလာလျှင် နေသာဒ ပုဏ္ဏားသားအဖတို့ မပျော်ပိုက်သဖြင့် လူ့ပြည်သို့ပြန်ပို့ရသည်။ ဘူရိဒတ်နဂါးမင်းသည် ပုဏ္ဏား သားအဖ လူ့ပြည်သို့ ပြန်ရောက်၍ ဆင်းရဲပင်ပန်းစွာ နေခဲ့ရသော် မိမိ ဥပုသ်သီတင်းသုံးရာ အရပ်ကို အလိမ္ပာယ်သမားအား ညွှန်ပြမည်ကို စိုးရိမ်သဖြင့် ခပ်သိမ်းသော အလိုကို ပေးနိုင်သည့် ပတ္တမြားကို လက်ဆောင်ပေးသည်။ သို့သော် နေသာဒ ပုဏ္ဏားသည် ရဟန်းပြုလို၍ လူ့ပြည်သို့ ပြန်လိုပါသည်ဟု ဘူရိဒတ်အား ပြောကြားထားမိပြီ ဖြစ်ရကား ထိုပတ္တမြားကို ငြင်းပယ်ခဲ့လေသည်။

အခြား ပုဏ္ဏားတဦးသည် ဂဠုန်တခုက ရသေ့တပါးအား ပေးသည့် နဂါးနှင့်မြွေတို့ ကြောက်သော မန္တာန်တပုဒ်ကို ထိုရသေ့ထံမှ ရခဲ့၍ အလမ္ပာယ်အဖြစ် အသက်မွေးရန် ထွက်ခဲ့သည်။ ယမုနာမြစ်ကမ်းဘေးတွင် အလိုခပ်သိမ်းရစေသော ပတ္တမြားကို ထား၍ ရေကစား ပျော်ရွှင်နေသော နဂါးမပျိုတို့သည် ပုဏ္ဏား၏ မန္တာန် ရွတ်ဆိုသံကိုကြားလျှင် ကြောက်လန့်ထွက်ပြေးကြသဖြင့် ပတ္တမြားကို ပုဏ္ဏားရလေသည်။

နေသာဒ ပုဏ္ဏားသားအဖနှင့် ထိုပုဏ္ဏားတို့ တွေ့ကြလေရာ ပတ္တမြားကို နေသာဒ ပုဏ္ဏားသားအဖတို့ မြင်လေလျှင် နေသာဒသည် ပတ္တမြားကို ရလိုပန်သည်။ ထိုပတ္တမြား လက်ထဲရောက်က အလိုခပ်သိမ်း တောင့်တ၍ ပြည့်စုံနိုင်သည်ကို သိသဖြင့် ရွှေအချိန်တရာနှင့် လဲမည်ဟုဆိုသည်။ သို့သော် ပုဏ္ဏားက ငြင်းဆန်သဖြင့် ထူးခြားသော နဂါးမင်းနေရာကို ညွှန်ပြသောအားဖြင့် ပတ္တမြားနှင့် နဂါးလဲလေသည်။ နေသာဒ၏သား သောမဒတ်ကမူ အဖသည် ကျေးဇူးရှင်ကို ပြစ်မှားသည်ဟု အဖကို စွန့်ခွာထွက်ပြေးပြီးလျှင် ဟိမဝန္တာ၌ ရသေ့ပြုလေသည်။

အလိမ္ပာယ်ပုဏ္ဏားသည် နေသာဒ ညွှန်ပြသော ဘူရိဒတ်နဂါးမင်း ဥပုသ်ပြုရာသို့ လာခဲ့သည်။ ထိုအချိန်တွင် နဂါးမင်းသည် အဓိဋ္ဌာန်ဆောက်တည်၍ ဥပုသ်ပြုလျက်ရှိရာ နေသာဒနှင့် အလမ္ပာယ်သမားတို့ကို မြင်၍ ယင်းတို့၏ အမှုကို သိသော်လည်း ဥပုသ်ပျက်မည်စိုးသဖြင့် အမျက်ကိုထိန်းသိမ်းပြီးလျှင် ရန်တုံ့မမူပဲ အလမ္ပာယ်သမား၏ ဖမ်းဆီးခြင်းကို ခံတော်မူသည်။ အလမ္ပာယ် ပုဏ္ဏားသည် ဘုရားလောင်း နဂါးမင်းကို အားနည်းလေအောင် ရိုက်ဖွပ်နင်းခြေပြီးမှ ပခြုပ်တွင်ထည့်သည်။ ဘုရားအလောင်းတော်သည် မိမိ၏ ဥပုသ်ကို မပျက်စေရန် ဆင်းရဲဒုက္ခကြီးစွာခံ၍ သီလကို ထိန်းသိမ်းတော်မူခဲ့သည်။ အလမ္ပာယ် ပုဏ္ဏားလည်း နဂါးမင်းကို ယူဆောင်၍ အရပ်ရပ်၍ လှည့်လည်က နဂါးမင်းအား ကပြစေရာ လာဘ်သပ်ပကာ များစွာရရှိ၍ ကြွယ်ဝချမ်းသာလေသည်။

ထိုအချိန်တွင် မယ်တောင် သမုဒ္ဒဇာသည် မကောင်းသော အိပ်မက်ကို မြင်မက်သဖြင့် လူ့ပြည်သို့သွား၍ ဥပုသ်သီတင်းသုံးနေသော ဘူရိဒတ်အတွက် စိုးရိမ်ပူပန်နေသည်။ အခြားသားတော်များ တလတကြိမ် အဖူးအမြင် ရောက်လာကြသောအခါ သားတော်များအား ဘူရိဒတ်ကို လိုက်လံရှာဖွေစေသည်။ သားတော်ကြီး သုဒဿနသည် ညီတော်လတ် သုဘောဂအား ဟိမဝန္တာသို့သွား၍ မြစ်ကြီး ၅ စင်း၌ ဘူရိဒတ်မင်းအား ရှာစေသည်။ ညီတော်အငယ် ကာဏရိဋ္ဌကိုမူ နတ်ပြည်၌ ရှာစေသည်။ မိမိကိုယ်တိုင်မှာမူ လူ့ပြည်သို့ ရသေ့ရောင် ဖန်ဆင်း၍ ရှာဖွေရန် ထွက်ခဲ့သည်။ သုဒဿနနှင့်အတူ မိထွေးတော်၏ သမီး အဇမုခီ နဂါးမင်းသမီးလည်း ဖားမငယ် သဏ္ဌာန် ဖန်ဆင်း၍ လိုက်ပါခဲ့သည်။

အလမ္ပာယ်ပုဏ္ဏားသည် ဗာရာဏသီမင်း သာဂရဗြဟ္မဒတ်၏ ရှေ့၌ အလမ္ပာယ် ကစားပြရန် ရောက်ရှိနေသည်။ ဗာရာဏသီမင်းကား ခမည်းတော်၏ အရိုက်အရာကိ ဆက်ခံသူဖြစ်၍ သမုဒ္ဒဇာ၏ မောင်တော်ပေတည်။ ထို့ကြောင့် ဘူရိဒတ် နဂါးမင်းတို့၏ ဦးရီးတော် ဖြစ်သည်။ ထိုနေရာသို့ သုဒဿနနှင့် နှမတော်တိုသည်လည်း ရောက်ရှိလာကြသည်။

အလမ္ပာယ်ပုဏ္ဏားသည် ပခြုပ်တွင်းမှ နဂါးမင်းကို ထုတ်၍ အမျိုးမျိုးဖန်ဆင်းကပြရန် စေခိုင်းသည်။ နဂါးမင်းသည် ပခြုပ်တွင်းမှထွက်၍ ပရိသတ်ကို ကြည့်သည်ရှိသော် မိမိ၏ နောင်တော်နှင့် နှမတော်တို့ကို မြင်သဖြင့် မျက်ရည်ယိုစီးကား နောင်တော်ထံသို့ ရှေးရှုသွားသည်။ ပရိသတ်တို့လည်း ကြောက်လန့်တကြားဖြစ်၍ တိမ်းရှောင်ပြေးကြရာ သုဒဿန တပါးတည်း ကျန်ရစ်သည်။ ထိုအခါ ဘူရိဒတ်သည် နောင်တော်၏ ခြေဖမိုး၌ သီးခေါင်းတင်၍ ငိုသည်။ သုဒဿနလည်း ငိုသည်။

ထိုအချင်းအရာကို အလမ္ပာယ်သမား မြင်လှင် ရှင်ရသေ့အား နဂါးကပေါက်လိုက်သည်ဟု ထင်မှတ်၍ နဂါးဆိပ်ကျအောင် မန္တာန်ဖြင့် ကုမည်ဟုဆိုသည်။ ထိုအခါ သုဒဿနက မိမိအား ကုရန်မလို မိမိထက်တတ်သော မြွေသမား မည်သည်မရှိဟု ဆိုရာမှစ၍ အလမ္ပာယ်ပုဏ္ဏားနှင့် သုဒဿနတို့ ပညာစွမ်းပြိုင်ကြသည်။ သုဒဿနသည် အဇမုခီဖားငယ်၏ အကူအညီဖြင့် မိမိတို့၏ တန်ခိုးကို ပြလေသော် အလမ္ပာယ်သမား ရှုံး၍ တကိုယ်လုံး နူသွားသဖြင့် ကြောက်ရွံ့ထိပ်လန့်ကာ ဘူရိဒတ်နဂါးမင်းအား လွှတ်ရလေသည်။

ထိုအခါမှ ဘူရိဒတ်၊ သုဒဿနနှင့် အဇမုခီတို့သည် မိမိတို့၏ အဖြစ်မှန်ကို ဖော်ပြကြသဖြင့် ဗာရာဏသီမင်းလည်း မိမိ၏ တူတော်များဖြစ်ကြောင်းကို သိရှိရသည်။ ထိုနောက် တောထွက်၍ ရသေ့ပြုကာ တရားအားထုတ်လျက် ရှိနေသော ဗာရာဏသီမင်းကြီးဟောင်း ဘူရိဒတ်တို့၏ ဘိုးတော်ထံ သွားရောက် ကန်တော့ကြရန် အချိန်းအချက်ပြုကြပြီးသော် ဘူရိဒတ်တို့သည် နဂါးပြည်သို့ ပြန်ခဲ့ကြလေသည်။

ထိုအချိန်တွင် ဟိမဝန္တာ၌ ဘူရိဒတ်ကို ရှာဖွေသော သုဘောဂနဂါးမင်းသည် ကျေးဇူးသစ္စာမဲ့သော နေသာဒ ပုဏ္ဏားကို တွေ့သဖြင့် နဂါးပြည်သို့ ယူဆောင်ခဲ့သည်။ အပန်းဖြေလျက်ရှိသော ဘူရိဒတ်၏ အိပ်ဆောင်တံခါးဝတွင် စောင့်ရှောက်လျက်ရှိသော ကာဏရိဋ္ဌသည် ယခင်ဘဝက ပုဏ္ဏားဖြစ်ခဲ့ဖူးသဖြင့် နေသာဒကို မြင်လျှင် ပုဏ္ဏားတို့သည် ဗြဟ္မာမင်း၏ သားဖြစ်၍ မညှဉ်းဆဲအပ် ညှဉ်းဆဲသော် ဗြဟ္မာမင်းအမျက်ထွက်၍ နဂါးပြည်အလုံး ပျက်စီးလတ္တံ့။ ပုဏ္ဏားတို့သည် မြင့်မြတ်သည်။ ယဇ်ပူဇော်ခြင်းကို ပြုသည်။ ယဇ်ပူဇော်ခြင်းသည် ကျေးဇူးကြီးမားလှသည်ဟူ၍ ယဇ်ပူဇော်ခြင်း၏ အကျိုးရှိပုံတို့ကို ထုတ်ဖော်ချီးကျူးသည်။ ထိုအခါ ဘူရိဒတ်အား လာရောက်ဖူးမြင် ကန်တော့ကြသော နဂါးပရိသတ်တို့သည် ကာဏရိဋ္ဌ၏ စကားကိုနာရလျှင် ယဇ်ပူဇော်မှုဘက်သို့ စိတ်ညွှတ်ကြလေသည်။

ဘူရိဒတ်နဂါးမင်းသည် လဲလျောင် အပန်းဖြေရာမှ ကာဏရိဋ္ဌ၏ စကားကိုကြားလျှင် နဂါးပရိသတ်ကိုလည်း သမ္မာဒိဋ္ဌိအယူကို ညွှန်ပြလိုသဖြင့် ယဇ်ပူဇော်ခြင်းမှာ မှားယွင်းပုံတို့ကို ရှင်းလင်းဟောကြား၍ နဂါးပရိသတ်တို့အား အယူမှန်ကို ရစေသည်။ နေသာဒပုဏ္ဏားအားလည်း နဂါးပြည်မှ နှင်ထုတ်စေသည်။

ဘူရိဒတ် နဂါးမင်းသည် အချိန်းအချက်ပြုသောနေ့တွင် ဘိုးတော် ဗာရာဏသီမင်းဟောင်းအား ပူဇော်ကန်တော့ရန် အခြံအရံ ပရိသတ်နှင့် သွားသည်။ မယ်တော်နှင့် နောင်တော် ညီတော်များလည်း နောက်မှ လိုက်ပါကြသည်။ သာဂရဗြဟ္မဒတ်မင်းလည်း ခမည်းတော်ထံ အဖူးအမြင် လာသဖြင့် ဆွေတော်မျိုးတော်တစု ပြန်လည်တွေ့ဆုံကြရသည်။ ဘူရိဒတ်နဂါးမင်းသည် အသက်ထက်ဆုံး သီတင်းသီလ ဆောက်တည်၍ အသက်တမ်းစေ့လတ်သော် ပရိသတ်နှင့်တကွ နတ်ပြည်၌ ဖြစ်သည်။ မယ်တော် သမုဒ္ဒဇာလည်း နဂါးပြည်၌ပင် အနိစ္စရောက်သည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)

ဓမ္မမိတ်ဆွေများအားလုံး နိဗ္ဗာန်၏
အထောက်အပံ့ဖြစ်ကြပါစေ...။

မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)စုစည်း၍ဓမ္မဒါနပြုပါသည် ။



ဘူရိဒတၱဇာတ္ေတာ္
~~~~~~~~~~~
ဘူရိဒတ္ဇာတ္ေတာ္သည္ ဗုဒၶျမတ္စြာ၏ ထင္ရွားေသာ ဘဝႀကီး ဆယ္ပါးကို ျပသည့္ ဇာတ္ႀကီးဆယ္ဘြဲ႕တြင္ ဆ႒မေျမာက္ဇာတ္ျဖစ္သည္။ ဘုရင္းရွင္သည္ သာဝတၳိျပည္ ေဇတဝန္ေက်ာင္းေတာ္၌ သီတင္းသုံးေတာ္မူစဥ္ ဥပုသ္သီတင္း ေဆာက္တည္ၾကေသာ ဒါယကာတို႔ကို အေၾကာင္းျပဳ၍ ဘုရားရွင္ကိုယ္ေတာ္တိုင္လည္း ေရွးဘဝ ဘူရိဒတ္နဂါးမင္းျဖစ္စဥ္ ႀကီးစြာေသာ စည္းစိမ္ကိုစြန႔္ကာ ႀကီးစြာေသာ ဆင္းရဲဒုကၡကိုခံ၍ သီလပါရမီကို ထိန္းသိမ္းျဖည့္တင္းေတာ္မူခဲ့ေၾကာင္း အတိတ္ေဆာင္ ေဟာၾကားေတာ္မူျခင္း ျဖစ္သည္။ ဂါထာေပါင္း ၂၉၈ ပုဒ္ျဖင့္ တန္ဆာဆင္ ေဟာၾကားေတာ္မူေသာ ထိုဘူရိဒတ္ဇာတ္ေတာ္တြင္ ယဇ္ပူေဇာ္ျခင္း၏ အျပစ္မ်ားကို ညႊန္ၾကားေဖာ္ၿပ ေဟာၾကာထားသည္။ ထိုဇာတ္ေတာ္၏ အေၾကာင္းအရာကား ဤသို႔ျဖစ္သည္။

ေရွးလြန္ေလၿပီးေသာအခါ ဗာရဏသီျပည္၌ တပါးေသာ ျဗဟၼဒတ္မင္းႀကီးသည္ မိမိ၏ သားေတာ္ ဥပရာဇာ၌ စည္းစိမ္အၿခံအရံ မ်ားျပားျပန႔္ပြားလွသျဖင့္ ထီးနန္းအႏၲရာယ္ ျဖစ္မည္စိုးေသာေၾကာင့္ သားေတာ္ကို မိမိလြန္မွသာလၽွင္ တိုင္းျပည္သို႔ ျပန္လာရန္ မိန႔္ကား၍ ျပည္မွထြက္ေစသည္။ သားေတာ ဥပရာဇာသည္ ခမည္းေတာ္၏ အမိန႔္အတိုင္း တိုင္းျပည္မွ ထြက္ခဲ့ရာ ယမုနာျမစ္အနီး တခုေသာေတာင္ၾကား၌ ရေသ့အသြင္ျဖင့္ ေတာရိပ္ခိုမွီးေနခဲ့သည္။

ထိုအခါ ယမုနာျမစ္ေအာက္ရွိ နဂါးျပည္မွ မုဆိုးမျဖစ္ေသာ နဂါးမသည္ ကာမေဘာ္ျဖင့္ ေပ်ာပါးလိုသျဖင့္ နဂါးျပည္မွထြက္ခဲ့ရာ ျမစ္အနီးအနားရွိ ရေသ့၏ ေက်ာင္းသင္ခမ္းသို႔ ေရာက္လာသည္။ နဂါးမသည္ သဒၶါေၾကာင့္ ရေသ့ဝတ္ျခင္း မဟုတ္သည္ကို စူးစမ္းသိရွိရ၍ ရေသ့ႏွင့္အတူ ရင္းႏွီးေနထိုင္ခဲ့ရာ သားတေယာက္ သမီးတေယာက္ ထြန္းကားခဲ့သည္။ တေန႔တြင္ ဗာရာဏသီမင္းႀကီး နတ္ရြာလားသျဖင့္ ရေသ့အား ထီးနန္းဆက္ခံရန္ မႉးမတ္တို႔က လာေရာက္ေခၚေဆာင္သည္။ နဂါးမသည္ ဇာတ္မတူေသာ လူ႔တိုင္းျပည္ လိုက္ပါေနထိုင္ျခင္း မျပဳလိုသျဖင့္ မင္းသားသည္ သားေတာ္ သမီးေတာ္ႏွစ္ပါးကိုသာ ေခၚေဆာင္၍ တိုင္းျပည္သို႔ ျပန္ကာ မင္းျပဳေလသည္။

ထိုမင္းသည္ နဂါးမ မွာသည့္အတိုင္း နဂါးေသြးပါေသာ သားေတာ္ သမီးေတာ္တို႔အတြက္ ေရကန္ႀကီးတူး၍ ေရကစား ေပ်ာ္ရႊင္ေစသည္။ တေန႔တြင္ လိပ္တေကာင္ကို ေရကန္တြင္း၌ ေတြ႕ၾကသည္။ လိပ္ကို သားေတာ္ သမီးေတာ္တို႔က ေၾကာက္ရြံ့ၾကသျဖင့္ ငိုၾကရာ မင္းႀကီးသည္ လိပ္ကို ဖမ္းေစ၍ အျပစ္ေပးေစသည္။ မင္း၏ အမတ္တို႔က အျပစ္ဒဏ္အမ်ိဳးမ်ိဳးျဖင့္ ၿခိမ္းေျခာက္ရာ ထိုစူဠလိပ္က မတုန္မလႈပ္ေနခဲ့သည္။ အမတ္တဦးက ယမုနာျမစ္ဝဲတြင္ ခ်မည္ဟု ၿခိမ္းေျခာက္ေသာအခါ လိပ္က သည္းစြာငိုသည္။ ထိုအခါ မင္းခ်င္းတို႔က လိပ္၏ ပရိယာယ္ကို မသိနားမလည္ၾကသျဖင့္ လိပ္ကို ဝဲ၌ခ်ျခင္းသည္ လိပ္အတြက္ ႀကီးေလးေသာအျပစ္ ျဖစ္မည္ဟု ယူဆၾက၍ ယမုနာဝဲ၌ ခ်ေလေသာ္ လိပ္သည္ ေဘးအႏၲရာယ္ကင္းစြာျဖင့္ ေရအယဥ္၌ ေမ်ာပါ၍ နဂါးျပည္သို႔ ေရာက္သြားသည္။ ထို႔ေၾကာင့္ ‘‘စူဠလိပ္ကို ေရလႊတ္သကဲ့သို႔’’ ဟု ဆိုရိုးစကား ျပဳခဲ့ၾကသည္။

လိပ္သည္ နဂါးလုလင္ပ်ိဳတို႔ႏွင့္ ေတြ႕ေလရာ ပရိယာယ္ႂကြယ္ေသာ လိပ္ျဖစ္၍ ေဘးကင္းေစရန္ မိမိသည္ ဗာရာဏသီမင္းက နဂါးမင္းႀကီးအား မိမိ၏ သမီးေတာ္ သမုဒၵဇာကို ေဆာက္ႏွင္းလို၍ သံတမန္အျဖစ္ ေစလႊတ္သျဖင့္ ေရာက္လာျခင္းျဖစ္ေၾကာင္း ေျပာၾကားရာ နဂါးတို႔ ယုံၾကည္ၾကသည္။ ထိုေၾကာင့္ တန္ခိုးႀကီးေသာ ဓတရ႒နတ္နဂါးမင္းထံ ပို႔ေပးရာ နဂါးမင္းအားလည္း လိပ္က အထက္ပါအတိုင္း ေလၽွာက္ထားသျဖင့္ နဂါးမင္းကလည္း မဂၤလာကိစၥစီစဥ္ရန္ နဂါးလုလင္ တမန္မ်ားကို ဗာရာဏသီမင္းထံ ေစလႊတ္လိုက္ေလသည္။

ဗာရာဏသီမင္းထံ နဂါးတမန္တို႔ ေရာက္ရွိ၍ အက်ိဳးအေၾကာင္းၾကားလတ္ေသာ္ လူမင္းသမီးေတာ္ကို ဖားစိမ္း၊ ငါးစိမ္းစား တိရစၧာန္မ်ိဳးျဖစ္ေသာ နဂါးမင္းႏွင့္ မေဆာက္ႏွင္းနိုင္ေၾကာင္း ျငင္းဆိုသည္။ နဂါးလုလင္တို႔ ျပန္သြား၍ နဂါးမင္းအား ေလၽွာက္ၾကားေလေသာ္ နဂါးမင္းႀကီး အမ်က္ထြက္၍ နဂါးအေပါင္းကို ဆင့္ေခၚကာ ဗာရာဏသီတျပည္လုံးကို နဂါးတို႔ျဖင့္ ျပည့္ေစ၍ တိုင္းျပည္လူထု ေခ်ာက္ခ်ားတုန္လႈပ္ေအာင္ ၿခိမ္းေျခာက္ေစသည္။ ထိုအခါ ဗာရာဏသီမင္းလည္း မေနသာသျဖင့္ သမီးေတာ္ကို ဓတရ႒နဂါးမင္းအား ေဆာက္ႏွင္းရေလသည္။

နဂါးမင္းသည္ သမုဒၵဇာအား နဂါးျပည္သို႔ ေခၚေဆာင္ခဲ့ေသာ္လည္း နဂါးျပည္ဟူ၍ လည္းေကာင္း မိမိတို႔သည္ နဂါးမ်ားျဖစ္သည္ဟူ၍ လည္းေကာင္း မသိရေလေအာင္ နဂါးျပည္ကို နတ္ျပည္ကဲ့သို႔ ဖန္ဆင္းကာ နတ္ႏွင့္တူေသာ စည္းစိမ္အၿခံအရံကို ေပးထားသျဖင့္ မင္းသမီးသည္ နဂါးျပည္၌ နဂါးမင္း ခ်စ္ျမတ္နိုးမႈကို ခံယူကာ ေပ်ာ္ရႊင္စြာ ခံစားေနခဲ့သည္။ ကာလၾကာေသာ္ သုဒႆန၊ ဒတၱ၊ သုေဘာဂႏွင့္ အရိ႒ဟူေသာ သားေတာ္ ၄ ပါးကို ဖြားသည္။ တခါေသာ္ သားေတာ္အငယ္ အရိ႒က နဂါးအသြင္ ဇာတိ႐ုပ္ေပၚေအာင္ ဖန္ဆင္းျပမွ မိမိသည္ နဂါးျပည္၌ နဂါးမင္း၏ မိဖုရားျဖစ္ေနေၾကာင္းကို သမုဒၵဇာမင္းသမီး သိေတာ္မူသည္။ အရိ႒သည္လည္း မယ္ေတာ္ကို နဂါးဇာတိ ဖန္ဆင္းျပသရာတြင္ မယ္ေတာ္ေၾကာက္လန႔္ကာ လႊတ္ခ်လိုက္၍ မ်က္စိတဖက္ ပ်က္ေလသျဖင့္ ကာဏရိ႒ဟု အမည္တြင္ေလသည္။ ဓတရ႒ နဂါးမင္းသည္ သားေတာ္မ်ား အရြယ္ေရာက္လတ္ေသာ္ နိုင္ငံေတာ္ကို ၅ စုခြဲ၍ ၄ စုတြင္ သားေတာ္တပါးစီ အုပ္ခ်ဳပ္မင္းျပဳေစသည္။ ဒတၱနဂါးမင္းသည္ မိမိပိုင္နက္အတြင္း၌ ေနထိုင္၍ တရားသျဖင့္ မင္းျပဳသည္။ နဂါးတို႔၏ ျပႆနာအရပ္ရပ္ကိုလည္း ေျဖရွင္းေပးေလသည္။ အျခားသားေတာ္တို႔သည္ ခမည္းေတာ္ မယ္ေတာ္တို႔အား တလတႀကိမ္ အဖူးအျမင္ အခစား လာၾကသည္။ ဒတၱနဂါးမင္းကမူ လခြဲတႀကိမ္ အဖူးအေျမာ္လာသည္။

တရံခါေသာ္ နတ္နဂါးတို႔ကို အစိုးရေသာ ဝိ႐ူပကၡနတ္မင္းႀကီးသည္ ဓတရ႒ နဂါးမင္းႀကီးႏွင့္ သားေတာ္မ်ား အပါအဝင္ နဂါးပရိသတ္ႏွင့္တကြ သိၾကားမင္းထံ အခစားဝင္ေရာက္သည္။ ထိုအခါတြင္ နတ္နဂါး သိၾကား ပရိသတ္၌ ျပႆနာတခုေပၚသည္။ ထိုျပႆနာကို ဒတၱနဂါးမင္းက ေျဖရွင္းေပးနိုင္သျဖင့္ သိၾကားမင္းက ေျမႀကီးႏွင့္တူေသာ က်ယ္ျပန႔္ေသာ ပညာရွိေပသည္ဟု ခ်ီးက်ဴး၍ ဘူရိဒတ္ (ဘူရိဒတၱ) ဟု အမည္ေပးသည္။ ထိုအခါမွစ၍ ဒတၱနဂါးမင္းအား ဘူရိဒတ္ဟု ေခၚေဝၚၾကေလသည္။

ဘူရိဒတ္သည္ ထိုအခါမွစ၍ သိၾကားမင္းထံ မျပတ္ခစား ရသည္။ သိၾကားမင္း၏ စည္းစိမ္ကို ေတြ႕ျမင္ရဖန္ မ်ားေလေသာ္ သိၾကားမင္း၏ စည္းစိမ္ကို ေတာင့္တေလသည္။ ထိုေၾကာင့္ ဖားစိမ္းစား ငါးစိမ္းစား နဂါးအျဖစ္ထက္ နတ္အျဖစ္ကို ရလိုသည့္အတြက္ ဥပုသ္သီတင္း ေဆာက္တည္ရန္ ခမည္းေတာ္ မယ္ေတာ္တို႔ထံ ခြင့္ပန္၍ ဥပုသ္သီတင္း သုံးေလသည္။

နဂါးျပည္၌ ဥပုသ္ေတာက္တည္ရာ၌ အေႏွာင့္အယွက္ မကင္း၍ လူ႔ျပည္သို႔ သြားေရာက္၍ ေအးခ်မ္းစြာ ဥပုသ္ သီတင္းသုံးရန္ အႀကံျဖစ္ခဲ့သည္။ ထို႔ေၾကာင့္ ဗာရာဏသီျပည္အနီး ယမုနာျမစ္ကမ္းပါးထက္တြင္ ဥပုသ္ သီတင္းသုံး၍ ေနခဲ့သည္။ ထိုအခ်ိန္တြင္ ေနသာဒမုဆိုးပုဏၰား သားအဖသည္ သမင္လိုက္ရာမွ ဘုရားေလာင္း ဘူရိဒတ္ ဥပုသ္ သီတင္းသုံးရာ အရပ္သို႔ ေရာက္လာသည္။ နဂါးမင္းသည္ ထိုပုဏၰားသားအဖက မိမိအား ဤေနရာ၌ ေတြ႕ေၾကာင္းကို အလမၸာယ္သမားအား လမ္းညႊန္ေလေသာ္ မိမိဥပုသ္ ေဆာက္တည္ျခင္းကို အေႏွာင့္အယွက္ျပဳမည္စိုး၍ ထိုသားအဖအား နဂါးျပည္သို႔ ေဆာင္ၿပီးလၽွင္ နတ္ႏွင့္တူေသာ စည္းစိမ္အၿခံအရံကို ေပးထားသည္။ သို႔ေသာ္ ကာလၾကာေညာင္းလာလၽွင္ ေနသာဒ ပုဏၰားသားအဖတို႔ မေပ်ာ္ပိုက္သျဖင့္ လူ႔ျပည္သို႔ျပန္ပို႔ရသည္။ ဘူရိဒတ္နဂါးမင္းသည္ ပုဏၰား သားအဖ လူ႔ျပည္သို႔ ျပန္ေရာက္၍ ဆင္းရဲပင္ပန္းစြာ ေနခဲ့ရေသာ္ မိမိ ဥပုသ္သီတင္းသုံးရာ အရပ္ကို အလိမၸာယ္သမားအား ညႊန္ျပမည္ကို စိုးရိမ္သျဖင့္ ခပ္သိမ္းေသာ အလိုကို ေပးနိုင္သည့္ ပတၱျမားကို လက္ေဆာင္ေပးသည္။ သို႔ေသာ္ ေနသာဒ ပုဏၰားသည္ ရဟန္းျပဳလို၍ လူ႔ျပည္သို႔ ျပန္လိုပါသည္ဟု ဘူရိဒတ္အား ေျပာၾကားထားမိၿပီ ျဖစ္ရကား ထိုပတၱျမားကို ျငင္းပယ္ခဲ့ေလသည္။

အျခား ပုဏၰားတဦးသည္ ဂဠဳန္တခုက ရေသ့တပါးအား ေပးသည့္ နဂါးႏွင့္ေႁမြတို႔ ေၾကာက္ေသာ မႏၲာန္တပုဒ္ကို ထိုရေသ့ထံမွ ရခဲ့၍ အလမၸာယ္အျဖစ္ အသက္ေမြးရန္ ထြက္ခဲ့သည္။ ယမုနာျမစ္ကမ္းေဘးတြင္ အလိုခပ္သိမ္းရေစေသာ ပတၱျမားကို ထား၍ ေရကစား ေပ်ာ္ရႊင္ေနေသာ နဂါးမပ်ိဳတို႔သည္ ပုဏၰား၏ မႏၲာန္ ရြတ္ဆိုသံကိုၾကားလၽွင္ ေၾကာက္လန႔္ထြက္ေျပးၾကသျဖင့္ ပတၱျမားကို ပုဏၰားရေလသည္။

ေနသာဒ ပုဏၰားသားအဖႏွင့္ ထိုပုဏၰားတို႔ ေတြ႕ၾကေလရာ ပတၱျမားကို ေနသာဒ ပုဏၰားသားအဖတို႔ ျမင္ေလလၽွင္ ေနသာဒသည္ ပတၱျမားကို ရလိုပန္သည္။ ထိုပတၱျမား လက္ထဲေရာက္က အလိုခပ္သိမ္း ေတာင့္တ၍ ျပည့္စုံနိုင္သည္ကို သိသျဖင့္ ေရႊအခ်ိန္တရာႏွင့္ လဲမည္ဟုဆိုသည္။ သို႔ေသာ္ ပုဏၰားက ျငင္းဆန္သျဖင့္ ထူးျခားေသာ နဂါးမင္းေနရာကို ညႊန္ျပေသာအားျဖင့္ ပတၱျမားႏွင့္ နဂါးလဲေလသည္။ ေနသာဒ၏သား ေသာမဒတ္ကမူ အဖသည္ ေက်းဇူးရွင္ကို ျပစ္မွားသည္ဟု အဖကို စြန႔္ခြာထြက္ေျပးၿပီးလၽွင္ ဟိမဝႏၲာ၌ ရေသ့ျပဳေလသည္။

အလိမၸာယ္ပုဏၰားသည္ ေနသာဒ ညႊန္ျပေသာ ဘူရိဒတ္နဂါးမင္း ဥပုသ္ျပဳရာသို႔ လာခဲ့သည္။ ထိုအခ်ိန္တြင္ နဂါးမင္းသည္ အဓိ႒ာန္ေဆာက္တည္၍ ဥပုသ္ျပဳလ်က္ရွိရာ ေနသာဒႏွင့္ အလမၸာယ္သမားတို႔ကို ျမင္၍ ယင္းတို႔၏ အမႈကို သိေသာ္လည္း ဥပုသ္ပ်က္မည္စိုးသျဖင့္ အမ်က္ကိုထိန္းသိမ္းၿပီးလၽွင္ ရန္တုံ႔မမူပဲ အလမၸာယ္သမား၏ ဖမ္းဆီးျခင္းကို ခံေတာ္မူသည္။ အလမၸာယ္ ပုဏၰားသည္ ဘုရားေလာင္း နဂါးမင္းကို အားနည္းေလေအာင္ ရိုက္ဖြပ္နင္းေျခၿပီးမွ ပျခဳပ္တြင္ထည့္သည္။ ဘုရားအေလာင္းေတာ္သည္ မိမိ၏ ဥပုသ္ကို မပ်က္ေစရန္ ဆင္းရဲဒုကၡႀကီးစြာခံ၍ သီလကို ထိန္းသိမ္းေတာ္မူခဲ့သည္။ အလမၸာယ္ ပုဏၰားလည္း နဂါးမင္းကို ယူေဆာင္၍ အရပ္ရပ္၍ လွည့္လည္က နဂါးမင္းအား ကျပေစရာ လာဘ္သပ္ပကာ မ်ားစြာရရွိ၍ ႂကြယ္ဝခ်မ္းသာေလသည္။

ထိုအခ်ိန္တြင္ မယ္ေတာင္ သမုဒၵဇာသည္ မေကာင္းေသာ အိပ္မက္ကို ျမင္မက္သျဖင့္ လူ႔ျပည္သို႔သြား၍ ဥပုသ္သီတင္းသုံးေနေသာ ဘူရိဒတ္အတြက္ စိုးရိမ္ပူပန္ေနသည္။ အျခားသားေတာ္မ်ား တလတႀကိမ္ အဖူးအျမင္ ေရာက္လာၾကေသာအခါ သားေတာ္မ်ားအား ဘူရိဒတ္ကို လိုက္လံရွာေဖြေစသည္။ သားေတာ္ႀကီး သုဒႆနသည္ ညီေတာ္လတ္ သုေဘာဂအား ဟိမဝႏၲာသို႔သြား၍ ျမစ္ႀကီး ၅ စင္း၌ ဘူရိဒတ္မင္းအား ရွာေစသည္။ ညီေတာ္အငယ္ ကာဏရိ႒ကိုမူ နတ္ျပည္၌ ရွာေစသည္။ မိမိကိုယ္တိုင္မွာမူ လူ႔ျပည္သို႔ ရေသ့ေရာင္ ဖန္ဆင္း၍ ရွာေဖြရန္ ထြက္ခဲ့သည္။ သုဒႆနႏွင့္အတူ မိေထြးေတာ္၏ သမီး အဇမုခီ နဂါးမင္းသမီးလည္း ဖားမငယ္ သဏၭာန္ ဖန္ဆင္း၍ လိုက္ပါခဲ့သည္။

အလမၸာယ္ပုဏၰားသည္ ဗာရာဏသီမင္း သာဂရျဗဟၼဒတ္၏ ေရွ႕၌ အလမၸာယ္ ကစားျပရန္ ေရာက္ရွိေနသည္။ ဗာရာဏသီမင္းကား ခမည္းေတာ္၏ အရိုက္အရာကိ ဆက္ခံသူျဖစ္၍ သမုဒၵဇာ၏ ေမာင္ေတာ္ေပတည္။ ထို႔ေၾကာင့္ ဘူရိဒတ္ နဂါးမင္းတို႔၏ ဦးရီးေတာ္ ျဖစ္သည္။ ထိုေနရာသို႔ သုဒႆနႏွင့္ ႏွမေတာ္တိုသည္လည္း ေရာက္ရွိလာၾကသည္။

အလမၸာယ္ပုဏၰားသည္ ပျခဳပ္တြင္းမွ နဂါးမင္းကို ထုတ္၍ အမ်ိဳးမ်ိဳးဖန္ဆင္းကျပရန္ ေစခိုင္းသည္။ နဂါးမင္းသည္ ပျခဳပ္တြင္းမွထြက္၍ ပရိသတ္ကို ၾကည့္သည္ရွိေသာ္ မိမိ၏ ေနာင္ေတာ္ႏွင့္ ႏွမေတာ္တို႔ကို ျမင္သျဖင့္ မ်က္ရည္ယိုစီးကား ေနာင္ေတာ္ထံသို႔ ေရွးရႈသြားသည္။ ပရိသတ္တို႔လည္း ေၾကာက္လန႔္တၾကားျဖစ္၍ တိမ္းေရွာင္ေျပးၾကရာ သုဒႆန တပါးတည္း က်န္ရစ္သည္။ ထိုအခါ ဘူရိဒတ္သည္ ေနာင္ေတာ္၏ ေျခဖမိုး၌ သီးေခါင္းတင္၍ ငိုသည္။ သုဒႆနလည္း ငိုသည္။

ထိုအခ်င္းအရာကို အလမၸာယ္သမား ျမင္လွင္ ရွင္ရေသ့အား နဂါးကေပါက္လိုက္သည္ဟု ထင္မွတ္၍ နဂါးဆိပ္က်ေအာင္ မႏၲာန္ျဖင့္ ကုမည္ဟုဆိုသည္။ ထိုအခါ သုဒႆနက မိမိအား ကုရန္မလို မိမိထက္တတ္ေသာ ေႁမြသမား မည္သည္မရွိဟု ဆိုရာမွစ၍ အလမၸာယ္ပုဏၰားႏွင့္ သုဒႆနတို႔ ပညာစြမ္းၿပိဳင္ၾကသည္။ သုဒႆနသည္ အဇမုခီဖားငယ္၏ အကူအညီျဖင့္ မိမိတို႔၏ တန္ခိုးကို ျပေလေသာ္ အလမၸာယ္သမား ရႈံး၍ တကိုယ္လုံး ႏူသြားသျဖင့္ ေၾကာက္ရြံ့ထိပ္လန႔္ကာ ဘူရိဒတ္နဂါးမင္းအား လႊတ္ရေလသည္။

ထိုအခါမွ ဘူရိဒတ္၊ သုဒႆနႏွင့္ အဇမုခီတို႔သည္ မိမိတို႔၏ အျဖစ္မွန္ကို ေဖာ္ျပၾကသျဖင့္ ဗာရာဏသီမင္းလည္း မိမိ၏ တူေတာ္မ်ားျဖစ္ေၾကာင္းကို သိရွိရသည္။ ထိုေနာက္ ေတာထြက္၍ ရေသ့ျပဳကာ တရားအားထုတ္လ်က္ ရွိေနေသာ ဗာရာဏသီမင္းႀကီးေဟာင္း ဘူရိဒတ္တို႔၏ ဘိုးေတာ္ထံ သြားေရာက္ ကန္ေတာ့ၾကရန္ အခ်ိန္းအခ်က္ျပဳၾကၿပီးေသာ္ ဘူရိဒတ္တို႔သည္ နဂါးျပည္သို႔ ျပန္ခဲ့ၾကေလသည္။

ထိုအခ်ိန္တြင္ ဟိမဝႏၲာ၌ ဘူရိဒတ္ကို ရွာေဖြေသာ သုေဘာဂနဂါးမင္းသည္ ေက်းဇူးသစၥာမဲ့ေသာ ေနသာဒ ပုဏၰားကို ေတြ႕သျဖင့္ နဂါးျပည္သို႔ ယူေဆာင္ခဲ့သည္။ အပန္းေျဖလ်က္ရွိေသာ ဘူရိဒတ္၏ အိပ္ေဆာင္တံခါးဝတြင္ ေစာင့္ေရွာက္လ်က္ရွိေသာ ကာဏရိ႒သည္ ယခင္ဘဝက ပုဏၰားျဖစ္ခဲ့ဖူးသျဖင့္ ေနသာဒကို ျမင္လၽွင္ ပုဏၰားတို႔သည္ ျဗဟၼာမင္း၏ သားျဖစ္၍ မညႇဥ္းဆဲအပ္ ညႇဥ္းဆဲေသာ္ ျဗဟၼာမင္းအမ်က္ထြက္၍ နဂါးျပည္အလုံး ပ်က္စီးလတၱံ့။ ပုဏၰားတို႔သည္ ျမင့္ျမတ္သည္။ ယဇ္ပူေဇာ္ျခင္းကို ျပဳသည္။ ယဇ္ပူေဇာ္ျခင္းသည္ ေက်းဇူးႀကီးမားလွသည္ဟူ၍ ယဇ္ပူေဇာ္ျခင္း၏ အက်ိဳးရွိပုံတို႔ကို ထုတ္ေဖာ္ခ်ီးက်ဴးသည္။ ထိုအခါ ဘူရိဒတ္အား လာေရာက္ဖူးျမင္ ကန္ေတာ့ၾကေသာ နဂါးပရိသတ္တို႔သည္ ကာဏရိ႒၏ စကားကိုနာရလၽွင္ ယဇ္ပူေဇာ္မႈဘက္သို႔ စိတ္ညႊတ္ၾကေလသည္။

ဘူရိဒတ္နဂါးမင္းသည္ လဲေလ်ာင္ အပန္းေျဖရာမွ ကာဏရိ႒၏ စကားကိုၾကားလၽွင္ နဂါးပရိသတ္ကိုလည္း သမၼာဒိ႒ိအယူကို ညႊန္ျပလိုသျဖင့္ ယဇ္ပူေဇာ္ျခင္းမွာ မွားယြင္းပုံတို႔ကို ရွင္းလင္းေဟာၾကား၍ နဂါးပရိသတ္တို႔အား အယူမွန္ကို ရေစသည္။ ေနသာဒပုဏၰားအားလည္း နဂါးျပည္မွ ႏွင္ထုတ္ေစသည္။

ဘူရိဒတ္ နဂါးမင္းသည္ အခ်ိန္းအခ်က္ျပဳေသာေန႔တြင္ ဘိုးေတာ္ ဗာရာဏသီမင္းေဟာင္းအား ပူေဇာ္ကန္ေတာ့ရန္ အၿခံအရံ ပရိသတ္ႏွင့္ သြားသည္။ မယ္ေတာ္ႏွင့္ ေနာင္ေတာ္ ညီေတာ္မ်ားလည္း ေနာက္မွ လိုက္ပါၾကသည္။ သာဂရျဗဟၼဒတ္မင္းလည္း ခမည္းေတာ္ထံ အဖူးအျမင္ လာသျဖင့္ ေဆြေတာ္မ်ိဳးေတာ္တစု ျပန္လည္ေတြ႕ဆုံၾကရသည္။ ဘူရိဒတ္နဂါးမင္းသည္ အသက္ထက္ဆုံး သီတင္းသီလ ေဆာက္တည္၍ အသက္တမ္းေစ့လတ္ေသာ္ ပရိသတ္ႏွင့္တကြ နတ္ျပည္၌ ျဖစ္သည္။ မယ္ေတာ္ သမုဒၵဇာလည္း နဂါးျပည္၌ပင္ အနိစၥေရာက္သည္။

ကိုးကား
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၈)

ဓမၼမိတ္ေဆြမ်ားအားလုံး နိဗၺာန္​၏
အ​ေထာက္​အပ့ံျဖစ္​ၾကပါ​ေစ...။

မ်ိဳးဆက္​သစ္​အရွင္​(ဖို​ေလးလုံး)စုစည္​း၍ဓမၼဒါနျပဳပါသည္​ ။

၅။ မဟောသဓာဇာတ်တော်

၅။ မဟော်သဓာဇာတ်တော် "
~~~~~~~~~~~~~~~~
ဂေါတမ မြတ်စွာဘုရားသည် သဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ပညာပါရမီတော်ကို အကြောင်းပြု၍ ဟောကြားတော်မူသော မဟော်သဓာဇာတ်တော် ၌ ပါဝင်သော ပညာရှိဖြစ်သည်။ ပါဠိကျမ်းဂန်များ၌ မဟော်သဓာ ဇာတ်တော်ကြီးကို မဟာဥမင်္ဂဇာတ်ဟု ပြသည်။

ရှေးလွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထ္တိလာပြည်၌ ဝိဒေဟရာဇ်မင်းကြီး စိုးစံသည်။ ထိုမင်း၌ သေနက၊ ပက္ကုသ၊ ကာမိနဒ၊ ဒေဝိန္ဒ အမည်ရှိကြသော အမတ်ကြီး ၄ ဦးရှိသည်။ ထိုပြည်၏ ရှေ့ဖက် ပါစိနယဝမဇ္ဈဂုံးရွာ၌ သိရိဝဍ္ဎနသူဌေး၏ မယား သုမနဒေဝီတွင် မဟော်သဓာ သုခမိန်ဖြစ်မည့် သားငယ်ကို ဖွားမြင်သည်။ ထိုသားငယ်သည် ဖွားစကပင် နတ်ဆေးလုံးကိုင်လျက် စကားပြောသည်။ ထိုဆေးလုံးဖြင့် လူအများ ရောဂါချမ်းငြိမ်းကြရသည်။ ဆေးလုံးကိုစွဲ၍ မဟော်သဓာဟု အမည်မှည့်သည်။

၇-နှစ်အရွယ်သို့ရောက်သော် မဟော်သဓာ သတို့သားသည် ဆန်းကြယ်သော ဇရပ်တစ်ဆောင်နှင့် ရေကန်တစ်ခုကို စီမံပြုလုပ်သည်။ မဟော်သဓာ ဖွားဦးကပင် မင်းကြီးသည် အိပ်မက် မြင်မက်ထားသည့်အပြင် မဟော်သဓာ၏ ပညာသတင်း ကြားသောကြောင့် မင်းကြီးသည် ပညာရှိခန့်ထားရန် သေနက အမတ်ကြီးကို တိုင်ပင်သည်။ အမတ်ကြီးက ဝန်တိုသဖြင့် ပညာရှိ မဟုတ်သေးကြောင်း တင်လျှောက်သောကြောင့် နန်းတော်သို့ မခေါ်ဆောင်သေးပဲ ငံ့နေရသည်။

မဟော်သဓာ သတို့သားသည် ပါစိနယ ဝမဇ္ဈဂုံးရွာ၌ပင် စွန်ချီသော သားတစ်ကို ရအောင် ပြုလုပ်ခြင်း၊ နွားခိုးမှု၊ လည်ရွဲခိုးမှု၊ ခြည်ထွေးခိုးမှု၊ သားခိုးမှု၊ မယားခိုးမှု၊ ရထားခိုးမှု စသည့် ရ ခုသော အရေးတို့တွင် တရားမျှတအောင် စီရင်သည်။ ထိုသတင်းတို့ကို မင်းကြီးကြားလေသော် မဟော်သဓာကို ခေါ်ယူရန် သနက အမတ်ကြီးအား တိုင်ပင်ပြန်သည်။ အမတ်ကြီးက ရှေးနည်းတူ လျှောက်ထားသဖြင့် ဆိုင်းငံ့ခဲ့သည်။ အမတ်ကြီး၏ တင်လျှောက်ချက်အရ မင်းကြီးက ဖြေဆိုစေသော ရှားလှံတံ၏ အရင်းအဖျားကို ရှာစေသည့် ပြဿနာ၊ ဦးခေါင်းခွံ နှစ်ခုကိုကြည့်၍ ယောက်ျားမိန်းမ ခွဲခြားစေသည့် ပြဿနာ၊ မြွေအဖိုအမကို ခွဲခြားစေသည့် ပြဿနာ၊ ဦးခေါင်း၌ ပို့ပါသော သတ္တဝါကို ဆက်စေသည့် ပြဿနာ၊ ပတ္တမြားကို ကြိုးသစ်တပ်စေသော ပြဿနာ၊ နွားလားကို သားဖွားစေသော ပြဿနာ၊ ထမင်းချဉ် ပြဿနာ၊ သဲလွန် ပြဿနာ၊ ရေကန် ပြဿနာ၊ ဥယျာဉ် ပြဿနာတို့ကို အံ့ဩဖွယ် ကောင်းအောင် ဉာဏ်စွမ်းထက်မြက်စွာ ဖြေရှင်းပေးလေသည်။

မင်းကြီးလည်း မဟော်သဓာ၏ ပညာကို ချီးကျူးလျက် နန်းတော်သို့ ခေါ်ယူကာ အကြိမ်ကြိမ် ချီးမြှောက်ပူဇော်သည်။ တခါသော် မင်းကြီး၏ မိဖုရား ဥဒုမ္ဗရဒေဝီသည် မင်းကြီးနှင့်အတူ ထွက်လာတော်မူစဉ် ငယ်လင် သူယုတ်အား မြင်၍ ပြုံးမိသည်ကို မင်းကြီးက အထင်လွဲသဖြင့် သတ်မည်ပြုရာ မဟော်သဓာ သုခမိန်၏ တင်လျှောက်ချက်ကြောင့် အသက်ချမ်းသာရာ ရလေသည်။ ထိုအခါမှစ၍ မဟော်သဓာအား မိဖုရားက မောင်ငယ်အရာထား၍ ချစ်ခင်စွာ ချီးမြှောက်သည်။ မင်းကြီးကလည်း အဿပြာ တစ်သိန်း ပူဇော်လေသည်။

ထိုနောက် မဟော်သဓာ သုခမိန်သည် ခွေးနှင့် ဆိတ်ပြဿနာ၊ ပညာနှင့် ဥစ္စာ အမြတ်ပြဿနာ စသည်တို့ကိုလည်း ဖြေကြားသည်။ ယင်းသို့အားဖြင့် မဟော်သဓာသည် အသက် ၁၆ နှစ်သို့ရောက်သော် ဥဒုမ္ဗရဒေဝီလည်း သင့်မြတ်သော သတို့သမီးနှင့် ထိမ်းမြားရန် ပြောရာ မဟော်သဓာက မိမိအလိုက်အလျောက် ရှာဖွေလိုကြောင်းဖြင့် ခွင့်တောင်း၍ အပ်နှင့်ချည်ခင်တို့ကို ဆောင်လျက် ဆင်းရဲသား အပ်ချုပ်သမားအသွင်ဖြင့် ဥတ္တရယဝမဇ္ဈဂုံးရွာသို့ သွားသည်။

ဥတ္တရယဝမဇ္ဈဂုံးရွာတွင် စည်းစိမ်ပျက်သော သူဌေးဟောင်း လင်မယားတွင် အမရာမည်သော သမီးတစ်ယောက်ရှိသည်။ ဇနီးလောင်း အရှာသွားသော မဟော်သဓာသည် အမရာနှင့် လမ်းဝယ်တွေ့ရာ အပြန်အလှန် မေးဖြေ ပညာစမ်းကြပြီးနောက် အမရာ၏ အိမ်သို့ မဟော်သဓာ သွားသည်။ ထိုနောက် အပ်ချုပ်သည်ဟန်ဖြင့် အဝတ်အထည်စုတ်များကို ချုပ်သည်။ ထိုနောက် အမရာ၏ စိတ်နေသဘောထားနှင့် ပညာအဆင့်အတန်းကို အမျိုးမျိုးစုံစမ်းပြီးနောက် နှစ်သက်သဖြင့် မိဖုရားကြီးအား လျှောက်ထား၍ ဆောင်ယူ လက်ထပ်သည်။

ထိုနောက် အမတ်ကြီး ၄ ပါးသည် မဟော်သဓာကို မလိုလားသဖြင့် ခိုးသူဖြစ်ဟန် ပရိယာယ်ဆင်၍ မင်းကြီးကို လျှောက်တင်ကြသည်။ မင်းကြီးလည်း လျှောက်တင်ချက်ကို ယုံကြည်၍ အပြစ်ဒဏ်ခတ်ရန် မိန့်မှတ်သဖြင့် မဟော်သဓာသည် တောင်မဇ္ဈဂုံးရွာသို့ အလွတ်တိမ်းရှောင်ရလေသည်။ ထိုအခါ အမရာသည် မိမိပညာဉာဏ်ဖြင့် အမတ်ကြီး ၄ ဦးတို့ ကြံစည်သော အပြစ်တို့ကို ထင်ရှားစေပြီးလျှင် အမတ်ကြီးတို့အားလည်း အရှက်ရအောင်ပြု၍ မင်းကြီးအား အမှန်ကို လျှောက်ထားသည်။ ယင်းသို့အခါတွင် ထီးချက်စောင့် နတ်သမီးက ပုစ္ဆာ ၄ ရပ်ကို မေးရာ ဖြေနိုင်သူမရှိသောကြောင့် မင်းကြီးသည် မဟော်သဓာအာ ရှာဖွေစေလျက် အိုးထိန်းသည် အိမ်မှ ပြန်၍ ခေါ်ယူကာ ဖြေကြားစေသည်။ မဟော်သဓာ ဖြေဆိုနိုင်သဖြင့် စစ်ဘုရင် သေနာပတိအဖြစ် ချီးမြှောက်ခံရပြန်သည်။

ထိုနောက် လျှို့ဝှက်အပ်သော ကိစ္စကို မည်သူ့အားမျှ မပြောရာဟူသော ပြဿနာတွင် သေနက အစရှိသော အမတ်ကြီးတို့ အရေးရှုံးနိမ့်သည်မှ မဟော်သဓာ သုခမိန်သည် ဝိဒေဟရာဇ်တိုင်းကြီးကို ဘုရင့်ကိုယ်စား စီမံခန့်ခွဲလေသည်။

တခါသော် ဥတ္တရာပဉ္စာစာလရာဇ်ပြည်မှ စူဠနီဗြဟ္မဒတ်မင်းသည် အတိုင်းတိုင်း အပြည်ပြည်ကို သိမ်းယူပြီးနောက် မိထ္တိလာပြည်ကို စစ်ပြုသည်။ ဝိဒေဟရာဇ်မင်းသည် မဟော်သဓာ အစီအမံ အဆောင်အရွက်ဖြင့် ရန်သူကို တွန်းလှန်နိုင်သည့်အပြင် နောက်ဆုံး၌ ထိုဗြဟ္မဒတ်မင်း၏ သမီးတော် ပဉ္စလစန္ဒီ မင်းသမီးကို ဥမင်လိုဏ်ခေါင်းတွင်းမှ ဆောင်ယူကာ ဝိဒေဟရာဇ်မင်းကြီးနှင့် လက်ဆက်စေသည်။ စူဠနီဗြဟ္မဒတ်မင်း၏ အတိုင်ပင်ခံ ကေဝဋ်ပုဏ္ဏားသည် မဟော်သဓာအား ပရိယာယ် အရာတွင် မမှီနိုင်ပဲရှိ၍ အရှက်ကြီးစွာ ရလေသည်။ မဟော်သဓာသည် နောင်အခါ စူဠနီဗြဟ္မဒတ်မင်းထံ၌ ခစား၍ အသက်ထက်ဆုံး ကြီးမြတ်သော စည်းစိမ်ကို ခံစားရသည်။

ဓမ္မမိတ်ဆွေများအားလုံး နိဗ္ဗာန်၏
အထောက်အပံ့ဖြစ်ကြပါစေ...။

မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)စုစည်း၍ဓမ္မဒါနပြုပါသည် ။



" မေဟာ္သဓာဇာတ္ေတာ္ "
~~~~~~~~~~~~~~~~
ေဂါတမ ျမတ္စြာဘုရားသည္ သဝတၳိျပည္ ေဇတဝန္ေက်ာင္းေတာ္၌ သီတင္းသုံးေတာ္မူစဥ္ ပညာပါရမီေတာ္ကို အေၾကာင္းျပဳ၍ ေဟာၾကားေတာ္မူေသာ မေဟာ္သဓာဇာတ္ေတာ္ ၌ ပါဝင္ေသာ ပညာရွိျဖစ္သည္။ ပါဠိက်မ္းဂန္မ်ား၌ မေဟာ္သဓာ ဇာတ္ေတာ္ႀကီးကို မဟာဥမဂၤဇာတ္ဟု ျပသည္။

ေရွးလြန္ေလၿပီးေသာအခါ ဝိေဒဟရာဇ္တိုင္း မိထၱိလာျပည္၌ ဝိေဒဟရာဇ္မင္းႀကီး စိုးစံသည္။ ထိုမင္း၌ ေသနက၊ ပကၠဳသ၊ ကာမိနဒ၊ ေဒဝိႏၵ အမည္ရွိၾကေသာ အမတ္ႀကီး ၄ ဦးရွိသည္။ ထိုျပည္၏ ေရွ႕ဖက္ ပါစိနယဝမဇၩဂုံးရြာ၌ သိရိဝၯနသူေဌး၏ မယား သုမနေဒဝီတြင္ မေဟာ္သဓာ သုခမိန္ျဖစ္မည့္ သားငယ္ကို ဖြားျမင္သည္။ ထိုသားငယ္သည္ ဖြားစကပင္ နတ္ေဆးလုံးကိုင္လ်က္ စကားေျပာသည္။ ထိုေဆးလုံးျဖင့္ လူအမ်ား ေရာဂါခ်မ္းၿငိမ္းၾကရသည္။ ေဆးလုံးကိုစြဲ၍ မေဟာ္သဓာဟု အမည္မွည့္သည္။

၇-ႏွစ္အရြယ္သို႔ေရာက္ေသာ္ မေဟာ္သဓာ သတို႔သားသည္ ဆန္းၾကယ္ေသာ ဇရပ္တစ္ေဆာင္ႏွင့္ ေရကန္တစ္ခုကို စီမံျပဳလုပ္သည္။ မေဟာ္သဓာ ဖြားဦးကပင္ မင္းႀကီးသည္ အိပ္မက္ ျမင္မက္ထားသည့္အျပင္ မေဟာ္သဓာ၏ ပညာသတင္း ၾကားေသာေၾကာင့္ မင္းႀကီးသည္ ပညာရွိခန႔္ထားရန္ ေသနက အမတ္ႀကီးကို တိုင္ပင္သည္။ အမတ္ႀကီးက ဝန္တိုသျဖင့္ ပညာရွိ မဟုတ္ေသးေၾကာင္း တင္ေလၽွာက္ေသာေၾကာင့္ နန္းေတာ္သို႔ မေခၚေဆာင္ေသးပဲ ငံ့ေနရသည္။

မေဟာ္သဓာ သတို႔သားသည္ ပါစိနယ ဝမဇၩဂုံးရြာ၌ပင္ စြန္ခ်ီေသာ သားတစ္ကို ရေအာင္ ျပဳလုပ္ျခင္း၊ ႏြားခိုးမႈ၊ လည္ရြဲခိုးမႈ၊ ျခည္ေထြးခိုးမႈ၊ သားခိုးမႈ၊ မယားခိုးမႈ၊ ရထားခိုးမႈ စသည့္ ရ ခုေသာ အေရးတို႔တြင္ တရားမၽွတေအာင္ စီရင္သည္။ ထိုသတင္းတို႔ကို မင္းႀကီးၾကားေလေသာ္ မေဟာ္သဓာကို ေခၚယူရန္ သနက အမတ္ႀကီးအား တိုင္ပင္ျပန္သည္။ အမတ္ႀကီးက ေရွးနည္းတူ ေလၽွာက္ထားသျဖင့္ ဆိုင္းငံ့ခဲ့သည္။ အမတ္ႀကီး၏ တင္ေလၽွာက္ခ်က္အရ မင္းႀကီးက ေျဖဆိုေစေသာ ရွားလွံတံ၏ အရင္းအဖ်ားကို ရွာေစသည့္ ျပႆနာ၊ ဦးေခါင္းခြံ ႏွစ္ခုကိုၾကည့္၍ ေယာက္်ားမိန္းမ ခြဲျခားေစသည့္ ျပႆနာ၊ ေႁမြအဖိုအမကို ခြဲျခားေစသည့္ ျပႆနာ၊ ဦးေခါင္း၌ ပို႔ပါေသာ သတၱဝါကို ဆက္ေစသည့္ ျပႆနာ၊ ပတၱျမားကို ႀကိဳးသစ္တပ္ေစေသာ ျပႆနာ၊ ႏြားလားကို သားဖြားေစေသာ ျပႆနာ၊ ထမင္းခ်ဥ္ ျပႆနာ၊ သဲလြန္ ျပႆနာ၊ ေရကန္ ျပႆနာ၊ ဥယ်ာဥ္ ျပႆနာတို႔ကို အံ့ဩဖြယ္ ေကာင္းေအာင္ ဉာဏ္စြမ္းထက္ျမက္စြာ ေျဖရွင္းေပးေလသည္။

မင္းႀကီးလည္း မေဟာ္သဓာ၏ ပညာကို ခ်ီးက်ဴးလ်က္ နန္းေတာ္သို႔ ေခၚယူကာ အႀကိမ္ႀကိမ္ ခ်ီးေျမႇာက္ပူေဇာ္သည္။ တခါေသာ္ မင္းႀကီး၏ မိဖုရား ဥဒုမၺရေဒဝီသည္ မင္းႀကီးႏွင့္အတူ ထြက္လာေတာ္မူစဥ္ ငယ္လင္ သူယုတ္အား ျမင္၍ ျပဳံးမိသည္ကို မင္းႀကီးက အထင္လြဲသျဖင့္ သတ္မည္ျပဳရာ မေဟာ္သဓာ သုခမိန္၏ တင္ေလၽွာက္ခ်က္ေၾကာင့္ အသက္ခ်မ္းသာရာ ရေလသည္။ ထိုအခါမွစ၍ မေဟာ္သဓာအား မိဖုရားက ေမာင္ငယ္အရာထား၍ ခ်စ္ခင္စြာ ခ်ီးေျမႇာက္သည္။ မင္းႀကီးကလည္း အႆျပာ တစ္သိန္း ပူေဇာ္ေလသည္။

ထိုေနာက္ မေဟာ္သဓာ သုခမိန္သည္ ေခြးႏွင့္ ဆိတ္ျပႆနာ၊ ပညာႏွင့္ ဥစၥာ အျမတ္ျပႆနာ စသည္တို႔ကိုလည္း ေျဖၾကားသည္။ ယင္းသို႔အားျဖင့္ မေဟာ္သဓာသည္ အသက္ ၁၆ ႏွစ္သို႔ေရာက္ေသာ္ ဥဒုမၺရေဒဝီလည္း သင့္ျမတ္ေသာ သတို႔သမီးႏွင့္ ထိမ္းျမားရန္ ေျပာရာ မေဟာ္သဓာက မိမိအလိုက္အေလ်ာက္ ရွာေဖြလိုေၾကာင္းျဖင့္ ခြင့္ေတာင္း၍ အပ္ႏွင့္ခ်ည္ခင္တို႔ကို ေဆာင္လ်က္ ဆင္းရဲသား အပ္ခ်ဳပ္သမားအသြင္ျဖင့္ ဥတၱရယဝမဇၩဂုံးရြာသို႔ သြားသည္။

ဥတၱရယဝမဇၩဂုံးရြာတြင္ စည္းစိမ္ပ်က္ေသာ သူေဌးေဟာင္း လင္မယားတြင္ အမရာမည္ေသာ သမီးတစ္ေယာက္ရွိသည္။ ဇနီးေလာင္း အရွာသြားေသာ မေဟာ္သဓာသည္ အမရာႏွင့္ လမ္းဝယ္ေတြ႕ရာ အျပန္အလွန္ ေမးေၿဖ ပညာစမ္းၾကၿပီးေနာက္ အမရာ၏ အိမ္သို႔ မေဟာ္သဓာ သြားသည္။ ထိုေနာက္ အပ္ခ်ဳပ္သည္ဟန္ျဖင့္ အဝတ္အထည္စုတ္မ်ားကို ခ်ဳပ္သည္။ ထိုေနာက္ အမရာ၏ စိတ္ေနသေဘာထားႏွင့္ ပညာအဆင့္အတန္းကို အမ်ိဳးမ်ိဳးစုံစမ္းၿပီးေနာက္ ႏွစ္သက္သျဖင့္ မိဖုရားႀကီးအား ေလၽွာက္ထား၍ ေဆာင္ယူ လက္ထပ္သည္။

ထိုေနာက္ အမတ္ႀကီး ၄ ပါးသည္ မေဟာ္သဓာကို မလိုလားသျဖင့္ ခိုးသူျဖစ္ဟန္ ပရိယာယ္ဆင္၍ မင္းႀကီးကို ေလၽွာက္တင္ၾကသည္။ မင္းႀကီးလည္း ေလၽွာက္တင္ခ်က္ကို ယုံၾကည္၍ အျပစ္ဒဏ္ခတ္ရန္ မိန႔္မွတ္သျဖင့္ မေဟာ္သဓာသည္ ေတာင္မဇၩဂုံးရြာသို႔ အလြတ္တိမ္းေရွာင္ရေလသည္။ ထိုအခါ အမရာသည္ မိမိပညာဉာဏ္ျဖင့္ အမတ္ႀကီး ၄ ဦးတို႔ ႀကံစည္ေသာ အျပစ္တို႔ကို ထင္ရွားေစၿပီးလၽွင္ အမတ္ႀကီးတို႔အားလည္း အရွက္ရေအာင္ျပဳ၍ မင္းႀကီးအား အမွန္ကို ေလၽွာက္ထားသည္။ ယင္းသို႔အခါတြင္ ထီးခ်က္ေစာင့္ နတ္သမီးက ပုစၧာ ၄ ရပ္ကို ေမးရာ ေျဖနိုင္သူမရွိေသာေၾကာင့္ မင္းႀကီးသည္ မေဟာ္သဓာအာ ရွာေဖြေစလ်က္ အိုးထိန္းသည္ အိမ္မွ ျပန္၍ ေခၚယူကာ ေျဖၾကားေစသည္။ မေဟာ္သဓာ ေျဖဆိုနိုင္သျဖင့္ စစ္ဘုရင္ ေသနာပတိအျဖစ္ ခ်ီးေျမႇာက္ခံရျပန္သည္။

ထိုေနာက္ လၽွို႔ဝွက္အပ္ေသာ ကိစၥကို မည္သူ႔အားမၽွ မေျပာရာဟူေသာ ျပႆနာတြင္ ေသနက အစရွိေသာ အမတ္ႀကီးတို႔ အေရးရႈံးနိမ့္သည္မွ မေဟာ္သဓာ သုခမိန္သည္ ဝိေဒဟရာဇ္တိုင္းႀကီးကို ဘုရင့္ကိုယ္စား စီမံခန႔္ခြဲေလသည္။

တခါေသာ္ ဥတၱရာပဥၥာစာလရာဇ္ျပည္မွ စူဠနီျဗဟၼဒတ္မင္းသည္ အတိုင္းတိုင္း အျပည္ျပည္ကို သိမ္းယူၿပီးေနာက္ မိထၱိလာျပည္ကို စစ္ျပဳသည္။ ဝိေဒဟရာဇ္မင္းသည္ မေဟာ္သဓာ အစီအမံ အေဆာင္အရြက္ျဖင့္ ရန္သူကို တြန္းလွန္နိုင္သည့္အျပင္ ေနာက္ဆုံး၌ ထိုျဗဟၼဒတ္မင္း၏ သမီးေတာ္ ပဥၥလစႏၵီ မင္းသမီးကို ဥမင္လိုဏ္ေခါင္းတြင္းမွ ေဆာင္ယူကာ ဝိေဒဟရာဇ္မင္းႀကီးႏွင့္ လက္ဆက္ေစသည္။ စူဠနီျဗဟၼဒတ္မင္း၏ အတိုင္ပင္ခံ ေကဝဋ္ပုဏၰားသည္ မေဟာ္သဓာအား ပရိယာယ္ အရာတြင္ မမွီနိုင္ပဲရွိ၍ အရွက္ႀကီးစြာ ရေလသည္။ မေဟာ္သဓာသည္ ေနာင္အခါ စူဠနီျဗဟၼဒတ္မင္းထံ၌ ခစား၍ အသက္ထက္ဆုံး ႀကီးျမတ္ေသာ စည္းစိမ္ကို ခံစားရသည္။

ဓမၼမိတ္ေဆြမ်ားအားလုံး နိဗၺာန္​၏
အ​ေထာက္​အပ့ံျဖစ္​ၾကပါ​ေစ...။

မ်ိဳးဆက္​သစ္​အရွင္​(ဖို​ေလးလုံး)စုစည္​း၍ဓမၼဒါနျပဳပါသည္​ ။

၄။ နေမိဇာတ်တော်

၄။ နေမိဇာတ်တော်
~~~~~~~~~~
ရှေးသရောအခါက မိထီလာပြည်၌ တရားနှင့်အညီမင်းပြုသော မဃဒေဝမည်သောမင်းသည် ဖြစ်ပေါ်ခဲ့၏။ ထိုမင်းသည် ဥပုသ်နေ့တိုင်း သီလဆောက်တည်လေ့ရှိ၏။ မိမိခေါင်း၌ ဆံပင်ဖြူတစ်ချောင်း ပေါက်ခဲ့သော ပြောပြရန် ဆတ္တာသည် (ဆံညှပ်သမား)အား မှာထားလေ၏။ နှစ်များစွာကြာသောအခါ ဆတ္တာသည်သည် မင်းကြီးခေါင်း၌ ဆံဖြူတစ်ချောင်း ပေါက်နေသည်ကို မွေးညပ်ဖြင့်နှုတ်၍ မင်းကြီးအား ပြသလေ၏။

မင်းကြီးလည်း ထိုဆတ္တာသည်အား ရွာဆုပေး၍ သားတော်ကြီး အိမ်ရှေ့မင်းသားကို ခေါ်ပြီး “ချစ်သား၊ ငါ့အား သေမင်းတမန်များသည် ဖြစ်ပေါ်၍ လာလေပြီ၊ ငါသည် လူ့လောက၌ ကာမဂုဏ်တို့ကို ခံစားပြီးဖြစ်၍ နတ်ကာမဂုဏ်တို့ကို ရှာရန် အချိန်တန်ပြီ၊ သင်သည် နိုင်ငံကိုအုပ်ချုပ် မင်းလုပ်လော့” ဟု မိန့်ကြား၍ ထီးနန်းကို လွှဲအပ်လေ၏။ ခေါင်း၌ ဆံဖြူတစ်ချောင်းပေါက်လျှင် တော်ထွက် တရားရှာမှီးခြင်း ဟူသော ကျင့်ဝတ်ကို စဉ်လာမပျက် ဆက်လက် လိုက်နာရန်နှင့် မင်းကျင့်တရားနှင့်အညီ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရန်လည်း သွန်သင်ဆုံးမခဲ့လေ၏။

မဃဒေဝမင်းသည် ထိုနေ့မှစ၍ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ဆင်ကာ မဃဒေဝဥယျာဉ်တော်၌ အရပ်ဆယ်မျက်နှာတို့သို့ ဗြဟ္မဝိဟာရတရားဖြင့် ဖြန့်ကျက်၍ နေထိုင်တော်မူ၏။ ထိုမင်းသည် ကလေးသူငယ်ဘဝဖြင့် နှစ်ပေါင်းရှစ်သောင်း လေးထောင်၊ အိမ်ရှေ့မင်းအဖြစ်ဖြင့် နှစ်ပေါင်းရှစ်သောင်း လေးထောင်၊ ပြည့်ရှင်မင်းအဖြစ်ဖြင့် နှစ်ပေါင်းရှစ်သောင် းလေးထောင်၊ ရသေ့ရဟန်းအဖြစ်ဖြင့် နှစ်ပေါင်း ရှစ်သောင်းလေးထောင်နေပြီး ကွယ်လွန်သောအခါ ဗြဟ္မပြည်သို့ လားရောက်ရလေ၏။
သားတော်မင်းမှစ၍ ရှစ်သောင်းလေးထောင်သော မင်းတို့သည် မဃဒေဝမင်းကြီး၏ နည်းလမ်း၊ သွန်သင်ဆုံးမချက်နှင့်အညီ မင်းပြု၍ မိထီလာပြည်သည် နှစ်ပေါင်းများစွာ စည်ပင်ဝပြောလျှက် ရှိခဲ့ပေ၏။ ဆံဖြူတစ်ပင် ပေါက်သည်နှင့် အိမ်ရှေ့စံကို နန်းလွှဲအပ်၍ မိမိတို့အတွက် သံသရာရိက္ခာထုပ်ကို ကိုယ်စီထုပ်ပိုး သွားနိုင်ကြလေ၏။
လူတို့၏ ပထမအရွယ်သည် ပညာရှာမှီးခြင်းဖြင့် ကုန်ဆုံးစေခြင်းကို ထိုမင်းသားတို့သည် ပြုမူဆောင်ရွက် နိုင်ခဲ့ကြ၏။ 

အချိန်တန်အရွယ်ရောက်လို့ ဒုတိယအရွယ်မှာ တာဝန်ထမ်းဆောင်ဖို့ အချိန်ကျစဉ်မှာလဲ သူတို့သည် တာဝန်ကျေပွန်ခြင်းဖြင့် မိထီလာပြည်ကြီးကို သာယာဝပြော စေခဲ့၏။ တတိယအရွယ် တရားရှာရမည်အချိန် ဆံပင်ဖြူတစ်ချောင်း ပေါက်တယ်ဆိုရင်လဲ သေမင်းတမန် အမိန့်တော်ဟုခံယူလျှက် တရားဘာဝနာဘက်၌ စိတ်ကိုညွှတ်စေကာ သားတော်ကြီးကို ထီးနန်း လွှဲအပ်ကာ တောထွက်ရဟန်းပြုခြင်းဖြင့် ဗြဟ္မပြည်သို့ တက်လှမ်းနိုင်ခဲ့ကြ၏။
မဃဒေဝမင်း၏ လမ်းစဉ်နှင့် ထိုလမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်သော ရှစ်သောင်း လေးထောင်သော မင်းအပေါင်းတို့၏ စိတ်ဓာတ်သည် ချီးကျူးစရာပင် ဖြစ်၏။ နေမိမင်း လက်ထက်အထိ ရှစ်သောင်း လေးထောင်သောမင်းတို့သည် မိထီလာပြည်၏ အစဉ်အလာကို ထိန်းသိမ်နိုင်ခဲ့ကြလေ၏။

နေမိမင်း၏သားတော် ကဠာရဇနက မင်းလက်ထက်တွင်ကား ဘိုးဘေးတို့၏ အစဉ်အလာသည် ပျက်၍သွားတော့၏။ ဆံဖြူတစ်ခေါင်းလုံးပေါက်သော်လည်း ထီးနန်းမစွန့် တောမထွက်ပဲ အသက် ထက်ဆုံး မင်းစည်းစိမ်ကို ခံစားလျှက် နေတော့၏။ ထိုမင်းအား မိထီလာပြည်၏ အဆုံးစွန်သောမင်းဟူ၍ ပိဋကတ်တော်၌ မှတ်တမ်းပြုထားလေ၏။

(မှတ်ချက်။ ထို မဃဒေဝမင်း သည်လည်းကောင်း၊ သားစဉ်မြေးဆက် နေမိမင်းသည်လည်းကောင်း ၂ ပါးလုံးသည် ဂေါတမမြတ်စွာဘုရား အလောင်းအလျာများဖြစ်သည်ဟု မှတ်သားရပါသည်)

တစ်ရံရောအခါ ဝိဒေဟရာဇ်တိုင်း၊ မိထီလာပြည်၌ မဃဒေဝမင်း စိုးစံသည်။ ထိုမင်းသည် တရားတော်၌ မွေ့လျော်သည်။ အသက်ကြီးရင့်၍ ဆံပင်ဖြူလာလျှင် ရဟန်းပြု၍ တောထွက်မည်ဟု ဆုံးဖြတ်ထားသည်။ ဆံပင်၊ မုတ်ဆိတ်တို့ကို ပြုပြင်ပေးသော ဆတ္တာသည်အား မိမိ၏ ဆံပင်ဖြူလာလျှင် လျှောက်ထားရန် မှာကြားထားသည်။ တစ်နေ့သောအခါ ဆတ္တာသည် သည် မင်းကြီး၏ ဦးခေါင်း၌ ဆံပင်ဖြူ တစ်ပင်ကို တွေ့မြင်သည်။ ထိုအခါ “အရှင်မင်းကြီး- ဦးခေါင်းတော်၌ ဆံပင်ဖြူ တစ်ပင် တွေ့မြင်ပါသည်” ဟူ၍ လျှောက်ထားသည်။

မင်းကြီးလည်း သားတော် အိမ်ရှေ့မင်းသားကို ထီးနန်းပေးအပ်လိုက်သည်။ မိမိနည်းတူ “ဆံပင်ဖြူကို မြင်တွေ့လျှင် တောထွက်ပါ”ဟူ၍ မှာကြားသည်။ ထို့နောက် ထီးနန်းကို စွန့်သည်။ ရဟန်းပြု၍ တောထွက် သွားလေသည်။ ဤသို့လျှင် သား၊ မြေး၊ မြစ် အဆက်ဆက်တို့သည် ထီးနန်းကို စိုးစံကြသည်။ ဆံပင်ဖြူသောအခါ တောထွက်ကြသည်။ ထိုမဃဒေဝမင်းမှ ရှစ်သိန်း သုံးသောင်း တစ်ထောင် ကိုးရာ ကိုးဆယ်မြောက်သော မင်းသည် မိထိလာပြည်၌ ဆက်လက် စိုးစံသည်။ ထိုမင်းတွင် နေမိကုမာရ အမည်ရှိသော သားတော် တစ်ပါးရှိသည်။ ထိုနေမိ မင်းသားသည် ငယ်ရွယ်စဉ်မှစ၍ အလှူပေးသည်။ သီလ ဆောက်တည်သည်။

ရှေးအစဉ်အလာအတိုင်း ခမည်းတော်သည် ဆံပင်ဖြူသောအခါ တောထွက်သည်။ ထိုအခါ နေမိမင်းသား သည် ထီးနန်းကို ဆက်ခံရသည်။ နေမိမင်းသည် တိုင်းပြည်ကို မင်းကျင့်တရားနှင့် အညီ အုပ်ချုပ်သည်။ ထို့အပြင် မြို့တံခါးလေးခုနှင့် မြို့လယ်တို့၌ အလှူမဏ္ဍပ် ငါးခု ဆောက်သည်။ အလှူမဏ္ဍပ် တစ်ခုစီတွင် အသပြာ တစ်သိန်း ကျစီဖြင့် နေ့စဉ်ပေးလှူသည်။ ငါးပါးသီလကို အမြဲ စောင့်ထိန်းသည်။ ဥပုသ်ကို လပြည့် လကွယ်နေ့တိုင်း ဆောက်တည်သည်။ တိုင်းသူပြည်သားတို့ကို ကုသိုလ် ကောင်းမှုပြုရန် တိုက်တွန်းသည်။
နေမိမင်း၏ အဆုံးအမကို နာယူကြသူတို့သည် ကွယ်လွန်သောအခါ နတ်ပြည်သို့ ရောက်ကြလေသည်။ ဤတွင် နတ်ပြည်မှာ နတ်ဦးရေ တိုးပွားစည်ကားနေ၏။ ငရဲပြည်ကား ခြောက်ကပ်နေသည်။ တစ်နေ့တွင် နေမိမင်းကြီးသည် အလှူပေးခြင်းနှင့် သီလ ဆောက်တည်ခြင်းတွင် မည်သည်က ပို၍ အကျိုးကြီးကြောင်း စဉ်းစား တွေးတောကာ ဆုံးဖြတ်မရနိုင်အောင် ရှိလေသည်။

ဤသို့ တွေးကြံသည်ကို သိကြားမင်း သိရှိသောအခါ လူ့ပြည်သို့ ဆင်းသက်လာသည်။ နေမိမင်းကြီးရှေ့၌ ကိုယ်ထင်ပြလျက် “အရှင်မင်းကြီး အလှူပေးခြင်းထက် သီလ စောင့်ခြင်းက ပို၍ အကျိုးကြီးပါသည်” ဟုု ဟောပြောသည်။ ထို့နောက် တာဝတိံသာ နတ်ပြည်သို့ ပြန်ကြွသွားလေသည်။

ထိုအကြောင်းကို တာဝတိံသာနတ်ပြည်ရှိ နတ်များ သိရှိကြသောအခါ နေမိမင်းကြီးကို ဖူးတွေ့လိုသော ဆန္ဒများ ဖြစ်ပေါ်လာကြသည်။ သို့ဖြင့် နေမိမင်းကြီးကို နတ်ပြည်သို့ ပင့်ဆောင် ပြသပါရန် သိကြားမင်းအား တောင်းပန်ကြသည်။ သိကြားမင်းလည်း နတ်တို့ အလိုကို လိုက်လျောသည်။ မာတလိနတ်သားအား “နေမိမင်းကြီးကို ပင့်ဆောင်လော့” ဟူ၍ စေခိုင်းသည်။ မာတလိနတ်သားသည် သိန္ဓောမြင်း တစ်ထောင်ကသော ဝေဇယန္တာ ရထားဖြင့် နေမိမင်းကြီးကို လာရောက်ခေါ်သည်။ မိထိလာ ပြည်သူတို့ အံ့သြကာ ရင်သပ်ရှုမော ကြည့်ရှုကြသည်။

မာတလိသည် နေမိမင်းကြီးကို ပင့်ဖိတ်သည်။ မင်းကြီးလည်း နတ်ပြည်ကို မရောက်ဖူးသဖြင့် ဝမ်းမြောက် ဝမ်းသာ လက်ခံလိုက်သည်။ ပြည်သူတို့နှင့် နန်းတွင်းသူ နန်းတွင်းသားတို့အား “မကြာမီ ငါ ပြန်လာခဲ့မည်။ ကုသိုလ်ကောင်းမှုတို့ကိုသာ မမေ့မလျော့ဘဲ ပြုကြပါ” ဟူ၍ မှာကြားသည်။ 

မာတလိက နေမိမင်းကို နတ်ပြည်ကြွဖို့ ရထားထက်ပင့် လာပြီး နတ်ပြည်ကိုသွားရာ လမ်းနှစ်လမ်း ရှိတယ်။ တစ်လမ်းက ငရဲလမ်း တစ်လမ်းက နတ်လမ်းဖြစ်တယ်။ ဘယ်လမ်းက သွားချင်သလဲ လို့မေးတယ်။ နေမိ မင်း က ငါဟာ ငရဲဘုံရော၊ နတ်ဘုံရော မမြင်ဖူးဘူး….။ မြင်ဖူးအောင် နှစ်လမ်းလုံးက သွားချင်တယ်လို့ ပြောတယ်။ မာတလိ က ငရဲလမ်းရော နတ်လမ်းရော တစ် ပြိုင်နက်တည်း သွားလို့မဖြစ်ဘူး။ ဘယ်လမ်းကဦးစွာ ကြွလိုပါသလဲ လို့မေးတော့ နေမိမင်း က ငရဲလမ်းကို ဦးစွာသွားမယ်လို့ ပြောတယ်။ ဒါကြောင့် မာတလိနတ်သား ဟာ ဝေဇယန္တာ ရထားကို ငရဲလမ်းက ဦးစွာနှင်တယ်။

သည် ငရဲကြီးတွေက မြေကြီး အတွင်းက ငရဲတွေ မဟုတ်ဘူး။ ကောင်းကင် မှာမြေပြင် မှာတည် နေကြ တဲ့ကြိမ်ပိုက် ငရဲ ခွေးစား ငရဲစတဲ့ ဥဿဒ ငရဲများ ကိုဆိုလိုတယ်။ မာတလိနတ်သား ဟာ ငရဲဘုံ ကိုပြ ပြီးတော့ နတ်ဘုံ ရှိရာ ကောင်းကင် ထက် ကို ရထား ကို ဦးလှည့်ပြီးတော့ မောင်း တယ်။ နတ်လမ်းခရီးမှာ ဗရဏီ နတ်သမီးဗိမာန် သောဏဒီနိ နတ်သားဗိမာန်၊ ဖာလ်ဗိ မာန်၊ မြ ဗိမာန်၊ ကြောင်မျက်ရွဲ ဗိမာန်စသည်တို့ကိုပြနေတုန်း သိကြားမင်းထံ ကအထောက်တော်ရောက်ခဲ့လို့ တာဝတိ ံသာသို့ ရှေးရှုပြီး ရထားကိုနှင်ခဲ့တယ်။

ရထား ဘယ်ရောက်လာ သလဲဆိုတော့ မြင်းမိုရ်တောင်ကို ရံပြီးတည်နေတဲ့ တောင်စဉ် ၇ ထပ်ဆီ ရောက်လာတယ်။ အဲဒီအခါ နေမိမင်းက သည်တောင်တွေ က ဘာတောင်တွေခေါ်ပါသလဲ လို့မေးတော့ မာတလိနတ် သားက သုဒဿနော တရဝီကော၊ ဤသ ဝရော ယုဂန္ဓရော၊ နေမိန္ဒရော ဝိနတကော၊ အဿကဏ္ဍော ဂီရိဗြဟ္မာစသော ဂါထာဖြင့် သုဒဿန စတဲ့ တောင်စဉ် ခုနှစ်ထပ် ဖြစ်ကြောင်း ပြောကြားပြီး တောင်စဉ် ခုနှစ်ထပ်မှ တစ်ဖန် စတုမဟာရာဇ် ဘုံ များ ကို ပြသတယ်။ ပြီးမှ တာဝတိ ံသာနတ်ပြည်ကို တက်တယ်။

 ၇ ရက်မြောက်သောနေ့မှာ လူ့ပြည်ပြန်လာပြီး နတ်ပြည်၊ ငရဲပြည်အတွေ့အကြုံများကို ပြန်လည်ဟောပြောတယ်။ တစ်နေ့ ဆတ္တာသည်က မင်းကြီးရဲ့ ဆံကေသာကိုရှင်းလင်းပေးရာမှ ငွေကေသာတစ်ပင် ရှင်သန်နေကြောင်း လျှောက်ကြားလေတော့ ဆတ္တာသည်ကြီးကို ဆုတော်ငွေများနှင့်အတူ မြို့စားရာထူး အပ်နှင်းလိုက်တယ်။ နောက် ရ ရက်အတွင်းမှာဘဲ သားတော်ထံ ထီးနန်းအပ်နှင်း၍  လျှော်သင်္ကန်းကိုဝတ်လျက် ရဟန်းပြုကာ ဘဝဆုံးတိုင် တရားအားထုတ်ခဲ့လေတော့သည်။

ဓမ္မမိတ်ဆွေများအားလုံး နိဗ္ဗာန်၏
အထောက်အပံ့ဖြစ်ကြပါစေ...။

မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)စုစည်း၍ဓမ္မဒါနပြုပါသည် ။


ေနမိဇာတ္​ေတာ္​
~~~~~~~~~~
ေရွးသေရာအခါက မိထီလာျပည္၌ တရားႏွင့္အညီမင္းျပဳေသာ မဃေဒ၀မည္ေသာမင္းသည္ ျဖစ္ေပၚခဲ့၏။ ထိုမင္းသည္ ဥပုသ္ေန႕တိုင္း သီလေဆာက္တည္ေလ့ရွိ၏။ မိမိေခါင္း၌ ဆံပင္ျဖဴတစ္ေခ်ာင္း ေပါက္ခဲ့ေသာ ေျပာျပရန္ ဆတၱာသည္ (ဆံညွပ္သမား)အား မွာထားေလ၏။ ႏွစ္မ်ားစြာၾကာေသာအခါ ဆတၱာသည္သည္ မင္းႀကီးေခါင္း၌ ဆံျဖဴတစ္ေခ်ာင္း ေပါက္ေနသည္ကို ေမြးညပ္ျဖင့္ႏႈတ္၍ မင္းႀကီးအား ျပသေလ၏။

မင္းႀကီးလည္း ထိုဆတၱာသည္အား ရြာဆုေပး၍ သားေတာ္ႀကီး အိမ္ေရွ႕မင္းသားကို ေခၚၿပီး “ခ်စ္သား၊ ငါ့အား ေသမင္းတမန္မ်ားသည္ ျဖစ္ေပၚ၍ လာေလၿပီ၊ ငါသည္ လူ႕ေလာက၌ ကာမဂုဏ္တို႕ကို ခံစားၿပီးျဖစ္၍ နတ္ကာမဂုဏ္တို႕ကို ရွာရန္ အခ်ိန္တန္ၿပီ၊ သင္သည္ ႏိုင္ငံကိုအုပ္ခ်ဳပ္ မင္းလုပ္ေလာ့” ဟု မိန္႕ၾကား၍ ထီးနန္းကို လႊဲအပ္ေလ၏။ ေခါင္း၌ ဆံျဖဴတစ္ေခ်ာင္းေပါက္လွ်င္ ေတာ္ထြက္ တရားရွာမွီးျခင္း ဟူေသာ က်င့္၀တ္ကို စဥ္လာမပ်က္ ဆက္လက္ လိုက္နာရန္ႏွင့္ မင္းက်င့္တရားႏွင့္အညီ တိုင္းျပည္အုပ္ခ်ဳပ္ မင္းလုပ္ရန္လည္း သြန္သင္ဆံုးမခဲ့ေလ၏။

မဃေဒ၀မင္းသည္ ထိုေန႕မွစ၍ ဖန္ရည္ဆိုးေသာ အ၀တ္ကို ၀တ္ဆင္ကာ မဃေဒ၀ဥယ်ာဥ္ေတာ္၌ အရပ္ဆယ္မ်က္ႏွာတို႕သို႕ ျဗဟၼ၀ိဟာရတရားျဖင့္ ျဖန္႕က်က္၍ ေနထိုင္ေတာ္မူ၏။ ထိုမင္းသည္ ကေလးသူငယ္ဘ၀ျဖင့္ ႏွစ္ေပါင္းရွစ္ေသာင္း ေလးေထာင္၊ အိမ္ေရွ႕မင္းအျဖစ္ျဖင့္ ႏွစ္ေပါင္းရွစ္ေသာင္း ေလးေထာင္၊ ျပည့္ရွင္မင္းအျဖစ္ျဖင့္ ႏွစ္ေပါင္းရွစ္ေသာင္ းေလးေထာင္၊ ရေသ့ရဟန္းအျဖစ္ျဖင့္ ႏွစ္ေပါင္း ရွစ္ေသာင္းေလးေထာင္ေနၿပီး ကြယ္လြန္ေသာအခါ ျဗဟၼျပည္သို႕ လားေရာက္ရေလ၏။
သားေတာ္မင္းမွစ၍ ရွစ္ေသာင္းေလးေထာင္ေသာ မင္းတို႕သည္ မဃေဒ၀မင္းႀကီး၏ နည္းလမ္း၊ သြန္သင္ဆံုးမခ်က္ႏွင့္အညီ မင္းျပဳ၍ မိထီလာျပည္သည္ ႏွစ္ေပါင္းမ်ားစြာ စည္ပင္၀ေျပာလွ်က္ ရွိခဲ့ေပ၏။ ဆံျဖဴတစ္ပင္ ေပါက္သည္ႏွင့္ အိမ္ေရွ႕စံကို နန္းလႊဲအပ္၍ မိမိတို႕အတြက္ သံသရာရိကၡာထုပ္ကို ကိုယ္စီထုပ္ပိုး သြားႏိုင္ၾကေလ၏။
လူတို႕၏ ပထမအရြယ္သည္ ပညာရွာမွီးျခင္းျဖင့္ ကုန္ဆံုးေစျခင္းကို ထိုမင္းသားတို႕သည္ ျပဳမူေဆာင္ရြက္ ႏိုင္ခဲ့ၾက၏။ 

အခ်ိန္တန္အရြယ္ေရာက္လို႕ ဒုတိယအရြယ္မွာ တာ၀န္ထမ္းေဆာင္ဖို႕ အခ်ိန္က်စဥ္မွာလဲ သူတို႕သည္ တာ၀န္ေက်ပြန္ျခင္းျဖင့္ မိထီလာျပည္ႀကီးကို သာယာ၀ေျပာ ေစခဲ့၏။ တတိယအရြယ္ တရားရွာရမည္အခ်ိန္ ဆံပင္ျဖဴတစ္ေခ်ာင္း ေပါက္တယ္ဆုိရင္လဲ ေသမင္းတမန္ အမိန္႕ေတာ္ဟုခံယူလွ်က္ တရားဘာ၀နာဘက္၌ စိတ္ကိုညႊတ္ေစကာ သားေတာ္ႀကီးကို ထီးနန္း လႊဲအပ္ကာ ေတာထြက္ရဟန္းျပဳျခင္းျဖင့္ ျဗဟၼျပည္သုိ႕ တက္လွမ္းႏိုင္ခဲ့ၾက၏။
မဃေဒ၀မင္း၏ လမ္းစဥ္ႏွင့္ ထိုလမ္းစဥ္အတုိင္း လိုက္နာေဆာင္ရြက္ေသာ ရွစ္ေသာင္း ေလးေထာင္ေသာ မင္းအေပါင္းတို႕၏ စိတ္ဓာတ္သည္ ခ်ီးက်ဴးစရာပင္ ျဖစ္၏။ ေနမိမင္း လက္ထက္အထိ ရွစ္ေသာင္း ေလးေထာင္ေသာမင္းတို႕သည္ မိထီလာျပည္၏ အစဥ္အလာကို ထိန္းသိမ္ႏိုင္ခဲ့ၾကေလ၏။

ေနမိမင္း၏သားေတာ္ ကဠာရဇနက မင္းလက္ထက္တြင္ကား ဘိုးေဘးတို႕၏ အစဥ္အလာသည္ ပ်က္၍သြားေတာ့၏။ ဆံျဖဴတစ္ေခါင္းလံုးေပါက္ေသာ္လည္း ထီးနန္းမစြန္႕ ေတာမထြက္ပဲ အသက္ ထက္ဆံုး မင္းစည္းစိမ္ကို ခံစားလွ်က္ ေနေတာ့၏။ ထိုမင္းအား မိထီလာျပည္၏ အဆံုးစြန္ေသာမင္းဟူ၍ ပိဋကတ္ေတာ္၌ မွတ္တမ္းျပဳထားေလ၏။

(မွတ္ခ်က္။ ထို မဃေဒ၀မင္း သည္လည္းေကာင္း၊ သားစဥ္ေျမးဆက္ ေနမိမင္းသည္လည္းေကာင္း ၂ ပါးလံုးသည္ ေဂါတမျမတ္စြာဘုရား အေလာင္းအလ်ာမ်ားျဖစ္သည္ဟု မွတ္သားရပါသည္)

တစ္ရံေရာအခါ ဝိေဒဟရာဇ္တိုင္း၊ မိထီလာျပည္၌ မဃေဒဝမင္း စိုးစံသည္။ ထိုမင္းသည္ တရားေတာ္၌ ေမြ႔ေလ်ာ္သည္။ အသက္ႀကီးရင့္၍ ဆံပင္ျဖဴလာလွ်င္ ရဟန္းျပဳ၍ ေတာထြက္မည္ဟု ဆံုးျဖတ္ထားသည္။ ဆံပင္၊ မုတ္ဆိတ္တို႔ကို ျပဳျပင္ေပးေသာ ဆတၱာသည္အား မိမိ၏ ဆံပင္ျဖဴလာလွ်င္ ေလွ်ာက္ထားရန္ မွာၾကားထားသည္။ တစ္ေန႔ေသာအခါ ဆတၱာသည္ သည္ မင္းႀကီး၏ ဦးေခါင္း၌ ဆံပင္ျဖဴ တစ္ပင္ကို ေတြ႔ျမင္သည္။ ထိုအခါ “အရွင္မင္းႀကီး- ဦးေခါင္းေတာ္၌ ဆံပင္ျဖဴ တစ္ပင္ ေတြ႔ျမင္ပါသည္” ဟူ၍ ေလွ်ာက္ထားသည္။

မင္းႀကီးလည္း သားေတာ္ အိမ္ေရွ႕မင္းသားကို ထီးနန္းေပးအပ္လိုက္သည္။ မိမိနည္းတူ “ဆံပင္ျဖဴကို ျမင္ေတြ႕လွ်င္ ေတာထြက္ပါ”ဟူ၍ မွာၾကားသည္။ ထို႔ေနာက္ ထီးနန္းကို စြန္႔သည္။ ရဟန္းျပဳ၍ ေတာထြက္ သြားေလသည္။ ဤသို႔လွ်င္ သား၊ ေျမး၊ ျမစ္ အဆက္ဆက္တို႔သည္ ထီးနန္းကို စိုးစံၾကသည္။ ဆံပင္ျဖဴေသာအခါ ေတာထြက္ၾကသည္။ ထိုမဃေဒဝမင္းမွ ရွစ္သိန္း သံုးေသာင္း တစ္ေထာင္ ကိုးရာ ကိုးဆယ္ေျမာက္ေသာ မင္းသည္ မိထိလာျပည္၌ ဆက္လက္ စိုးစံသည္။ ထိုမင္းတြင္ ေနမိကုမာရ အမည္ရွိေသာ သားေတာ္ တစ္ပါးရွိသည္။ ထိုေနမိ မင္းသားသည္ ငယ္ရြယ္စဥ္မွစ၍ အလွဴေပးသည္။ သီလ ေဆာက္တည္သည္။

ေရွးအစဥ္အလာအတိုင္း ခမည္းေတာ္သည္ ဆံပင္ျဖဴေသာအခါ ေတာထြက္သည္။ ထိုအခါ ေနမိမင္းသား သည္ ထီးနန္းကို ဆက္ခံရသည္။ ေနမိမင္းသည္ တိုင္းျပည္ကို မင္းက်င့္တရားႏွင့္ အညီ အုပ္ခ်ဳပ္သည္။ ထို႔အျပင္ ၿမိဳ႕တံခါးေလးခုႏွင့္ ၿမိဳ႕လယ္တို႔၌ အလွဴမ႑ပ္ ငါးခု ေဆာက္သည္။ အလွဴမ႑ပ္ တစ္ခုစီတြင္ အသျပာ တစ္သိန္း က်စီျဖင့္ ေန႔စဥ္ေပးလွဴသည္။ ငါးပါးသီလကို အၿမဲ ေစာင့္ထိန္းသည္။ ဥပုသ္ကို လျပည့္ လကြယ္ေန႔တိုင္း ေဆာက္တည္သည္။ တိုင္းသူျပည္သားတို႔ကို ကုသိုလ္ ေကာင္းမႈျပဳရန္ တိုက္တြန္းသည္။
ေနမိမင္း၏ အဆံုးအမကို နာယူၾကသူတို႔သည္ ကြယ္လြန္ေသာအခါ နတ္ျပည္သို႔ ေရာက္ၾကေလသည္။ ဤတြင္ နတ္ျပည္မွာ နတ္ဦးေရ တိုးပြားစည္ကားေန၏။ ငရဲျပည္ကား ေျခာက္ကပ္ေနသည္။ တစ္ေန႔တြင္ ေနမိမင္းႀကီးသည္ အလွဴေပးျခင္းႏွင့္ သီလ ေဆာက္တည္ျခင္းတြင္ မည္သည္က ပို၍ အက်ိဳးႀကီးေၾကာင္း စဥ္းစား ေတြးေတာကာ ဆံုးျဖတ္မရႏိုင္ေအာင္ ရွိေလသည္။

ဤသို႔ ေတြးႀကံသည္ကို သိၾကားမင္း သိရွိေသာအခါ လူ႔ျပည္သို႔ ဆင္းသက္လာသည္။ ေနမိမင္းႀကီးေရွ႕၌ ကိုယ္ထင္ျပလ်က္ “အရွင္မင္းႀကီး အလွဴေပးျခင္းထက္ သီလ ေစာင့္ျခင္းက ပို၍ အက်ိဳးႀကီးပါသည္” ဟုု ေဟာေျပာသည္။ ထို႔ေနာက္ တာဝတႎသာ နတ္ျပည္သို႔ ျပန္ႂကြသြားေလသည္။

ထိုအေၾကာင္းကို တာဝတႎသာနတ္ျပည္ရွိ နတ္မ်ား သိရွိၾကေသာအခါ ေနမိမင္းႀကီးကို ဖူးေတြ႔လိုေသာ ဆႏၵမ်ား ျဖစ္ေပၚလာၾကသည္။ သို႔ျဖင့္ ေနမိမင္းႀကီးကို နတ္ျပည္သို႔ ပင့္ေဆာင္ ျပသပါရန္ သိၾကားမင္းအား ေတာင္းပန္ၾကသည္။ သိၾကားမင္းလည္း နတ္တို႔ အလိုကို လိုက္ေလ်ာသည္။ မာတလိနတ္သားအား “ေနမိမင္းႀကီးကို ပင့္ေဆာင္ေလာ့” ဟူ၍ ေစခိုင္းသည္။ မာတလိနတ္သားသည္ သိေႏၶာျမင္း တစ္ေထာင္ကေသာ ေဝဇယႏၲာ ရထားျဖင့္ ေနမိမင္းႀကီးကို လာေရာက္ေခၚသည္။ မိထိလာ ျပည္သူတို႔ အံ့ၾသကာ ရင္သပ္ရႈေမာ ၾကည့္ရႈၾကသည္။

မာတလိသည္ ေနမိမင္းႀကီးကို ပင့္ဖိတ္သည္။ မင္းႀကီးလည္း နတ္ျပည္ကို မေရာက္ဖူးသျဖင့္ ဝမ္းေျမာက္ ဝမ္းသာ လက္ခံလိုက္သည္။ ျပည္သူတို႔ႏွင့္ နန္းတြင္းသူ နန္းတြင္းသားတို႔အား “မၾကာမီ ငါ ျပန္လာခဲ့မည္။ ကုသိုလ္ေကာင္းမႈတို႔ကိုသာ မေမ့မေလ်ာ့ဘဲ ျပဳၾကပါ” ဟူ၍ မွာၾကားသည္။ 

မာတလိက ေနမိမင္းကို နတ္ျပည္ၾကြဖို႔ ရထားထက္ပင့္ လာၿပီး နတ္ျပည္ကိုသြားရာ လမ္းႏွစ္လမ္း ရွိတယ္။ တစ္လမ္းက ငရဲလမ္း တစ္လမ္းက နတ္လမ္းျဖစ္တယ္။ ဘယ္လမ္းက သြားခ်င္သလဲ လို႔ေမးတယ္။ ေနမိ မင္း က ငါဟာ ငရဲဘံုေရာ၊ နတ္ဘံုေရာ မျမင္ဖူးဘူး….။ ျမင္ဖူးေအာင္ ႏွစ္လမ္းလံုးက သြားခ်င္တယ္လို႔ ေျပာတယ္။ မာတလိ က ငရဲလမ္းေရာ နတ္လမ္းေရာ တစ္ ၿပိဳင္နက္တည္း သြားလို႔မျဖစ္ဘူး။ ဘယ္လမ္းကဦးစြာ ၾကြလိုပါသလဲ လို႔ေမးေတာ့ ေနမိမင္း က ငရဲလမ္းကို ဦးစြာသြားမယ္လို႔ ေျပာတယ္။ ဒါေၾကာင့္ မာတလိနတ္သား ဟာ ေ၀ဇယႏၱာ ရထားကို ငရဲလမ္းက ဦးစြာႏွင္တယ္။

သည္ ငရဲႀကီးေတြက ေျမႀကီး အတြင္းက ငရဲေတြ မဟုတ္ဘူး။ ေကာင္းကင္ မွာေျမျပင္ မွာတည္ ေနၾက တဲ့ႀကိမ္ပိုက္ ငရဲ ေခြးစား ငရဲစတဲ့ ဥႆဒ ငရဲမ်ား ကိုဆိုလိုတယ္။ မာတလိနတ္သား ဟာ ငရဲဘံု ကိုျပ ၿပီးေတာ့ နတ္ဘံု ရွိရာ ေကာင္းကင္ ထက္ ကို ရထား ကို ဦးလွည့္ၿပီးေတာ့ ေမာင္း တယ္။ နတ္လမ္းခရီးမွာ ဗရဏီ နတ္သမီးဗိမာန္ ေသာဏဒီနိ နတ္သားဗိမာန္၊ ဖာလ္ဗိ မာန္၊ ျမ ဗိမာန္၊ ေၾကာင္မ်က္ရြဲ ဗိမာန္စသည္တို႔ကိုျပေနတုန္း သိၾကားမင္းထံ ကအေထာက္ေတာ္ေရာက္ခဲ့လို႔ တာ၀တိ ံသာသို႔ ေရွး႐ႈၿပီး ရထားကိုႏွင္ခဲ့တယ္။

ရထား ဘယ္ေရာက္လာ သလဲဆိုေတာ့ ျမင္းမိုရ္ေတာင္ကို ရံၿပီးတည္ေနတဲ့ ေတာင္စဥ္ ၇ ထပ္ဆီ ေရာက္လာတယ္။ အဲဒီအခါ ေနမိမင္းက သည္ေတာင္ေတြ က ဘာေတာင္ေတြေခၚပါသလဲ လို႔ေမးေတာ့ မာတလိနတ္ သားက သုဒႆေနာ တရ၀ီေကာ၊ ဤသ ၀ေရာ ယုဂႏၶေရာ၊ ေနမိႏၵေရာ ၀ိနတေကာ၊ အႆကေ႑ာ ဂီရိျဗဟၼာစေသာ ဂါထာျဖင့္ သုဒႆန စတဲ့ ေတာင္စဥ္ ခုႏွစ္ထပ္ ျဖစ္ေၾကာင္း ေျပာၾကားၿပီး ေတာင္စဥ္ ခုႏွစ္ထပ္မွ တစ္ဖန္ စတုမဟာရာဇ္ ဘံု မ်ား ကို ျပသတယ္။ ၿပီးမွ တာ၀တိ ံသာနတ္ျပည္ကို တက္တယ္။

 ၇ ရက္ေျမာက္ေသာေန႔မွာ လူ႔ျပည္ျပန္လာၿပီး နတ္ျပည္၊ ငရဲျပည္အေတြ႕အၾကံဳမ်ားကို ျပန္လည္ေဟာေျပာတယ္။ တစ္ေန႔ ဆတၱာသည္က မင္းႀကီးရဲ႕ ဆံေကသာကိုရွင္းလင္းေပးရာမွ ေငြေကသာတစ္ပင္ ရွင္သန္ေနေၾကာင္း ေလွ်ာက္ၾကားေလေတာ့ ဆတၱာသည္ႀကီးကို ဆုေတာ္ေငြမ်ားႏွင့္အတူ ၿမိဳ႕စားရာထူး အပ္ႏွင္းလိုက္တယ္။ ေနာက္ ရ ရက္အတြင္းမွာဘဲ သားေတာ္ထံ ထီးနန္းအပ္ႏွင္း၍  ေလွ်ာ္သကၤန္းကို၀တ္လ်က္ ရဟန္းျပဳကာ ဘ၀ဆံုးတိုင္ တရားအားထုတ္ခဲ့ေလေတာ့သည္။

ဓမၼမိတ္ေဆြမ်ားအားလုံး နိဗၺာန္​၏
အ​ေထာက္​အပ့ံျဖစ္​ၾကပါ​ေစ...။

မ်ိဳးဆက္​သစ္​အရွင္​(ဖို​ေလးလုံး)စုစည္​း၍ဓမၼဒါနျပဳပါသည္​ ။

၃သုဝဏ္ဏသာမဇာတ်တော်

၃။ သုဝဏ္ဏသာမဇာတ်တော်
~~~~~~~~~~~~~~

ဗာရာဏသီပြည်အနီး မိဂသမ္မဒါမြစ်ကမ်း၏ တဘက်တချက်တွင် တံငါရွာကြီး နှစ်ရွာရှိသည်။ ထိုနှစ်ရွာတွင် တံငါအကြီးအကဲ တဦးစီရှိသည်။ ထိုတံငါအကြီးအကဲတို့သည် တဦးနှင့်တသီး ခင်မင်သည်။ မိမိတို့၏ သားသမီးများ အရွယ်ရောက်လျှင် အချင်းချင်း လက်ဆက်ထိမ်းမြားပေးရန် ကတိကဝတ်ပြုထားကြလေသည်။

တံငါအကြီးအကဲ တယောက်တွင် ဒုကူလ သတို့သားကို ဖွားမြင်ပြီး အခြားတယောက်တွင် ပါရိကာ သတို့သမီးကို ဖွားမြင်ပါသည်။ ဒုကူလနှင့်ပါရိကာတို့သည် ဗြဟ္မာပြည်မှလာသူများဖြစ်ကြ၍ ကာမဂုဏ်ကို အလိုမရှိကြချေ။ အရွယ်ရောက်လာကြ၍ နှစ်ဘက်မိဘသဘောတူ လက်ထပ်ပေးကြသော်လည်းကာမဂုဏ်၌ ပျော်မွေ့ လိုက်စားခြင်း မရှိကြချေ။

မိဘများကွယ်လွန်ပြီးနောက် နှစ်ဦးတိုင်ပင်ကာ တောထွက်ကြသည်။ ဒုကူလနှင့်ပါရိကာတို့ တောထွက်လာသည်ကို သိကြားမင်းက သိမြင်သည်။ ထို့ကြောင့် ဝိသကြုံနတ်သားကို စေလွှတ်ကာ ကျောင်းသင်္ခမ်း ဖန်ဆင်းထားစေသည်။ တရားရှာရန် တောထွက်လာသူများသည် ကျောင်းသင်္ခမ်းကို၎င်း၊ ကျောင်သင်္ခမ်းတွင်းရှိ သင်္ကန်းပရိက္ခရာတို့ကို၎င်း သုံးဆောင်နိုင်ပါကြောင်း ရေးသားထားလေသည်။

ဒုကူလနှင့် ပါရိကာတို့သည် ရေးသားထားသော ကမ္ဗည်းအက္ခရာတို့ကို ဖတ်၍ နတ်တို့၏တန်ခိုးကြောင့်ဖြစ်သော လျှော်တေသင်္ကန်းကို ဝတ်၍ ရသေ့ပြုကာ တရားဓမ္မကျင့်ကြံအားထုတ် နေထိုင်ကြလေသည်။
ဤဒုကူလနှင့် ပါရိကာသူမြတ် နှစ်ယောက်တို့သည် တနေ့တွင် မျက်စိကွယ်ကာ ဘေးသင့်မည့်အကြောင်းကို သိကြားမင်း သိရှိလေသည်။ ထို့ကြောင့် သိကြားမင်းကိုယ်တိုင်ပင် ကျောင်းသင်္ခမ်းသို့လာပြီး သားထောက်သမီးခံ ရရေးအတွက် လူတို့၏အကျင့်ဖြစ်သော မေထုန်မှုဖြင့် ကိုယ်လက်နှီးနှောပါရန် လျှောက်ထားတိုက်တွန်းသည်။ ဒုကူလနှင့် ပါရိကာတို့က အပြင်းအထန် ငြင်းဆိုပါသည်။

သို့နှင့် သိကြားမင်းက ပါရိကာ ဥတုလာသောအချိန်တွင် ဒုကူလ-က ပါရိကာ၏ ချက်တော်ကို လက်တော်နှင့် သုံးသပ်စေသည်။ ထိုသို့ သုံးသပ်သောအခါ ဘုရားအလောင်းသည် နတ်ပြည်မှစုတေခဲ့၍ ပါရိကာ ရသေ့မ၏ ဝမ်း၌ ပဋိသန္ဓေ ကိုယ်ဝန် စွဲယူလေ၏။ ဆယ်လလွန်သောအခါ ရွှေအဆင်းနှင့်တူသော သားယောကျ်ားလေး တယောက်ကို ဖွားမြင်လေသည်။ ရွှေအဆင်းနှင့်တူသော အဆင်းရှိသောကြောင့် ဘုရားလောင်းအား သုဝဏ္ဏသာမ-ဟူသော အမည်ကို မှည့်ကြလေကုန်၏။

ဒုကူလနှင့် ပရိကာတို့က သုဝဏ္ဏသာမကို ကျောင်းတွင်ထားကာ တောတွင်းသို့သွား၍ သစ်သီးသစ်ဥ ရှာဖွေသည်။ ထိုအခါ ကိန္နရီ ကိန္နရာတို့က သုဝဏ္ဏသာမသတို့သားကို ပြုစုစောင့်ရှောက်ကြသည်။ ရေးချိုးပေးသည်။ နံ့သာလိမ်းပေးသည်။ ပန်းဖြင့်လုပ်သော ဒန်းတွင်အိပ်စက်စေသည်။ နို့ချိုတိုက်သည်။ နတ်အများကလည်း ဝိုင်းဝန်းစောင့်ရှောက်ပေးကြလေသည်။

သုဝဏ္ဏသာမ ၁၆-နှစ်သို့ရောက်လာသည့်တိုင်အောင် အမိအဖတို့သည် အစဉ်စောင့်ရှောက်လျက် ကျောင်းသင်္ခမ်း၌ နေစေလျက် မိမိတို့အလိုလိုသာလျှင် တောသစ်သီး သစ်မြစ်တို့ကို ရှာအံ့သောငှါ တောသို့သွားကြလေကုန်၏။
တနေ့တွင် အချိန်လွန်သည့်တိုင်အောင် ကျောင်းသင်္ခမ်းသို့ ရသေ့များပြန်မလာသဖြင့် အရွယ်ရောက်ပြီဖြစ်သော သုဝဏ္ဏသာမသည် စိတ်ပူလာသောကြောင့်-တောထဲသို့ အရဲစွန့်ကာ လိုက်ရှာရင်း အဖေ-အမေ ဟု အော်ခေါ်လေ၏။ တနေရာသို့ရောက်လျှင် ရသေ့တို့သည် သစ်သီးရှာရင်း လေကြီးမိုးကြီးကျလို့ သစ်ပင်အောက် မိုးဝင်ခိုပြီး တောင်ပို့ပေါ်ထိုင်လိုက်သည့်အခါ တောင်ပို့ထဲက မြွေဆိုး အခိုးလွှတ်သဖြင့် အဆိပ်ငွေ့သင့်ပြီး မျက်စိကွယ်ကြောင်း ပြောကြကုန်၏။ ထိုအခါ သုဝဏ္ဏသာမသည် ငိုလဲငို၏၊ ရယ်လဲရယ်၏။
(ငိုရခြင်းအကြောင်းကား ငယ်ငယ်ရွယ်ရွယ်နှင့် မျက်စိကွယ်ရခြင်းကြောင့်တည်း။
ရယ်ရခြင်းအကြောင်းကား မိဘတို့ကို လုပ်ကျွေးခွင့် ရခြင်းကြောင့်တည်း။) ဟု ဆို၏။

ထို့နောက် သုဝဏ္ဏသာမသည် မိဘတို့အား အားပေးစကား ပြောဆိုရင်း ကျောင်သင်္ခမ်းသို့လက်တွဲကာ ခေါ်ဆောင်သွားလေသည်။ ကျောင်းသင်္ခမ်းသို့ပြန်ရောက်လျှင် သုဝဏ္ဏသာမသည် မိဘများ တနေရာမှ တနေရာသို့ သွားရလွယ်ကူစေရန် ကြိုးတန်း တန်းပေးခြင်း၊ သောက်ရေနှင့် သစ်သီးများ အနား၌ ချပေးခြင်း စသည်တို့ကို ဆောင်ရွက်လေတော့သည်။
နောက်တနေ့မှစ၍ ကျောင်းသင်္ခမ်းတွင် သန့်ရှင်းရေးလုပ်ကာ မိဘတို့အတွက် လိုရာကိစ္စများပြုလုပ်ပြီးလျှင် သမင်အဖော်များကို ခေါ်၍ တောထဲသို့ သစ်သီးရှာ ထွက်သွားလေ့ရှိသည်။

သုဝဏ္ဏသာမသည် နေ့စဉ်နေ့တိုင်း ရေခပ်ထွက်သောအခါ အဖော်ဖြစ်သော သမင်များကလည်း ဝိုင်းဝန်းကူညီကြလေသည်။
တနေ့သောအခါ သမင်သားကို အလွန်နှစ်သက်သော ပီဠိယက္ခမင်းကြီးသည် မယ်တော်ကို ခေတ္တနန်းအပ်ကာ သမင်များကို လိုက်လံပစ်ခတ်စားသောက်ရင်း ရသေ့များ၏ ကျောင်းသင်္ခမ်းနားသို့ ရောက်လာ၏။

ညနေဘက်၌ သမင်ခြေရာများ အလွန်ပေါသော မြစ်ကမ်းစပ်တွင် သမင်များကိုပစ်ရန်ချောင်းနေစဉ် သုဝဏ္ဏသာမသည် သမင်များနှင့်အတူ ရေခပ်ဆင်းလာသည်ကို တွေ့လေသော်-လူလော နတ်လော မစူးစမ်းနိုင်တော့ဘဲ မြှားဖြင့်ပြစ်လိုက်လေတော့၏။
သုဝဏ္ဏသာမသည် မြှားထိသဖြင့် မိခင်ဖခင်ရှိရာသို့ ဦးခေါင်းထား၍ သဲသောင်ခုံပေါ်တွင် ခွေကျသွားပြီး အော်၍ ညည်းတွားမိလေသည်။ သမင်တို့သည် ကြောက်လန့်၍ ထွက်ပြေးကြကုန်၏။

ဤတွင်မှ ပီဠိယက္ခမင်းလည်း လူသားစစ်စစ်မှန်း သိသည်။ သုဝဏ္ဏသာမ မိန်းမောခြင်းသို့ မရောက်မီ ပီဠိယက္ခမင်းနှင့် သုဝဏ္ဏသာမတို့ အပြန်အလှန် စကးဆိုဖြစ်ကြသည်။ ဒေါသမရှိသော၊ ရန်လိုခြင်း မရှိသော၊ သိမ်မွေ့နူးညံ့သော သုဝဏ္ဏသာမ၏ ဖြစ်အင်ကို ကြားသိရသောအခါ ယခင်က စိတ်ဓာတ်ကြမ်းတမ်း မာန်တက်သော ပီဠိယက္ခမင်းကြီး၏ စိတ်ဓာတ်သည်ပင်လျှင် များစွာပျော့ပျောင်း၍ သွားလေသည်။ ထို့ကြောင့် သုဝဏ္ဏသာမ၏ မိဘနှစ်ပါးအား လုပ်ကျွေးမည်ဖြစ်ကြောင်း ကတိပြုလေသည်။

ဒုကူလနှင့် ပါရိကာတို့၏ ကျောင်းသင်္ခမ်းသို့ ပီဠိယက္ခမင်းကြီး ရောက်သွားလေသည်။ သား သုဝဏ္ဏသာမ မဟုတ်ကြောင်း ရသေ့နှစ်ပါးတို့ ချက်ချင်းပင်သိသည်။ အပြန်အလှန် စကားဆိုဖြစ်ကြသည်။ ပီဠိယက္ခမင်းကြီးက သုဝဏ္ဏသာမ၏ ကိုယ်စား လုပ်ကျွေးပြုစုမည်ဖြစ်ကြောင်း ပြောသည်။ ဒုကူလ နှင့် ပါရိကာတို့က လက်မခံချေ။ သုဝဏ္ဏသာမရှိရာသို့ ပို့ပေးရန် တောင်းပန်သည်။

ပီဠိယက္ခမင်းလည်း လိုက်၍ပို့သည်။ သဲသောင်ခုံပေါ်တွင် လဲလျောင်းနေသော သားသုဝဏ္ဏသာမကို စမ်းသပ်မိကြသည်။ အသက်မသေသေးကြောင်း သိသည်။ သို့နှင့် ဒုကူလ နှင့် ပါရိကာတို့သည်၎င်း၊ ဘုရားလောင်း သုဝဏ္ဏသာမ၏ ခုနစ်ကြိမ်မြောက်သော ကိုယ်၏အဖြစ်၌ မိခင်တော်စပ်ခဲ့ဖူးသော ဗဟုသုန္ဒရီ နတ်သမီးသည်၎င်း သစ္စာအဓိဋ္ဌာန်ပြုကြသည်။ သစ္စာ၏တန်ခိုး အာနုဘော်ကြောင့် မြားဆိပ်တို့ လျောကျသည်။ သုဝဏ္ဏသာမလည်း အသက်ဘေးမှ လွတ်မြောက်လေသည်။သိကြားမင်းကပါ ဆုပေးသည်။ ဒုကူလနှင့် ပါရိကာတို့ပါ မျက်စိနှစ်ကွင်း အလင်းရကြသည်။

သုဝဏ္ဏသာမသည် ပီဠိယက္ခမင်းကြီးအား သီလစောင့်ရန်၊ အလှူဒါနပြုရန်၊ တိုင်းသူပြည်သားကို ရင်ဝယ်သားနဲ့မခြား မေတ္တာထား၍ မင်းကျင့်တရားနှင့် အညီ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရန် ဟောကြားလေသည်။ ဗဟုသုန္ဒရီနတ်သမီးနှင့် အခြားနတ်အပေါင်းတို့အားလည်း တရားရေအေး တိုက်ကျွေးလေသည်။ ထိုအချိန်မှစ၍ ပီဠိယက္ခမင်းကြီးသည် သမင်သားတပ်မက်ခြင်းကို စွန့်၍ တရားရကာ တိုင်းပြည်သို့ ပြန်လေတော့၏။

မိဘကျေးဇူးကို သိတတ်သူတို့အား ဘေးဒုက္ခအန္တရာယ်အပေါင်းမှ လွတ်မြောက်မြဲဖြစ်ပါသည်။ မျက်မှောက်ဘဝ၌၎င်း၊ သံသရာ၌၎င်း ကောင်းကျိုးချမ်းသာကို ခံစားရမြဲ ဖြစ်ပါသတည်း။

ဤသုဝဏ္ဏသာမ ဇာတ်တော်၌ သစ္စာပါရမီကို အဓိကထား၍ မြတ်စွာဘုရား ဟောကြားတော်မူသည် ဖြစ်စသလို
သစ္စာပါရမီ ဖြည့်တင်းပုံကိုလည်း ပြဆိုထားသည်။ 

ဓမ္မမိတ်ဆွေများအားလုံး နိဗ္ဗာန်၏
အထောက်အပံ့ဖြစ်ကြပါစေ...။

မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)စုစည်း၍ဓမ္မဒါနပြုပါသည် ။



သုဝဏၰသာမဇာတ္​ေတာ္​
~~~~~~~~~~~~~~
ဗာရာဏသီျပည္အနီး မိဂသမၼဒါျမစ္ကမ္း၏ တဘက္တခ်က္တြင္ တံငါရြာႀကီး ႏွစ္ရြာရွိသည္။ ထိုႏွစ္ရြာတြင္ တံငါအႀကီးအကဲ တဦးစီရွိသည္။ ထိုတံငါအႀကီးအကဲတို႔သည္ တဦးႏွင့္တသီး ခင္မင္သည္။ မိမိတုိ႔၏ သားသမီးမ်ား အရြယ္ေရာက္လွ်င္ အခ်င္းခ်င္း လက္ဆက္ထိမ္းျမားေပးရန္ ကတိက၀တ္ျပဳထားၾကေလသည္။

တံငါအႀကီးအကဲ တေယာက္တြင္ ဒုကူလ သတို႔သားကို ဖြားျမင္ျပီး အျခားတေယာက္တြင္ ပါရိကာ သတို႔သမီးကို ဖြားျမင္ပါသည္။ ဒုကူလႏွင့္ပါရိကာတို႔သည္ ျဗဟၼာျပည္မွလာသူမ်ားျဖစ္ၾက၍ ကာမဂုဏ္ကို အလိုမရွိၾကေခ်။ အရြယ္ေရာက္လာၾက၍ ႏွစ္ဘက္မိဘသေဘာတူ လက္ထပ္ေပးၾကေသာ္လည္းကာမဂုဏ္၌ ေပ်ာ္ေမြ႔ လိုက္စားျခင္း မရွိၾကေခ်။

မိဘမ်ားကြယ္လြန္ျပီးေနာက္ ႏွစ္ဦးတိုင္ပင္ကာ ေတာထြက္ၾကသည္။ ဒုကူလႏွင့္ပါရိကာတို႔ ေတာထြက္လာသည္ကို သိၾကားမင္းက သိျမင္သည္။ ထို႔ေၾကာင့္ ၀ိသႀကံဳနတ္သားကို ေစလႊတ္ကာ ေက်ာင္းသခၤမ္း ဖန္ဆင္းထားေစသည္။ တရားရွာရန္ ေတာထြက္လာသူမ်ားသည္ ေက်ာင္းသခၤမ္းကို၄င္း၊ ေက်ာင္သခၤမ္းတြင္းရွိ သကၤန္းပရိကၡရာတို႔ကို၄င္း သံုးေဆာင္ႏိုင္ပါေၾကာင္း ေရးသားထားေလသည္။

ဒုကူလႏွင့္ ပါရိကာတို႔သည္ ေရးသားထားေသာ ကမၺည္းအကၡရာတို႔ကို ဖတ္၍ နတ္တို႔၏တန္ခိုးေၾကာင့္ျဖစ္ေသာ ေလွ်ာ္ေတသကၤန္းကို ၀တ္၍ ရေသ့ျပဳကာ တရားဓမၼက်င့္ၾကံအားထုတ္ ေနထိုင္ၾကေလသည္။
ဤဒုကူလႏွင့္ ပါရိကာသူျမတ္ ႏွစ္ေယာက္တို႔သည္ တေန႔တြင္ မ်က္စိကြယ္ကာ ေဘးသင့္မည့္အေၾကာင္းကို သိၾကားမင္း သိရွိေလသည္။ ထို႔ေၾကာင့္ သိၾကားမင္းကိုယ္တိုင္ပင္ ေက်ာင္းသခၤမ္းသို႔လာျပီး သားေထာက္သမီးခံ ရေရးအတြက္ လူတို႔၏အက်င့္ျဖစ္ေသာ ေမထုန္မႈျဖင့္ ကိုယ္လက္ႏွီးေႏွာပါရန္ ေလွ်ာက္ထားတိုက္တြန္းသည္။ ဒုကူလႏွင့္ ပါရိကာတို႔က အျပင္းအထန္ ျငင္းဆိုပါသည္။

သို႔ႏွင့္ သိၾကားမင္းက ပါရိကာ ဥတုလာေသာအခ်ိန္တြင္ ဒုကူလ-က ပါရိကာ၏ ခ်က္ေတာ္ကို လက္ေတာ္ႏွင့္ သံုးသပ္ေစသည္။ ထိုသို႔ သံုးသပ္ေသာအခါ ဘုရားအေလာင္းသည္ နတ္ျပည္မွစုေတခဲ့၍ ပါရိကာ ရေသ့မ၏ ၀မ္း၌ ပဋိသေႏၶ ကိုယ္၀န္ စြဲယူေလ၏။ ဆယ္လလြန္ေသာအခါ ေရႊအဆင္းႏွင့္တူေသာ သားေယာက်္ားေလး တေယာက္ကို ဖြားျမင္ေလသည္။ ေရႊအဆင္းႏွင့္တူေသာ အဆင္းရွိေသာေၾကာင့္ ဘုရားေလာင္းအား သု၀ဏၰသာမ-ဟူေသာ အမည္ကို မွည့္ၾကေလကုန္၏။

ဒုကူလႏွင့္ ပရိကာတို႔က သု၀ဏၰသာမကို ေက်ာင္းတြင္ထားကာ ေတာတြင္းသို႔သြား၍ သစ္သီးသစ္ဥ ရွာေဖြသည္။ ထိုအခါ ကိႏၷရီ ကိႏၷရာတို႔က သု၀ဏၰသာမသတို႔သားကို ျပဳစုေစာင့္ေရွာက္ၾကသည္။ ေရးခ်ိဳးေပးသည္။ နံ႔သာလိမ္းေပးသည္။ ပန္းျဖင့္လုပ္ေသာ ဒန္းတြင္အိပ္စက္ေစသည္။ ႏို႔ခ်ိုတိုက္သည္။ နတ္အမ်ားကလည္း ၀ိုင္း၀န္းေစာင့္ေရွာက္ေပးၾကေလသည္။

သု၀ဏၰသာမ ၁၆-ႏွစ္သို႔ေရာက္လာသည့္တိုင္ေအာင္ အမိအဖတို႔သည္ အစဥ္ေစာင့္ေရွာက္လ်က္ ေက်ာင္းသခၤမ္း၌ ေနေစလ်က္ မိမိတို႔အလိုလိုသာလွ်င္ ေတာသစ္သီး သစ္ျမစ္တို႔ကို ရွာအံ႔ေသာငွါ ေတာသို႔သြားၾကေလကုန္၏။
တေန႔တြင္ အခ်ိန္လြန္သည့္တိုင္ေအာင္ ေက်ာင္းသခၤမ္းသို႔ ရေသ့မ်ားျပန္မလာသျဖင့္ အရြယ္ေရာက္ျပီျဖစ္ေသာ သု၀ဏၰသာမသည္ စိတ္ပူလာေသာေၾကာင့္-ေတာထဲသို႔ အရဲစြန္႔ကာ လိုက္ရွာရင္း အေဖ-အေမ ဟု ေအာ္ေခၚေလ၏။ တေနရာသို႔ေရာက္လွ်င္ ရေသ့တို႔သည္ သစ္သီးရွာရင္း ေလႀကီးမိုးႀကီးက်လို႔ သစ္ပင္ေအာက္ မိုး၀င္ခိုျပီး ေတာင္ပို႔ေပၚထိုင္လိုက္သည့္အခါ ေတာင္ပို႔ထဲက ေျမြဆိုး အခိုးလႊတ္သျဖင့္ အဆိပ္ေငြ႔သင့္ျပီး မ်က္စိကြယ္ေၾကာင္း ေျပာၾကကုန္၏။ ထိုအခါ သု၀ဏၰသာမသည္ ငိုလဲငို၏၊ ရယ္လဲရယ္၏။
(ငိုရျခင္းအေၾကာင္းကား ငယ္ငယ္ရြယ္ရြယ္ႏွင့္ မ်က္စိကြယ္ရျခင္းေၾကာင့္တည္း။
ရယ္ရျခင္းအေၾကာင္းကား မိဘတို႔ကို လုပ္ေကၽြးခြင့္ ရျခင္းေၾကာင့္တည္း။) ဟု ဆို၏။

ထို႔ေနာက္ သု၀ဏၰသာမသည္ မိဘတို႔အား အားေပးစကား ေျပာဆိုရင္း ေက်ာင္သခၤမ္းသို႔လက္တြဲကာ ေခၚေဆာင္သြားေလသည္။ ေက်ာင္းသခၤမ္းသို႔ျပန္ေရာက္လွ်င္ သု၀ဏၰသာမသည္ မိဘမ်ား တေနရာမွ တေနရာသို႔ သြားရလြယ္ကူေစရန္ ႀကိဳးတန္း တန္းေပးျခင္း၊ ေသာက္ေရႏွင့္ သစ္သီးမ်ား အနား၌ ခ်ေပးျခင္း စသည္တို႔ကို ေဆာင္ရြက္ေလေတာ့သည္။
ေနာက္တေန႔မွစ၍ ေက်ာင္းသခၤမ္းတြင္ သန္႔ရွင္းေရးလုပ္ကာ မိဘတို႔အတြက္ လိုရာကိစၥမ်ားျပဳလုပ္ျပီးလွ်င္ သမင္အေဖာ္မ်ားကို ေခၚ၍ ေတာထဲသို႔ သစ္သီးရွာ ထြက္သြားေလ့ရွိသည္။

သု၀ဏၰသာမသည္ ေန႔စဥ္ေန႔တိုင္း ေရခပ္ထြက္ေသာအခါ အေဖာ္ျဖစ္ေသာ သမင္မ်ားကလည္း ၀ိုင္း၀န္းကူညီၾကေလသည္။
တေန႔ေသာအခါ သမင္သားကို အလြန္ႏွစ္သက္ေသာ ပီဠိယကၡမင္းႀကီးသည္ မယ္ေတာ္ကို ေခတၱနန္းအပ္ကာ သမင္မ်ားကို လိုက္လံပစ္ခတ္စားေသာက္ရင္း ရေသ့မ်ား၏ ေက်ာင္းသခၤမ္းနားသို႔ ေရာက္လာ၏။

ညေနဘက္၌ သမင္ေျခရာမ်ား အလြန္ေပါေသာ ျမစ္ကမ္းစပ္တြင္ သမင္မ်ားကိုပစ္ရန္ေခ်ာင္းေနစဥ္ သု၀ဏၰသာမသည္ သမင္မ်ားႏွင့္အတူ ေရခပ္ဆင္းလာသည္ကို ေတြ႔ေလေသာ္-လူေလာ နတ္ေလာ မစူးစမ္းႏိုင္ေတာ့ဘဲ ျမႇားျဖင့္ျပစ္လိုက္ေလေတာ့၏။
သု၀ဏၰသာမသည္ ျမႇားထိသျဖင့္ မိခင္ဖခင္ရွိရာသို႔ ဦးေခါင္းထား၍ သဲေသာင္ခံုေပၚတြင္ ေခြက်သြားျပီး ေအာ္၍ ညည္းတြားမိေလသည္။ သမင္တို႔သည္ ေၾကာက္လန္႔၍ ထြက္ေျပးၾကကုန္၏။

ဤတြင္မွ ပီဠိယကၡမင္းလည္း လူသားစစ္စစ္မွန္း သိသည္။ သု၀ဏၰသာမ မိန္းေမာျခင္းသို႔ မေရာက္မီ ပီဠိယကၡမင္းႏွင့္ သု၀ဏၰသာမတို႔ အျပန္အလွန္ စကးဆိုျဖစ္ၾကသည္။ ေဒါသမရွိေသာ၊ ရန္လိုျခင္း မရွိေသာ၊ သိမ္ေမြ႔ႏူးညံ႔ေသာ သု၀ဏၰသာမ၏ ျဖစ္အင္ကို ၾကားသိရေသာအခါ ယခင္က စိတ္ဓာတ္ၾကမ္းတမ္း မာန္တက္ေသာ ပီဠိယကၡမင္းႀကီး၏ စိတ္ဓာတ္သည္ပင္လွ်င္ မ်ားစြာေပ်ာ့ေပ်ာင္း၍ သြားေလသည္။ ထို႔ေၾကာင့္ သု၀ဏၰသာမ၏ မိဘႏွစ္ပါးအား လုပ္ေကၽြးမည္ျဖစ္ေၾကာင္း ကတိျပဳေလသည္။

ဒုကူလႏွင့္ ပါရိကာတို႔၏ ေက်ာင္းသခၤမ္းသို႔ ပီဠိယကၡမင္းႀကီး ေရာက္သြားေလသည္။ သား သု၀ဏၰသာမ မဟုတ္ေၾကာင္း ရေသ့ႏွစ္ပါးတို႔ ခ်က္ခ်င္းပင္သိသည္။ အျပန္အလွန္ စကားဆိုျဖစ္ၾကသည္။ ပီဠိယကၡမင္းႀကီးက သု၀ဏၰသာမ၏ ကိုယ္စား လုပ္ေကၽြးျပဳစုမည္ျဖစ္ေၾကာင္း ေျပာသည္။ ဒုကူလ ႏွင့္ ပါရိကာတို႔က လက္မခံေခ်။ သု၀ဏၰသာမရွိရာသို႔ ပို႔ေပးရန္ ေတာင္းပန္သည္။

ပီဠိယကၡမင္းလည္း လိုက္၍ပို႔သည္။ သဲေသာင္ခံုေပၚတြင္ လဲေလ်ာင္းေနေသာ သားသု၀ဏၰသာမကို စမ္းသပ္မိၾကသည္။ အသက္မေသေသးေၾကာင္း သိသည္။ သို႔ႏွင့္ ဒုကူလ ႏွင့္ ပါရိကာတို႔သည္၄င္း၊ ဘုရားေလာင္း သု၀ဏၰသာမ၏ ခုနစ္ႀကိမ္ေျမာက္ေသာ ကိုယ္၏အျဖစ္၌ မိခင္ေတာ္စပ္ခဲ့ဖူးေသာ ဗဟုသုႏၵရီ နတ္သမီးသည္၄င္း သစၥာအဓိ႒ာန္ျပဳၾကသည္။ သစၥာ၏တန္ခိုး အာႏုေဘာ္ေၾကာင့္ ျမားဆိပ္တို႔ ေလ်ာက်သည္။ သု၀ဏၰသာမလည္း အသက္ေဘးမွ လြတ္ေျမာက္ေလသည္။သိၾကားမင္းကပါ ဆုေပးသည္။ ဒုကူလႏွင့္ ပါရိကာတို႔ပါ မ်က္စိႏွစ္ကြင္း အလင္းရၾကသည္။

သု၀ဏၰသာမသည္ ပီဠိယကၡမင္းႀကီးအား သီလေစာင့္ရန္၊ အလွဴဒါနျပဳရန္၊ တိုင္းသူျပည္သားကို ရင္၀ယ္သားနဲ႔မျခား ေမတၱာထား၍ မင္းက်င့္တရားႏွင့္ အညီ တိုင္းျပည္အုပ္ခ်ဳပ္ မင္းလုပ္ရန္ ေဟာၾကားေလသည္။ ဗဟုသုႏၵရီနတ္သမီးႏွင့္ အျခားနတ္အေပါင္းတို႔အားလည္း တရားေရေအး တိုက္ေကၽြးေလသည္။ ထိုအခ်ိန္မွစ၍ ပီဠိယကၡမင္းႀကီးသည္ သမင္သားတပ္မက္ျခင္းကို စြန္႔၍ တရားရကာ တိုင္းျပည္သို႔ ျပန္ေလေတာ့၏။

မိဘေက်းဇူးကို သိတတ္သူတို႔အား ေဘးဒုကၡအႏၲရာယ္အေပါင္းမွ လြတ္ေျမာက္ျမဲျဖစ္ပါသည္။ မ်က္ေမွာက္ဘ၀၌၎၊ သံသရာ၌၎ ေကာင္းက်ိဳးခ်မ္းသာကို ခံစားရျမဲ ျဖစ္ပါသတည္း။

ဤသုဝဏၰသာမ ဇာတ္ေတာ္၌ သစၥာပါရမီကို အဓိကထား၍ ျမတ္စြာဘုရား ေဟာၾကားေတာ္မူသည္ ျဖစ္စသလို
သစၥာပါရမီ ျဖည့္တင္းပုံကိုလည္း ျပဆိုထားသည္။ 

ဓမၼမိတ္ေဆြမ်ားအားလုံး နိဗၺာန္​၏
အ​ေထာက္​အပ့ံျဖစ္​ၾကပါ​ေစ...။

မ်ိဳးဆက္​သစ္​အရွင္​(ဖို​ေလးလုံး)စုစည္​း၍ဓမၼဒါနျပဳပါသည္​ ။

၂။ မဟာဇနကဇာတ်တော်


၂။ မဟာဇနကဇာတ်တော်

ဇနကဇာတ်တော်ဟု အတိုချုံး၍ ခေါ်ဝေါ်ကြသော မဟာဇနကဇာတ်တော်သည် ဇာတ်ကြီးဆယ်ဘွဲ့တွင် ဒုတိယမြောက် ဇာတ်တော်ဖြစ်၍ မူရင်းပါဠိတော်၌ ဂါထာပေါင်း ၁၈၆ ဂါထာဖြင့် ဖွဲ့ဆိုထားသည်။ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တစ်နေ့သ၌ တရားသဘင်ဝယ် အစည်းအဝေးဖြစ်ကြလတ်သော်၊ရဟန်းတို့သည် မြတ်စွာဘုရား၏ နိက္ခမပါရမီ ဖြည့်တော်မူပုံကို ချီးမွမ်းကြလေရာ မြတ်စွာဘုရားသည် ထိုပါရမီကို အကြောင်းပြု၍ မဟာဇနက ဇာတ်တော်ကို ဟောကြားတော်မူလေသည်။

ထိုဇာတ်တော်ကြီးကို မင်းဘူးမြို့ အရှင်ဦးဩဘာသသည် လေသာကျောင်း၊ ကျောင်းတကာ မောင်ဝ၏သား ဒါယကာ မောင်ထောက်က တောင်းပန်အပ်၍ ၁၁၄၇ ခုနှစ်တွင် ပါဠိတော်မှ မြန်မာသို့ အနက်ပြန်၍ ပြုစုတော်မူသည်။

ဇနကဇာတ်တော်မှာ ဤသို့ဖြစ်သည်။

လွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထ္တိလာပြည်၍ မဟာဇနက အမည်ရှိသောမင်းသည် မင်းပြုသည်။ ထိုမင်း၌အရိဋ္ဌဇနကမင်းသား၊ ပေါလဇနကမင်းသား ဟူ၍ သားတော်နှစ်ပါးရှိ၏။ အရိဋ္ဌ ဇနကမင်းသားအား အိမ်ရှေ့အရာကိုပေး၏။ ပေါလဇနကမင်းသားအား သေနာပတိအရာကို ပေး၏။ မင်းကြီးနတ်ရွာစံသော် အရိဋ္ဌဇနကသည် ခမည်းတော်၏ အရိုက်အရာကို ဆက်ခံစိုးစံ၍ ပေလဇနကသည် အိမ်ရှေ့အရာ၌ တည်လေသည်။ ထိုအခါ ပေါလဇနက အိမ်ရှေ့မင်း၏ အတွင်းကျွန်ယုံဖြစ်သော အမတ်တစ်ဦးသည် မိမိအလို မပြည့်သည်နှင့် မိမိ အရှင်သခင်ပေါ်တွင် အငြိုးထား၍ အရိဋ္ဌဇနက မင်းကြီးထံ စံဝင်ပြီးသော် ဂုံးတိုက်ချောစား လေသည်။ အကြိမ်ကြိမ် ဂုံးချောလေသော် မင်းကြီးလည်း ငါ၏ ညီသည် ငါ့ကို မကောင်းကြံရာ၏ဟု အယူရှိ၍ အိမ်ရှေ့မင်းကို ဖမ်းဆီးစေပြီးလျှင် အနှောင်အဖွဲ့၌ ချထားသည်။

ထိုအခါ အိမ်ရှေ့မင်းသည် နောင်တော်အပေါ်၌ မပြစ်မှားမိကြောင်း သစ္စာအဓိဋ္ဌာန်ပြုလေရာ သစ္စာ၏ အာနုဘော်ကြောင့် အနှောင်အဖွဲ့မှ လွတ်လေ၏။ ပေါလဇနကလည်း ဤသို့ အနှောင်အဖွဲ့မှ လွတ်လေသော် ရွာငယ်များကို သိမ်းရုံး၍ လက်နက်ပြုပြီးလျှင် နောင်တော်အား ယခင်က ရန်မလုပ်လိုသော်လည်း ယခု ရန်လုပ်ရတော့မည်ဟု ဆို၍ စစ်ထိုးလေ၏။ ဤသို့ မင်းညီနောင်တို့ စစ်ထိုးရာ နောင်တော် အရိဋ္ဌဇနကသည် အရေးရှုံးနိမ့်၍ နတ်ရွာစံလေသော် အရိဋ္ဌဇနကမင်းကြီး၏ မိဖုရားကြီးသည် မိမိဝမ်း၌ ဘုရားလောင်း မဟာဇနကမင်း၏ သန္ဓေဖြင့်ထွက်ပြေးရာ သိကြားမင်း၏ တန်ခိုးဖြင့် ဒိသာပါမောက္ခ ဆရာကြီးထံ ရောက်လေသည်။ ထိုဒိသာပါမောက္ခ ဆရာကြီးထံ ရောက်သည်တွင် ဘုန်းသမ္ဘာရှင်ဖြစ်သော အလောင်းတော် မဟာဇနကမင်းသားကို ဖွားမြင်လေသည်။

ဇနကမင်းသားလည်း အရွယ်ရောက်လတ်သော် မိမိ၏မျိုးရိုးကို မိခင်အား မေးမြန်းရာတွင် မိမိ၏ ဖခမည်းတော်သည် မိထ္တိလာပြည့်ရှင် အရိဋ္ဌဇနက မင်းကြီးဖြစ်၍ ဦးရီးတော် ပေါလဇနကသည် မိထ္တိလာပြည်၌ စိုးစံနေကြောင်း သိရှိလေ၏။ ထိုအခါ ဇနကမင်းသားသည် မိမိ ခမည်းတော်၏ အရိက်အရာ ဖြစ်သော မိထ္တိလာပြည်ကို သိမ်းယူရန် အကြံဖြစ်သည်။ ဤသို့သိမ်းယူနိုင်ရန် အလို့ငှာ ပင်လယ်ခရီးဖြင့် သင်္ဘောလွှင့်၍ ကူးသန်းရောင်းဝယ်နိုင်စေရန် မယ်တော်အား ခွင့်အကြိမ်ကြိမ်ပန်၍ သင်္ဘောလွင့်ခဲ့သည်။

သို့သော် ဇနကမင်းသား၏ သင်္ဘောသည် ပင်လယ်ခရီး၌ နစ်လေသည်။ ထိုအခါ သင်္ဘောသား ခုနစ်ရာတို့သည် ယောက်ျားတို့၏ လုံ့လကို တစ်စုံတစ်ခုမျှမပြုပဲ ငိုကြွေးမြည်တမ်းလျက်ပင် ငါး၊ လိပ်၊ ငမန်းတို့၏ အစာဖြစ်လေကုန်သည်။ ဘုရားလောင်းကား ယောက်ျားတို့၏ လုံ့လဝိရိယကို မလျှော့ပဲ ခုနှစ်ပတ်လုံး ပင်လယ်၌ ကူးတော်မူ၏။ ထိုအခါ မဏိမေခလာ နတ်သမီးသည် မနီးမဝေးသော ကောင်းကင်က ကိုယ်ထင်ပြကာ ရပ်လျက် ကောင်းမြတ်သော လုံ့လဖြင့် တည်းကူးသလော၊ မူးရူးသောစိတ်ဖြင့် တည်းကူးသလောဟု စုံစမ်းရန် ‘တစ်ဖက်ကမ်းသို့ မရောက်နိုင်ရာသော ဤမဟာသမုဒ္ဒရာ၌ အပင်အပန်းကူးသဖြင့် အဘယ်အကျိုးထူးကို ရ၍ ကိုယ်ဆန္ဒပြည့်မည် ထင်မြင်ဖွယ်ရှိသောကြောင့် ကြိုးစားအားထုတ်ခြင်းကို ပြုဘိသလော’ ဟု မေး၏။ ထိုအခါ ဘုရားအလောင်းသည် ‘နတ်သမီး ကောင်းစွာအားထုတ်လပ်သော ယောက်ျားတို့၏ လုံ့လသည် အကျိုးမဲ့ ဖြစ်ဘူးသည်မရှိ။ ဤသမုဒ္ဒရာကမ်းကို မမြင်ကာမျှနှင့် အဘယ့်ကြောင့် ယောက်ျားတို့၏ လုံ့လကို လျှော့ထိုက်အံ့နည်း။ ကမ်းကိုမြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ၊အကျိုးကို မြင်သဖြင့် ငါလုံ့လပြုသည်’ ဟု ဆိုသည်။

ထိုအခါ နတ်သမီးသည် ဘုရားလောင်း၏ တရားကို နာလိုသောကြောင့် ပြန်၍ စာနာတတ်လေသော် ဘုရားလောင်းသည် လုံ့လပြုခြင်းကြောင့် ယောက်ျားမှန်လျက်နှင့် အသက်မရှိသော ကျွန်းထင်းကဲ့သို့ လုံ့လမပြုပဲ နေသည်ဟု အများတကာတို့ အပြစ်မတင်နိုင်စေရန် လုံ့လကို ပြုသင့်ကြောင်း ပြောပြသည့်အပြင် လုံ့လအကျိုးကို လက်ငင်းခံစားရကြောင်း ပြလို၍ ‘ဤသမုဒ္ဒရာ၌ငါနှင့်အတူ သင်္ဘောပျက်ကျသော ခုနစ်ရာသော သင်္ဘောသားတို့သည် ယောက်ျားတို့၏ လုံ့လချို့တဲ့လေခြင်းကြောင့် ငါး၊ လိပ်တို့၏ အစာသာ ဖြစ်ကြလေကုန်ပြီ။ ငါမူကား ယောက်ျားတို့၏ လုံ့လကို မလျှော့ခြင်းကြောင့် ငါး၊ လိပ်တို့၏ ဘေးမှလွတ်သည့်ပြင် လူသာမန်တို့ မြင်ရခဲသော သင်နတ်သမီးကို ငါမြင်ရ၏။ သင်သနား၍ ငါ့ကို ကယ်ဆောင်ပါလျှင် ငါ၌ အကျိုးရှိလတ္တံ့။ သင်မဆယ်တင်၍ ဤတွင်ပင် ငါဆုံးရသော်လည်း လုံ့လပြုကျိုး ငါ၌ရှိလေပြီ’ ဟူ၍ နတ်သမီး မဆိုသာအောင် ပြန်လှန်ချေပလေသည်။ ထိုစကားကို ကြားလျှင် နတ်သမီးသည် နှစ်သက်သည်ဖြစ်၍ ဘုရားလောင်းတော် ဇနကမင်းသား အလိုရှိရာ မိထ္တိလာပြည်သို့ ပို့ဆောင်၍ ကျောက်ဖျာထက်၌ သိပ်ထားလေသည်။

ထိုအခါ မိထ္တိလာပြည်၌ကား ဘထွေးတော် ပေါလဇနကမင်း နတ်ရွာစံ၍ ခုနစ်ရက်ရှိနှင့်ပြီး သတည်း။ ပေါလဇနကမင်း၌ သီဝလိဒေဝီဟူသော သမီးတော်သာလျှင် ကျန်ရစ်လေသည်။ ပေါလဇနကမင်းသည် ထီးနန်းဆက်ခံ စိုးစံသည့် ကိစ္စအတွက် နတ်ရွာမစံမီ မှူးကြီးမတ်ရာတို့အား မှာကြားခဲ့သည်ကား ဗိုလ်ခြေတစ်ထောင် တင်နိုင်ချနိုင်သော လေးကို တစ်ယောက်တည်းဖြင့် တင်နိုင်ချနိုင်သော ကာယဗလရှိသူ၊ တစ်ဆယ့်ခြောက်လုံးသော ရွှေအိုးကြီးကို ဖော်ထုတ်နိုင်သော ဉာဏဗလရှိသူ မည်သည့်အမျိုးကိုမဆို သမီးတော် သီဝလိဒေဝီ နှစ်သက်သည်ရှိသော် ထီးနန်းအပ်နှင်းလေ ဟူ၍ဖြစ်သည်။

ထိုမှာကြားချက်အရ မင်းသမီးနှင့် ထိုက်တန်ရာကို ရှာကြံ၍ မရနိုင်လတ်သော် မှူးမတ်တို့သည် မင်းလောင်းရှိရာသို့ အဓိဋ္ဌာန်ဖြင့် ဖုတ်သွင်းရထား လွှတ်လေသည်။ ထိုအခါ ရထားသည် ဘုရားလောင်း ဇနကမင်းသား စက်တော်ခေါ်ရာ မင်္ဂလာကျောက်ဖျာ၌ ရပ်တန့်လေသည်။ ထို့ကြောင့် မှူးကြီးမတ်ရာ သေနာပတိတို့သည် ပုရောဟိတ်၏ အကြံပေးချက်အရ ဘုန်းရှင် သမ္ဘာရှင် ဖြစ်မဖြစ်ကိုလည်းကောင်း၊ ပေါလဇနကမင်း မိန့်မှာခဲ့သည့်အတိုင်း ကာယဗလ၊ ဉာဏဗလ ရှိမရှိကိုလည်းကောင်း စမ်းသပ်ပြီးသော် အလောင်းတော် ဇနကမင်းသားအား မိထ္တိလာပြည်၏ ထီးနန်းကို သီဝလိဒေဝီ မင်းသမီးနှင့်တကွ အပ်နှင်းလေသည်။

ဤသို့ဖြင့် မဟာဇနကမင်းနှင့် သီဝလိဒေဝီ မိဖုရားတို့သည် မင်း၏စည်းစိမ်ဖြင့် တင့်တယ်စွာ စံနေတော်မူကြသည်။ တစ်နေ့သောအခါ ဥယျာဉ်တော်သို့ ထွက်တော်မူသည်တွင်း မဟာဇနကမင်းသည် သရက်ပင် နှစ်ပင်၏ ဥပမာကို ကြည့်၍ ဤအပင်ကား အသီးမသီးသောကြောင့် စိမ်းစိမ်းလတ်လတ် ညိုဖတ်သော ခက်ရွက်ဖြင့် နှစ်သက်ဖွယ် ပြကတေ့အတိုင်းရှိသည်။ ဤအပင်ကား အသီးသီးခြင်းကြောင့် ဖျက်ဆီးတတ်သော သူနှင့် ဆက်ဆံသည်ဖြစ်၍ ပြကတေ့အတိုင်း မတည်ရ။ ဤပြည်စည်းစိမ်သည်လည်း ရန်သူနှင့် ဆက်ဆံခြင်းကြောင့် အသီးသီးသော သရက်ပင်နှင့်တူသည်။ ရန်သူ မဆက်ဆံသော စည်းစိမ်ကိုရှာလျှင် ရသေ့ရဟန်း၏ အဖြစ်သည်သာ ရန်သူနှင့် မဆက်ဆံသောကြောင့် အသီးမသီသော သရက်ပင်နှင့်တူ၏ ဟူ၍နေက္ခမ္မဝိတက်ဖြင့် အကြံတော်ရရှိပြီးလျှင် ရဟန်းအဖြစ်ကို တောင့်တ၍ တောထွက်တော်မူသည်။ ထိုအခါ သီဝလိဒေဝီနှင့်တကွ မိဖုရား ခုနစ်ရာတို့သည် မဟာဇနကမင်း၏ နောက်သို့လိုက်ပါလျက် တောမထွက်ရလေအောင် အမျိုးမျိုးသော ပရိယာယ်တို့ဖြင့် တားမြစ်ကြကုန်သည်။

ထိုအခါ ဘုရားလောင်းအား နာရဒရှင် ရသေ့နှင့် မိဂါဇိန်ရှင် ရသေ့တို့က ငါးပါးအာရုံ ကာမဂုဏ်တို့ကို ဖြတ်၍ တစ်ယောက်တည်းချင်း ကမ္မဋ္ဌာန်းကို ရှေးရှုသော ရဟန်းတို့၏ဘဝကို ညွှန်ပြ ဩဝါဒ ပေးတော်မူသည်။ သို့သော် သီဝလိဒေဝီနှင့်တကွ မိဖုရား မောင်းမ မိဿံတို့သည် အလောင်းတော် ဇနကမင်း၏ နောက်သို့လိုက်ပါမြဲ လိုက်ပါလျက်ရှိရာ လက်ကောက် နှစ်ဆင့်ဝတ်ရာ၌ အသံဖြစ်၍ လက်ကောက်တစ်ဆင့် ဝတ်ရာ၌ အသံမဖြစ်သည့် ဥပမာကိုလည်းကောင်း၊ မျက်စိတစ်ဖက်ကို မှိတ်လျက် တစ်ဖက်ဖြင့် ကြည့်၍သာ မြားကို ဖြောင့်၍ရသော ဥပမာကိုလည်းကောင်း၊ ဖြတ်အပ်ပြီးသော ဖြူဆံမြက်ပင်မှ မြက်ညွန့်ကို ထိုအပင်၌ တစ်ဖန်ပြန်ဆက်၍ မရကောင်းသော ဥပမာကိုလည်းကောင်း အလောင်းတော် ဇနကမင်းသည် သီဝလိဒေဝီ မိဖုရားအား ပြလေသည်တွင်မှ မိဖုရားနှင့်တကွသော အမတ်တို့သည် ဘုရားလောင်းထံသို့ ဆက်၍ မလိုက်တော့ပဲ ပြည်တော်သို့ ပြန်ကြလေကုန်သည်။ ထိုနောက် မိဖုရားကြီးသည် သားတော် ဒီဃာဝု မင်းသားအား ထီးနန်းအပ်၍မိမိကိုယ်တိုင် ရဟန်းပြုလေသည်။

ဤမဟာဇနက ဇာတ်တော်၌ နိက္ခမပါရမီကို အဓိကထား၍ မြတ်စွာဘုရား ဟောကြားတော်မူသည် ဖြစ်သော်လည်း ဝိရိယပါရမီ ဖြည့်တင်းပုံကိုလည်း ပြဆိုထားသည်။ 

ဓမ္မမိတ်ဆွေများအားလုံး နိဗ္ဗာန်၏
အထောက်အပံ့ဖြစ်ကြပါစေ...။

မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)စုစည်း၍ဓမ္မဒါနပြုပါသည် ။


" မဟာဇနကဇာတ္ေတာ္ "

ဇနကဇာတ္ေတာ္ဟု အတိုခ်ဳံး၍ ေခၚေဝၚၾကေသာ မဟာဇနကဇာတ္ေတာ္သည္ ဇာတ္ႀကီးဆယ္ဘြဲ႕တြင္ ဒုတိယေျမာက္ ဇာတ္ေတာ္ျဖစ္၍ မူရင္းပါဠိေတာ္၌ ဂါထာေပါင္း ၁၈၆ ဂါထာျဖင့္ ဖြဲ႕ဆိုထားသည္။ ျမတ္စြာဘုရားသည္ သာဝတၳိျပည္ ေဇတဝန္ေက်ာင္းေတာ္၌ သီတင္းသုံးေတာ္မူစဥ္ တစ္ေန႔သ၌ တရားသဘင္ဝယ္ အစည္းအေဝးျဖစ္ၾကလတ္ေသာ္၊ရဟန္းတို႔သည္ ျမတ္စြာဘုရား၏ နိကၡမပါရမီ ျဖည့္ေတာ္မူပုံကို ခ်ီးမြမ္းၾကေလရာ ျမတ္စြာဘုရားသည္ ထိုပါရမီကို အေၾကာင္းျပဳ၍ မဟာဇနက ဇာတ္ေတာ္ကို ေဟာၾကားေတာ္မူေလသည္။

ထိုဇာတ္ေတာ္ႀကီးကို မင္းဘူးၿမိဳ႕ အရွင္ဦးဩဘာသသည္ ေလသာေက်ာင္း၊ ေက်ာင္းတကာ ေမာင္ဝ၏သား ဒါယကာ ေမာင္ေထာက္က ေတာင္းပန္အပ္၍ ၁၁၄၇ ခုႏွစ္တြင္ ပါဠိေတာ္မွ ျမန္မာသို႔ အနက္ျပန္၍ ျပဳစုေတာ္မူသည္။

ဇနကဇာတ္ေတာ္မွာ ဤသို႔ျဖစ္သည္။

လြန္ေလၿပီးေသာအခါ ဝိေဒဟရာဇ္တိုင္း မိထၱိလာျပည္၍ မဟာဇနက အမည္ရွိေသာမင္းသည္ မင္းျပဳသည္။ ထိုမင္း၌အရိ႒ဇနကမင္းသား၊ ေပါလဇနကမင္းသား ဟူ၍ သားေတာ္ႏွစ္ပါးရွိ၏။ အရိ႒ ဇနကမင္းသားအား အိမ္ေရွ႕အရာကိုေပး၏။ ေပါလဇနကမင္းသားအား ေသနာပတိအရာကို ေပး၏။ မင္းႀကီးနတ္ရြာစံေသာ္ အရိ႒ဇနကသည္ ခမည္းေတာ္၏ အရိုက္အရာကို ဆက္ခံစိုးစံ၍ ေပလဇနကသည္ အိမ္ေရွ႕အရာ၌ တည္ေလသည္။ ထိုအခါ ေပါလဇနက အိမ္ေရွ႕မင္း၏ အတြင္းကၽြန္ယုံျဖစ္ေသာ အမတ္တစ္ဦးသည္ မိမိအလို မျပည့္သည္ႏွင့္ မိမိ အရွင္သခင္ေပၚတြင္ အၿငိဳးထား၍ အရိ႒ဇနက မင္းႀကီးထံ စံဝင္ၿပီးေသာ္ ဂုံးတိုက္ေခ်ာစား ေလသည္။ အႀကိမ္ႀကိမ္ ဂုံးေခ်ာေလေသာ္ မင္းႀကီးလည္း ငါ၏ ညီသည္ ငါ့ကို မေကာင္းႀကံရာ၏ဟု အယူရွိ၍ အိမ္ေရွ႕မင္းကို ဖမ္းဆီးေစၿပီးလၽွင္ အေႏွာင္အဖြဲ႕၌ ခ်ထားသည္။

ထိုအခါ အိမ္ေရွ႕မင္းသည္ ေနာင္ေတာ္အေပၚ၌ မျပစ္မွားမိေၾကာင္း သစၥာအဓိ႒ာန္ျပဳေလရာ သစၥာ၏ အာႏုေဘာ္ေၾကာင့္ အေႏွာင္အဖြဲ႕မွ လြတ္ေလ၏။ ေပါလဇနကလည္း ဤသို႔ အေႏွာင္အဖြဲ႕မွ လြတ္ေလေသာ္ ရြာငယ္မ်ားကို သိမ္း႐ုံး၍ လက္နက္ျပဳၿပီးလၽွင္ ေနာင္ေတာ္အား ယခင္က ရန္မလုပ္လိုေသာ္လည္း ယခု ရန္လုပ္ရေတာ့မည္ဟု ဆို၍ စစ္ထိုးေလ၏။ ဤသို႔ မင္းညီေနာင္တို႔ စစ္ထိုးရာ ေနာင္ေတာ္ အရိ႒ဇနကသည္ အေရးရႈံးနိမ့္၍ နတ္ရြာစံေလေသာ္ အရိ႒ဇနကမင္းႀကီး၏ မိဖုရားႀကီးသည္ မိမိဝမ္း၌ ဘုရားေလာင္း မဟာဇနကမင္း၏ သေႏၶျဖင့္ထြက္ေျပးရာ သိၾကားမင္း၏ တန္ခိုးျဖင့္ ဒိသာပါေမာကၡ ဆရာႀကီးထံ ေရာက္ေလသည္။ ထိုဒိသာပါေမာကၡ ဆရာႀကီးထံ ေရာက္သည္တြင္ ဘုန္းသမၻာရွင္ျဖစ္ေသာ အေလာင္းေတာ္ မဟာဇနကမင္းသားကို ဖြားျမင္ေလသည္။

ဇနကမင္းသားလည္း အရြယ္ေရာက္လတ္ေသာ္ မိမိ၏မ်ိဳးရိုးကို မိခင္အား ေမးျမန္းရာတြင္ မိမိ၏ ဖခမည္းေတာ္သည္ မိထၱိလာျပည့္ရွင္ အရိ႒ဇနက မင္းႀကီးျဖစ္၍ ဦးရီးေတာ္ ေပါလဇနကသည္ မိထၱိလာျပည္၌ စိုးစံေနေၾကာင္း သိရွိေလ၏။ ထိုအခါ ဇနကမင္းသားသည္ မိမိ ခမည္းေတာ္၏ အရိက္အရာ ျဖစ္ေသာ မိထၱိလာျပည္ကို သိမ္းယူရန္ အႀကံျဖစ္သည္။ ဤသို႔သိမ္းယူနိုင္ရန္ အလို႔ငွာ ပင္လယ္ခရီးျဖင့္ သေဘၤာလႊင့္၍ ကူးသန္းေရာင္းဝယ္နိုင္ေစရန္ မယ္ေတာ္အား ခြင့္အႀကိမ္ႀကိမ္ပန္၍ သေဘၤာလြင့္ခဲ့သည္။

သို႔ေသာ္ ဇနကမင္းသား၏ သေဘၤာသည္ ပင္လယ္ခရီး၌ နစ္ေလသည္။ ထိုအခါ သေဘၤာသား ခုနစ္ရာတို႔သည္ ေယာက္်ားတို႔၏ လုံ႔လကို တစ္စုံတစ္ခုမၽွမျပဳပဲ ငိုေႂကြးျမည္တမ္းလ်က္ပင္ ငါး၊ လိပ္၊ ငမန္းတို႔၏ အစာျဖစ္ေလကုန္သည္။ ဘုရားေလာင္းကား ေယာက္်ားတို႔၏ လုံ႔လဝိရိယကို မေလၽွာ့ပဲ ခုႏွစ္ပတ္လုံး ပင္လယ္၌ ကူးေတာ္မူ၏။ ထိုအခါ မဏိေမခလာ နတ္သမီးသည္ မနီးမေဝးေသာ ေကာင္းကင္က ကိုယ္ထင္ျပကာ ရပ္လ်က္ ေကာင္းျမတ္ေသာ လုံ႔လျဖင့္ တည္းကူးသေလာ၊ မူး႐ူးေသာစိတ္ျဖင့္ တည္းကူးသေလာဟု စုံစမ္းရန္ ‘တစ္ဖက္ကမ္းသို႔ မေရာက္နိုင္ရာေသာ ဤမဟာသမုဒၵရာ၌ အပင္အပန္းကူးသျဖင့္ အဘယ္အက်ိဳးထူးကို ရ၍ ကိုယ္ဆႏၵျပည့္မည္ ထင္ျမင္ဖြယ္ရွိေသာေၾကာင့္ ႀကိဳးစားအားထုတ္ျခင္းကို ျပဳဘိသေလာ’ ဟု ေမး၏။ ထိုအခါ ဘုရားအေလာင္းသည္ ‘နတ္သမီး ေကာင္းစြာအားထုတ္လပ္ေသာ ေယာက္်ားတို႔၏ လုံ႔လသည္ အက်ိဳးမဲ့ ျဖစ္ဘူးသည္မရွိ။ ဤသမုဒၵရာကမ္းကို မျမင္ကာမၽွႏွင့္ အဘယ့္ေၾကာင့္ ေယာက္်ားတို႔၏ လုံ႔လကို ေလၽွာ့ထိုက္အံ့နည္း။ ကမ္းကိုျမင္သည္ျဖစ္ေစ၊ မျမင္သည္ျဖစ္ေစ၊အက်ိဳးကို ျမင္သျဖင့္ ငါလုံ႔လျပဳသည္’ ဟု ဆိုသည္။

ထိုအခါ နတ္သမီးသည္ ဘုရားေလာင္း၏ တရားကို နာလိုေသာေၾကာင့္ ျပန္၍ စာနာတတ္ေလေသာ္ ဘုရားေလာင္းသည္ လုံ႔လျပဳျခင္းေၾကာင့္ ေယာက္်ားမွန္လ်က္ႏွင့္ အသက္မရွိေသာ ကၽြန္းထင္းကဲ့သို႔ လုံ႔လမျပဳပဲ ေနသည္ဟု အမ်ားတကာတို႔ အျပစ္မတင္နိုင္ေစရန္ လုံ႔လကို ျပဳသင့္ေၾကာင္း ေျပာျပသည့္အျပင္ လုံ႔လအက်ိဳးကို လက္ငင္းခံစားရေၾကာင္း ျပလို၍ ‘ဤသမုဒၵရာ၌ငါႏွင့္အတူ သေဘၤာပ်က္က်ေသာ ခုနစ္ရာေသာ သေဘၤာသားတို႔သည္ ေယာက္်ားတို႔၏ လုံ႔လခ်ိဳ႕တဲ့ေလျခင္းေၾကာင့္ ငါး၊ လိပ္တို႔၏ အစာသာ ျဖစ္ၾကေလကုန္ၿပီ။ ငါမူကား ေယာက္်ားတို႔၏ လုံ႔လကို မေလၽွာ့ျခင္းေၾကာင့္ ငါး၊ လိပ္တို႔၏ ေဘးမွလြတ္သည့္ျပင္ လူသာမန္တို႔ ျမင္ရခဲေသာ သင္နတ္သမီးကို ငါျမင္ရ၏။ သင္သနား၍ ငါ့ကို ကယ္ေဆာင္ပါလၽွင္ ငါ၌ အက်ိဳးရွိလတၱံ့။ သင္မဆယ္တင္၍ ဤတြင္ပင္ ငါဆုံးရေသာ္လည္း လုံ႔လျပဳက်ိဳး ငါ၌ရွိေလၿပီ’ ဟူ၍ နတ္သမီး မဆိုသာေအာင္ ျပန္လွန္ေခ်ပေလသည္။ ထိုစကားကို ၾကားလၽွင္ နတ္သမီးသည္ ႏွစ္သက္သည္ျဖစ္၍ ဘုရားေလာင္းေတာ္ ဇနကမင္းသား အလိုရွိရာ မိထၱိလာျပည္သို႔ ပို႔ေဆာင္၍ ေက်ာက္ဖ်ာထက္၌ သိပ္ထားေလသည္။

ထိုအခါ မိထၱိလာျပည္၌ကား ဘေထြးေတာ္ ေပါလဇနကမင္း နတ္ရြာစံ၍ ခုနစ္ရက္ရွိႏွင့္ၿပီး သတည္း။ ေပါလဇနကမင္း၌ သီဝလိေဒဝီဟူေသာ သမီးေတာ္သာလၽွင္ က်န္ရစ္ေလသည္။ ေပါလဇနကမင္းသည္ ထီးနန္းဆက္ခံ စိုးစံသည့္ ကိစၥအတြက္ နတ္ရြာမစံမီ မႉးႀကီးမတ္ရာတို႔အား မွာၾကားခဲ့သည္ကား ဗိုလ္ေျခတစ္ေထာင္ တင္နိုင္ခ်နိုင္ေသာ ေလးကို တစ္ေယာက္တည္းျဖင့္ တင္နိုင္ခ်နိုင္ေသာ ကာယဗလရွိသူ၊ တစ္ဆယ့္ေျခာက္လုံးေသာ ေရႊအိုးႀကီးကို ေဖာ္ထုတ္နိုင္ေသာ ဉာဏဗလရွိသူ မည္သည့္အမ်ိဳးကိုမဆို သမီးေတာ္ သီဝလိေဒဝီ ႏွစ္သက္သည္ရွိေသာ္ ထီးနန္းအပ္ႏွင္းေလ ဟူ၍ျဖစ္သည္။

ထိုမွာၾကားခ်က္အရ မင္းသမီးႏွင့္ ထိုက္တန္ရာကို ရွာႀကံ၍ မရနိုင္လတ္ေသာ္ မႉးမတ္တို႔သည္ မင္းေလာင္းရွိရာသို႔ အဓိ႒ာန္ျဖင့္ ဖုတ္သြင္းရထား လႊတ္ေလသည္။ ထိုအခါ ရထားသည္ ဘုရားေလာင္း ဇနကမင္းသား စက္ေတာ္ေခၚရာ မဂၤလာေက်ာက္ဖ်ာ၌ ရပ္တန႔္ေလသည္။ ထို႔ေၾကာင့္ မႉးႀကီးမတ္ရာ ေသနာပတိတို႔သည္ ပုေရာဟိတ္၏ အႀကံေပးခ်က္အရ ဘုန္းရွင္ သမၻာရွင္ ျဖစ္မျဖစ္ကိုလည္းေကာင္း၊ ေပါလဇနကမင္း မိန႔္မွာခဲ့သည့္အတိုင္း ကာယဗလ၊ ဉာဏဗလ ရွိမရွိကိုလည္းေကာင္း စမ္းသပ္ၿပီးေသာ္ အေလာင္းေတာ္ ဇနကမင္းသားအား မိထၱိလာျပည္၏ ထီးနန္းကို သီဝလိေဒဝီ မင္းသမီးႏွင့္တကြ အပ္ႏွင္းေလသည္။

ဤသို႔ျဖင့္ မဟာဇနကမင္းႏွင့္ သီဝလိေဒဝီ မိဖုရားတို႔သည္ မင္း၏စည္းစိမ္ျဖင့္ တင့္တယ္စြာ စံေနေတာ္မူၾကသည္။ တစ္ေန႔ေသာအခါ ဥယ်ာဥ္ေတာ္သို႔ ထြက္ေတာ္မူသည္တြင္း မဟာဇနကမင္းသည္ သရက္ပင္ ႏွစ္ပင္၏ ဥပမာကို ၾကည့္၍ ဤအပင္ကား အသီးမသီးေသာေၾကာင့္ စိမ္းစိမ္းလတ္လတ္ ညိဳဖတ္ေသာ ခက္ရြက္ျဖင့္ ႏွစ္သက္ဖြယ္ ျပကေတ့အတိုင္းရွိသည္။ ဤအပင္ကား အသီးသီးျခင္းေၾကာင့္ ဖ်က္ဆီးတတ္ေသာ သူႏွင့္ ဆက္ဆံသည္ျဖစ္၍ ျပကေတ့အတိုင္း မတည္ရ။ ဤျပည္စည္းစိမ္သည္လည္း ရန္သူႏွင့္ ဆက္ဆံျခင္းေၾကာင့္ အသီးသီးေသာ သရက္ပင္ႏွင့္တူသည္။ ရန္သူ မဆက္ဆံေသာ စည္းစိမ္ကိုရွာလၽွင္ ရေသ့ရဟန္း၏ အျဖစ္သည္သာ ရန္သူႏွင့္ မဆက္ဆံေသာေၾကာင့္ အသီးမသီေသာ သရက္ပင္ႏွင့္တူ၏ ဟူ၍ေနကၡမၼဝိတက္ျဖင့္ အႀကံေတာ္ရရွိၿပီးလၽွင္ ရဟန္းအျဖစ္ကို ေတာင့္တ၍ ေတာထြက္ေတာ္မူသည္။ ထိုအခါ သီဝလိေဒဝီႏွင့္တကြ မိဖုရား ခုနစ္ရာတို႔သည္ မဟာဇနကမင္း၏ ေနာက္သို႔လိုက္ပါလ်က္ ေတာမထြက္ရေလေအာင္ အမ်ိဳးမ်ိဳးေသာ ပရိယာယ္တို႔ျဖင့္ တားျမစ္ၾကကုန္သည္။

ထိုအခါ ဘုရားေလာင္းအား နာရဒရွင္ ရေသ့ႏွင့္ မိဂါဇိန္ရွင္ ရေသ့တို႔က ငါးပါးအာ႐ုံ ကာမဂုဏ္တို႔ကို ျဖတ္၍ တစ္ေယာက္တည္းခ်င္း ကမၼ႒ာန္းကို ေရွးရႈေသာ ရဟန္းတို႔၏ဘဝကို ညႊန္ၿပ ဩဝါဒ ေပးေတာ္မူသည္။ သို႔ေသာ္ သီဝလိေဒဝီႏွင့္တကြ မိဖုရား ေမာင္းမ မိႆံတို႔သည္ အေလာင္းေတာ္ ဇနကမင္း၏ ေနာက္သို႔လိုက္ပါျမဲ လိုက္ပါလ်က္ရွိရာ လက္ေကာက္ ႏွစ္ဆင့္ဝတ္ရာ၌ အသံျဖစ္၍ လက္ေကာက္တစ္ဆင့္ ဝတ္ရာ၌ အသံမျဖစ္သည့္ ဥပမာကိုလည္းေကာင္း၊ မ်က္စိတစ္ဖက္ကို မွိတ္လ်က္ တစ္ဖက္ျဖင့္ ၾကည့္၍သာ ျမားကို ေျဖာင့္၍ရေသာ ဥပမာကိုလည္းေကာင္း၊ ျဖတ္အပ္ၿပီးေသာ ျဖဴဆံျမက္ပင္မွ ျမက္ညြန႔္ကို ထိုအပင္၌ တစ္ဖန္ျပန္ဆက္၍ မရေကာင္းေသာ ဥပမာကိုလည္းေကာင္း အေလာင္းေတာ္ ဇနကမင္းသည္ သီဝလိေဒဝီ မိဖုရားအား ျပေလသည္တြင္မွ မိဖုရားႏွင့္တကြေသာ အမတ္တို႔သည္ ဘုရားေလာင္းထံသို႔ ဆက္၍ မလိုက္ေတာ့ပဲ ျပည္ေတာ္သို႔ ျပန္ၾကေလကုန္သည္။ ထိုေနာက္ မိဖုရားႀကီးသည္ သားေတာ္ ဒီဃာဝု မင္းသားအား ထီးနန္းအပ္၍မိမိကိုယ္တိုင္ ရဟန္းျပဳေလသည္။

ဤမဟာဇနက ဇာတ္ေတာ္၌ နိကၡမပါရမီကို အဓိကထား၍ ျမတ္စြာဘုရား ေဟာၾကားေတာ္မူသည္ ျဖစ္ေသာ္လည္း ဝိရိယပါရမီ ျဖည့္တင္းပုံကိုလည္း ျပဆိုထားသည္။ 

ဓမၼမိတ္ေဆြမ်ားအားလုံး နိဗၺာန္​၏
အ​ေထာက္​အပ့ံျဖစ္​ၾကပါ​ေစ...။

မ်ိဳးဆက္​သစ္​အရွင္​(ဖို​ေလးလုံး)စုစည္​း၍ဓမၼဒါနျပဳပါသည္​ ။

တေမိယဇာတ်တော်

 တေမိယဇာတ်တော်  "
~~~~~~~~~~~~~~

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် မဟာဘိနိက္ခမ ပါရမီတော်ကို အကြောင်းပြု၍ ဂါထာပေါင်း ၁၂၁ ဂါထာခွဲတို့ဖြင့် တန်ဆာစီခြယ်သော တေမိယဇာတ်တော်ကို ဟောတော်မူသည်။ ဤတေမိယဇာတ်တော်ကြီးကို မင်းဘူးမြို့
 လေသာကျောင်းတိုက်၌ သီတင်းသုံးသော မင်းဘူး ဦးဩဘာသ အရှင်သူမြတ်သည် ဒါယကာ မောင်ဝက အဖန်အလဲလဲ တောင်းပန်အပ်သည်ဖြစ်၍ မြန်မာစကားပြေ သက်သက်ဖြင့် ပြုစုရေးသားရာ မြန်မာသက္ကရာဇ် ၁၁၄၈ ခုနှစ် တပို့တွဲလဆန်း ၁၁ ရက်နေ့တွင် ပြီးမြောက်သည်။

ထိုတေမိယဇာတ်တော်မှာ အောက်ပါအတိုင်း ဖြစ်သည်။

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည် ကာသိတိုင်းကို အစိုးရသောကြောင့် ကာသိကရာဇ် အမည်ရှိသော မင်းသည် မင်းပြု၏။ ထိုမင်း၏ မိဖုရားကား မဒ္ဒရာဇ်တိုင်း သာဂလပြည် မဒ္ဒရာဇ်မင်း၏ သမီးတော် စန္ဒာဒေဝီဖြစ်သည်။ ထိုမိဖုရားကြီးမှစ၍ မင်းမောင်းမ အပေါင်းတို့တွင် တစ်ယောက်သော မိဖုရားမောင်းမတို့မျှ သားသမီး မထွန်းကားကြပေ။ ထို့ကြောင့် ဗာရာဏသီ ပြည်သူပြည်သား အပေါင်းတို့သည် ထီးမွေနန်းမွေကို ဆက်ခံရန် သားဆုကို တောင်းပါမည့်အကြောင်း မင်းရင်ပြင်၌ အညီအညွတ် စည်းဝေး၍ ကာသိကရာဇ်အား လျှောက်ထားကြကုန်သည်။ ထို့ကြောင့် မင်းကြီး၏ တစ်သောင်းခြောက်ထောင်သော မောင်းမအပေါင်းတို့သည် မိမိတို့ကိုးကွယ်ရာ နတ်တို့ကို ပူဇော်တင်ကိုး၍ သားဆုကို တောင်းကြကုန်၏။ သို့ရာတွင် စန္ဒာဒေဝီ မိဖုရားကြီး၌သာလျှင် သားဆုပန်သည့် အလိုတော်ပြည့်၍ တေမိယဟူသော အလောင်းတော် မင်းသားသည် ဖွားမြင်လေသည်။

တနေ့သ၌ မင်းကြီးသည် တစ်လသား သားငယ်ကို မိဘတို့၏ ချစ်ခြင်းမေတ္တာ အဟုန်ဖြင့် ရင်ခွင်၌ထား၍ မုတ်တံခါးနန်ရင်ပြင် သဘင်တော် ထီးဖြူရိပ်မှာ စိတ်နှလုံး ချမ်းမြေ့စွာ နေလေသည်။ ထိုအခါ မင်းချင်းတို့သည် ခိုးသူလေးယောက်ကို ဖမ်းယူချီနှောင်၍ မင်းကြီးအား ဆက်လာလေ၏။ ထိုအခါ မင်းကြီးလည်း ခိုးသူတို့ကို အများကြောက်ရွံ့ ထိတ်လန့်အောင် ထင်ရှားစွာ စီရင်ဟု ဆိုတော်မူ၏။ ထိုသို့ ကြောက်မက်ဖွယ်ဆိုသော မင်းကြီးစကားကို တစ်လသားအရွယ် မင်းသားငယ် ကြားသိလေသော် ရှေးဘဝက ဗာရာဏသီပြည်ဝယ် အနှစ်နှစ်ဆယ် မင်းပြုခဲ့သည့် အဖြစ်ကြောင့် နှစ်ပေါင်း ရှစ်သောင်းမျှ ငရဲသို့ လားခဲ့ရသည်ကို ပါရမီအလျောက် ပြန်ပြောင်းအောက်မေ့မိ၍ မင်းပြုရမည့် အခြင်းအရာကို များစွာတုန်လှုပ်မိလေသည်။

ထိုအခါ ရှေးက အမိဖြစ်ခဲ့ဖူးသူ ထီးဖြူတော်စောင့် နတ်သမီးသည် တေမိယမင်းသားအား ဆွံ့၊ အ၊ နားပင်း၍ လူခြင်းမတူသော ကာလကဏ္ဏီကဲ့သို့ ဟန်ဆောင်၍ နေရန် အကြံပေးလေသော် တေမိယမင်းသားသည် ထိုအကြံအတိုင်း တစ်ပါးသော သူငယ်များကဲ့သို့ မငို၊ အလိုအလျောက် လက်ခြေတို့ကိုလည်း မယူမသိမ်း၊ မှိန်းမှိန်းရှက်ရှက် အိမ်စက်မွေ့ခြင်းလည်းမရှိ။ နား၊ မျက်စိတူရူ အမြှူအဖျော် မေးခေါ်ငြားလည်း မကြားယောင်သဖွယ် တိမ်းဘက်လှည့်၍ မကြည့်ရှု၊ ပြုစုထိန်းသူတို့ ထားတိုင်းသော ခြေလက်မျက်နှာ ဣရိယာပတ်ဖြင့်သာလျှင် အင်္ဂါသုံးတန်ကို အဓိဋ္ဌာန်မြဲစွာနှင့် ပါရမီဖြည့်တော်မူ၏။

ထိုသို့ မင်းသား မတုန်မလှုပ် နေကြောင်းကို အထိန်းတော်တို့ သိလတ်သော် မင်းကြီးအား လျှောက်ထားပြီးလျှင် သုခမိန်တို့ဖြင့် တိုင်ပင်၍ တစ်နှစ်အရွယ်၌ နို့ရည်ဖြင့် အလိုစမ်းခြင်း၊ နှစ်နှစ်အရွယ်၌ မုန့်ခဲဖွယ်ဖြင့် အလိုစမ်းခြင်း၊ သုံးနှစ်အရွယ်၌ သစ်သီးဖြင့် အလိုစမ်းခြင်း၊ လေးနှစ်အရွယ်၌ ကစားဖွယ်ဖြင့် အလိုစမ်းခြင်း၊ ငါးနှစ်အရွယ်၌ ဘောဇဉ်ဖြင့် အလိုစမ်းခြင်း၊ ခြောက်နှစ်အရွယ်၌ မီးဖြင့် အလိုစမ်းခြင်း၊ ခုနစ်နှစ်အရွယ်၌ ဆင်ဖြင့် အလိုစမ်းခြင်း၊ ရှစ်နှစ်အရွယ်၌ မြွေဖြင့် အလိုစမ်းခြင်း၊ ကိုးနှစ်အရွယ်၌ ကချေသဘင်ဖြင့် အလိုစမ်းခြင်း၊ ဆယ်နှစ်အရွယ်၌ သန်လျက်ဖြင့် အလိုစမ်းခြင်း၊ တဆယ့်တစ်နှစ်အရွယ်၌ ခရုသင်းဖြင့် အလိုစမ်းခြင်း၊ တဆယ့်နှစ်နှစ်အရွယ်၌ စည်ကြီးဖြင့် အလိုစမ်းခြင်း၊ တဆယ့်သုံးနှစ်အရွယ်၌ ဆီမီးဖြင့် အလိုစမ်းခြင်း၊ တဆယ့်လေးနှစ်အရွယ်၌ တင်လဲဖြင့် အလိုစမ်းခြင်း၊ တဆယ့်ငါးနှစ်အရွယ်၌ မစင်ဖြင့် အလိုစမ်းခြင်း၊ တဆယ့်ခြောက်နှစ်အရွယ်၌ မီးမယ်ဖြူးဖြင့် အလိုစမ်းခြင်း၊ တဆယ့်ခုနစ်နှစ်အရွယ်၌ ကချေသည်ဖြင့် အလိုစမ်းခြင်းဟူ၍ မင်းအမတ်တို့သည် တေမိယမင်းသား၏ အလိုကို သိရအောင် ဆယ့်ခုနစ်ကြိမ်တိုင်တိုင် အလိုစမ်းကြကုန်၏။ သို့ရာတွင် အမှန်ကို မလျှောက်ထားနိုင်ကြောင်း သိရသော် မင်းကြီးသည် ပုရောဟိတ် ပုဏ္ဏားတို့အား ခေါ်ယူမေးမြန်းပြန်ရာ ပုရောဟိတ်တို့သည် တေမိယမင်းသားအား ကျက်သရေမရှိ သည်ဖြစ်၍ အမင်္ဂလာ အင်္ဂါချို့ယုတ်သော မြင်းရထား၌ တင်စေ၍ သုဿန်တစပြင်၌ မြှုပ်နှံသဖြင့် ဖျောက်ရန်သင့်မည်ဟု ဓမ္မဝတ်ကို မငဲ့ကွက်ပဲ လျှောက်ထားကြသည်။

ထိုအခါ မယ်တော် စန္ဒာဒေဝီ မိဖုရားကြီးသည် ရှေးအခါက မိမိလိုရာ ခွင့်တောင်းစေဟူသော အမိန့်ကို မင်းကြီးထံမှ ကတိရရှိပြီးဖြစ်သည့်အတိုင်း သားတော်တေမိယမင်းသား အသက်ချမ်းသာစိမ့်သောငှာ သားတော်အား ထီးမွေနန်းမွေ ပေးအပ်ရန် တောင်းဆိုလေ၏။ မင်းကြီးငြင်းလတ်သော် မိဖုရားလည်း တသက်တာမျှ မင်းအဖြစ်မရလျှင် ခုနနှစ် သို့တည်းမဟုတ် ခုနစ်လ၊ ခြောက်လ၊ ငါးလ၊ လေးလ၊ သုံးလ၊ နှစ်လ၊ တစ်လ၊ ဆယ့်ငါးရက်၊ ခုနစ်ရက် စသည်ဖြင့် တတ်နိုင်သမျှဆုကို ရလေအောင် လျှောက်ထားရာ နောက်ဆုံး၌ တေမိယမင်းသားအား ခုနစ်ရက် ထီးနန်းအပ်လေ၏။ ဤခုနစ်ရက် ထီးနန်းစိုးစံနေစဉ် မယ်တော် စန္ဒာဒေဝီ မိဖုရားသည် တေမိယမင်းသားအား စကားပြောပါရန် တောင်းပန်သည်။ သို့သော်လည်း တေမိယ မင်းသားသည် မယ်တော်တစ်ယောက်ကို မထောက်မထား သနားခြင်း မရှိလေဟန်ဖြင့် အဓိဋ္ဌာန်မပျက်ရအောင် မတုန်မလှုပ်သာလျှင် နေတော်မူသည်။

ထိုကြောင့် ခုနစ်ရက်မြောက်သောနေ့တွင် ရထားမှူးသည် တေမိယမင်းသားအား မြေတွင်မြှုပ်အံ့ဟု သုဿန်ထုတ်လေသည်။ ထိုအခါမှ တေမိယမင်းသားသည် ‘ငါကား အထက်က ပညာစွမ်း၊ ကိုယ်စွမ်းကို ဖုံးလွှမ်းမြှုပ်တိမ် အချိန်အခါ မဟုတ်သဖြင့် ထုတ်ပြခြင်းမပြု၊ ယခုမူကား ပညာနှင့် ကိုယ်အားကို ထင်ရှားစွာ ထုတ်ပြသင့်သောအခါ ရောက်ပြီ’ ဟုယူဆလျက်၊ ရထားမှ မြေသို့သက်ပြီးလျှင် အဝတ်တန်ဆာတို့ကို ဝတ်ဆင်ရန် တောင့်တတော်မူလေ၏။ ထိုတောင့်တချက်အရ ဝိသကြုံနတ်သားက သိကြားမင်းကိုယ်စား ဝတ်လဲတော်ကို ဆက်သရာ ထိုဝတ်လဲတော်ကို ဝတ်၍ ရထားမှူး သုနန္ဒာနှင့် စကားဆိုတော်မူ၏။ ဘုရားလောင်း တေမိယမင်းသားသည် ရထားမှူးအား အဆွေခင်ပွန်းတို့အား မပြစ်မှားထိုက်ကြောင်း မိတ္တပူဇာဒေသနာ ဆယ်ဂါထာဖြင့် တရားဓမ္မဟောပြသည်တွင် ရထားမှူးသည် တေမိယမင်းသား၏ အဖြစ်သနစ်ကိုသိ၍ နေပြည်တော်သို့ ပြန်ပြီးလျှင် မင်းပြုတော်မူပါရန် လျှောက်ထားလေသည်။

တေမိယမင်းသားကား မင်းအဖြစ်ကိုစွန့်၍ ရဟန်းပြုလျက် ချမ်းသာစွာနေမည်ကို ပြောပြ၍ ခမည်းတော်၊ မယ်တော်၊ ဆွေတော်မျိုးတော်တို့အား ကန်တော့လိုက်ကြောင်းကို မှာကြားကာ ရထားမှူးကို နေပြည်တော်သို့ လွှတ်လေသည်။ ရထားမှူးလည်း နေပြည်တော်သို့ ရောက်၍ အကြောင်းစုံကို လျှောက်ထားလေသော် မယ်တော်၊ ခမည်းတော် စသည်တို့သည် ရဟန်းအဖြစ်သို့ ရောက်ပြီးသော တေမိယမင်းသားထံသို့ ကိုယ်တိုင်လိုက်လာကြပြီးနောက် တေမိယမင်းအား မင်းအဖြစ်ကို ယူပါရန် တောင်းပန်လတ်တော် တေမိယမင်းသည် တောထွက်ခြင်း၏ အကျိုးကိုပြ၍ တရားဓမ္မဟောကြားသည်တွင် မယ်တော်၊ ခမည်းတော်မှအစ ဗာရာဏသီ တစ်ပြည်လုံးသည် ဥစ္စာ၊ စည်းစိမ်ဟူသမျှတို့ကို စွန့်လွှတ်၍ တောထွက်ကာ ရဟန်းပြုကြလေသည်။ ထိုမှတစ်ဖန် ဗာရာဏသီ ပြည်သူပြည်သားတို့ ရဟန်းပြုကြသည်ဟူသော သတင်းကို ကြားသိရသော် အနီးအနားရှိ ခုနစ်ပြည်ထောင် မင်းအပေါင်းတို့လည်း တောထွက်၍ ရဟန်းပြုကြလေကုန်သည်။

ဓမ္မမိတ်ဆွေများအားလုံး နိဗ္ဗာန်၏
အထောက်အပံ့ဖြစ်ကြပါစေ...။

မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)စုစည်း၍ဓမ္မဒါနပြုပါသည် ။


လိုအပ္​မယ္​ထင္​ရင္ ရွယ္​ယူထားပါ
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
" ေတမိယဇာတ္ေတာ္  "
~~~~~~~~~~~~~~

ျမတ္စြာဘုရားသည္ သာဝတၳိျပည္ ေဇတဝန္ေက်ာင္းေတာ္တြင္ သီတင္းသုံးေတာ္မူစဥ္ မဟာဘိနိကၡမ ပါရမီေတာ္ကို အေၾကာင္းျပဳ၍ ဂါထာေပါင္း ၁၂၁ ဂါထာခြဲတို႔ျဖင့္ တန္ဆာစီျခယ္ေသာ ေတမိယဇာတ္ေတာ္ကို ေဟာေတာ္မူသည္။ ဤေတမိယဇာတ္ေတာ္ႀကီးကို မင္းဘူးၿမိဳ႕
 ေလသာေက်ာင္းတိုက္၌ သီတင္းသုံးေသာ မင္းဘူး ဦးဩဘာသ အရွင္သူျမတ္သည္ ဒါယကာ ေမာင္ဝက အဖန္အလဲလဲ ေတာင္းပန္အပ္သည္ျဖစ္၍ ျမန္မာစကားေၿပ သက္သက္ျဖင့္ ျပဳစုေရးသားရာ ျမန္မာသကၠရာဇ္ ၁၁၄၈ ခုႏွစ္ တပို႔တြဲလဆန္း ၁၁ ရက္ေန႔တြင္ ၿပီးေျမာက္သည္။

ထိုေတမိယဇာတ္ေတာ္မွာ ေအာက္ပါအတိုင္း ျဖစ္သည္။

ေရွးလြန္ေလၿပီးေသာအခါ ဗာရာဏသီျပည္ ကာသိတိုင္းကို အစိုးရေသာေၾကာင့္ ကာသိကရာဇ္ အမည္ရွိေသာ မင္းသည္ မင္းျပဳ၏။ ထိုမင္း၏ မိဖုရားကား မဒၵရာဇ္တိုင္း သာဂလျပည္ မဒၵရာဇ္မင္း၏ သမီးေတာ္ စႏၵာေဒဝီျဖစ္သည္။ ထိုမိဖုရားႀကီးမွစ၍ မင္းေမာင္းမ အေပါင္းတို႔တြင္ တစ္ေယာက္ေသာ မိဖုရားေမာင္းမတို႔မၽွ သားသမီး မထြန္းကားၾကေပ။ ထို႔ေၾကာင့္ ဗာရာဏသီ ျပည္သူျပည္သား အေပါင္းတို႔သည္ ထီးေမြနန္းေမြကို ဆက္ခံရန္ သားဆုကို ေတာင္းပါမည့္အေၾကာင္း မင္းရင္ျပင္၌ အညီအညြတ္ စည္းေဝး၍ ကာသိကရာဇ္အား ေလၽွာက္ထားၾကကုန္သည္။ ထို႔ေၾကာင့္ မင္းႀကီး၏ တစ္ေသာင္းေျခာက္ေထာင္ေသာ ေမာင္းမအေပါင္းတို႔သည္ မိမိတို႔ကိုးကြယ္ရာ နတ္တို႔ကို ပူေဇာ္တင္ကိုး၍ သားဆုကို ေတာင္းၾကကုန္၏။ သို႔ရာတြင္ စႏၵာေဒဝီ မိဖုရားႀကီး၌သာလၽွင္ သားဆုပန္သည့္ အလိုေတာ္ျပည့္၍ ေတမိယဟူေသာ အေလာင္းေတာ္ မင္းသားသည္ ဖြားျမင္ေလသည္။

တေန႔သ၌ မင္းႀကီးသည္ တစ္လသား သားငယ္ကို မိဘတို႔၏ ခ်စ္ျခင္းေမတၱာ အဟုန္ျဖင့္ ရင္ခြင္၌ထား၍ မုတ္တံခါးနန္ရင္ျပင္ သဘင္ေတာ္ ထီးျဖဴရိပ္မွာ စိတ္ႏွလုံး ခ်မ္းေျမ့စြာ ေနေလသည္။ ထိုအခါ မင္းခ်င္းတို႔သည္ ခိုးသူေလးေယာက္ကို ဖမ္းယူခ်ီေႏွာင္၍ မင္းႀကီးအား ဆက္လာေလ၏။ ထိုအခါ မင္းႀကီးလည္း ခိုးသူတို႔ကို အမ်ားေၾကာက္ရြံ့ ထိတ္လန႔္ေအာင္ ထင္ရွားစြာ စီရင္ဟု ဆိုေတာ္မူ၏။ ထိုသို႔ ေၾကာက္မက္ဖြယ္ဆိုေသာ မင္းႀကီးစကားကို တစ္လသားအရြယ္ မင္းသားငယ္ ၾကားသိေလေသာ္ ေရွးဘဝက ဗာရာဏသီျပည္ဝယ္ အႏွစ္ႏွစ္ဆယ္ မင္းျပဳခဲ့သည့္ အျဖစ္ေၾကာင့္ ႏွစ္ေပါင္း ရွစ္ေသာင္းမၽွ ငရဲသို႔ လားခဲ့ရသည္ကို ပါရမီအေလ်ာက္ ျပန္ေျပာင္းေအာက္ေမ့မိ၍ မင္းျပဳရမည့္ အျခင္းအရာကို မ်ားစြာတုန္လႈပ္မိေလသည္။

ထိုအခါ ေရွးက အမိျဖစ္ခဲ့ဖူးသူ ထီးျဖဴေတာ္ေစာင့္ နတ္သမီးသည္ ေတမိယမင္းသားအား ဆြံ့၊ အ၊ နားပင္း၍ လူျခင္းမတူေသာ ကာလကဏၰီကဲ့သို႔ ဟန္ေဆာင္၍ ေနရန္ အႀကံေပးေလေသာ္ ေတမိယမင္းသားသည္ ထိုအႀကံအတိုင္း တစ္ပါးေသာ သူငယ္မ်ားကဲ့သို႔ မငို၊ အလိုအေလ်ာက္ လက္ေျခတို႔ကိုလည္း မယူမသိမ္း၊ မွိန္းမွိန္းရွက္ရွက္ အိမ္စက္ေမြ႕ျခင္းလည္းမရွိ။ နား၊ မ်က္စိတူ႐ူ အျမႇဴအေဖ်ာ္ ေမးေခၚျငားလည္း မၾကားေယာင္သဖြယ္ တိမ္းဘက္လွည့္၍ မၾကည့္ရႈ၊ ျပဳစုထိန္းသူတို႔ ထားတိုင္းေသာ ေျခလက္မ်က္ႏွာ ဣရိယာပတ္ျဖင့္သာလၽွင္ အဂၤါသုံးတန္ကို အဓိ႒ာန္ျမဲစြာႏွင့္ ပါရမီျဖည့္ေတာ္မူ၏။

ထိုသို႔ မင္းသား မတုန္မလႈပ္ ေနေၾကာင္းကို အထိန္းေတာ္တို႔ သိလတ္ေသာ္ မင္းႀကီးအား ေလၽွာက္ထားၿပီးလၽွင္ သုခမိန္တို႔ျဖင့္ တိုင္ပင္၍ တစ္ႏွစ္အရြယ္၌ နို႔ရည္ျဖင့္ အလိုစမ္းျခင္း၊ ႏွစ္ႏွစ္အရြယ္၌ မုန႔္ခဲဖြယ္ျဖင့္ အလိုစမ္းျခင္း၊ သုံးႏွစ္အရြယ္၌ သစ္သီးျဖင့္ အလိုစမ္းျခင္း၊ ေလးႏွစ္အရြယ္၌ ကစားဖြယ္ျဖင့္ အလိုစမ္းျခင္း၊ ငါးႏွစ္အရြယ္၌ ေဘာဇဥ္ျဖင့္ အလိုစမ္းျခင္း၊ ေျခာက္ႏွစ္အရြယ္၌ မီးျဖင့္ အလိုစမ္းျခင္း၊ ခုနစ္ႏွစ္အရြယ္၌ ဆင္ျဖင့္ အလိုစမ္းျခင္း၊ ရွစ္ႏွစ္အရြယ္၌ ေႁမြျဖင့္ အလိုစမ္းျခင္း၊ ကိုးႏွစ္အရြယ္၌ ကေခ်သဘင္ျဖင့္ အလိုစမ္းျခင္း၊ ဆယ္ႏွစ္အရြယ္၌ သန္လ်က္ျဖင့္ အလိုစမ္းျခင္း၊ တဆယ့္တစ္ႏွစ္အရြယ္၌ ခ႐ုသင္းျဖင့္ အလိုစမ္းျခင္း၊ တဆယ့္ႏွစ္ႏွစ္အရြယ္၌ စည္ႀကီးျဖင့္ အလိုစမ္းျခင္း၊ တဆယ့္သုံးႏွစ္အရြယ္၌ ဆီမီးျဖင့္ အလိုစမ္းျခင္း၊ တဆယ့္ေလးႏွစ္အရြယ္၌ တင္လဲျဖင့္ အလိုစမ္းျခင္း၊ တဆယ့္ငါးႏွစ္အရြယ္၌ မစင္ျဖင့္ အလိုစမ္းျခင္း၊ တဆယ့္ေျခာက္ႏွစ္အရြယ္၌ မီးမယ္ျဖဴးျဖင့္ အလိုစမ္းျခင္း၊ တဆယ့္ခုနစ္ႏွစ္အရြယ္၌ ကေခ်သည္ျဖင့္ အလိုစမ္းျခင္းဟူ၍ မင္းအမတ္တို႔သည္ ေတမိယမင္းသား၏ အလိုကို သိရေအာင္ ဆယ့္ခုနစ္ႀကိမ္တိုင္တိုင္ အလိုစမ္းၾကကုန္၏။ သို႔ရာတြင္ အမွန္ကို မေလၽွာက္ထားနိုင္ေၾကာင္း သိရေသာ္ မင္းႀကီးသည္ ပုေရာဟိတ္ ပုဏၰားတို႔အား ေခၚယူေမးျမန္းျပန္ရာ ပုေရာဟိတ္တို႔သည္ ေတမိယမင္းသားအား က်က္သေရမရွိ သည္ျဖစ္၍ အမဂၤလာ အဂၤါခ်ိဳ႕ယုတ္ေသာ ျမင္းရထား၌ တင္ေစ၍ သုႆန္တစျပင္၌ ျမႇုပ္ႏွံသျဖင့္ ေဖ်ာက္ရန္သင့္မည္ဟု ဓမၼဝတ္ကို မငဲ့ကြက္ပဲ ေလၽွာက္ထားၾကသည္။

ထိုအခါ မယ္ေတာ္ စႏၵာေဒဝီ မိဖုရားႀကီးသည္ ေရွးအခါက မိမိလိုရာ ခြင့္ေတာင္းေစဟူေသာ အမိန႔္ကို မင္းႀကီးထံမွ ကတိရရွိၿပီးျဖစ္သည့္အတိုင္း သားေတာ္ေတမိယမင္းသား အသက္ခ်မ္းသာစိမ့္ေသာငွာ သားေတာ္အား ထီးေမြနန္းေမြ ေပးအပ္ရန္ ေတာင္းဆိုေလ၏။ မင္းႀကီးျငင္းလတ္ေသာ္ မိဖုရားလည္း တသက္တာမၽွ မင္းအျဖစ္မရလၽွင္ ခုနႏွစ္ သို႔တည္းမဟုတ္ ခုနစ္လ၊ ေျခာက္လ၊ ငါးလ၊ ေလးလ၊ သုံးလ၊ ႏွစ္လ၊ တစ္လ၊ ဆယ့္ငါးရက္၊ ခုနစ္ရက္ စသည္ျဖင့္ တတ္နိုင္သမၽွဆုကို ရေလေအာင္ ေလၽွာက္ထားရာ ေနာက္ဆုံး၌ ေတမိယမင္းသားအား ခုနစ္ရက္ ထီးနန္းအပ္ေလ၏။ ဤခုနစ္ရက္ ထီးနန္းစိုးစံေနစဥ္ မယ္ေတာ္ စႏၵာေဒဝီ မိဖုရားသည္ ေတမိယမင္းသားအား စကားေျပာပါရန္ ေတာင္းပန္သည္။ သို႔ေသာ္လည္း ေတမိယ မင္းသားသည္ မယ္ေတာ္တစ္ေယာက္ကို မေထာက္မထား သနားျခင္း မရွိေလဟန္ျဖင့္ အဓိ႒ာန္မပ်က္ရေအာင္ မတုန္မလႈပ္သာလၽွင္ ေနေတာ္မူသည္။

ထိုေၾကာင့္ ခုနစ္ရက္ေျမာက္ေသာေန႔တြင္ ရထားမႉးသည္ ေတမိယမင္းသားအား ေျမတြင္ျမႇုပ္အံ့ဟု သုႆန္ထုတ္ေလသည္။ ထိုအခါမွ ေတမိယမင္းသားသည္ ‘ငါကား အထက္က ပညာစြမ္း၊ ကိုယ္စြမ္းကို ဖုံးလႊမ္းျမႇုပ္တိမ္ အခ်ိန္အခါ မဟုတ္သျဖင့္ ထုတ္ျပျခင္းမျပဳ၊ ယခုမူကား ပညာႏွင့္ ကိုယ္အားကို ထင္ရွားစြာ ထုတ္ျပသင့္ေသာအခါ ေရာက္ၿပီ’ ဟုယူဆလ်က္၊ ရထားမွ ေျမသို႔သက္ၿပီးလၽွင္ အဝတ္တန္ဆာတို႔ကို ဝတ္ဆင္ရန္ ေတာင့္တေတာ္မူေလ၏။ ထိုေတာင့္တခ်က္အရ ဝိသၾကဳံနတ္သားက သိၾကားမင္းကိုယ္စား ဝတ္လဲေတာ္ကို ဆက္သရာ ထိုဝတ္လဲေတာ္ကို ဝတ္၍ ရထားမႉး သုနႏၵာႏွင့္ စကားဆိုေတာ္မူ၏။ ဘုရားေလာင္း ေတမိယမင္းသားသည္ ရထားမႉးအား အေဆြခင္ပြန္းတို႔အား မျပစ္မွားထိုက္ေၾကာင္း မိတၱပူဇာေဒသနာ ဆယ္ဂါထာျဖင့္ တရားဓမၼေဟာျပသည္တြင္ ရထားမႉးသည္ ေတမိယမင္းသား၏ အျဖစ္သနစ္ကိုသိ၍ ေနျပည္ေတာ္သို႔ ျပန္ၿပီးလၽွင္ မင္းျပဳေတာ္မူပါရန္ ေလၽွာက္ထားေလသည္။

ေတမိယမင္းသားကား မင္းအျဖစ္ကိုစြန႔္၍ ရဟန္းျပဳလ်က္ ခ်မ္းသာစြာေနမည္ကို ေျပာျပ၍ ခမည္းေတာ္၊ မယ္ေတာ္၊ ေဆြေတာ္မ်ိဳးေတာ္တို႔အား ကန္ေတာ့လိုက္ေၾကာင္းကို မွာၾကားကာ ရထားမႉးကို ေနျပည္ေတာ္သို႔ လႊတ္ေလသည္။ ရထားမႉးလည္း ေနျပည္ေတာ္သို႔ ေရာက္၍ အေၾကာင္းစုံကို ေလၽွာက္ထားေလေသာ္ မယ္ေတာ္၊ ခမည္းေတာ္ စသည္တို႔သည္ ရဟန္းအျဖစ္သို႔ ေရာက္ၿပီးေသာ ေတမိယမင္းသားထံသို႔ ကိုယ္တိုင္လိုက္လာၾကၿပီးေနာက္ ေတမိယမင္းအား မင္းအျဖစ္ကို ယူပါရန္ ေတာင္းပန္လတ္ေတာ္ ေတမိယမင္းသည္ ေတာထြက္ျခင္း၏ အက်ိဳးကိုျပ၍ တရားဓမၼေဟာၾကားသည္တြင္ မယ္ေတာ္၊ ခမည္းေတာ္မွအစ ဗာရာဏသီ တစ္ျပည္လုံးသည္ ဥစၥာ၊ စည္းစိမ္ဟူသမၽွတို႔ကို စြန႔္လႊတ္၍ ေတာထြက္ကာ ရဟန္းျပဳၾကေလသည္။ ထိုမွတစ္ဖန္ ဗာရာဏသီ ျပည္သူျပည္သားတို႔ ရဟန္းျပဳၾကသည္ဟူေသာ သတင္းကို ၾကားသိရေသာ္ အနီးအနားရွိ ခုနစ္ျပည္ေထာင္ မင္းအေပါင္းတို႔လည္း ေတာထြက္၍ ရဟန္းျပဳၾကေလကုန္သည္။

ဓမၼမိတ္ေဆြမ်ားအားလုံး နိဗၺာန္​၏
အ​ေထာက္​အပ့ံျဖစ္​ၾကပါ​ေစ...။

မ်ိဳးဆက္​သစ္​အရွင္​(ဖို​ေလးလုံး)စုစည္​း၍ဓမၼဒါနျပဳပါသည္​ ။