၅။ မဟော်သဓာဇာတ်တော် "
~~~~~~~~~~~~~~~~
ဂေါတမ မြတ်စွာဘုရားသည် သဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ပညာပါရမီတော်ကို အကြောင်းပြု၍ ဟောကြားတော်မူသော မဟော်သဓာဇာတ်တော် ၌ ပါဝင်သော ပညာရှိဖြစ်သည်။ ပါဠိကျမ်းဂန်များ၌ မဟော်သဓာ ဇာတ်တော်ကြီးကို မဟာဥမင်္ဂဇာတ်ဟု ပြသည်။
ရှေးလွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထ္တိလာပြည်၌ ဝိဒေဟရာဇ်မင်းကြီး စိုးစံသည်။ ထိုမင်း၌ သေနက၊ ပက္ကုသ၊ ကာမိနဒ၊ ဒေဝိန္ဒ အမည်ရှိကြသော အမတ်ကြီး ၄ ဦးရှိသည်။ ထိုပြည်၏ ရှေ့ဖက် ပါစိနယဝမဇ္ဈဂုံးရွာ၌ သိရိဝဍ္ဎနသူဌေး၏ မယား သုမနဒေဝီတွင် မဟော်သဓာ သုခမိန်ဖြစ်မည့် သားငယ်ကို ဖွားမြင်သည်။ ထိုသားငယ်သည် ဖွားစကပင် နတ်ဆေးလုံးကိုင်လျက် စကားပြောသည်။ ထိုဆေးလုံးဖြင့် လူအများ ရောဂါချမ်းငြိမ်းကြရသည်။ ဆေးလုံးကိုစွဲ၍ မဟော်သဓာဟု အမည်မှည့်သည်။
၇-နှစ်အရွယ်သို့ရောက်သော် မဟော်သဓာ သတို့သားသည် ဆန်းကြယ်သော ဇရပ်တစ်ဆောင်နှင့် ရေကန်တစ်ခုကို စီမံပြုလုပ်သည်။ မဟော်သဓာ ဖွားဦးကပင် မင်းကြီးသည် အိပ်မက် မြင်မက်ထားသည့်အပြင် မဟော်သဓာ၏ ပညာသတင်း ကြားသောကြောင့် မင်းကြီးသည် ပညာရှိခန့်ထားရန် သေနက အမတ်ကြီးကို တိုင်ပင်သည်။ အမတ်ကြီးက ဝန်တိုသဖြင့် ပညာရှိ မဟုတ်သေးကြောင်း တင်လျှောက်သောကြောင့် နန်းတော်သို့ မခေါ်ဆောင်သေးပဲ ငံ့နေရသည်။
မဟော်သဓာ သတို့သားသည် ပါစိနယ ဝမဇ္ဈဂုံးရွာ၌ပင် စွန်ချီသော သားတစ်ကို ရအောင် ပြုလုပ်ခြင်း၊ နွားခိုးမှု၊ လည်ရွဲခိုးမှု၊ ခြည်ထွေးခိုးမှု၊ သားခိုးမှု၊ မယားခိုးမှု၊ ရထားခိုးမှု စသည့် ရ ခုသော အရေးတို့တွင် တရားမျှတအောင် စီရင်သည်။ ထိုသတင်းတို့ကို မင်းကြီးကြားလေသော် မဟော်သဓာကို ခေါ်ယူရန် သနက အမတ်ကြီးအား တိုင်ပင်ပြန်သည်။ အမတ်ကြီးက ရှေးနည်းတူ လျှောက်ထားသဖြင့် ဆိုင်းငံ့ခဲ့သည်။ အမတ်ကြီး၏ တင်လျှောက်ချက်အရ မင်းကြီးက ဖြေဆိုစေသော ရှားလှံတံ၏ အရင်းအဖျားကို ရှာစေသည့် ပြဿနာ၊ ဦးခေါင်းခွံ နှစ်ခုကိုကြည့်၍ ယောက်ျားမိန်းမ ခွဲခြားစေသည့် ပြဿနာ၊ မြွေအဖိုအမကို ခွဲခြားစေသည့် ပြဿနာ၊ ဦးခေါင်း၌ ပို့ပါသော သတ္တဝါကို ဆက်စေသည့် ပြဿနာ၊ ပတ္တမြားကို ကြိုးသစ်တပ်စေသော ပြဿနာ၊ နွားလားကို သားဖွားစေသော ပြဿနာ၊ ထမင်းချဉ် ပြဿနာ၊ သဲလွန် ပြဿနာ၊ ရေကန် ပြဿနာ၊ ဥယျာဉ် ပြဿနာတို့ကို အံ့ဩဖွယ် ကောင်းအောင် ဉာဏ်စွမ်းထက်မြက်စွာ ဖြေရှင်းပေးလေသည်။
မင်းကြီးလည်း မဟော်သဓာ၏ ပညာကို ချီးကျူးလျက် နန်းတော်သို့ ခေါ်ယူကာ အကြိမ်ကြိမ် ချီးမြှောက်ပူဇော်သည်။ တခါသော် မင်းကြီး၏ မိဖုရား ဥဒုမ္ဗရဒေဝီသည် မင်းကြီးနှင့်အတူ ထွက်လာတော်မူစဉ် ငယ်လင် သူယုတ်အား မြင်၍ ပြုံးမိသည်ကို မင်းကြီးက အထင်လွဲသဖြင့် သတ်မည်ပြုရာ မဟော်သဓာ သုခမိန်၏ တင်လျှောက်ချက်ကြောင့် အသက်ချမ်းသာရာ ရလေသည်။ ထိုအခါမှစ၍ မဟော်သဓာအား မိဖုရားက မောင်ငယ်အရာထား၍ ချစ်ခင်စွာ ချီးမြှောက်သည်။ မင်းကြီးကလည်း အဿပြာ တစ်သိန်း ပူဇော်လေသည်။
ထိုနောက် မဟော်သဓာ သုခမိန်သည် ခွေးနှင့် ဆိတ်ပြဿနာ၊ ပညာနှင့် ဥစ္စာ အမြတ်ပြဿနာ စသည်တို့ကိုလည်း ဖြေကြားသည်။ ယင်းသို့အားဖြင့် မဟော်သဓာသည် အသက် ၁၆ နှစ်သို့ရောက်သော် ဥဒုမ္ဗရဒေဝီလည်း သင့်မြတ်သော သတို့သမီးနှင့် ထိမ်းမြားရန် ပြောရာ မဟော်သဓာက မိမိအလိုက်အလျောက် ရှာဖွေလိုကြောင်းဖြင့် ခွင့်တောင်း၍ အပ်နှင့်ချည်ခင်တို့ကို ဆောင်လျက် ဆင်းရဲသား အပ်ချုပ်သမားအသွင်ဖြင့် ဥတ္တရယဝမဇ္ဈဂုံးရွာသို့ သွားသည်။
ဥတ္တရယဝမဇ္ဈဂုံးရွာတွင် စည်းစိမ်ပျက်သော သူဌေးဟောင်း လင်မယားတွင် အမရာမည်သော သမီးတစ်ယောက်ရှိသည်။ ဇနီးလောင်း အရှာသွားသော မဟော်သဓာသည် အမရာနှင့် လမ်းဝယ်တွေ့ရာ အပြန်အလှန် မေးဖြေ ပညာစမ်းကြပြီးနောက် အမရာ၏ အိမ်သို့ မဟော်သဓာ သွားသည်။ ထိုနောက် အပ်ချုပ်သည်ဟန်ဖြင့် အဝတ်အထည်စုတ်များကို ချုပ်သည်။ ထိုနောက် အမရာ၏ စိတ်နေသဘောထားနှင့် ပညာအဆင့်အတန်းကို အမျိုးမျိုးစုံစမ်းပြီးနောက် နှစ်သက်သဖြင့် မိဖုရားကြီးအား လျှောက်ထား၍ ဆောင်ယူ လက်ထပ်သည်။
ထိုနောက် အမတ်ကြီး ၄ ပါးသည် မဟော်သဓာကို မလိုလားသဖြင့် ခိုးသူဖြစ်ဟန် ပရိယာယ်ဆင်၍ မင်းကြီးကို လျှောက်တင်ကြသည်။ မင်းကြီးလည်း လျှောက်တင်ချက်ကို ယုံကြည်၍ အပြစ်ဒဏ်ခတ်ရန် မိန့်မှတ်သဖြင့် မဟော်သဓာသည် တောင်မဇ္ဈဂုံးရွာသို့ အလွတ်တိမ်းရှောင်ရလေသည်။ ထိုအခါ အမရာသည် မိမိပညာဉာဏ်ဖြင့် အမတ်ကြီး ၄ ဦးတို့ ကြံစည်သော အပြစ်တို့ကို ထင်ရှားစေပြီးလျှင် အမတ်ကြီးတို့အားလည်း အရှက်ရအောင်ပြု၍ မင်းကြီးအား အမှန်ကို လျှောက်ထားသည်။ ယင်းသို့အခါတွင် ထီးချက်စောင့် နတ်သမီးက ပုစ္ဆာ ၄ ရပ်ကို မေးရာ ဖြေနိုင်သူမရှိသောကြောင့် မင်းကြီးသည် မဟော်သဓာအာ ရှာဖွေစေလျက် အိုးထိန်းသည် အိမ်မှ ပြန်၍ ခေါ်ယူကာ ဖြေကြားစေသည်။ မဟော်သဓာ ဖြေဆိုနိုင်သဖြင့် စစ်ဘုရင် သေနာပတိအဖြစ် ချီးမြှောက်ခံရပြန်သည်။
ထိုနောက် လျှို့ဝှက်အပ်သော ကိစ္စကို မည်သူ့အားမျှ မပြောရာဟူသော ပြဿနာတွင် သေနက အစရှိသော အမတ်ကြီးတို့ အရေးရှုံးနိမ့်သည်မှ မဟော်သဓာ သုခမိန်သည် ဝိဒေဟရာဇ်တိုင်းကြီးကို ဘုရင့်ကိုယ်စား စီမံခန့်ခွဲလေသည်။
တခါသော် ဥတ္တရာပဉ္စာစာလရာဇ်ပြည်မှ စူဠနီဗြဟ္မဒတ်မင်းသည် အတိုင်းတိုင်း အပြည်ပြည်ကို သိမ်းယူပြီးနောက် မိထ္တိလာပြည်ကို စစ်ပြုသည်။ ဝိဒေဟရာဇ်မင်းသည် မဟော်သဓာ အစီအမံ အဆောင်အရွက်ဖြင့် ရန်သူကို တွန်းလှန်နိုင်သည့်အပြင် နောက်ဆုံး၌ ထိုဗြဟ္မဒတ်မင်း၏ သမီးတော် ပဉ္စလစန္ဒီ မင်းသမီးကို ဥမင်လိုဏ်ခေါင်းတွင်းမှ ဆောင်ယူကာ ဝိဒေဟရာဇ်မင်းကြီးနှင့် လက်ဆက်စေသည်။ စူဠနီဗြဟ္မဒတ်မင်း၏ အတိုင်ပင်ခံ ကေဝဋ်ပုဏ္ဏားသည် မဟော်သဓာအား ပရိယာယ် အရာတွင် မမှီနိုင်ပဲရှိ၍ အရှက်ကြီးစွာ ရလေသည်။ မဟော်သဓာသည် နောင်အခါ စူဠနီဗြဟ္မဒတ်မင်းထံ၌ ခစား၍ အသက်ထက်ဆုံး ကြီးမြတ်သော စည်းစိမ်ကို ခံစားရသည်။
ဓမ္မမိတ်ဆွေများအားလုံး နိဗ္ဗာန်၏
အထောက်အပံ့ဖြစ်ကြပါစေ...။
မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)စုစည်း၍ဓမ္မဒါနပြုပါသည် ။
" မေဟာ္သဓာဇာတ္ေတာ္ "
~~~~~~~~~~~~~~~~
ေဂါတမ ျမတ္စြာဘုရားသည္ သဝတၳိျပည္ ေဇတဝန္ေက်ာင္းေတာ္၌ သီတင္းသုံးေတာ္မူစဥ္ ပညာပါရမီေတာ္ကို အေၾကာင္းျပဳ၍ ေဟာၾကားေတာ္မူေသာ မေဟာ္သဓာဇာတ္ေတာ္ ၌ ပါဝင္ေသာ ပညာရွိျဖစ္သည္။ ပါဠိက်မ္းဂန္မ်ား၌ မေဟာ္သဓာ ဇာတ္ေတာ္ႀကီးကို မဟာဥမဂၤဇာတ္ဟု ျပသည္။
ေရွးလြန္ေလၿပီးေသာအခါ ဝိေဒဟရာဇ္တိုင္း မိထၱိလာျပည္၌ ဝိေဒဟရာဇ္မင္းႀကီး စိုးစံသည္။ ထိုမင္း၌ ေသနက၊ ပကၠဳသ၊ ကာမိနဒ၊ ေဒဝိႏၵ အမည္ရွိၾကေသာ အမတ္ႀကီး ၄ ဦးရွိသည္။ ထိုျပည္၏ ေရွ႕ဖက္ ပါစိနယဝမဇၩဂုံးရြာ၌ သိရိဝၯနသူေဌး၏ မယား သုမနေဒဝီတြင္ မေဟာ္သဓာ သုခမိန္ျဖစ္မည့္ သားငယ္ကို ဖြားျမင္သည္။ ထိုသားငယ္သည္ ဖြားစကပင္ နတ္ေဆးလုံးကိုင္လ်က္ စကားေျပာသည္။ ထိုေဆးလုံးျဖင့္ လူအမ်ား ေရာဂါခ်မ္းၿငိမ္းၾကရသည္။ ေဆးလုံးကိုစြဲ၍ မေဟာ္သဓာဟု အမည္မွည့္သည္။
၇-ႏွစ္အရြယ္သို႔ေရာက္ေသာ္ မေဟာ္သဓာ သတို႔သားသည္ ဆန္းၾကယ္ေသာ ဇရပ္တစ္ေဆာင္ႏွင့္ ေရကန္တစ္ခုကို စီမံျပဳလုပ္သည္။ မေဟာ္သဓာ ဖြားဦးကပင္ မင္းႀကီးသည္ အိပ္မက္ ျမင္မက္ထားသည့္အျပင္ မေဟာ္သဓာ၏ ပညာသတင္း ၾကားေသာေၾကာင့္ မင္းႀကီးသည္ ပညာရွိခန႔္ထားရန္ ေသနက အမတ္ႀကီးကို တိုင္ပင္သည္။ အမတ္ႀကီးက ဝန္တိုသျဖင့္ ပညာရွိ မဟုတ္ေသးေၾကာင္း တင္ေလၽွာက္ေသာေၾကာင့္ နန္းေတာ္သို႔ မေခၚေဆာင္ေသးပဲ ငံ့ေနရသည္။
မေဟာ္သဓာ သတို႔သားသည္ ပါစိနယ ဝမဇၩဂုံးရြာ၌ပင္ စြန္ခ်ီေသာ သားတစ္ကို ရေအာင္ ျပဳလုပ္ျခင္း၊ ႏြားခိုးမႈ၊ လည္ရြဲခိုးမႈ၊ ျခည္ေထြးခိုးမႈ၊ သားခိုးမႈ၊ မယားခိုးမႈ၊ ရထားခိုးမႈ စသည့္ ရ ခုေသာ အေရးတို႔တြင္ တရားမၽွတေအာင္ စီရင္သည္။ ထိုသတင္းတို႔ကို မင္းႀကီးၾကားေလေသာ္ မေဟာ္သဓာကို ေခၚယူရန္ သနက အမတ္ႀကီးအား တိုင္ပင္ျပန္သည္။ အမတ္ႀကီးက ေရွးနည္းတူ ေလၽွာက္ထားသျဖင့္ ဆိုင္းငံ့ခဲ့သည္။ အမတ္ႀကီး၏ တင္ေလၽွာက္ခ်က္အရ မင္းႀကီးက ေျဖဆိုေစေသာ ရွားလွံတံ၏ အရင္းအဖ်ားကို ရွာေစသည့္ ျပႆနာ၊ ဦးေခါင္းခြံ ႏွစ္ခုကိုၾကည့္၍ ေယာက္်ားမိန္းမ ခြဲျခားေစသည့္ ျပႆနာ၊ ေႁမြအဖိုအမကို ခြဲျခားေစသည့္ ျပႆနာ၊ ဦးေခါင္း၌ ပို႔ပါေသာ သတၱဝါကို ဆက္ေစသည့္ ျပႆနာ၊ ပတၱျမားကို ႀကိဳးသစ္တပ္ေစေသာ ျပႆနာ၊ ႏြားလားကို သားဖြားေစေသာ ျပႆနာ၊ ထမင္းခ်ဥ္ ျပႆနာ၊ သဲလြန္ ျပႆနာ၊ ေရကန္ ျပႆနာ၊ ဥယ်ာဥ္ ျပႆနာတို႔ကို အံ့ဩဖြယ္ ေကာင္းေအာင္ ဉာဏ္စြမ္းထက္ျမက္စြာ ေျဖရွင္းေပးေလသည္။
မင္းႀကီးလည္း မေဟာ္သဓာ၏ ပညာကို ခ်ီးက်ဴးလ်က္ နန္းေတာ္သို႔ ေခၚယူကာ အႀကိမ္ႀကိမ္ ခ်ီးေျမႇာက္ပူေဇာ္သည္။ တခါေသာ္ မင္းႀကီး၏ မိဖုရား ဥဒုမၺရေဒဝီသည္ မင္းႀကီးႏွင့္အတူ ထြက္လာေတာ္မူစဥ္ ငယ္လင္ သူယုတ္အား ျမင္၍ ျပဳံးမိသည္ကို မင္းႀကီးက အထင္လြဲသျဖင့္ သတ္မည္ျပဳရာ မေဟာ္သဓာ သုခမိန္၏ တင္ေလၽွာက္ခ်က္ေၾကာင့္ အသက္ခ်မ္းသာရာ ရေလသည္။ ထိုအခါမွစ၍ မေဟာ္သဓာအား မိဖုရားက ေမာင္ငယ္အရာထား၍ ခ်စ္ခင္စြာ ခ်ီးေျမႇာက္သည္။ မင္းႀကီးကလည္း အႆျပာ တစ္သိန္း ပူေဇာ္ေလသည္။
ထိုေနာက္ မေဟာ္သဓာ သုခမိန္သည္ ေခြးႏွင့္ ဆိတ္ျပႆနာ၊ ပညာႏွင့္ ဥစၥာ အျမတ္ျပႆနာ စသည္တို႔ကိုလည္း ေျဖၾကားသည္။ ယင္းသို႔အားျဖင့္ မေဟာ္သဓာသည္ အသက္ ၁၆ ႏွစ္သို႔ေရာက္ေသာ္ ဥဒုမၺရေဒဝီလည္း သင့္ျမတ္ေသာ သတို႔သမီးႏွင့္ ထိမ္းျမားရန္ ေျပာရာ မေဟာ္သဓာက မိမိအလိုက္အေလ်ာက္ ရွာေဖြလိုေၾကာင္းျဖင့္ ခြင့္ေတာင္း၍ အပ္ႏွင့္ခ်ည္ခင္တို႔ကို ေဆာင္လ်က္ ဆင္းရဲသား အပ္ခ်ဳပ္သမားအသြင္ျဖင့္ ဥတၱရယဝမဇၩဂုံးရြာသို႔ သြားသည္။
ဥတၱရယဝမဇၩဂုံးရြာတြင္ စည္းစိမ္ပ်က္ေသာ သူေဌးေဟာင္း လင္မယားတြင္ အမရာမည္ေသာ သမီးတစ္ေယာက္ရွိသည္။ ဇနီးေလာင္း အရွာသြားေသာ မေဟာ္သဓာသည္ အမရာႏွင့္ လမ္းဝယ္ေတြ႕ရာ အျပန္အလွန္ ေမးေၿဖ ပညာစမ္းၾကၿပီးေနာက္ အမရာ၏ အိမ္သို႔ မေဟာ္သဓာ သြားသည္။ ထိုေနာက္ အပ္ခ်ဳပ္သည္ဟန္ျဖင့္ အဝတ္အထည္စုတ္မ်ားကို ခ်ဳပ္သည္။ ထိုေနာက္ အမရာ၏ စိတ္ေနသေဘာထားႏွင့္ ပညာအဆင့္အတန္းကို အမ်ိဳးမ်ိဳးစုံစမ္းၿပီးေနာက္ ႏွစ္သက္သျဖင့္ မိဖုရားႀကီးအား ေလၽွာက္ထား၍ ေဆာင္ယူ လက္ထပ္သည္။
ထိုေနာက္ အမတ္ႀကီး ၄ ပါးသည္ မေဟာ္သဓာကို မလိုလားသျဖင့္ ခိုးသူျဖစ္ဟန္ ပရိယာယ္ဆင္၍ မင္းႀကီးကို ေလၽွာက္တင္ၾကသည္။ မင္းႀကီးလည္း ေလၽွာက္တင္ခ်က္ကို ယုံၾကည္၍ အျပစ္ဒဏ္ခတ္ရန္ မိန႔္မွတ္သျဖင့္ မေဟာ္သဓာသည္ ေတာင္မဇၩဂုံးရြာသို႔ အလြတ္တိမ္းေရွာင္ရေလသည္။ ထိုအခါ အမရာသည္ မိမိပညာဉာဏ္ျဖင့္ အမတ္ႀကီး ၄ ဦးတို႔ ႀကံစည္ေသာ အျပစ္တို႔ကို ထင္ရွားေစၿပီးလၽွင္ အမတ္ႀကီးတို႔အားလည္း အရွက္ရေအာင္ျပဳ၍ မင္းႀကီးအား အမွန္ကို ေလၽွာက္ထားသည္။ ယင္းသို႔အခါတြင္ ထီးခ်က္ေစာင့္ နတ္သမီးက ပုစၧာ ၄ ရပ္ကို ေမးရာ ေျဖနိုင္သူမရွိေသာေၾကာင့္ မင္းႀကီးသည္ မေဟာ္သဓာအာ ရွာေဖြေစလ်က္ အိုးထိန္းသည္ အိမ္မွ ျပန္၍ ေခၚယူကာ ေျဖၾကားေစသည္။ မေဟာ္သဓာ ေျဖဆိုနိုင္သျဖင့္ စစ္ဘုရင္ ေသနာပတိအျဖစ္ ခ်ီးေျမႇာက္ခံရျပန္သည္။
ထိုေနာက္ လၽွို႔ဝွက္အပ္ေသာ ကိစၥကို မည္သူ႔အားမၽွ မေျပာရာဟူေသာ ျပႆနာတြင္ ေသနက အစရွိေသာ အမတ္ႀကီးတို႔ အေရးရႈံးနိမ့္သည္မွ မေဟာ္သဓာ သုခမိန္သည္ ဝိေဒဟရာဇ္တိုင္းႀကီးကို ဘုရင့္ကိုယ္စား စီမံခန႔္ခြဲေလသည္။
တခါေသာ္ ဥတၱရာပဥၥာစာလရာဇ္ျပည္မွ စူဠနီျဗဟၼဒတ္မင္းသည္ အတိုင္းတိုင္း အျပည္ျပည္ကို သိမ္းယူၿပီးေနာက္ မိထၱိလာျပည္ကို စစ္ျပဳသည္။ ဝိေဒဟရာဇ္မင္းသည္ မေဟာ္သဓာ အစီအမံ အေဆာင္အရြက္ျဖင့္ ရန္သူကို တြန္းလွန္နိုင္သည့္အျပင္ ေနာက္ဆုံး၌ ထိုျဗဟၼဒတ္မင္း၏ သမီးေတာ္ ပဥၥလစႏၵီ မင္းသမီးကို ဥမင္လိုဏ္ေခါင္းတြင္းမွ ေဆာင္ယူကာ ဝိေဒဟရာဇ္မင္းႀကီးႏွင့္ လက္ဆက္ေစသည္။ စူဠနီျဗဟၼဒတ္မင္း၏ အတိုင္ပင္ခံ ေကဝဋ္ပုဏၰားသည္ မေဟာ္သဓာအား ပရိယာယ္ အရာတြင္ မမွီနိုင္ပဲရွိ၍ အရွက္ႀကီးစြာ ရေလသည္။ မေဟာ္သဓာသည္ ေနာင္အခါ စူဠနီျဗဟၼဒတ္မင္းထံ၌ ခစား၍ အသက္ထက္ဆုံး ႀကီးျမတ္ေသာ စည္းစိမ္ကို ခံစားရသည္။
ဓမၼမိတ္ေဆြမ်ားအားလုံး နိဗၺာန္၏
အေထာက္အပ့ံျဖစ္ၾကပါေစ...။
No comments:
Post a Comment