စာလုံး

ႂကြေရာက္လာၾကေသာ ဓမၼမိတ္ေဆြမ်ားအားလုံး ကိုယ္၏က်န္းမာျခင္း စိတ္၏ခ်မ္းသာျခင္း ႏွင့္ျပည့္စုံၾကပါေစ။

Monday, March 2, 2020

၄။ နေမိဇာတ်တော်

၄။ နေမိဇာတ်တော်
~~~~~~~~~~
ရှေးသရောအခါက မိထီလာပြည်၌ တရားနှင့်အညီမင်းပြုသော မဃဒေဝမည်သောမင်းသည် ဖြစ်ပေါ်ခဲ့၏။ ထိုမင်းသည် ဥပုသ်နေ့တိုင်း သီလဆောက်တည်လေ့ရှိ၏။ မိမိခေါင်း၌ ဆံပင်ဖြူတစ်ချောင်း ပေါက်ခဲ့သော ပြောပြရန် ဆတ္တာသည် (ဆံညှပ်သမား)အား မှာထားလေ၏။ နှစ်များစွာကြာသောအခါ ဆတ္တာသည်သည် မင်းကြီးခေါင်း၌ ဆံဖြူတစ်ချောင်း ပေါက်နေသည်ကို မွေးညပ်ဖြင့်နှုတ်၍ မင်းကြီးအား ပြသလေ၏။

မင်းကြီးလည်း ထိုဆတ္တာသည်အား ရွာဆုပေး၍ သားတော်ကြီး အိမ်ရှေ့မင်းသားကို ခေါ်ပြီး “ချစ်သား၊ ငါ့အား သေမင်းတမန်များသည် ဖြစ်ပေါ်၍ လာလေပြီ၊ ငါသည် လူ့လောက၌ ကာမဂုဏ်တို့ကို ခံစားပြီးဖြစ်၍ နတ်ကာမဂုဏ်တို့ကို ရှာရန် အချိန်တန်ပြီ၊ သင်သည် နိုင်ငံကိုအုပ်ချုပ် မင်းလုပ်လော့” ဟု မိန့်ကြား၍ ထီးနန်းကို လွှဲအပ်လေ၏။ ခေါင်း၌ ဆံဖြူတစ်ချောင်းပေါက်လျှင် တော်ထွက် တရားရှာမှီးခြင်း ဟူသော ကျင့်ဝတ်ကို စဉ်လာမပျက် ဆက်လက် လိုက်နာရန်နှင့် မင်းကျင့်တရားနှင့်အညီ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရန်လည်း သွန်သင်ဆုံးမခဲ့လေ၏။

မဃဒေဝမင်းသည် ထိုနေ့မှစ၍ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ဆင်ကာ မဃဒေဝဥယျာဉ်တော်၌ အရပ်ဆယ်မျက်နှာတို့သို့ ဗြဟ္မဝိဟာရတရားဖြင့် ဖြန့်ကျက်၍ နေထိုင်တော်မူ၏။ ထိုမင်းသည် ကလေးသူငယ်ဘဝဖြင့် နှစ်ပေါင်းရှစ်သောင်း လေးထောင်၊ အိမ်ရှေ့မင်းအဖြစ်ဖြင့် နှစ်ပေါင်းရှစ်သောင်း လေးထောင်၊ ပြည့်ရှင်မင်းအဖြစ်ဖြင့် နှစ်ပေါင်းရှစ်သောင် းလေးထောင်၊ ရသေ့ရဟန်းအဖြစ်ဖြင့် နှစ်ပေါင်း ရှစ်သောင်းလေးထောင်နေပြီး ကွယ်လွန်သောအခါ ဗြဟ္မပြည်သို့ လားရောက်ရလေ၏။
သားတော်မင်းမှစ၍ ရှစ်သောင်းလေးထောင်သော မင်းတို့သည် မဃဒေဝမင်းကြီး၏ နည်းလမ်း၊ သွန်သင်ဆုံးမချက်နှင့်အညီ မင်းပြု၍ မိထီလာပြည်သည် နှစ်ပေါင်းများစွာ စည်ပင်ဝပြောလျှက် ရှိခဲ့ပေ၏။ ဆံဖြူတစ်ပင် ပေါက်သည်နှင့် အိမ်ရှေ့စံကို နန်းလွှဲအပ်၍ မိမိတို့အတွက် သံသရာရိက္ခာထုပ်ကို ကိုယ်စီထုပ်ပိုး သွားနိုင်ကြလေ၏။
လူတို့၏ ပထမအရွယ်သည် ပညာရှာမှီးခြင်းဖြင့် ကုန်ဆုံးစေခြင်းကို ထိုမင်းသားတို့သည် ပြုမူဆောင်ရွက် နိုင်ခဲ့ကြ၏။ 

အချိန်တန်အရွယ်ရောက်လို့ ဒုတိယအရွယ်မှာ တာဝန်ထမ်းဆောင်ဖို့ အချိန်ကျစဉ်မှာလဲ သူတို့သည် တာဝန်ကျေပွန်ခြင်းဖြင့် မိထီလာပြည်ကြီးကို သာယာဝပြော စေခဲ့၏။ တတိယအရွယ် တရားရှာရမည်အချိန် ဆံပင်ဖြူတစ်ချောင်း ပေါက်တယ်ဆိုရင်လဲ သေမင်းတမန် အမိန့်တော်ဟုခံယူလျှက် တရားဘာဝနာဘက်၌ စိတ်ကိုညွှတ်စေကာ သားတော်ကြီးကို ထီးနန်း လွှဲအပ်ကာ တောထွက်ရဟန်းပြုခြင်းဖြင့် ဗြဟ္မပြည်သို့ တက်လှမ်းနိုင်ခဲ့ကြ၏။
မဃဒေဝမင်း၏ လမ်းစဉ်နှင့် ထိုလမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်သော ရှစ်သောင်း လေးထောင်သော မင်းအပေါင်းတို့၏ စိတ်ဓာတ်သည် ချီးကျူးစရာပင် ဖြစ်၏။ နေမိမင်း လက်ထက်အထိ ရှစ်သောင်း လေးထောင်သောမင်းတို့သည် မိထီလာပြည်၏ အစဉ်အလာကို ထိန်းသိမ်နိုင်ခဲ့ကြလေ၏။

နေမိမင်း၏သားတော် ကဠာရဇနက မင်းလက်ထက်တွင်ကား ဘိုးဘေးတို့၏ အစဉ်အလာသည် ပျက်၍သွားတော့၏။ ဆံဖြူတစ်ခေါင်းလုံးပေါက်သော်လည်း ထီးနန်းမစွန့် တောမထွက်ပဲ အသက် ထက်ဆုံး မင်းစည်းစိမ်ကို ခံစားလျှက် နေတော့၏။ ထိုမင်းအား မိထီလာပြည်၏ အဆုံးစွန်သောမင်းဟူ၍ ပိဋကတ်တော်၌ မှတ်တမ်းပြုထားလေ၏။

(မှတ်ချက်။ ထို မဃဒေဝမင်း သည်လည်းကောင်း၊ သားစဉ်မြေးဆက် နေမိမင်းသည်လည်းကောင်း ၂ ပါးလုံးသည် ဂေါတမမြတ်စွာဘုရား အလောင်းအလျာများဖြစ်သည်ဟု မှတ်သားရပါသည်)

တစ်ရံရောအခါ ဝိဒေဟရာဇ်တိုင်း၊ မိထီလာပြည်၌ မဃဒေဝမင်း စိုးစံသည်။ ထိုမင်းသည် တရားတော်၌ မွေ့လျော်သည်။ အသက်ကြီးရင့်၍ ဆံပင်ဖြူလာလျှင် ရဟန်းပြု၍ တောထွက်မည်ဟု ဆုံးဖြတ်ထားသည်။ ဆံပင်၊ မုတ်ဆိတ်တို့ကို ပြုပြင်ပေးသော ဆတ္တာသည်အား မိမိ၏ ဆံပင်ဖြူလာလျှင် လျှောက်ထားရန် မှာကြားထားသည်။ တစ်နေ့သောအခါ ဆတ္တာသည် သည် မင်းကြီး၏ ဦးခေါင်း၌ ဆံပင်ဖြူ တစ်ပင်ကို တွေ့မြင်သည်။ ထိုအခါ “အရှင်မင်းကြီး- ဦးခေါင်းတော်၌ ဆံပင်ဖြူ တစ်ပင် တွေ့မြင်ပါသည်” ဟူ၍ လျှောက်ထားသည်။

မင်းကြီးလည်း သားတော် အိမ်ရှေ့မင်းသားကို ထီးနန်းပေးအပ်လိုက်သည်။ မိမိနည်းတူ “ဆံပင်ဖြူကို မြင်တွေ့လျှင် တောထွက်ပါ”ဟူ၍ မှာကြားသည်။ ထို့နောက် ထီးနန်းကို စွန့်သည်။ ရဟန်းပြု၍ တောထွက် သွားလေသည်။ ဤသို့လျှင် သား၊ မြေး၊ မြစ် အဆက်ဆက်တို့သည် ထီးနန်းကို စိုးစံကြသည်။ ဆံပင်ဖြူသောအခါ တောထွက်ကြသည်။ ထိုမဃဒေဝမင်းမှ ရှစ်သိန်း သုံးသောင်း တစ်ထောင် ကိုးရာ ကိုးဆယ်မြောက်သော မင်းသည် မိထိလာပြည်၌ ဆက်လက် စိုးစံသည်။ ထိုမင်းတွင် နေမိကုမာရ အမည်ရှိသော သားတော် တစ်ပါးရှိသည်။ ထိုနေမိ မင်းသားသည် ငယ်ရွယ်စဉ်မှစ၍ အလှူပေးသည်။ သီလ ဆောက်တည်သည်။

ရှေးအစဉ်အလာအတိုင်း ခမည်းတော်သည် ဆံပင်ဖြူသောအခါ တောထွက်သည်။ ထိုအခါ နေမိမင်းသား သည် ထီးနန်းကို ဆက်ခံရသည်။ နေမိမင်းသည် တိုင်းပြည်ကို မင်းကျင့်တရားနှင့် အညီ အုပ်ချုပ်သည်။ ထို့အပြင် မြို့တံခါးလေးခုနှင့် မြို့လယ်တို့၌ အလှူမဏ္ဍပ် ငါးခု ဆောက်သည်။ အလှူမဏ္ဍပ် တစ်ခုစီတွင် အသပြာ တစ်သိန်း ကျစီဖြင့် နေ့စဉ်ပေးလှူသည်။ ငါးပါးသီလကို အမြဲ စောင့်ထိန်းသည်။ ဥပုသ်ကို လပြည့် လကွယ်နေ့တိုင်း ဆောက်တည်သည်။ တိုင်းသူပြည်သားတို့ကို ကုသိုလ် ကောင်းမှုပြုရန် တိုက်တွန်းသည်။
နေမိမင်း၏ အဆုံးအမကို နာယူကြသူတို့သည် ကွယ်လွန်သောအခါ နတ်ပြည်သို့ ရောက်ကြလေသည်။ ဤတွင် နတ်ပြည်မှာ နတ်ဦးရေ တိုးပွားစည်ကားနေ၏။ ငရဲပြည်ကား ခြောက်ကပ်နေသည်။ တစ်နေ့တွင် နေမိမင်းကြီးသည် အလှူပေးခြင်းနှင့် သီလ ဆောက်တည်ခြင်းတွင် မည်သည်က ပို၍ အကျိုးကြီးကြောင်း စဉ်းစား တွေးတောကာ ဆုံးဖြတ်မရနိုင်အောင် ရှိလေသည်။

ဤသို့ တွေးကြံသည်ကို သိကြားမင်း သိရှိသောအခါ လူ့ပြည်သို့ ဆင်းသက်လာသည်။ နေမိမင်းကြီးရှေ့၌ ကိုယ်ထင်ပြလျက် “အရှင်မင်းကြီး အလှူပေးခြင်းထက် သီလ စောင့်ခြင်းက ပို၍ အကျိုးကြီးပါသည်” ဟုု ဟောပြောသည်။ ထို့နောက် တာဝတိံသာ နတ်ပြည်သို့ ပြန်ကြွသွားလေသည်။

ထိုအကြောင်းကို တာဝတိံသာနတ်ပြည်ရှိ နတ်များ သိရှိကြသောအခါ နေမိမင်းကြီးကို ဖူးတွေ့လိုသော ဆန္ဒများ ဖြစ်ပေါ်လာကြသည်။ သို့ဖြင့် နေမိမင်းကြီးကို နတ်ပြည်သို့ ပင့်ဆောင် ပြသပါရန် သိကြားမင်းအား တောင်းပန်ကြသည်။ သိကြားမင်းလည်း နတ်တို့ အလိုကို လိုက်လျောသည်။ မာတလိနတ်သားအား “နေမိမင်းကြီးကို ပင့်ဆောင်လော့” ဟူ၍ စေခိုင်းသည်။ မာတလိနတ်သားသည် သိန္ဓောမြင်း တစ်ထောင်ကသော ဝေဇယန္တာ ရထားဖြင့် နေမိမင်းကြီးကို လာရောက်ခေါ်သည်။ မိထိလာ ပြည်သူတို့ အံ့သြကာ ရင်သပ်ရှုမော ကြည့်ရှုကြသည်။

မာတလိသည် နေမိမင်းကြီးကို ပင့်ဖိတ်သည်။ မင်းကြီးလည်း နတ်ပြည်ကို မရောက်ဖူးသဖြင့် ဝမ်းမြောက် ဝမ်းသာ လက်ခံလိုက်သည်။ ပြည်သူတို့နှင့် နန်းတွင်းသူ နန်းတွင်းသားတို့အား “မကြာမီ ငါ ပြန်လာခဲ့မည်။ ကုသိုလ်ကောင်းမှုတို့ကိုသာ မမေ့မလျော့ဘဲ ပြုကြပါ” ဟူ၍ မှာကြားသည်။ 

မာတလိက နေမိမင်းကို နတ်ပြည်ကြွဖို့ ရထားထက်ပင့် လာပြီး နတ်ပြည်ကိုသွားရာ လမ်းနှစ်လမ်း ရှိတယ်။ တစ်လမ်းက ငရဲလမ်း တစ်လမ်းက နတ်လမ်းဖြစ်တယ်။ ဘယ်လမ်းက သွားချင်သလဲ လို့မေးတယ်။ နေမိ မင်း က ငါဟာ ငရဲဘုံရော၊ နတ်ဘုံရော မမြင်ဖူးဘူး….။ မြင်ဖူးအောင် နှစ်လမ်းလုံးက သွားချင်တယ်လို့ ပြောတယ်။ မာတလိ က ငရဲလမ်းရော နတ်လမ်းရော တစ် ပြိုင်နက်တည်း သွားလို့မဖြစ်ဘူး။ ဘယ်လမ်းကဦးစွာ ကြွလိုပါသလဲ လို့မေးတော့ နေမိမင်း က ငရဲလမ်းကို ဦးစွာသွားမယ်လို့ ပြောတယ်။ ဒါကြောင့် မာတလိနတ်သား ဟာ ဝေဇယန္တာ ရထားကို ငရဲလမ်းက ဦးစွာနှင်တယ်။

သည် ငရဲကြီးတွေက မြေကြီး အတွင်းက ငရဲတွေ မဟုတ်ဘူး။ ကောင်းကင် မှာမြေပြင် မှာတည် နေကြ တဲ့ကြိမ်ပိုက် ငရဲ ခွေးစား ငရဲစတဲ့ ဥဿဒ ငရဲများ ကိုဆိုလိုတယ်။ မာတလိနတ်သား ဟာ ငရဲဘုံ ကိုပြ ပြီးတော့ နတ်ဘုံ ရှိရာ ကောင်းကင် ထက် ကို ရထား ကို ဦးလှည့်ပြီးတော့ မောင်း တယ်။ နတ်လမ်းခရီးမှာ ဗရဏီ နတ်သမီးဗိမာန် သောဏဒီနိ နတ်သားဗိမာန်၊ ဖာလ်ဗိ မာန်၊ မြ ဗိမာန်၊ ကြောင်မျက်ရွဲ ဗိမာန်စသည်တို့ကိုပြနေတုန်း သိကြားမင်းထံ ကအထောက်တော်ရောက်ခဲ့လို့ တာဝတိ ံသာသို့ ရှေးရှုပြီး ရထားကိုနှင်ခဲ့တယ်။

ရထား ဘယ်ရောက်လာ သလဲဆိုတော့ မြင်းမိုရ်တောင်ကို ရံပြီးတည်နေတဲ့ တောင်စဉ် ၇ ထပ်ဆီ ရောက်လာတယ်။ အဲဒီအခါ နေမိမင်းက သည်တောင်တွေ က ဘာတောင်တွေခေါ်ပါသလဲ လို့မေးတော့ မာတလိနတ် သားက သုဒဿနော တရဝီကော၊ ဤသ ဝရော ယုဂန္ဓရော၊ နေမိန္ဒရော ဝိနတကော၊ အဿကဏ္ဍော ဂီရိဗြဟ္မာစသော ဂါထာဖြင့် သုဒဿန စတဲ့ တောင်စဉ် ခုနှစ်ထပ် ဖြစ်ကြောင်း ပြောကြားပြီး တောင်စဉ် ခုနှစ်ထပ်မှ တစ်ဖန် စတုမဟာရာဇ် ဘုံ များ ကို ပြသတယ်။ ပြီးမှ တာဝတိ ံသာနတ်ပြည်ကို တက်တယ်။

 ၇ ရက်မြောက်သောနေ့မှာ လူ့ပြည်ပြန်လာပြီး နတ်ပြည်၊ ငရဲပြည်အတွေ့အကြုံများကို ပြန်လည်ဟောပြောတယ်။ တစ်နေ့ ဆတ္တာသည်က မင်းကြီးရဲ့ ဆံကေသာကိုရှင်းလင်းပေးရာမှ ငွေကေသာတစ်ပင် ရှင်သန်နေကြောင်း လျှောက်ကြားလေတော့ ဆတ္တာသည်ကြီးကို ဆုတော်ငွေများနှင့်အတူ မြို့စားရာထူး အပ်နှင်းလိုက်တယ်။ နောက် ရ ရက်အတွင်းမှာဘဲ သားတော်ထံ ထီးနန်းအပ်နှင်း၍  လျှော်သင်္ကန်းကိုဝတ်လျက် ရဟန်းပြုကာ ဘဝဆုံးတိုင် တရားအားထုတ်ခဲ့လေတော့သည်။

ဓမ္မမိတ်ဆွေများအားလုံး နိဗ္ဗာန်၏
အထောက်အပံ့ဖြစ်ကြပါစေ...။

မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)စုစည်း၍ဓမ္မဒါနပြုပါသည် ။


ေနမိဇာတ္​ေတာ္​
~~~~~~~~~~
ေရွးသေရာအခါက မိထီလာျပည္၌ တရားႏွင့္အညီမင္းျပဳေသာ မဃေဒ၀မည္ေသာမင္းသည္ ျဖစ္ေပၚခဲ့၏။ ထိုမင္းသည္ ဥပုသ္ေန႕တိုင္း သီလေဆာက္တည္ေလ့ရွိ၏။ မိမိေခါင္း၌ ဆံပင္ျဖဴတစ္ေခ်ာင္း ေပါက္ခဲ့ေသာ ေျပာျပရန္ ဆတၱာသည္ (ဆံညွပ္သမား)အား မွာထားေလ၏။ ႏွစ္မ်ားစြာၾကာေသာအခါ ဆတၱာသည္သည္ မင္းႀကီးေခါင္း၌ ဆံျဖဴတစ္ေခ်ာင္း ေပါက္ေနသည္ကို ေမြးညပ္ျဖင့္ႏႈတ္၍ မင္းႀကီးအား ျပသေလ၏။

မင္းႀကီးလည္း ထိုဆတၱာသည္အား ရြာဆုေပး၍ သားေတာ္ႀကီး အိမ္ေရွ႕မင္းသားကို ေခၚၿပီး “ခ်စ္သား၊ ငါ့အား ေသမင္းတမန္မ်ားသည္ ျဖစ္ေပၚ၍ လာေလၿပီ၊ ငါသည္ လူ႕ေလာက၌ ကာမဂုဏ္တို႕ကို ခံစားၿပီးျဖစ္၍ နတ္ကာမဂုဏ္တို႕ကို ရွာရန္ အခ်ိန္တန္ၿပီ၊ သင္သည္ ႏိုင္ငံကိုအုပ္ခ်ဳပ္ မင္းလုပ္ေလာ့” ဟု မိန္႕ၾကား၍ ထီးနန္းကို လႊဲအပ္ေလ၏။ ေခါင္း၌ ဆံျဖဴတစ္ေခ်ာင္းေပါက္လွ်င္ ေတာ္ထြက္ တရားရွာမွီးျခင္း ဟူေသာ က်င့္၀တ္ကို စဥ္လာမပ်က္ ဆက္လက္ လိုက္နာရန္ႏွင့္ မင္းက်င့္တရားႏွင့္အညီ တိုင္းျပည္အုပ္ခ်ဳပ္ မင္းလုပ္ရန္လည္း သြန္သင္ဆံုးမခဲ့ေလ၏။

မဃေဒ၀မင္းသည္ ထိုေန႕မွစ၍ ဖန္ရည္ဆိုးေသာ အ၀တ္ကို ၀တ္ဆင္ကာ မဃေဒ၀ဥယ်ာဥ္ေတာ္၌ အရပ္ဆယ္မ်က္ႏွာတို႕သို႕ ျဗဟၼ၀ိဟာရတရားျဖင့္ ျဖန္႕က်က္၍ ေနထိုင္ေတာ္မူ၏။ ထိုမင္းသည္ ကေလးသူငယ္ဘ၀ျဖင့္ ႏွစ္ေပါင္းရွစ္ေသာင္း ေလးေထာင္၊ အိမ္ေရွ႕မင္းအျဖစ္ျဖင့္ ႏွစ္ေပါင္းရွစ္ေသာင္း ေလးေထာင္၊ ျပည့္ရွင္မင္းအျဖစ္ျဖင့္ ႏွစ္ေပါင္းရွစ္ေသာင္ းေလးေထာင္၊ ရေသ့ရဟန္းအျဖစ္ျဖင့္ ႏွစ္ေပါင္း ရွစ္ေသာင္းေလးေထာင္ေနၿပီး ကြယ္လြန္ေသာအခါ ျဗဟၼျပည္သို႕ လားေရာက္ရေလ၏။
သားေတာ္မင္းမွစ၍ ရွစ္ေသာင္းေလးေထာင္ေသာ မင္းတို႕သည္ မဃေဒ၀မင္းႀကီး၏ နည္းလမ္း၊ သြန္သင္ဆံုးမခ်က္ႏွင့္အညီ မင္းျပဳ၍ မိထီလာျပည္သည္ ႏွစ္ေပါင္းမ်ားစြာ စည္ပင္၀ေျပာလွ်က္ ရွိခဲ့ေပ၏။ ဆံျဖဴတစ္ပင္ ေပါက္သည္ႏွင့္ အိမ္ေရွ႕စံကို နန္းလႊဲအပ္၍ မိမိတို႕အတြက္ သံသရာရိကၡာထုပ္ကို ကိုယ္စီထုပ္ပိုး သြားႏိုင္ၾကေလ၏။
လူတို႕၏ ပထမအရြယ္သည္ ပညာရွာမွီးျခင္းျဖင့္ ကုန္ဆံုးေစျခင္းကို ထိုမင္းသားတို႕သည္ ျပဳမူေဆာင္ရြက္ ႏိုင္ခဲ့ၾက၏။ 

အခ်ိန္တန္အရြယ္ေရာက္လို႕ ဒုတိယအရြယ္မွာ တာ၀န္ထမ္းေဆာင္ဖို႕ အခ်ိန္က်စဥ္မွာလဲ သူတို႕သည္ တာ၀န္ေက်ပြန္ျခင္းျဖင့္ မိထီလာျပည္ႀကီးကို သာယာ၀ေျပာ ေစခဲ့၏။ တတိယအရြယ္ တရားရွာရမည္အခ်ိန္ ဆံပင္ျဖဴတစ္ေခ်ာင္း ေပါက္တယ္ဆုိရင္လဲ ေသမင္းတမန္ အမိန္႕ေတာ္ဟုခံယူလွ်က္ တရားဘာ၀နာဘက္၌ စိတ္ကိုညႊတ္ေစကာ သားေတာ္ႀကီးကို ထီးနန္း လႊဲအပ္ကာ ေတာထြက္ရဟန္းျပဳျခင္းျဖင့္ ျဗဟၼျပည္သုိ႕ တက္လွမ္းႏိုင္ခဲ့ၾက၏။
မဃေဒ၀မင္း၏ လမ္းစဥ္ႏွင့္ ထိုလမ္းစဥ္အတုိင္း လိုက္နာေဆာင္ရြက္ေသာ ရွစ္ေသာင္း ေလးေထာင္ေသာ မင္းအေပါင္းတို႕၏ စိတ္ဓာတ္သည္ ခ်ီးက်ဴးစရာပင္ ျဖစ္၏။ ေနမိမင္း လက္ထက္အထိ ရွစ္ေသာင္း ေလးေထာင္ေသာမင္းတို႕သည္ မိထီလာျပည္၏ အစဥ္အလာကို ထိန္းသိမ္ႏိုင္ခဲ့ၾကေလ၏။

ေနမိမင္း၏သားေတာ္ ကဠာရဇနက မင္းလက္ထက္တြင္ကား ဘိုးေဘးတို႕၏ အစဥ္အလာသည္ ပ်က္၍သြားေတာ့၏။ ဆံျဖဴတစ္ေခါင္းလံုးေပါက္ေသာ္လည္း ထီးနန္းမစြန္႕ ေတာမထြက္ပဲ အသက္ ထက္ဆံုး မင္းစည္းစိမ္ကို ခံစားလွ်က္ ေနေတာ့၏။ ထိုမင္းအား မိထီလာျပည္၏ အဆံုးစြန္ေသာမင္းဟူ၍ ပိဋကတ္ေတာ္၌ မွတ္တမ္းျပဳထားေလ၏။

(မွတ္ခ်က္။ ထို မဃေဒ၀မင္း သည္လည္းေကာင္း၊ သားစဥ္ေျမးဆက္ ေနမိမင္းသည္လည္းေကာင္း ၂ ပါးလံုးသည္ ေဂါတမျမတ္စြာဘုရား အေလာင္းအလ်ာမ်ားျဖစ္သည္ဟု မွတ္သားရပါသည္)

တစ္ရံေရာအခါ ဝိေဒဟရာဇ္တိုင္း၊ မိထီလာျပည္၌ မဃေဒဝမင္း စိုးစံသည္။ ထိုမင္းသည္ တရားေတာ္၌ ေမြ႔ေလ်ာ္သည္။ အသက္ႀကီးရင့္၍ ဆံပင္ျဖဴလာလွ်င္ ရဟန္းျပဳ၍ ေတာထြက္မည္ဟု ဆံုးျဖတ္ထားသည္။ ဆံပင္၊ မုတ္ဆိတ္တို႔ကို ျပဳျပင္ေပးေသာ ဆတၱာသည္အား မိမိ၏ ဆံပင္ျဖဴလာလွ်င္ ေလွ်ာက္ထားရန္ မွာၾကားထားသည္။ တစ္ေန႔ေသာအခါ ဆတၱာသည္ သည္ မင္းႀကီး၏ ဦးေခါင္း၌ ဆံပင္ျဖဴ တစ္ပင္ကို ေတြ႔ျမင္သည္။ ထိုအခါ “အရွင္မင္းႀကီး- ဦးေခါင္းေတာ္၌ ဆံပင္ျဖဴ တစ္ပင္ ေတြ႔ျမင္ပါသည္” ဟူ၍ ေလွ်ာက္ထားသည္။

မင္းႀကီးလည္း သားေတာ္ အိမ္ေရွ႕မင္းသားကို ထီးနန္းေပးအပ္လိုက္သည္။ မိမိနည္းတူ “ဆံပင္ျဖဴကို ျမင္ေတြ႕လွ်င္ ေတာထြက္ပါ”ဟူ၍ မွာၾကားသည္။ ထို႔ေနာက္ ထီးနန္းကို စြန္႔သည္။ ရဟန္းျပဳ၍ ေတာထြက္ သြားေလသည္။ ဤသို႔လွ်င္ သား၊ ေျမး၊ ျမစ္ အဆက္ဆက္တို႔သည္ ထီးနန္းကို စိုးစံၾကသည္။ ဆံပင္ျဖဴေသာအခါ ေတာထြက္ၾကသည္။ ထိုမဃေဒဝမင္းမွ ရွစ္သိန္း သံုးေသာင္း တစ္ေထာင္ ကိုးရာ ကိုးဆယ္ေျမာက္ေသာ မင္းသည္ မိထိလာျပည္၌ ဆက္လက္ စိုးစံသည္။ ထိုမင္းတြင္ ေနမိကုမာရ အမည္ရွိေသာ သားေတာ္ တစ္ပါးရွိသည္။ ထိုေနမိ မင္းသားသည္ ငယ္ရြယ္စဥ္မွစ၍ အလွဴေပးသည္။ သီလ ေဆာက္တည္သည္။

ေရွးအစဥ္အလာအတိုင္း ခမည္းေတာ္သည္ ဆံပင္ျဖဴေသာအခါ ေတာထြက္သည္။ ထိုအခါ ေနမိမင္းသား သည္ ထီးနန္းကို ဆက္ခံရသည္။ ေနမိမင္းသည္ တိုင္းျပည္ကို မင္းက်င့္တရားႏွင့္ အညီ အုပ္ခ်ဳပ္သည္။ ထို႔အျပင္ ၿမိဳ႕တံခါးေလးခုႏွင့္ ၿမိဳ႕လယ္တို႔၌ အလွဴမ႑ပ္ ငါးခု ေဆာက္သည္။ အလွဴမ႑ပ္ တစ္ခုစီတြင္ အသျပာ တစ္သိန္း က်စီျဖင့္ ေန႔စဥ္ေပးလွဴသည္။ ငါးပါးသီလကို အၿမဲ ေစာင့္ထိန္းသည္။ ဥပုသ္ကို လျပည့္ လကြယ္ေန႔တိုင္း ေဆာက္တည္သည္။ တိုင္းသူျပည္သားတို႔ကို ကုသိုလ္ ေကာင္းမႈျပဳရန္ တိုက္တြန္းသည္။
ေနမိမင္း၏ အဆံုးအမကို နာယူၾကသူတို႔သည္ ကြယ္လြန္ေသာအခါ နတ္ျပည္သို႔ ေရာက္ၾကေလသည္။ ဤတြင္ နတ္ျပည္မွာ နတ္ဦးေရ တိုးပြားစည္ကားေန၏။ ငရဲျပည္ကား ေျခာက္ကပ္ေနသည္။ တစ္ေန႔တြင္ ေနမိမင္းႀကီးသည္ အလွဴေပးျခင္းႏွင့္ သီလ ေဆာက္တည္ျခင္းတြင္ မည္သည္က ပို၍ အက်ိဳးႀကီးေၾကာင္း စဥ္းစား ေတြးေတာကာ ဆံုးျဖတ္မရႏိုင္ေအာင္ ရွိေလသည္။

ဤသို႔ ေတြးႀကံသည္ကို သိၾကားမင္း သိရွိေသာအခါ လူ႔ျပည္သို႔ ဆင္းသက္လာသည္။ ေနမိမင္းႀကီးေရွ႕၌ ကိုယ္ထင္ျပလ်က္ “အရွင္မင္းႀကီး အလွဴေပးျခင္းထက္ သီလ ေစာင့္ျခင္းက ပို၍ အက်ိဳးႀကီးပါသည္” ဟုု ေဟာေျပာသည္။ ထို႔ေနာက္ တာဝတႎသာ နတ္ျပည္သို႔ ျပန္ႂကြသြားေလသည္။

ထိုအေၾကာင္းကို တာဝတႎသာနတ္ျပည္ရွိ နတ္မ်ား သိရွိၾကေသာအခါ ေနမိမင္းႀကီးကို ဖူးေတြ႔လိုေသာ ဆႏၵမ်ား ျဖစ္ေပၚလာၾကသည္။ သို႔ျဖင့္ ေနမိမင္းႀကီးကို နတ္ျပည္သို႔ ပင့္ေဆာင္ ျပသပါရန္ သိၾကားမင္းအား ေတာင္းပန္ၾကသည္။ သိၾကားမင္းလည္း နတ္တို႔ အလိုကို လိုက္ေလ်ာသည္။ မာတလိနတ္သားအား “ေနမိမင္းႀကီးကို ပင့္ေဆာင္ေလာ့” ဟူ၍ ေစခိုင္းသည္။ မာတလိနတ္သားသည္ သိေႏၶာျမင္း တစ္ေထာင္ကေသာ ေဝဇယႏၲာ ရထားျဖင့္ ေနမိမင္းႀကီးကို လာေရာက္ေခၚသည္။ မိထိလာ ျပည္သူတို႔ အံ့ၾသကာ ရင္သပ္ရႈေမာ ၾကည့္ရႈၾကသည္။

မာတလိသည္ ေနမိမင္းႀကီးကို ပင့္ဖိတ္သည္။ မင္းႀကီးလည္း နတ္ျပည္ကို မေရာက္ဖူးသျဖင့္ ဝမ္းေျမာက္ ဝမ္းသာ လက္ခံလိုက္သည္။ ျပည္သူတို႔ႏွင့္ နန္းတြင္းသူ နန္းတြင္းသားတို႔အား “မၾကာမီ ငါ ျပန္လာခဲ့မည္။ ကုသိုလ္ေကာင္းမႈတို႔ကိုသာ မေမ့မေလ်ာ့ဘဲ ျပဳၾကပါ” ဟူ၍ မွာၾကားသည္။ 

မာတလိက ေနမိမင္းကို နတ္ျပည္ၾကြဖို႔ ရထားထက္ပင့္ လာၿပီး နတ္ျပည္ကိုသြားရာ လမ္းႏွစ္လမ္း ရွိတယ္။ တစ္လမ္းက ငရဲလမ္း တစ္လမ္းက နတ္လမ္းျဖစ္တယ္။ ဘယ္လမ္းက သြားခ်င္သလဲ လို႔ေမးတယ္။ ေနမိ မင္း က ငါဟာ ငရဲဘံုေရာ၊ နတ္ဘံုေရာ မျမင္ဖူးဘူး….။ ျမင္ဖူးေအာင္ ႏွစ္လမ္းလံုးက သြားခ်င္တယ္လို႔ ေျပာတယ္။ မာတလိ က ငရဲလမ္းေရာ နတ္လမ္းေရာ တစ္ ၿပိဳင္နက္တည္း သြားလို႔မျဖစ္ဘူး။ ဘယ္လမ္းကဦးစြာ ၾကြလိုပါသလဲ လို႔ေမးေတာ့ ေနမိမင္း က ငရဲလမ္းကို ဦးစြာသြားမယ္လို႔ ေျပာတယ္။ ဒါေၾကာင့္ မာတလိနတ္သား ဟာ ေ၀ဇယႏၱာ ရထားကို ငရဲလမ္းက ဦးစြာႏွင္တယ္။

သည္ ငရဲႀကီးေတြက ေျမႀကီး အတြင္းက ငရဲေတြ မဟုတ္ဘူး။ ေကာင္းကင္ မွာေျမျပင္ မွာတည္ ေနၾက တဲ့ႀကိမ္ပိုက္ ငရဲ ေခြးစား ငရဲစတဲ့ ဥႆဒ ငရဲမ်ား ကိုဆိုလိုတယ္။ မာတလိနတ္သား ဟာ ငရဲဘံု ကိုျပ ၿပီးေတာ့ နတ္ဘံု ရွိရာ ေကာင္းကင္ ထက္ ကို ရထား ကို ဦးလွည့္ၿပီးေတာ့ ေမာင္း တယ္။ နတ္လမ္းခရီးမွာ ဗရဏီ နတ္သမီးဗိမာန္ ေသာဏဒီနိ နတ္သားဗိမာန္၊ ဖာလ္ဗိ မာန္၊ ျမ ဗိမာန္၊ ေၾကာင္မ်က္ရြဲ ဗိမာန္စသည္တို႔ကိုျပေနတုန္း သိၾကားမင္းထံ ကအေထာက္ေတာ္ေရာက္ခဲ့လို႔ တာ၀တိ ံသာသို႔ ေရွး႐ႈၿပီး ရထားကိုႏွင္ခဲ့တယ္။

ရထား ဘယ္ေရာက္လာ သလဲဆိုေတာ့ ျမင္းမိုရ္ေတာင္ကို ရံၿပီးတည္ေနတဲ့ ေတာင္စဥ္ ၇ ထပ္ဆီ ေရာက္လာတယ္။ အဲဒီအခါ ေနမိမင္းက သည္ေတာင္ေတြ က ဘာေတာင္ေတြေခၚပါသလဲ လို႔ေမးေတာ့ မာတလိနတ္ သားက သုဒႆေနာ တရ၀ီေကာ၊ ဤသ ၀ေရာ ယုဂႏၶေရာ၊ ေနမိႏၵေရာ ၀ိနတေကာ၊ အႆကေ႑ာ ဂီရိျဗဟၼာစေသာ ဂါထာျဖင့္ သုဒႆန စတဲ့ ေတာင္စဥ္ ခုႏွစ္ထပ္ ျဖစ္ေၾကာင္း ေျပာၾကားၿပီး ေတာင္စဥ္ ခုႏွစ္ထပ္မွ တစ္ဖန္ စတုမဟာရာဇ္ ဘံု မ်ား ကို ျပသတယ္။ ၿပီးမွ တာ၀တိ ံသာနတ္ျပည္ကို တက္တယ္။

 ၇ ရက္ေျမာက္ေသာေန႔မွာ လူ႔ျပည္ျပန္လာၿပီး နတ္ျပည္၊ ငရဲျပည္အေတြ႕အၾကံဳမ်ားကို ျပန္လည္ေဟာေျပာတယ္။ တစ္ေန႔ ဆတၱာသည္က မင္းႀကီးရဲ႕ ဆံေကသာကိုရွင္းလင္းေပးရာမွ ေငြေကသာတစ္ပင္ ရွင္သန္ေနေၾကာင္း ေလွ်ာက္ၾကားေလေတာ့ ဆတၱာသည္ႀကီးကို ဆုေတာ္ေငြမ်ားႏွင့္အတူ ၿမိဳ႕စားရာထူး အပ္ႏွင္းလိုက္တယ္။ ေနာက္ ရ ရက္အတြင္းမွာဘဲ သားေတာ္ထံ ထီးနန္းအပ္ႏွင္း၍  ေလွ်ာ္သကၤန္းကို၀တ္လ်က္ ရဟန္းျပဳကာ ဘ၀ဆံုးတိုင္ တရားအားထုတ္ခဲ့ေလေတာ့သည္။

ဓမၼမိတ္ေဆြမ်ားအားလုံး နိဗၺာန္​၏
အ​ေထာက္​အပ့ံျဖစ္​ၾကပါ​ေစ...။

မ်ိဳးဆက္​သစ္​အရွင္​(ဖို​ေလးလုံး)စုစည္​း၍ဓမၼဒါနျပဳပါသည္​ ။

No comments:

Post a Comment