တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရ၏ အတွေ့အကြုံ
နှင့် အဆုံးအမဩဝါဒ
တစ်ညနေ ဘုန်းကြီးဆီကို လူတစ်ယောက်ရောက်လာပြီး လာကန်တော့တယ် ။ အဖြူရောင်အဝတ်နဲ့ ....
" အရှင်ဘုရား မေတ္တာပို့ပေးပါ ပရိတ်တော်တွေလည်း ရွတ်ပေးပါ...."လို့ လျှောက်ထားတယ် ။ ခဏအကြာ ဘုန်းကြီးရှေ့ကပြန်ထွက်သွားပြီး တောင်တစ်ခုလုံး လင်းထိန်သွားတာ
တွေ့လိုက်ရတယ်။ တောင်စောင့်နတ်ကြီးကိုး ။
ဝိဇ္ဇာတွေလာဖူးကြတယ်
တစ်ညကျတော့ အတော်လေးအေးလို့
ဘုန်းကြီးစောင်အထပ်ထပ်ခြုံပြီး လှဲနေတုန်း အလွန်မွှေးကြိုင်တဲ့ ရနံ့တွေနဲ့အတူ ဟိမဝန္တာကဝိဇ္ဇာနှစ်ပါး ဘုန်းကြီးနားမှာ မတ်တပ်ရပ်ပီး ဘုန်းကြီးကိုကန်တော့နေကြတာတွေ့လိုက်တယ်။ တစ်ကိုယ်လုံး နုညံ့တဲ့အနီရောင်အမွှေးအမှင်တွေ ဖုံးအုပ်ထားတယ်။ " ဘာလာလုပ်တာလဲ...."
လို့မေးတော့ " အရှင်ဘုရားရဲ့ သီလသမာဓိပညာကို ကြည်ညိုလို့ လာကန်တော့တာပါဘုရား..."တဲ့ ။
တစ်ကျောင်းလုံး သူတို့ကိုယ်က
အရောင်အဝါတွေနဲ့ လင်းနေတယ် ။
တစ်နေ့မှာတော့ အပေါ်က လေယာဉ်ပျံအသံလိုကြားပြီး ဘုန်းကြီးရှေ့ကို ဝိဇ္ဇာတစ်ပါးကျလာတယ်။ " တပည့်တော်ဝိဇ္ဇာဓိုရ် ဦးကျော်ပါဘုရား...."လို့လျောက်ထားပြီး သူကလည်း
"အရှင်ဘုရားရဲ့သီလ သမာဓိ ပညာ
ကျော်ကြားလို့ လာပြီးဖူးတာပါဘုရား...."တဲ့ ။ ပရိတ်ရွတ်ပေးဖို့နဲ့ မေတ္တာပွါးပေးဖို့ လျောက်ထားပြီး ဘုန်းကြီးကို သက်တမ်းရှည်အောင် သူပေါင်နဲ့ ပေါင်တစ်ဖက်ချင်း လဲဖို့လျောက်ထားတယ် ။
ဘုန်းကြီးက တကာ့ပေါင်ကို ပြပါဦးလို့ဆိုတော့ဝိဇ္ဇာဓိုလ်ကသူ့ပေါင်ကိုြပတယ်။ဒါနဲ့ ဘုန်းကြီးက "တကာ
ဦးကျော်ရေ ....ပေါင်တစ်ဖက်မည်း တစ်ဖက်ဖြူနဲ့ မဖြစ်သေးပါဘူး...."
လို့ ပြန်ပြောလိုက်တယ်။ ခဏကြာတော့ လက်အုပ်ချီရင်း ကောင်းကင်ပေါ် ပျံတက်သွားတယ် ။
ကပ္ပိယကြီးတွမ်မှုံ
ဘုန်းကြီးကိုကြည်ညိုလို့ အနီးနားရွာကနေလာပြီးဝေယျာဝစ္စတွေ လုပ်ကိုင်ပေးနေတဲ့ ဂေါရခါးလူမျိုး " တွမ်မှုံ" ဆိုတဲ့ ကပ္ပိယကြီး တစ်ယောက်ရှိတယ် ။
နောက် မကျန်းမာဖြစ်ပြီး ကွယ်လွန်သွားတယ်။တနေ့ ဘုန်းကြီးနေပူစာလှုံနေတုန်း လက်ပေါ်ကိုငှက်ကလေးတစ်ကောင်လာနားတယ်။ ကြည့်လိုက်တော့ တွမ်မှုံ ဖြစ်နေတယ် ။
ဒါနဲ့ ဘုန်းကြီးက "ဟဲ့ …နင်တွမ်မှုံ မဟုတ်လား...." လို့ပြောလိုက်တော့ ကျိကျော် ကျိကျော်လို့အော်ပြီးပြန်ထွက်သွားတယ် ။ တော်ကြာ အနီရောင်ငှက်လေးဖြစ်လိုက် အပြာရောင်ငှက်လေးဖြစ်လိုက်နဲ့ ငှက်ဘဝ ခြောက်ခါလောက်ဖြစ်တယ် ။
တွမ်မှုံ မလာတာကြာလို့ ဘယ်ဘဝများရောက်နေပါလိမ့်လို့ ဘုန်းကြီးတွေးနေတုန်း နေပူမှာလှမ်းထားတဲ့ သင်္ကန်းပေါ်မှာ ကင်းခြေများကြီးတစ်ကောင် ရောက်နေတာတွေ့ရတယ်။
တွမ်မှုံ က ကင်းခြေများဖြစ်နေတာကိုး ….ဒါနဲ့ ဘုန်းကြီးက " ဟဲ့ တွမ်မှုံ …. နင့်ကို…. သူများနင်းမိရင်လည်း မကောင်းဘူး …. နင်းမိလို့ ပြန်ကိုက်ရင်လည်း မကောင်းဘူး။ ငါ့ကျောင်းကို ဧည့်သည်တွေလာကြလိမ့်မယ် သွားတော့...."လို့ပြောတော့ တလှုပ်လှုပ်နဲ့ ပြန်ထွက်သွားတယ် ။
ကင်းခြေများဘဝကနေ အတော်လေးကြာတော့ မြွေစိမ်းလေးဖြစ်လိုက်၊ အနီလေးဖြစ်လိုက်နဲ့ …
တစ်နေ့ ရေအိုးစင်မှာရေသောက်နေတုန်း ခြေထောက်ကို ခေါင်းနဲ့လာထိနေလို့ ကြည့်လိုက်တော့ တွမ်မှုံဖြစ်နေတယ် မြွေမဘဝရောက်နေပြန်တယ်။ ခဏကြာတော့ နောက်ဆုတ်နောက်ဆုတ်နဲ့ကျောင်းဝကိုပြန်ထွက်သွားတယ်။ သူ့လင်နဲ့ သားနှစ်ကောင်က မဝင်ရဲလို့ ကျောင်းခြံဝမှာကျန်ခဲ့တာကို သွားခေါ်လာပြီး မြွေလေးကောင်ကဘုန်းကြီးခြေထောက်ကို
ခေါင်းတွေနဲ့ထိထိပြီးကန်တော့နေကြတယ် ။
ကန်တော့ပီးတဲ့အခါ နောက်ဆုတ် နောက်ဆုတ်နဲ့ ပြန်ထွက်သွားကြတယ် ။ ခုတော့ ဘယ်ဘဝတွေ ရောက်နေမှန်းတောင်မသိတော့ဘူး။ အတူနေခဲ့ဖူးတဲ့ သံယောဇဉ်ပါပဲ ။
ဘုန်းကြီးပြောချင်တာက လူ့ဘဝကနေ တိရစ္ဆာန်ဘဝကို ရောက်သွားရင်တော်တော်နဲ့ လူပြန်မဖြစ်တော့ဘူး။*
ဒါ့ကြောင့် ရခဲတဲ့လူ့ဘဝရောက်တုန်းမှာ ဒါန သီလ ဘာဝနာကို မမေ့ကြနဲ့
ကုသိုလ်များများလုပ်ကြဖို့ ဘုန်းကြီးတိုက်တွန်းပါတယ်။
တောင်တန်းသာသနာပြုဆရာတော်ကြီးဦးဥတ္တမသာရ၏ ဩဝါဒ
No comments:
Post a Comment