🌹🌹 ရွှေအိုးမြှုပ်နှံခြင်း 🌹🌹
အခါတစ်ပါးမှာ
ဘုရားရှင်ကိုယ်တော်မြတ်ကြီး
သာဝတ္ထိမြို့က သူဋ္ဌေးအိမ်မှာ
ဆွမ်းဘုန်းပေးနေတယ်...
အဲဒီအချိန်မှာ
ကောသလမင်းရဲ့
မင်းချင်းတစ်ယောက်က
အဲဒီသူဋ္ဌေးကြီးကို
ဘဏ္ဏာရေးကိစ္စအတွက်
အစည်းအဝေးတက်ဖို့်
ဘုရင့်အမိန့်နဲ့ လာခေါ်တယ်တဲ့...
သူဋ္ဌေးကြီးက
"အေး..ငါလာခဲ့ပါ့မယ်၊
အခုလောလောဆယ်
ငါရွှေအိုးမြှုပ်နေတယ်လို့
ဘုရင်ကြီးကိုပြောပေးပါ"တဲ့...
အဲဒီစကားကို
မြတ်စွာဘုရားကကြားပြီး
ဆွမ်းအနုမောဒနာတရားဟောတော့
ရွှေအိုးမြှုပ်နှံခြင်းနဲ့စပ်လျဉ်းပြီး
အခုလိုဟောပါတယ်...
ပုထုဇဉ်လူသားတွေဟာ
ရွှေငွေအဖိုးတန်ပစ္စည်းတွေကို
နောင်တစ်ချိန်မှာသုံးစွဲနိုင်ဖို့
မြေကြီးမှာမြှုပ်နှံထားကြတယ်တဲ့...
အဲဒီလိုမြှုပ်ထားတဲ့ပစ္စည်းတွေဟာ
နောင်တစ်ချိန်မှာ
အဲဒီပုဂ္ဂိုလ် သုံးချင်သုံးရမယ်၊
သုံးချင်မှလည်း သုံးရမယ်၊
မသေချာပါဘူးတဲ့...
ဘာကြောင့်လဲဆိုတော့
အဲဒီမြှုပ်နှံထားတာတွေကို
သိတဲ့သူတွေ ယူချင်ယူနိုင်တယ်၊
မြေကြောကလည်းပြောင်းနိုင်တယ်၊
ရေတိုက်စားသွားနိုင်တယ်၊
သူအလိုလိုလည်းပျက်စီးနိုင်တယ်၊
အကြောင်းအမျိုးမျိုးကြောင့်
ပျက်စီးဆုံရှုံးသွားနိုင်ပါတယ်တဲ့...
ကုသိုလ်ကောင်းမှုဆိုတဲ့
ရွှေအိုးကြီးကိုမြှုပ်နှံထားရင်တော့
နောင်တစ်ချိန်မှာ
အကျိူ းမပြီးအချည်းနှီးဆိုတာ
မရှိပါဘူးတဲ့...
ဘယ်သူ့မှလည်း
အနိုင်အထက်လုယူလို့မရဘူး၊
အစဉ်သဖြင့် ကိုယ်နဲ့မကွာ
ရှိနေပါတယ်တဲ့...
အရေးအကြီးဆုံးကတော့
အားလုံးကိုစွန့်ခွာပြီး
သွားရတဲ့အခါမှာတော့
အဲဒီရွှေအိုးကြီးတွေကိုယူပြီး
သွားလို့ရပါတယ်တဲ့...
* သစ္စာရွှေစည်ဆရာတော်
🙏🙏🙏
No comments:
Post a Comment