ညီကိုမောင်နှမဖြစ်စေ
ဆွေမျိုး မိတ်ဆွေ အပေါင်းသင်း သူငယ်ချင်းဖြစ်စေ
လင်နဲ့မယားဖြစ်စေ
ရှေ့ရှေ့ သံသရာဘဝက
ကုသိုလ်အတူပြုခဲ့ဖူးသောကြောင့်လည်းကောင်း။
လက်ရှိ ပစ္စုပ္ပန်မှာ
တစ်ယောက်ကောင်းကျိုး တစ်ယောက်
လိုလား လုပ်ဆောင်ပေး၍သော်လည်းကောင်း
တွေ့ရ ကြုံရ ဆုံရ ရင်းနှီးရ ချစ်ခင်ခဲ့ရတယ်။
ပုထုဇဥ်သို့သဘော
အတ္တအခြေခံ၍ စိတ်သဘောထား
မတိုက်ဆိုင်တော့၍ ခွဲရ ခွာရ ဝေးကွာခဲ့ရသော်
အငြိုး အတေး အမုန်း အာဃာတတွေနဲ့
ပြတ်ဆဲဖို့ လမ်းခွဲဖို့ မရည်ရွယ်ကြပါနဲ့။
သံသရာက ဒီတစ်ဘဝတည်းနဲ့ မဆုံးသေးဘူးလေ။
ဘာမဟုတ်တဲ့ အထင်လွဲမူလေးနဲ့
ဆဒ္ဒန်ဆင်မင်းအပေါ် ရန်ငြိုးဖွဲ့ခဲ့လို့
ရင်ကွဲနာကျ သေပွဲဝင်ခဲ့ရတဲ့ စူဠသုဘဒ္ဒါလို။
ဒေါသနဲ့ ကြိမ်ဆဲ ဆုတောင်းမှားခဲ့လို့
သားသေ လင်ဆုံး အရူးမီးဝိုင်း ဖြစ်ခဲ့ရတဲ့
ပဋာစာရီအမျိုးသမီးလိုမျိုး။
မတရား လောဘဇောတိုက်၍
ဘုရားအလောင်းတော်အပေါ် ရန်ငြိုးဖွဲ့ခဲ့
လူမိုက်ရွဲကုန်သည်လိုမျိုး။
တစ်ဘဝ တဒင်္ဂ တခဏ ဒေါသ အမုန်းက
နောင်သံသရာအထိ သောက ဗျာပါဒ
ပူဆွေးခြင်း ငိုကြွေးခြင်းတွေကို
ဖြစ်စေတတ်ပါတယ်။
ဒါကြောင့်မို့
ကံကြောင့်ပဲပဲဆုံဆုံ
ဝဋ်ကြွေးကြောင့်ပဲတွေ့တွေ့
အငြိုး အတေး အမုန်းတရားတွေ
မထားကြပါနဲ့ လမ်းမခွဲကြပါနဲ့။
သံသရာက လမ်းမဆုံးသေးဘူး။
~~~~~~~~~~~~~~~~~~~~~~~~~
6.4.2023 Thu
No comments:
Post a Comment