____________________________
၁။ စိတ်ဆိုတာ နိုင်ဖို့ ခက်တယ်။
၂။ စိတ်ဆိုတာ အလွန်မြန်တဲ့
သဘောလည်း ရှိတယ်။
၃။ စိတ်ဆိုတာ ရောက်ချင်ရာကို
ရောက်တတ်တဲ့ သဘောလည်း ရှိတယ်။
ဒါပေမယ့် ဒီလို စိတ်ကိုပဲ ဆုံးမနိုင်အောင်
ကြိုးစားရမယ်။
ဆုံးမနိုင်ရင် ကောင်းတယ်။
ဘာကြောင့်တုန်း၊ ဆုံးမထားတဲ့စိတ်ဟာ
ချမ်းသာသုခ ဖြစ်စေလိမ့်မယ်။
ဒါယကာကြီးတို့ ဒါယိကာကြီးတို့
ဦးဇင်းတို့တစ်တွေ မသင့်တော်တာတွေကို
ပြောမိကြတယ်၊လုပ်မိကြတယ်ဆိုတာ
အခြေခံ ဘယ်ကစတုန်း၊ စိတ်က စတာနော်။
စိတ်ထဲမှာ ပြောချင်စိတ်တွေ
ပေါ်လာပြီးမှ ပြောရတာ။
လုပ်ချင်စိတ်တွေ ပေါ်လာပြီးမှ လုပ်ရတာ။
အစကနဦး စိတ်ထဲမှာကိုက
မကောင်းတာ ဖြစ်မနေဘူးဆိုရင်
မကောင်းတဲ့ အပြော ပြောမိစရာ
အကြောင်းကို မရှိဘူး။
မကောင်းတဲ့ အလုပ် လုပ်မိစရာ
အကြောင်းကို မရှိဘူး။
စိတ်ကိုသာ မနိုင်လို့ကတော့၊
စိတ်ကသာ မဟုတ်လို့ကတော့
အပြောလည်း ဟုတ်စရာအကြောင်း မရှိဘူး။
အလုပ်လည်း ဟုတ်စရာအကြောင်း မရှိဘူး။
အရှင်ဥတ္တမ(သစ္စာရွှေစည်)
ယောနိသောမနသိကာရတရားတော်မှ ကူးယူ ပူဇော်သည်။
No comments:
Post a Comment