ပုတီးတွေစိပ်ဘုရားစာတွေရွတ်ဖတ်နေပြီး... စိတ်က တစ်ခြားရောက်နေတော့ ဘာကုသိုလ်မှ မရဘူးလို့တော့ မပြောကြပါနဲ့။
ပုတီးဘဲ စိပ်နိုင်လား စိပ်ပါ...
ပရိတ်တွေ ပဋ္ဌာန်းတွေရော ရွတ်နိုင်သေးလား ရွတ်ပါ..
တရားပါထိုင်နိုင်သေးလား ထိုင်လိုက်ပါဦး အလွန်ကိုကောင်းပါတယ်။
တရားလေးလည်း နာပါဦး သီးသန့်မနာနိုင်ဘူးလား။ မျက်နှာသစ် သွားတိုက်ချိန် အစာစားချိန် အိမ်အလုပ်လုပ်နေတဲ့အချိန် ဖုန်းလေးနဲ့ဖွင့်ထားပြီး နာကြည့်ပါ။
နောက်ဆို တရားသံလေးမှ မကြားရရင်မနေနိုင် ဖြစ်လာပါလိမ့်မယ်။
ဘာမှမလုပ်ဘဲနဲ့ နေတာထက်စာရင် ပါးစပ်က ဘုရား တရားသံထွက်နေတာ မကောင်းဘူးလား။
သူများကို ဆဲနေတာမဟုတ်တဲ့အတွက် အလိုလို ကုသိုလ်ရနေတာပါ။
စိတ်ကတော့.......
လွင့်နေမှာဘဲ မလွင့်အောင် တဖြေးဖြေး ကျင့်ယူပါ။
ဘုရားစာတွေ ဗရွတ် ဗရွတ် ရွတ်လို့
ထီပေါက်လားဆိုတော့မပေါက်ပါဘူး။
မြတ်စွာဘုရားဟာလည်း တန်ခိုးရှင် မဟုတ်ပါဘူး။
ဒါပေမဲ့ ဘာရလဲ ဆိုတော့
စိတ်စွမ်းအင် မြင့်တက်လာတာပါ။
ကောင်းမှုကိုပြုလုပ်နေတယ် ဆိုတဲ့ စိတ်ကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာပြီးဘဝမှာ နေပျော်လာပါတယ်။
မကောင်းတာလုပ်ဖို့ တွန့်ဆုတ်လာလို့ ကုသိုလ် အလိုလိုရလာတယ်။
ဘာလေးလုပ်လုပ် အောင်မြင်လာတဲ့အခါ
ငါ့ရဲ့ကောင်းမှုကြောင့်ဆိုတဲ့ ပီတိ ရလာသလို မအောင်မြင်သေးရင်လည်းစိတ်မှာ ဖြေသိမ့်လာနိုင်ပြီး ရောင့်ရဲ လာတဲ့စိတ်ကြောင့်
ဘဝဟာ နေပျော်လာမှာပါ။
အတိတ်ရဲ့ကံကြွေးကို နားလည်နိုင်ပြီး ဘဝရဲ့အေးချမ်းမှုကို ရပါတယ်။
ဘဝရဲ့အေးချမ်းမှုဟာ
ဥစ္စာပစ္စည်းထက် တန်ဖိုးရှိပါတယ်။
ဘဝရဲ့အေးချမ်းမှုကိုရဖို့ ကောင်းမှုမှန်သမျှ လုပ်တဲ့နေရာမှာလူတန်းစားအမျိုးမျိုး
ဖြတ်သန်းရတဲ့ ဘဝအဖုံဖုံကြောင့်
ပြုလုပ်ပုံပြုလုပ်နည်း ပူဇော်ပုံပူဇော်နည်းတွေ ကွာတဲ့အခါ ကွာနေမယ်။
အသိတွေ...ကွာတန်သလောက်ကွာနေမယ်။
ဒါပေမဲ့ ဦးတည်ချက်က ...
အကုသိုလ်မလုပ်ဖြစ်တော့ပဲ ကုသိုလ်ရေနဖို့ပါပဲ။
🙏ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏
No comments:
Post a Comment