စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, March 7, 2024

စိတ်ညစ်စရာကြုံလာတဲ့အခါ..

စိတ်ညစ်စရာ ကြုံလာတဲ့အခါ 
________________________

စိတ်ဆင်းရဲစရာ မကျေနပ်စရာ 
ကောင်းတဲ့အနေအထားမျိုးတစ်ခု
ကြုံလာပြီဆိုရင် လူအများစုက 
ကံဆိုးတယ်လို့ ပြောကြတာပေါ့နော်။

အဲဒီလို အဆင်မပြေတဲ့ 
အခါကာလမျိုးမှာ
သြော် ဒါက သည်းခံဖို့ဆိုတဲ့
ခန္တီတရား,အမှန်အကန်
သိမြင်နားလည်မူဆိုတဲ့ ပညာတရား။
ဒါတွေ ဖြစ်အောင် လုပ်ဖို့အတွက် 
ဒါ အခွင့်အရေးပဲလို့များ
နားလည်မယ်ဆိုရင် အရမ်းကောင်းတယ်။

ကိုယ့်စိတ်ထဲက ဘယ်လို
နားလည်ထားသလဲ အပေါ်မှာ
အဓိက မူတည်တာနော်။

အပြစ်ဘေးလို့ ထင်ချင်တယ်
ဆိုရင်လည်း ထင်လို့ ရတယ်။
အဲဒါဆိုရင်တော့ တကယ်
အပြစ်ဘေး ဖြစ်သွားလိမ့်မယ်။

အခွင့်အရေးလို့ ထင်မယ်ဆိုရင်လည်း 
ထင်လို့ ရတယ်။

စိတ်မချမ်းသာစရာ ကောင်းတဲ့ 
အနေအထားမျိုးမှာ 
သည်းခံဖို့ ကြိုးစားဖို့
အကောင်းဆုံး အနေအထားပဲ။
ကျုပ်တို့တစ်တွေက
ဘယ်အချိန် သည်းခံကြမလဲ။

ဆင်းရဲတဲ့အချိန်မှာ
သည်းခံဖို့ ကြိုးစားရမှာနော်။
အဆင်မပြေ ဖြစ်တဲ့အချိန်
သည်းခံမူ ခန္တီပါရမီ ဖြည့်ဖို့
ကြိုးစားရမှာ။

အရှင်ဥတ္တမ(သစ္စာရွှေစည်)

No comments:

Post a Comment