စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, February 16, 2024

စကားကောင်း( ၁၀) မျိုး

စကားကောင်း (၁၀)မျိုး
_______☘🌷☘________

မေဃိယမထေရ်ကို ဟောထားတဲ့ 
မေဃိယသုတ္တန်မှာ "စေတောဝိမုတ္တိ၊ 
စိတ်၏ ကိလေသာမှ လွတ်မြောက်မူ"ကို 
ရင့်ကျက်စေမယ့် တရားငါးမျိုး ဟောထားတာ 
ရှိပါတယ်။

၁။ မိတ်ဆွေကောင်း ရှိခြင်း

၂။ သီလရှိခြင်း

၃။ စကားကောင်းကို လွယ်ကူစွာ 
နားထောင်ခွင့် ရခြင်း

၄။ ဝီရိယရှိခြင်း

၅။ ပညာရှိခြင်းတို့ ဖြစ်ပါတယ်။

အဲဒီအထဲက တတိယအင်္ဂါရပ်ဖြစ်တဲ့ စကားကောင်းကို လွယ်ကူစွာ နားထောင်ခွင့်ရှိခြင်း
ဆိုတာနဲ့ ပတ်သတ်ပြီး ဟောထားပုံကို 
မူရင်းအတိုင်း ကြည်ညိုကြည့်ပါအုံး။

"မေဃိယ နောက်တစ်မျိုးကာ-

ရဟန်းသည် (ကိလေသာကို) အလွန်ခေါင်းပါးစေတတ်သော စိတ်ကိုဖွင့်ခြင်းအား လျောက်ပတ်သော-

၁။ အလိုနည်းမူနင့် စပ်သောစကား

၂။ ရောင့်ရဲလွယ်မူနင့်စပ်သောစကား

၃။ ကင်းဆိတ်မူနင့် စပ်သောစကား

၄။ မရောနှောမူနင့် စပ်သောစကား

၅။ ဝီရိယကို အားထုတ်မူနင့် စပ်သောစကား

၆။ သီလနင့် စပ်သောစကား

၇။ သမာဓိနင့် စပ်သောစကား

၈။ ပညာနင့် စပ်သောစကား

၉။ ဝိမုတ္တိနင့် စပ်သောစကား

၁၀။ ဝိမုတ်တ်တိ ဉာဏဒဿန=အရဟတ္တဖိုလ်ကို ဆင်ခြင် တတ်သော ပစ္စဝေက္ခဏာဉာဏ်အမြင်နဲ့စပ်သောစကား ဟူသော ဤသို့သဘောရှိသော စကားကို---

 အလိုရှိတိုင်း ရ၏။ မငြိုမငြင် ရ၏။ မပင်မပန်း ရ၏။

မေဃိယ၊ ဤသည်ကား မရင့်ကျက်သော စိတ်၏ ကိလေသာမှ လွတ်မြောက်မူ "စေတောဝိမုတ္တိ"ကို 
ရင့်ကျက်စေရန် တတိယတရား ဖြစ်၏။

ဒီနေရာမှာ စကားကောင်း (၁၀)မျိုးကို "အလိုရှိတိုင်း ရ၏။ မငြိုမငြင် ရ၏။ မပင်မပန်း ရ၏"ဆိုတဲ့ စကားက သတိထားစရာ ဖြစ်ပါတယ်။

စကားကောင်းတွေကို အလွယ်တကူ ကြိုက်သလို နား ထောင်ခွင့် ရခြင်းဟာ ဘဝသံသရာမှ လွတ်မြောက်ဖို့အ တွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်တယ်ဆိုတာကို သဘော ပေါက်ရမှာ ဖြစ်ပါတယ်။

              သစ္စာရွှေစည်ဆရာတော်

#စကားတို့၏အစွမ်း စာအုပ်မှ ကူးယူ ပူဇော်သည်။

No comments:

Post a Comment