လောကဓံတရား(၈)ပါး ဆိုသည်မှာ..
လောကဓံ=လောကဓမ္မ=လောကမှာ ဖြစ်ပျက်နေတဲ့ တရားတွေက ဘာတွေလဲ။ ရှေးဦးစွာ သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကလို့ လောကသုံးပါးရှိတာကို မှတ်သားရပါမယ်။
သတ္တဝါအားလုံးကို စုပေါင်းပြီး သတ္တလောကလို့ခေါ်တယ်။ သတ္တဝါတစ်ဦးစီဟာလည်း သတ္တလောကတစ်ခုစီဖြစ်တယ်လို့ မှတ်ယူရပါမယ်။
သတ္တဝါတို့ရဲ့ ဖြစ်ရာဘုံဌာနများက သြကာသလောက လို့ ခေါ်တယ်။ အကုသိုလ်ကံ ကုသိုလ်ကံတွေ အကျိုးပေးတဲ့အတိုင်း သတ္တဝါများ ဖြစ်ပေါ်ကြရတဲ့ ဘုံဌာနတွေက ၃၁-ဘုံရှိပါတယ်။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ် ၄-ဘုံ၊ လူ့ပြည်နဲ့ နတ်ပြည် ၆-ထပ် ဆိုတဲ့ ကာမသုဂတိ ၇-ဘုံနဲ့ ဗြဟ္မာဘုံ ၂၀-ဘုံတို့ ဖြစ်ကြပါတယ်။
ဘုံဌာန တစ်ခုစီဟာ သြကာသလောက တစ်ခုပါပဲ။
သက်ရှိသတ္တဝါများနဲ့ သက်မဲ့အရာ၀တ္ထုများကိုဖြစ်ပေါ်စေကြတဲ့ ရုပ်တရား နာမ်တရားဟူသမျှကို သင်္ခါရလောကလို့ခေါ်တယ်။
လောကဓံဆိုတဲ့ လောကဓမ္မဟာ သတ္တဝါတို့ မလွှဲမရှောင်သာဘဲ အမြဲထိတွေ့ ခံစားနေကြရမယ့် တရားတွေပါပဲ။ လောကဓံသုတ်တော်မှာ လောကဓံတရား ၈-ပါး အကြောင်းကို မြတ်စွာဘုရား ဟောကြားတော်မှုထားပါတယ်။ အဲဒီ လောကဓံတရား (၈)ပါးတွေကတော့
(၁) လာဘ=လာဘ်ရခြင်း။
ပင်ပင်ပန်းပန်းရှာကြံ လုပ်ကိုင်လို့ပဲဖြစ်ဖြစ်၊ မရှာကြံရတဲ့ကံအားလျောစွာ အလွယ်တကူပဲဖြစ်ဖြစ်၊ ပစ္စည်းဥစ္စာတွေ ရရှိလာတာကို လာဘ်ရတယ်လို့ ခေါ်ပါတယ်။
(၂) အလာဘ = လာဘ်မရခြင်း။
နှစ်သက်လိုချင်စဖွယ် အသုံးကျတဲ့ ၀တ်ထုပစ်စညျးတှကေို မရရှိခြင်းနဲ့ ရထားပြီးတဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရူံးသွားခြင်းတို့ကို လာဘ်မရခြင်းလို့ ခေါ်ပါတယ်။
(၃) ယသ = အခြွေအရံများခြင်း။
အိမ်ထောင်ဖက်၊ သားသမီး၊ မိတ်ဆွေသင်္ဂဟများနဲ့ တပည့်တပန်းများကို အခြွေအရံလို့ ခေါ်ပါတယ်။ ဒါတွေ ရှိတာဟာ အခြွေအရံရှိတာပါပဲ။
(၄) အယသ = အခြွေအရံမရှိခြင်း။
အထက်ကဆိုခဲ့တဲ့ အခြွေအရံမရှိဘ၀ကိုရော ၊ ရှိပြီးတဲ့ အခြွေအရံတွေ ဆုံးရူံးပျက်စီးသွားတာကိုရော အယသလို့ ခေါ်တယ်။
(၅) နိန္ဒာ = ကဲ့ရဲ့ခြင်းနဲ့ အကဲ့ရဲ့ခံရခြင်း။
(၆) ပသံသာ = ချီးမွမ်းခြင်းနဲ့ အချီးမွမ်းခံရခြင်း။
(၇) သုခ = ချမ်းသာခြင်း။
ကိုယ်ချမ်းသာခြင်းနှင့်၊ စိတ်ချမ်းသာခြင်း ၂မျိုးလုံးကိုဆိုလိုပါတယ်။
(၈) ဒုက္ခ = ဆင်းရဲခြင်း။
ကိုယ်ဆင်းရဲခြင်းနဲ့ စိတ်ဆင်းရဲခြင်း ၂-မျိုးကို ဆိုလိုပါတယ်။
အကောင်းတရားက ၄-မျိုး၊ မကောင်းတရားက ၄-မျိုး၊ ဒီတရား (၈)မျိုးဟာ သတ္တဝါတို့ရဲ့ နောက်ကို အရိပ်သဖွယ်အမြဲ လိုက်နေကြပါတယ်။
အကောင်းတရားများနဲ့ ဆုံတွေ့ရတဲ့အခါ ပုထုဇဉ်လူသားတို့က နှစ်သက် ၀မျးမွောကျ ပြုးရွှင် ပျော်မြူးကြတယ်။
ဆိုးတရားများနဲ့ ဆုံတွေ့တဲ့အခါမှာတော့ ၀မျးနညျးကွကှေဲမဲ့ရှဲ့ကာ ငိုယိုနေတတ်ကြတယ်။
Life is not a bed of roses.
ဘ၀ဆိုတာ နှင်းဆီပန်းမွေ့ရာ မဟုတ်ဘူး။
Life is full of ups and downs.
ဘ၀ဆိုတာ အတက်အကျများနဲ့ ပြည့်နှက်နေတယ်။
ဒီစာသားလေးကတော့ ဖတ်ဖူးတာလေးထည့်ရေးပြတာပါ။
လံကဓော=လောကဓံမှာ အများသူ ငါ စုန်တစ်ခါ ဆန်တစ်ချက်၊ ပေါ်တစ်လှည့် မြုပ်တစ်လီ၊ ကြည်တစ်တန် ငိုတစ်တန်နဲ့ အဖန်ဖန် ဆုံတွေ့ရမှာပဲ။ ဘုရားရဟန္တာများတောင်မှ လောကဓံတရားများနဲ့ မဆုံတွေ့အောင် မကွင်းရှောင်နိုင်ကြပါဘူး။
ဒါကြောင့် ဘယ်လိုပဲ ဆုတောင်းဆုတောင်း လောကဓံအကောင်းအဆိုးတို့နဲ့ ဆုံတိုးရစေမှာပဲ။ ဆုံတိုးတဲ့ အခါမှာသာ လှိုင်းပုတ်ခံကြရတဲ့ လှေငယ်လှေကြီးတွေလို နစ်မြုပ်မသွားဘဲ ပေါ်နေနိုင်ဖို့ အရေးကြီးပါတယ်။ ကျောက်စာတိုင်ကဲ့သို့ မယိမ်းမယိုင်ဘဲ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်နေနိုင်ရင် အကောင်းဆုံးပေါ့နော်။
ပုထုဇဉ်များအတွက် လောကဓံ လှိုင်းဂယက်မျာ နစ်မြုပ်မသွားအောင် ယောနိသော မနသိက္ခာရရှိဖို့ အလွန်လိုအပ်တယ်ဆိုတာကို အသိပေးပြောကြားလိုက်ချင်ပါတယ်။
No comments:
Post a Comment