စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, May 3, 2016

အဖိုးကြီးအို ခါး​ကောင်းတုန်း

အဖိုးကြီးအို ခါးကောင်းတုန်း မသေရာရှာကိုး။
*****************************************

အဖိုး = အဖိုးတန်ဆုံးသောလူ့ဘဝကို
ကြီး  = ကြီးကျယ်မြင့်မြတ်စွာရလာပြီးမှ
အို  =  အိုနာသေဘေးလွတ်ဖို့
ခါး  = ခါးသီးသောဒုက္ခဆိုးမှလွတ်ဖို့
ကောင်း  = ကောင်းသောတွေးခြင်း ပြောခြင်း ပြုမှုခြင်းများနှင့်
တုန်း = တုန်းသောဥာဏ်ထက်မြတ်ချွန်မြလိုက်စမ်းပါ
မသေရာ= မသေရာ (အမတ)နိဗ္ဗာန်ရှိတယ်

ရှာ= ရှာဖွေတရား ငါးပါးခန္ဓာမှာ အမတ ရှိတယ်
ကိုး = ကိုးပါးဂုဏ်ရှင်တရား သိ ပယ် ပွား လျက်ကျင့်ရမယ်။

နောင်နှစ်ခါတန်ဆောင်မုန်း ပွဲကြည့်ပါအုံး။
***************************************

နောင် = နောင်မှတတဲ့ နောင်တ မရပါစေနဲ့။
နှစ် = နှစ်သက်ပျော်ပါးခြင်းတွေလွှတ်ချထားခဲ့ပါ။
ခါ = အခါသင့်ချိန်မဆုံးရှုံးဖို့လိုပါပြီ။
တန် = တန်ဖိုးသိမှ တန်ဖိုးရှိမယ်။
ဆောင် = ဆောင်သင်တာဆောင်ရမယ့်ကုသိုလ်ရဖို့
မုန်း = မုန်းမာန်ငြိုးတွေ ပြေရမယ်။
ပွဲ = ပွဲလည်တင့်ဖို့
ကြည့် = ကြည့်မြင်သမျှ အနိစ္စဟု မှတ်ရမယ်။
ပါ = ပါသမျှ ကံ မာန်မာန ခဝါချ၍
အုံး = အုံးစက်ရာဟာ စိတ်ပါရင် ရိပ်သာအဖြစ်မှတ်ရမယ်။

တွေးမိသမျှ တရား
ကုသိုလ်ပွားစေပါတယ်။
ဘုန်းဘုန်းရဲ့အတွေးစကားလုံးလေးတွေကို
စာပန်းချီခြယ်၍ မျှဝေလိုက်ပါတယ်။

cd: original writer.

No comments:

Post a Comment