ဘာကြောင့်တရားကျင့်တာလဲ ???
"တရားလက်လွတ်ငှက်တောင်ကျွတ်"ဟု
အဆိုရှိပါသည်၊အဓိပ္ပါယ်မှာမူငှက်၏အားကိုး
အားထားစရာကားအတောင်ပင်ဖြစ်၏၊
အတောင်ကျွတ်အတောင်ကျိုးသွားပါကအား
ကိုးရာမဲ့ပြီးအောက်ကျသွားမှာသေချာပါသည်။
ထို့အတူသံသရာခရီးသွားလောကသား
အများအတွက်အားကိုးအားထားစရာအစစ်မှန်သည် မြတ်ဗုဒ္ဓ ၏"ဓမ္မ "တရားသာဖြစ်ပေ
သည်၊စား ဝတ် နေရေး တဏှာခိုင်းသည့်
ကိလေသာ အရေးကိစ္စတွေနှင့်အချိန်ကုန်သွားခဲ့ပါမူ တရားလက်လွတ်သွားတတ်သည့်
သဘောကြောင့်ငှက်တောင်ကျွတ်ပမာအောက်အပါယ်ဘုံသို့ကျသွားရပါမည်။
ထို့ကြောင့်"တရားလက်လွတ်လျှင်ငှက်တောင်
ကျွတ်"ဖြစ်သွားမည်ဟုဆိုကြခြင်းပင်ဖြစ်၏။
No comments:
Post a Comment