သူပေးတဲ့အပူငြိမ်းကာယူ
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
သူပြောတဲ့စကား ငါ့ကိုစော်ကား
စဉ်းစားတိုင်းဒေါသပွား၊တွေးမိတိုင်း
သောကပွား၊ပြောတဲ့သူက မေ့မေ့ပျောက်
ပျောက် ငါ့ရင်မှာတော့ မီးတွေတောက်။
ကြာလာတော့စိတ်ပြေ မေ့လိုက်တော့
သက်သာ ခွင့်လွှတ်တော့ချမ်းသာ ၊
တရားခံက ငါ့ဒေါသ၊ ငါ့မာန၊ငါ့အတ္တ။
သူပေးတဲ့အပူ မယူလဲရရဲ့သားနဲ့ နောက်များ
ဆိုမယူဖို့ ငါ့စိတ်ကိုဆုံးမစို့။
No comments:
Post a Comment