စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, April 21, 2017

ဘုရားလောင်းမွေးမွေးဖွားချင်းစကားပြောသောဘဝသုံးဘဝ

ဘုရားလောင်းမွေးမွေးဖွားချင်းစကားပြောသောဘဝသုံးဘဝ

၁။ ဘုရားအလောင်းတော်မဟောသဓာသုခမိန်ဘဝ၌အမိဝမ်းကဖွားမြင်လာချိန်ဝယ်စန္ဒကူးနံ့သာတုံးနှစ်တုံးကိုကိုင်လျက်ဖွားမြင်လာသည်ကိုမြင်သောမယ်တော်က မေးရာ အလောင်းတော်က ဆေးပါဟု ဖြေကြားခဲ့လေသည်။

၂။ ဘုရားအလောင်းတော်ဝေဿန္တရာမင်းဘဝ၌ မွေးမွေးချင်းလျှင်မယ်တော်ကိုလှူစရာဘာရှိပါသလဲ?
အလှူလှူချင်သည်ဟုပြောဆိုကာမွေးဖွားလာသည်။

၃။ ဘုရားလောင်းသိဒ္ဓတ္ထမင်းသားဘဝမှာတော့ ငါသည်လောကမှာအမြတ်ဆုံးဖြစ်သည်။
ငါသည်လောကမှာအကြီးအကဲဆုံးဖြစ်သည်။
ငါသည်လောကမှာအချီးမွမ်းအပ်ဆုံးသူဖြစ်သည်။

သိဒ္ဓတ္ထမင်းသားမွေးဖွားရာ၌ ဗေဒင်တွက်ပေးသောပုဏ္ဏားပညာရှိ ၈ ယောက်
၁။ ဓဇပုဏ္ဏား
၂။ လက္ခဏပုဏ္ဏား
၃။ ဇောတိမန္တပုဏ္ဏား
၎။ ယညပုဏ္ဏား
၅။ သုဘောဇပဏ္ဏား
၆။ သုယာမပုဏ္ဏား
၇။ ရာမပုဏ္ဏား
၈။ သုဒတ္တပုဏ္ဏား(ကောဏ္ဍည)

(မဟာဗုဒ္ဓဝင် ဒုတိယတွဲ-၆၆)

Credit ===> thotuzana ဘ​လော့

No comments:

Post a Comment