ဦးဇောတိက၏ထေရုပ္ပတ္တိအကျဉ်း
®®©©©©©©©©©©©©©©©©©©©®@@@@®©©©©©©©©©
ဆရာတော်ဟာ
လွတ်လပ်သောစိတ်ဖြင့် ဘာသာတရားမျိုးစုံကို လေ့လာခဲ့ပြီး
နောက်ဆုံး ဗုဒ္ဒဘာသာကို လေ့လာမိကာ
ဗုဒ္ဒ၏ သားတော် သံဃာတော်အဖြစ်ခံခဲ့ပြီး မိမိရှာဖွေတွေ့ရှိသည့်
တရားတော် များကိုလူတိုင်း(အထူးသဖြင့်) ခေတ်လူငယ်တွေ
နားလည်အောင် အတွေးအမြင်အသစ်ဖြင့် ရေးသား၊ဟောပြော ခဲ့ပါတယ်။
ဆရာတော်လောင်းလျာကို ခမည်းတော် ဦးဆက်တား နှင့် မယ်တော် ဒေါ်တင် တို့မှ သြဂုတ်လ ၁၅ ရက်နေ့၊ ၁၉၄၇ မှာ မွေးဖွားပါတယ်။ မိဘများဟာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြပါတယ်။ ရန်ကုန် စက်မူတက္ကသိုလ်ကနေ အင်ဂျင်နီယာဘွဲ့ ရပါတယ်။
ငယ်စဉ်ကတည်းက ဘာသာအယူဝါဒတွေကို မိမိလက်လှမ်းမှီသလောက်
လေ့လာခဲ့ပါတယ်။ ခရစ်ယာန်၊ဟိန္ဒူ ၊ဂျူး အစရှိတဲ့ ကမ္ဘာသာသာကြီးတွေကို
လေ့လာခဲ့ပြီး နောက်ဆုံး ဗုဒ္ဒဘာသာကို လေ့လာရာ မိမိလိုချင်သော အဖြေ များကို အကုန်ရှာတွေ့သဖြင့် အသက် ၂၅ တွင် မိဘဆွေမျိုးတွေ ဆန့်ကျင့်သည့် ကြားမှ ဗုဒ္ဒဘာသာ ရဟန်းတော်အဖြစ် ခံယူခဲ့ပါတယ်။
ဆရာတော်ဟာ ၀ိပသနာတရားတော်များကို လေ့လာရင်း နိုင်ငံခြား အမေရိကန် သို့လည်း သာသနာပြု ကြွခဲ့ပါသေးတယ်။ ၂၀၀၁ ခုနစ်မှာ ပျဉ်းမနား အနီးမှာရှိတဲ့ မဟာမြိုင်တောရမှာ သီတင်းသုံးတော်မူခဲ့ပါတယ်။ စာအုပ်များကို ရေးသားထုတ်ဝေနေခဲ့ပါတယ်။
ဆရာတော်ရဲ့ တရားစာပေများဟာ ဖတ်တဲ့သူတွေကို အားဖြစ်စေသလို၊ စိတ်ဓါတ်ကျနေရင် ဆရာတော်ရဲ့ တရားနာကြည့်ပါ။ စိတ်သစ်၊လူသစ် ဖြစ်လာပါတယ်။ ဆရာတော်ကို ဤ ထေရုပ္ပတ္တိအကျဉ်းဖြင့် ရိုသေစွာ လက်စုံမိုးပြီး ရှစ်ခိုးလိုက်ပါတယ်ဘုရား။
(first eleven ဂျာနယ် က လွတ်လပ်သော စိတ်ပိုင်ရှင် (ဦးဇောတိက) ကနေ ကောက်နုတ်ပါတယ်)
Posted by မူကြိုဆရာ
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Monday, April 24, 2017
်ဦးဇောတိက၏ထေရုပ္ပတ္တိအကျဉ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment