စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, April 3, 2017

ဒုက္ကရစရိယ၆နှစ်ကျော်ကျင့်ခဲ့ရခြင်း၏ အတိတ်ဝစီကံ

ဒုက္ကရစရိယ၆နှစ်ကျော်ကျင့်ခဲ့ရခြင်း၏ အတိတ်ဝစီကံ
======================================================
လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ဘုရားဖြစ်ရန်ကျင့်ခဲ့ပြီး သော ဂေါတမဘုရားရှင်သည် နောက်ဆုံးဘုရားဖြစ် မည့်ဘ၀တွင် ဘုရားဖြစ်ရန်ဒုက္ကရစရိယ အကျင့်ကို အခြားသော ဘုရားများက ၆ရက်၊ ၁ရက်၊ နေ့ဝက် စသည် ကျင့်ခဲ့ရသလို မကျင့်နိုင်ဘဲ ၆နှစ်တိတိ ကျင့် ခဲ့ရခြင်းမှာ အတိတ်ဘ၀ကပြုခဲ့သော ၀စီနုတ်ထွက် ကြောင့်ဖြစ်ပါသည်။

ကဿပဘုရားရှင်လက်ထက်တွင် ဂေါတမဘုရား လောင်းသည်ဃဋိကာရအိုးထိန်းသည်၏သူငယ်ချင်း ဇောတတိပါလပုဏ္ဏားလုလင် ဖြစ်ခဲ့သည်။ လောကတွင်ကဿပဘုရားရှင်ပွင့်တော်မူလာ၍ ထိုဘုရားရှင်သည်ဘုရားဖြစ်ရန်ဒုက္ကရစရိယအကျင့် ကို၆ရက်မျှကျင့်ခဲ့သဖြင့် ဘုရားအဖြစ်သို့ ရောက်ခဲ့ ရသည်ဟု ဃဋိကာရသူငယ်ချင်းက ပြောပြသည်ကို ဇာတိမာန်မာနဖြင့် ဒီဦးပြည်ကတုံးက ဤမျှ ကျင့်ရုံဖြင့် သဗ္ဗညုတ ဉာဏ်ကို အဘယ်မှာ ရနိုင်ပါမလဲ။ သဗ္ဗညုတဉာဏ် သည် အလွန်ရခဲသောအရာဖြစ်သည်။ ဟုနှုတ်ဖြင့် ကြမ်းတမ်းစွာပြောဆိုခဲ့သည်။ ကဿပဘုရားရှင်၏ ၆ရက်မျှကျင့်သဖြင့် သဗ္ဗ ညုတဉာဏ်ကိုရသည့်အဖြစ်မှန်ကို သိသောအခါ၌ လည်း ဒီဘုရား၆ရက်ကျင့်၍ ဘုရားဖြစ်လျှင်ငါကျလျှင် ၆နှစ်ကျင့်ပြမည် ဟုမထီမဲ့မြင်စကားဆိုခဲ့သည်။ ဂေါတမဘုရားရှင်ကိုယ်တိုင် အနောတတ္ထအိုင်၌ နေတော်မူစဉ် ရဟန်းတော်အပေါင်းကို ငါသည် ဇောတိပါလလုလင် ဖြစ်သောအခါ ကဿပဘုရားရှင်ကိုဒီဦးပြည်ရဟန်းက သဗ္ဗညုတ ဉာဏ်တော်သည် အလွန်ရခဲသောအရာဖြစ်သည်။ ဟုပြောဆိုခဲ့၏။

တက္ကသိုလ်သျှင်သီရိ ( ဓမ္မာစရိယဘီအေ ) တစ်စက္ကန့်ဒေါသစကားပေးဆပ်ရသည်ကအလွန်များ စာအုပ်မှ
......................................................

စိမ့်​စိမ်းပညာ​ရေး ဘ​လော့မှ ကူယူ​ဖော်​ပြသည်​။

No comments:

Post a Comment