#ဈာန်အဘိဉာဏ်ရဖူးသူ ၏ ဝန်ခံချက်
******************************
ရဟန်းသုံးကျိတ်တို့သည် ကလျာဏီမဟာစေတီကို
ရှိခိုးပူဇော်ပြီး၍ တောလမ်းခရီးဖြင့်ပြန်လာကြသော
အခါ ခရီးအကြားတွင် ကိုင်းလုပ်ရန် တောရှင်း၍
မီးရှို့ကာလာနေသောလူတစ်ယောက်ကိုမြင်ကြရာ
ထိုသူမှာ မီးလောင်ထားသော သစ်တုံးတစ်ခုကို
ထမ်းလျက် ဆံပင်စုတ်ဖွါး ကိုယ်လက်တို့တွင်လည်း
အိုးမဲတွေပေကျံ၍ ကြည့်မကောင်းအောင် ရှိနေသ
ဖြင့် ရဟန်းငယ်များသည် တစ်ပါးကို တစ်ပါးကြည့်
ကာ " ဟိုမှာ ------ ကိုရင့် ဘကြီး ၊ ကိုယ်တော့်ဦး
လေးစသည်ဖြင့်လှောင်ပြောင်သရော်ကြလေသည် ။
အနီးနားရောက်သောအခါ " ဒကာကြီး
သင့်နာမည် ဘယ်လိုခေါ်သလဲ " ဟု မေးကြလေ
သည် ။ ထိုသို့နာမည်မေးလိုက်သောအခါ ထိုသူ
သည် စိတ်ထိခိုက်ကာ နှလုံးမသာမယာဖြင့် ထမ်း
လာသောတုံးကြီးကို ပြစ်ချလိုက်ပြီးလျှင် ဖရိုဖရဲ
ဝတ်ပြီး ခါးတောင်းကျိုက်လာသော ပုဆိုးစုတ်ကို
ကောင်းမွန်စွာ ပြင်ဆင်စွာဝတ်ပြီး မထေရ်ကြီးတို့ကို
ရိုသေစွာ ရှိခိုး၍ " အရှင်ဘုရားများ ! ခေတ္တဆိုင်း
ပါ " ဟု လျှောက်ပြီးလျှင် မထေရ်တို့ ရပ်နေစဉ်၌
ပင် ရဟန်းငယ်တို့အား လှောင်ပြောင်မြဲ လှောင်
ပြောင်ကြလေသေးသည် ။ ထိုအခါတွင် ထိုသူက
" အရှင်ဘုရားများ ! အရှင်တို့သည် တပည့်တော်
၏ ဤဤအခြေအနေကိုသာကြည့်၍ လှောင်ပြောင်
ရယ်မောကြသည် ။ တပည့်တော်ကို ဤမျှသာဟု
အမှတ်မပြုကြပါနှင့် တပည့်တော်သည်လွန်ခဲ့သော
တစ်ချိန်ကအရှင်တို့လို ရဟန်းဖြစ်ခဲ့ဖူးသူပါ ၊ အရှင်
ဘုရားတို့မှာ #စိတ်ငြိမ်သက်မှုမျှပင် မရှိပါ ။
တပည့်တော်မှာ သာသနာတွင် အလွန်တန်
ခိုးကြီးခဲ့ပါသည် ၊ အာနုဘြော်ကီးခဲ့ပါသည်၊ ကောင်း
ကင်ကို မြေကြီးပြု၍ မြေကြီးကိုလည်း ကောင်း
ကင်ဖြစ်အောင် ပြုနိုင်ခဲ့ပါသည် ။ အဝေးကို အနီး
ဖြစ်အောင် ၊ အနီးကိုလည်း အဝေးဖြစ်အောင် ပြု
စွမ်းနိုင်ခဲ့ပါသည် ။ စကြာဝဠာတစ်ထောင်ကို ခဏ
ချင်းဖြင့် ထွင်းဖေါက် သွားရောက်နိုင်ခဲ့ပါသည် ။ တပည့်တော်၏ လက်တို့ကိုကြည့်ပါ ယခုအခါ ပေ
ကျံကွဲချနေ၍ မျောက်လက်နှင့်ပင် တူနေပါသည် ။
ဤလက်ဖြင့် တစ်ချိန်က ဤလိုနေရာမှာထိုင်လျက်
လ , နေ တို့ကို သုံးသပ်ကိုင်တွယ်ခဲ့ပါသည် ။ တ
ပည့်တော်၏ ဤခြေတို့ဖြင့် လ , နေ တို့ကို ခြေ
ပွတ်အိုးခြမ်းအဖြစ် အသုံးပြုခဲ့ပါသည် ။
ယင်းသို့ တန်ခိုးအမျိုးမျိုး ဣဒ္ဓိပါဒ်အဖုံဖုံတို့
နှင့် ပြည့်စုံခဲ့သော တပည့်တော်မှာ ထိုဈာန် အဘိ
ဉာဏ်တို့ကို အားကိုးသမှုပြု၍ မပြိုမကွဲခိုင်မြဲသော
တရားကို အမှတ်မှားကာ မေ့လျော့မှုကြောင့် ထို
ဈာန်အဘိဉာဏ်တို့ ကွယ်ပျောက်ကာ အားကိုးရာ
မဲ့ ယခုဘဝ ဤအခြေအနေကိုသာ ရှုတော်မူကြပါ။
" တုမှေမာ ပမဇ္ဇိတ္ထ ၊ အရှင်ဘုရားတို့ မမေ့မလျော့
ကြပါကုန်လိမ့် "
" ပမာ ဒေနဟိ ဧဝရူပံ ဗျသနံ ပါပုဏန္တိ ၊ မေ့
လျော့လျှင် တပည့်တော်လို ပျက်စီးကြပါလိမ့်မည် "
" အပ္ပမတ္တာ ဝိဟရန္တာ ဇာတိ ဇရာ မရဏဿ
အန္တံ ကရောန္တိ ၊ မမေ့မလျော့ နေကြပါလျှင် ဖြစ်
ခြင်း ၊ အိုခြင်း ၊ သေခြင်း အဆုံးကိုရောက်အောင်
ပြုနိုင်ကြပါကုန်မည် ။
" တသ္မာ တုမှေမညေဝ အာရမ္မဏံ ကရိတွာ
အပ္ဗမတ္တာ ဟောထတန္တေ ၊ ထို့ကြောင့် အရှင်ဘု
ရားတို့သည် တပည့်တော်၏ဤဤအဖြစ်ကို သံဝေ
ဂယူ၍ မမေ့မလျော့ဘဲ အားမကိုးလောက်သည့်
ဈာန်အဘိဉာဏ်တရားသည် ပျက်ခြင်း ၊ အဖန်ဖန်
ဆင်းရဲခြင်း ပြောင်းလဲဖေါက်ပြန်တတ်သော သ
ဘောရှိသည်ကို သိတတ်သော ဝိပဿနာဉာဏ်ပ
ညာဖြင့် ဒုက္ခဇာတ်သိမ်း ငြိမ်းရာကိုရအောင် နှလုံး
သွင်းတော်မူကြပါ " ဟု
လျှောက်ထားလေရာ ရဟန်းသုံးကျိတ်တို့သည်
လွန်စွာထိတ့်လန့်ခြင်း သံဝေဂတို့ ရကြကုန်၍
ငြိမ်သက်စွာ ကြွတော်မူကြပြီးလျှင် ဝိပဿနာ တ
ရားကို ကြိုးစား၍ အားထုတ်ကြလေသောကြောင့်
အားလုံးပင် ရဟန္တာ ဖြစ်တော်မူကြကုန်လေ၏ ။
[ ဤကား မဇၶ်ိမ ပဏၰာသ႒ကထာ - ၁၇၂ ။
သမ္မော အဋ္ဌကထာ - ၂၈၂ အရ မြန်မာပြန်သည် ]
#ဆရာကြီး__ဦးကြည် ၏
မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်မှ ထုတ်ယူပူဇော်ပါသည်
2018 . 5 . 6
From-Min Soe
No comments:
Post a Comment