" အကုသိုလ်အာရုံနဲ့ကြုံလာတဲ့အခါ "
••••••••••••••••
လူရယ်လို့ဖြစ်လာရင်တော့
တစ်နေ့မဟုတ်တစ်နေ့မှာ
မလွှဲမသွေအကုသိုလ်ဖြစ်စရာအာရုံတစ်ခုခုနဲ့
တွေကြုံရမှာပါ
ဒီလိုကြုံလာရပြီဆိုရင်
အဲဒီအကုသိုလ်အာရုံကို
မြင်တယ်ဆိုရင်တောင်
"ကန်း"ချင်ယောင်ဆောင်ပါ ။
သိတယ်ဆိုရင်တောင်
"မသိ"ချင်ယောင်ဆောင်ပါ ။
ကြားတယ်ဆိုရင်တောင်
"နားပင်း"ချင်ယောင်ဆောင်ပါ ။
ပြောတတ်တယ်ဆိုရင်တောင်
"အ"ချင်ယောင်ဆောင်ပါ ။
လုပ်လို့ရတယ်ဆိုရင်တောင်
"မတတ်"ချင်ယောင်ဆောင်ပါ ။
လိမ်လည်ပြီး
မုသာစကားပြောလို့ရတယ်ဆိုရင်တောင်
ရိုးသားစွာဝန်ခံပါ ။
ကိုယ့်ကိုယ်ပူလောင်လိမ့်မယ်ဆိုတာကြိုသိထားရင်
ဝေးဝေးကရှောင်ပါ ။
ဒါဟာ
အကုသိုလ်အာရုံကို
ရှောင်ကွင်းရန်အကောင်းဆုံးနည်းပါပဲ..။
အကုသိုလ်ဘေးကင်းဝေးပါစေ....
မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)
4.6.2018 Mon
No comments:
Post a Comment