စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, October 2, 2022

ကိုယ်ရုပ်ကိုပြန်ကြည့်ပြီး အကုသိုလ်ဖြစ်ပုံ

ကိုယ်ရုပ်ကိုပြန်ကြည့်ပြီး အကုသိုလ်ဖြစ်ပုံ
______________________________

💠 ► အကုသိုလ် ဖြစ်လို့ဖြစ်မှန်း မသိကြဘူး၊

အသက်အရွယ် ကြီးလာတဲ့ပုဂ္ဂိုလ်ဆိုတာ တစ်ခါတစ်ရံ ငယ်ငယ်တုန်းကဓာတ်ပုံလေး 
ကြည့်ပြီးတော့ ငယ်ငယ်တုန်းက •••
နုပျို လှပခဲ့တာလေးကို ပြန်အားကျတယ်။

အဲဒါ ‘#လောဘ’ ဖြစ်တာပဲ ။

💠 တစ်ချို့ဆို ငယ်ငယ်တုန်းက ဓာတ်ပုံလေးကို သိမ်းထားပြီး ပြန်ပြန်ကြည့်ပြီး ကျေနပ်နေတယ်၊

အဲဒီ ကျေနပ်မှုဟာ 
အတိတ်ကို ပြန်လွမ်းနေတဲ့ ‘လောဘ’ ပဲ၊

အဲဒီ လောဘမျိုးဟာ 
ကောင်းလားဆိုတော့ မကောင်းဘူး။

သူလည်းပဲ 
#အကုသိုလ် တစ်ခုပဲ 
#စိတ်ရဲ့အညစ်အကြေး တစ်ခုပဲ၊

💠 အေး •••
ငယ်ငယ်တုန်းက ဓာတ်ပုံနဲ့ ခုဓာတ်ပုံ ယှဉ်ကြည့်ပြီး စိတ်ညစ်သွားတယ် 
ဆိုရင်လည်း ကောင်းလား ၊ 
မကောင်းဘူး။အကုသိုလ် ဖြစ်တာပဲ၊

💠 အဲဒီတော့ ဆင်ခြင်စဉ်းစားဖို့ရာ ဘာတုန်း ဆိုရင် 
_ “ငယ်ငယ်တုန်းကရှိခဲ့တဲ့ ဒီရုပ်ရည်ဟာ အခုချိန်မှာ မရှိတော့ဘူး ဆိုတာဟာ လောကကြီးရဲ့သဘာဝကြီးပဲ”

_ “ဇရာတရားဟာ ဘယ်လောက်ဆိုးလဲ”

_ “ဒီဇရာတရားတွေက လွတ်မြောက်ဖို့ ငါလုပ်မှ ဖြစ်မယ်”

_ “မလုပ်ရင် ငါဒီလမ်းကြီးအတိုင်း ဒီလိုပဲသွားနေမှာပဲ”
   ဆိုတဲ့ အတွေးပဲ တွေးပါတဲ့၊

မြတ်စွာဘုရားက 
မှန်ကန်တဲ့ အတွေးတွေကို တွေးခိုင်းတယ်၊

💠 “ဇရာ ဓမ္မောမှိ ဇရံ အနတီတောတိ အဘိဏှံ ပစျစဝကျခေိတဗျဗံ”

_ “ငါဟာ အိုခြင်းသဘော ရှိတယ်”
_ “အိုခြင်းသဘောက မလွန်မြောက်နိုင်သေးဘူး”

အဲဒီလို အမြဲမပြတ် ဆင်ခြင်စဉ်းစားရမယ်တဲ့၊

ဆင်ခြင် စဉ်းစားပေးခြင်း အားဖြင့် အကျိုးက ဘာဖြစ်သလဲ ဆိုတော့ နုပျိုတဲ့အပေါ်မှာ ‘ငါနုပျိုတယ်’ ဆိုပြီး 
ယစ်မူးတတ်တဲ့ မာနကို ဖယ်ရှားနိုင်တယ်။

💠 လောက လူတွေဆိုတာ ဘုန်းကြီးတို့ အပါအဝင်
“သြော်အသက်အရွယ်ကြီးတယ်မထင်ရဘူး၊ နုပျိုတယ်” ဆိုရင် သဘောကျတယ်။

အဲဒါ ကောင်းတာ မဟုတ်ဘူး
လောဘ မကင်းတဲ့သဘောကို ဖော်ပြနေတာ၊

သူများက နုပျိုလိုက်တာ ပြောရင်ကို ကျေနပ်တယ်၊

အမှန်က ကျေနပ်စရာမဟုတ်ဘူး။အဲဒီ မာန်ယစ်မူးမှုဟာ
အကုသိုလ်ကို ဖြစ်ပေါ်စေနိုင်တယ်။

💠 မြတ်စွာဘုရားက -
“#အိုခြင်းတရားငါမကင်းသေးဘူး”
“#အိုခြင်းတရားကိုငါမကျော်လွှားနိုင်သေးဘူး” လို့
ဆင်ခြင် သုံးသပ်ပေးခြင်းဟာ 
အကုသိုလ် ဖြစ်စေနိုင်တဲ့
#ယောဗ္ဗနမဒ ဆိုတဲ့ #မာန်ယစ်မူးမှု တစ်ခုကို 
ဖယ်ရှား ပစ်လိုက်နိုင်မယ်တဲ့၊

💠 ဒါကြောင့် 
အကုသိုလ်တွေ မဖြစ်ရလေအောင်လူ့ရဲ့ သဘာဝကို ကိုယ်ကိုယ်တိုင်က
သိအောင် လုပ်ရမယ်။

🔼လုပ်ကို လုပ်ရမယ် နော်🔼

【 ပါမောက္ခချုပ်ဆရာတော်ကြီး 】

❁ အပ်ပမာဒနေ သမ်မာဒထေ ✍
❀ရွှင်လန်းချမ်းမြေ့ပါစေ❀

Credit, ဘုရား တရား သံဃာ။

No comments:

Post a Comment