~~~~~~~~
ဗုဒ္ဓအဆုံးအမ အနှစ်ချုပ်ပြရသော်
※ ဘဝမှာ
► အဓိကကျတာက ••• စိတ်၊
► အကျိုးပေးမှာက ••• စေတနာ၊
► လိုအပ်နေတာက ••• ခန္တီတရား၊
► လုံနေရမှာက ••• သီလတရား၊
► လက်ကိုင်ထားရမှာက ••• ဗြဟ္မစိုရ်တရား၊
► မေ့မထားရမှာက ••• လက္ခဏာရေးသုံးပါး၊
( အနိစ်စ၊ ဒုက်ခ၊ အနတ်တ)
► ဆင်ခြင်ရမှာက ••• သေခြင်းတရား၊
► ပွားများရမှာက ••• ဘာဝနာတရား၊
(သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာ)
► သိရမှာက ••• ဒုက္ခသစ္စာ၊
( ဆင်းရဲခြင်းအမှန်တရား )
► ပယ်ရမှာက ••• သမုဒယသစ္စာ၊
(ဆင်းရဲကိုဖြစ်စေကြောင်းအမှန်တရား )
► မျက်မှောက်ပြုရမှာက ••• နိရောဓသစ္စာ၊
(ကိလေသာချုပ်ရာ နိဗ္ဗာန်)
► မှန်အောင်ကျင့်ရမှာက ••• မဂ္ဂသစ္စာ၊
(ကျင့်ကြံပွားများရာ မဂ္ဂင်ရှစ်ပါး)
► အားလုံးရဲ့အချုပ်က ••• သတိတရား
※ ဘုရားရှင်များ မိန့်မှာသွားသည် •••
"အပ္ပမာဒေန သမ္ပာဒေထ ~ မမေ့မလျော့ နေထိုင်ကြပေတော့"
မေတ္တာဖြင့်
No comments:
Post a Comment