စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, February 16, 2024

စကားကောင်း( ၁၀) မျိုး

စကားကောင်း (၁၀)မျိုး
_______☘🌷☘________

မေဃိယမထေရ်ကို ဟောထားတဲ့ 
မေဃိယသုတ္တန်မှာ "စေတောဝိမုတ္တိ၊ 
စိတ်၏ ကိလေသာမှ လွတ်မြောက်မူ"ကို 
ရင့်ကျက်စေမယ့် တရားငါးမျိုး ဟောထားတာ 
ရှိပါတယ်။

၁။ မိတ်ဆွေကောင်း ရှိခြင်း

၂။ သီလရှိခြင်း

၃။ စကားကောင်းကို လွယ်ကူစွာ 
နားထောင်ခွင့် ရခြင်း

၄။ ဝီရိယရှိခြင်း

၅။ ပညာရှိခြင်းတို့ ဖြစ်ပါတယ်။

အဲဒီအထဲက တတိယအင်္ဂါရပ်ဖြစ်တဲ့ စကားကောင်းကို လွယ်ကူစွာ နားထောင်ခွင့်ရှိခြင်း
ဆိုတာနဲ့ ပတ်သတ်ပြီး ဟောထားပုံကို 
မူရင်းအတိုင်း ကြည်ညိုကြည့်ပါအုံး။

"မေဃိယ နောက်တစ်မျိုးကာ-

ရဟန်းသည် (ကိလေသာကို) အလွန်ခေါင်းပါးစေတတ်သော စိတ်ကိုဖွင့်ခြင်းအား လျောက်ပတ်သော-

၁။ အလိုနည်းမူနင့် စပ်သောစကား

၂။ ရောင့်ရဲလွယ်မူနင့်စပ်သောစကား

၃။ ကင်းဆိတ်မူနင့် စပ်သောစကား

၄။ မရောနှောမူနင့် စပ်သောစကား

၅။ ဝီရိယကို အားထုတ်မူနင့် စပ်သောစကား

၆။ သီလနင့် စပ်သောစကား

၇။ သမာဓိနင့် စပ်သောစကား

၈။ ပညာနင့် စပ်သောစကား

၉။ ဝိမုတ္တိနင့် စပ်သောစကား

၁၀။ ဝိမုတ်တ်တိ ဉာဏဒဿန=အရဟတ္တဖိုလ်ကို ဆင်ခြင် တတ်သော ပစ္စဝေက္ခဏာဉာဏ်အမြင်နဲ့စပ်သောစကား ဟူသော ဤသို့သဘောရှိသော စကားကို---

 အလိုရှိတိုင်း ရ၏။ မငြိုမငြင် ရ၏။ မပင်မပန်း ရ၏။

မေဃိယ၊ ဤသည်ကား မရင့်ကျက်သော စိတ်၏ ကိလေသာမှ လွတ်မြောက်မူ "စေတောဝိမုတ္တိ"ကို 
ရင့်ကျက်စေရန် တတိယတရား ဖြစ်၏။

ဒီနေရာမှာ စကားကောင်း (၁၀)မျိုးကို "အလိုရှိတိုင်း ရ၏။ မငြိုမငြင် ရ၏။ မပင်မပန်း ရ၏"ဆိုတဲ့ စကားက သတိထားစရာ ဖြစ်ပါတယ်။

စကားကောင်းတွေကို အလွယ်တကူ ကြိုက်သလို နား ထောင်ခွင့် ရခြင်းဟာ ဘဝသံသရာမှ လွတ်မြောက်ဖို့အ တွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်တယ်ဆိုတာကို သဘော ပေါက်ရမှာ ဖြစ်ပါတယ်။

              သစ္စာရွှေစည်ဆရာတော်

#စကားတို့၏အစွမ်း စာအုပ်မှ ကူးယူ ပူဇော်သည်။

Monday, February 12, 2024

သတ္တဝါတွေဟာကယ်ချင်တိုင်းကယ်လို့မရဘူး

"သတ္တဝါတွေဟာ ကယ်ချင်တိုင်း
ကယ်လို့ မရဘူး"
☘☘☘☘☘☘🌷🌸🌷☘☘☘☘☘

အခါတစ်ပါး ဝေဘူဆရာတော်ဘုရားကြီးသည် ရွှေဘိုမြို့ မီးကြီးလောင်မည်ကို ကြိုတင်၍ မြင်တော်မူလေသည်။

သိမြင်တော်မူသည့်အတိုင်း မြို့သူမြို့သားတို့အား ရေတွင်း ရေကန်များကိုလည်း အပူတပြင်း တူးဖော်စေ လေသည်။သို့သော် ရေတွင်းရေကန်များမှာ တဝက် မျှ သာ တူးဖော်ပြီးစီး၍  ကျန်တဝက်မှာ ပြီးစီးအောင် မတူး ဖော်နိုင်ခဲ့ပေ။

၁၃၁၂- ခု၊ နှစ်ဆန်းတစ်ရက်နေ့ (၁၉၅၁-ခု၊ ဧပြီလ ၁၇ ရက်) နေ့တွင် ရွှေဘိုမြို့တွင် မီးအကြီးအကျယ် လောင် လေသည်။ ထိုအခါကျမှ ရေတွင်းရေကန်တူးဖော်စေမှု ကို မြို့သူမြို့သားများ သိရှိရလေတော့၏။

ထိုလောင်ကျွမ်းသော မီးကြီးတွင် ရေတွင်း ရေကန်များ တူးဖော်ထားသော မြို့တစ်ခြမ်းမှာ သက်သာရာ ရရှိခဲ့၍, ကျန်တစ်ခြမ်းမှာ မီးဘေး သင့်ခြင်းကို အကြီးအကျယ် ခံစားခဲ့ကြရလေသည်။

ထိုအကြောင်းနှင့်ပတ်သက်၍ဆရာတော်ဘုရားကြီးက "သတ္တဝါတွေဟာ ကယ်တိုင်း မရဘူးဗျ၊ သူတို့ကိုယ်တိုင် ကံကောင်းအောင် မထူနိုင်ကြတော့ တဝက်လောက်ပဲ ကူပေးလို့ ရတယ်" ဟု မိန့်တော်မူလေသည်။

ထိုစဉ်က မီးလောင်ထားသော ဒဏ်ရာဒဏ်ချက်ကြောင့် မြို့သူမြို့သားများမှာ လွန်စွာဒုက္ခရောက်ကြရလေသည်။
သင့်လျော်သော သစ်ပင်အောက်တွင် လည်းကောင်း၊ 
အချို့တဲလေးများ ထိုး၍လည်းကောင်း၊ဆင်းရဲပင်ပန်းစွာ နေထိုင်ကြရလေ၏။

ထိုအချိန်တွင် ဝေဘူဆရာတော်ဘုရားကြီးက  မိမိ၏ တူ အရင်းလည်းဖြစ်၍  မိမိကိစ္စမှန်သမျှဝေယျာဝစ္စလုပ်ကိုင် ပေးနေသော အတွင်းရေးမှူး ဦးပဉ္စင်းကို "မိမိတို့ ရဟန်း သံဃာများ မြို့တွင်းသို့ ဆွမ်းခံကြွတော်မူမည်" ဟု မိန့် တော်မူလေသည်။, 

ထိုအခါ တူဖြစ်သူ ဦးပဉ္စင်းက
"ဆရာတော်ဘုရား... လူတွေမှာ မီးလောင် ခံထားရပါ သဖြင့် စားစရာ မရှိ၊နေစရာ မရှိ၊ သစ်ပင်များ အောက် တွင် ဖြစ်သလို နေထိုင်ကြရပါတယ် ဘုရား၊ ဤသို့သော ဆင်းရဲဒုက္ခရောက်ရသည့်အထဲ ဆရာတော်ဘုရား က ဆွမ်းခံကြွတော်မူမည် ဆိုလျှင် အလွန်အားနာစရာ ကောင်းလှပါသည် ဘုရား၊ကြွတော်မမူပါနှင့် ဘုရား" ဟု လျှောက်ထားလေသည်။ (ဦးပဉ္စင်း၏အမြင်သည် လောကီ အမြင်ဖြစ်)

ထိုအခါ ဝေဘူဆရာတော်ဘုရားကြီးက ဤသို့ ပြန်၍ မိန့်တော်မူလေသည်။

"သင် ပြောတာလည်း မှန်ပါသည်။ သို့သော် ငါသည်  ဆွမ်း အလိုရှိ၍ ဆွမ်းခံခြင်း မဟုတ်ပါ။ ငါနှင့် တကွသော ရဟန်း သံဃာတော်များ မြို့ထဲသို့ ကြွလာကြသောအခါ  မီးလောင်ခံရသော ဒုက္ခသည်များသည်  ဘာတစ်ခုမှ လှူဒါန်းစရာ မရှိသော်လည်း  သံဃာတော်များကို ရှိခိုး  ကြမည်, ဖူးမျှော်ကြမည်။ 

ဤကဲ့သို့သော ကုသိုလ် အကျိုးတရားများကြောင့်သူတို့ မီးလောင်၍ ခံစားနေကြရသော ဆင်းရဲဒုက္ခ အပေါင်းတို့ အမြန်ဆုံး လွတ်ကင်း၍  ချမ်းသာသုခ ရကြလိမ့်မည်။
လောကီရော၊ လောကုတ္တရာ အတွက်ပါ အကျိုးပေး လိမ့်မည်။

ဤသို့ရည်စူး၍ငါ ဆွမ်းခံကြွတော်မူခြင်းဖြစ်သည်"ဟု မိန့်တော်မူခဲ့လေသည်။

သာဓု သာဓု သာဓု 

(ဤ ဝေဘူဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်သည် လွန်စွာပင် မှတ်သားထိုက်သော မိန့်ကြားချက်ပင် ဖြစ်ပါ လေတော့သတည်း။)
     "ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး"

Saturday, February 10, 2024

သစ္စာသိမှဒုက္ခငြိမ်းမယ်

သစ္စာသိမှဒုက္ခငြိမ်းမယ်
_______🌼🌷🌼_________

သစ္စာသိမှ အမှန်မြင်မည် ဖြစ်၏။ အမှန်မြင်မှ လမ်းမှန် ရောက်မည် ဖြစ်၏။ သစ္စာမသိလျှင်   အကန်းသွားသွား နေခြင်းပင် ဖြစ်၏။ အကန်းသွားဆိုတော့ တိုက်ချင်ရာတိုက်မည်။ ကျချင်ရာ ကျမည်။ ထိုနည်းတူစွာ သစ္စာ မသိလျှင် ငရဲကျချင် ကျမည်။ တိရစ္ဆာန်ဖြစ်ချင် ဖြစ်မည်။

ဘုရားအဆူဆူနှင့် လွဲခဲ့ခြင်းသည် ဘာ့ကြောင့်နည်းဟု မေးစရာ မလိုတော့။ သစ္စာ မသိသောကြောင့်ပင် ဖြစ်၏။ မှန်၏။ သစ္စာ မသိသည့်အတွက် ခွေးဖြစ်ရ ဝက်ဖြစ်ရနှင့် ဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့နေရခြင်း ဖြစ်၏။  သစ္စာမသိသောကြောင့် ဆင်းရဲတွင်း နက်သထက် နက်ရခြင်း ဖြစ်သည်။

ဆိုကြပါစို့။ တန်ခိုးရှင်ပုဂ္ဂိုလ် တစ်ယောက်ယောက်က လူတစ်ယောက် တစ်ရက် လျှင် လှံအချက်ပေါင်း သုံးရာ အထိုးခံရမယ်။ အဲဒီလို အထိုးခံရလို့ နှစ်တရာ ပြည့်လျှင် သစ္စာကို သိလိမ့်မယ်လို့ ဆိုခဲ့ငြားအံ့။ ထိုစကား မှန်မည်ဆိုလျှင် လူတိုင်း လှံ အထိုးခံသင့်၏တဲ့။

ဤဥပမာစကားသည် သစ္စာ မသိခြင်း၏ ဒုက္ခကို ပေါ်လွင်အောင် နှိုင်းယှဉ်ပြခြင်း ဖြစ်သည်။ ဆိုလိုသည်ကား သစ္စာမသိသည့် ဒုက္ခက လှံအထိုးခံရသည့် ဒုက္ခထက် ပိုဆိုးသည်ဟု ပြောလိုခြင်းပင်တည်း။

ရှင်းပြဦးအံ့။ လှံအထိုးခံရသော ဒုက္ခက တစ်ဘ၀သာ ဖြစ်၏။ သစ္စာ မသိသည့် ဒုက္ခကား ဘဝအဆက်ဆက် ဖြစ်သည်။ သစ္စာမသိလျှင် ခွေးအကြိမ်ကြိမ် ဖြစ်နိုင်၏။ ဝက်အကြိမ်ကြိမ် ဖြစ်နိုင်၏။ ငရဲအကြိမ်ကြိမ် ကျနိုင်၏။ တွေးကြည့်လေ ကြောက်စရာကောင်းလေပင်တည်း။ ထို့ကြောင့် မြတ်စွာဘုရားက " လှံအထိုးခံလို့ သစ္စာ သိမယ်ဆိုလျှင် လှံ အထိုးခံသင့်၏" ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။

သစ္စာဆိုသည်ကား အမှန်တရားတည်း။ သဘာဝအတိုင်း မှန်နေခြင်း ဖြစ်၏။ မြတ်စွာဘုရားက ယင်းအမှန်တရားကို ဖော်ထုတ်ခဲ့၏။ သစ္စာသည်လေးပါး ရှိ၏။

၁။ ဒုက္ခသစ္စာ- ဆင်းရဲခြင်းအမှန်တရား။ ( ရုပ်နာမ်)

၂။ သမုဒယသစ္စာ - ဆင်းရဲဖြစ်ကြောင်း အမှန်တရား။ ( လောဘ)။

၃။ နိရောဓသစ္စာ - ဆင်းရဲချုပ်ရာ အမှန်တရား။ ( နိဗ္ဗာန်)။

၄။ မဂ္ဂသစ္စာ - ဆင်းရဲချုပ်ကြောင်း အမှန်တရား။ ( မဂ္ဂင်ရှစ်ပါး)။

အဖြစ်ချုပ်ရင် အပျက်ချုပ်တယ်
-------------------------------

ဒုက္ခငြိမ်းဖို့အတွက် သစ္စာသိဖို့ လို၏။ သစ္စာသိဖို့အတွက် ဝိပဿနာတရားကို အားထုတ်ရမည် ဖြစ်၏။ ဝိပဿနာဆိုသည်ကား စိတ်အလုပ်တည်း။ ဝိပဿနာ အားထုတ်သည့်အခါ ရုပ်တရား နာမ်တရားတို့ကို စူးစိုက်ပြီး ရှုမှတ်ရ၏။  ယင်းသို့ ရှုမှတ်သည့်အတွက် သမာဓိ အားကောင်းလာ၏။ သမာဓိအားကောင်းသည့်အတွက် တဖြေးဖြေးနှင့် ဉာဏ်ထက်လာ၏။ 

ဉာဏ်ထက်လာသည့်အတွက် သစ္စာတရားကို ထိုးထွင်း သိသွားလေ၏။ သစ္စာတရားကို သိသည့်အတွက် ခန္ဓာ့ဒုက္ခကို မြင်သွားတော့၏။ ခန္ဓာ့ဒုက္ခကို မြင်သွားသည့်အတွက် ဘာကိုမှ မတွယ်တာတော့ပေ။ ဤကား သမုဒယကို ဖယ်ရှားလိုက်ခြင်းပင်တည်း။

သမုဒယဆိုသည်ကား လောဘတည်း။ လောဘသည် ဒုက္ခ၏ ရေသောက်မြစ်ပင် ဖြစ်၏။ မှန်၏။ ဘဝကို တွယ်တာသည့်အတွက် ၃၁- ဘုံမှာ ကျင်လည်နေကြခြင်း ဖြစ်၏။ သမုဒယကို ဖယ်ရှားလိုက်သည်နှင့် မည်သည့်ဘုံဘဝမှာမှ မဖြစ်တော့ဘူး။ " အဖြစ်" ချုပ်သွားလေတော့သည်။

" အဖြစ်" ချုပ်သွားသည့်အတွက် "အပျက်" လည်း ချုပ်သွားတော့၏။ အပျက်ချုပ်သွားသည့်အတွက် သေခြင်းတရားလည်း မရှိတော့ပေ။ သေခြင်းတရား မရှိတော့သည့်အတွက် ဒုက္ခသည် အပြီးတိုင် ချုပ်ငြိမ်းသွားလေတော့သည်။ ဤသည်ကိုပင် "နိဗ္ဗာန်" ဟု ခေါ်ဆိုပါပေ၏။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

Sunday, February 4, 2024

ဒါနအကျိုးပေး

"လှူတော့ လှူပါရဲ့"

      ဒါနတော ဘောဂဝါ -
    လှူရင် ချမ်းသာမယ် တဲ့။

လှူလိုက်တဲ့ အကျိုးဆက်ကြောင့် ချမ်းသာတယ်။ ဒါပေမယ့် ချမ်းသာခြင်းနဲ့အတူ ပြည့်စုံမှုအားလုံးကို 
ဘာကြောင့် ဆွဲမခေါ်နိုင်ခဲ့ရတာလဲ။

လှပခြင်း၊သြဇာကြီးခြင်း၊လိုတရခြင်း၊ရောဂါကင်းပြီး
ကောင်းတာတွေကို စိတ်တိုင်းကျ သုံးဆောင်ရခြင်း၊ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်ခြင်း ဒါတွေမပြည့်စုံဘဲနဲ့ရော မိမိရဲ့ ချမ်းသာကြွယ်၀မှုကအဓိပ္ပါယ်ရှိမှာလား။

ပိုက်ဆံတစ်ခုတည်းရှိပြီး ဒီအချက်တွေ ကင်းကွာနေရင် 
ဘယ်လိုလုပ် စိတ်ချမ်းသာနိုင်ပါ့မလဲ။ ကိုယ့်မှာမရှိတာတွေ သူများမှာရှိနေတာကိုမြင်ပြီး (ငွေနဲ့ ၀ယျမရတဲ့ အရာတွေကို) ၀ယျယူဖို့ ကြိုးစားရင်း ဣဿာတွေ ထိန်းမရဖြစ်ပြီးတော့ အပါယ်လေးပါးမှာပါ ခေါင်းမြုပ်သွားနိုင်ပါတယ်။

ဒီတော့ မိမိတို့ ပုထုဇဉ်တွေ မကင်းနိုင်သေးလို့ သံသရာခရီးကို လျှောက်ရတဲ့အခါ ကျော့ကျော့လေး ဖြတ်သန်းနိုင်ဖို့ ချမ်းသာပြည့်စုံခြင်းရဲ့အကြောင်းတရားတွေရှာကြည့်ရအောင်။

(၁) ချမ်းတော့ချမ်းသာပါရဲ့ 
ရုပ်ကဆိုးနေတာ ဘာကြောင့်ပါလိမ့် ? ။

သဒ္ဓါတရားနဲ့ မလှူခဲ့လို့ပါ တဲ့။
သဒ္ဓါယ ဒါနံ ဒေတိ = ဘုရား၊ တရား၊ သံဃာနဲ့ ကံ၊ကံရဲ့အကျိုးတွေကို ယုံယုံ ကြည်ကြည် သဒ္ဓါတရားနဲ့လှူခဲ့မယ်ဆိုရင်...
(ယတြာချေသလို လှူတာ မဟုတ်ဘူးဆိုရင်) ဥစ္စာပေါ ရုပ်ချော ဖြစ်ပါလိမ့်မယ်တဲ့။

(၂) ချမ်းတော့ချမ်းသာပါရဲ့ 
ကိုယ့်သားသမီး တပည့်လက်အောက်ငယ်သားတွေကို ပြောမနိုင်၊ဆိုမနိုင် ဖြစ်နေရတာ ဘာကြောင့်ပါလိမ့် ? ။

ရိုရိုသေသေ မလှူခဲ့လို့ပါ တဲ့။
သက္ကစ္စံ ဒါနံ ဒေတိ = အလှူခံပုဂ္ဂိုလ်တွေကို ရိုရိုသေသေလှူခဲ့မယ်ဆိုရင်...ကိုယ်ပြောသမျှ အောင်မြင်ပြီးဘယ်သူ့အပေါ်ပဲဖြစ်ဖြစ်
သြဇာညောင်းပါသတဲ့။

(၃) ချမ်းတော့ချမ်းသာပါရဲ့ 
လိုတာမရ ၊ ရတာမလို ဖြစ်နေရတာ (ငွေပေးဝယ်လို့မရတာ) ဘာကြောင့်ပါလိမ့် ? ။

ကာလဒါန မပြုခဲ့လို့ပါ တဲ့။
ကာလေန ဒါနံ ဒေတိ = 
လိုတဲ့အချိန်မှာလိုတဲ့ပစ္စည်းကို လိုသလို လှူခဲ့မယ်ဆိုရင်... 
ကိုယ်လိုတာကိုလည်းလိုတဲ့အချိန်မှာ လိုသလို ရပါလိမ့်မယ်တဲ့။

(၄) ချမ်းတော့ချမ်းသာပါရဲ့ 
ကောင်းတာတွေနဲ့မတဲ့တာ 
(သွေးတိုးရှိလို့၊ ဆီးချိုရှိလို့ ဟိုဟာမတဲ့၊ဒီဟာမတဲ့ ဖြစ်ရတာ) ဘာကြောင့်ပါလိမ့် ? ။

မကောင်းတတ်လို့ဆိုပြီး လှူခဲ့ကြလို့ပါ တဲ့။
အနုဂ္ဂဟိတ စိတ္တေန ဒါနံ ဒေတိ = အလှူခံပုဂ္ဂိုလ်ရဲ့ဂုဏ်ကို အာရုံပြုပြီး ချီးမြှောက်လိုသောစိတ်နဲ့၊ မငြိကပ်ဘဲ လှူခဲ့မယ်ဆိုရင်...
ကိုယ်စားချင်တာ၊ ကောင်းတာတွေနဲ့ တည့်ပြီး ကောင်းတာတွေ သုံးဆောင်ရပါသတဲ့။

(၅) ချမ်းတော့ချမ်းသာပါရဲ့ 
ရန်သူမျိုး ငါးပါးရန်ကမလွတ်ကင်းတာ ဘာကြောင့်ပါလိမ့် ? ။

ဂုဏ်တုဂုဏ်ပြိုင်လုပ် လှူခဲ့လို့ပါ တဲ့။
အတ္တာနဉ္စ၊ ပရဉ္စ အနုပါဟစ္စံ ဒါနံ ဒေတိ = မိမိဂုဏ်ကိုလည်းမဖော်၊ သူတစ်ပါးကိုလည်း မနှိမ့်ချ၊ဘယ်သူ့ကိုမှ မထိခိုက်ဘဲ မာနကင်းကင်းနဲ့ လှူခဲ့မယ်ဆိုရင်...ရေ, မီး, မင်း, ခိုးသူ, အမွေခံဆိုးတို့ရဲ့ ရန်က ကင်းပါသတဲ့။

ဒါကြောင့် ...
ချမ်းချမ်းသာသာ၊ လှလှပပ၊
သြဇာတိက္ကမ၊ ကြီးလွန်းလှ၍၊ လိုရာရပြန်၊ အကောင်းမှန်သမျှ၊
သုံးဆောင်ရသည့် ကင်းပရန်သူ
ဖြစ်ရန်မူကား...

ကြည်လင်သဒ္ဓါ ရိုသေစွာဖြင့်
လိုရာကိုရွေး ချီးမြှောက်ပေးကာ
ငါမှလှူနိုင် ဂုဏ်မပြိုင်ဘဲ
ဉာဏ်ဖြင့်စွဲလျက်၊ ကျိုးရင်းဆက်ကို၊
သိလျက်ရွှင်လန်း နိဗ္ဗာန်မှန်းကာ
လှူပါစေသော် လှူစေသော်....။

[စာရေးသူ - ဓမ္မရနံ့ ]

လောကဓံတရားရှစ်ပါး

လောကဓံတရား(၈)ပါး ဆိုသည်မှာ..

လောကဓံ=လောကဓမ္မ=လောကမှာ ဖြစ်ပျက်နေတဲ့ တရားတွေက ဘာတွေလဲ။ ရှေးဦးစွာ သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကလို့ လောကသုံးပါးရှိတာကို မှတ်သားရပါမယ်။

သတ္တဝါအားလုံးကို စုပေါင်းပြီး သတ္တလောကလို့ခေါ်တယ်။ သတ္တဝါတစ်ဦးစီဟာလည်း သတ္တလောကတစ်ခုစီဖြစ်တယ်လို့ မှတ်ယူရပါမယ်။

သတ္တဝါတို့ရဲ့ ဖြစ်ရာဘုံဌာနများက သြကာသလောက လို့ ခေါ်တယ်။ အကုသိုလ်ကံ ကုသိုလ်ကံတွေ အကျိုးပေးတဲ့အတိုင်း သတ္တဝါများ ဖြစ်ပေါ်ကြရတဲ့ ဘုံဌာနတွေက ၃၁-ဘုံရှိပါတယ်။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ် ၄-ဘုံ၊ လူ့ပြည်နဲ့ နတ်ပြည် ၆-ထပ် ဆိုတဲ့ ကာမသုဂတိ ၇-ဘုံနဲ့ ဗြဟ္မာဘုံ ၂၀-ဘုံတို့ ဖြစ်ကြပါတယ်။

ဘုံဌာန တစ်ခုစီဟာ သြကာသလောက တစ်ခုပါပဲ။

သက်ရှိသတ္တဝါများနဲ့ သက်မဲ့အရာ၀တ္ထုများကိုဖြစ်ပေါ်စေကြတဲ့ ရုပ်တရား နာမ်တရားဟူသမျှကို သင်္ခါရလောကလို့ခေါ်တယ်။

လောကဓံဆိုတဲ့ လောကဓမ္မဟာ သတ္တဝါတို့ မလွှဲမရှောင်သာဘဲ အမြဲထိတွေ့ ခံစားနေကြရမယ့် တရားတွေပါပဲ။ လောကဓံသုတ်တော်မှာ လောကဓံတရား ၈-ပါး အကြောင်းကို မြတ်စွာဘုရား ဟောကြားတော်မှုထားပါတယ်။ အဲဒီ လောကဓံတရား (၈)ပါးတွေကတော့

(၁) လာဘ=လာဘ်ရခြင်း။

ပင်ပင်ပန်းပန်းရှာကြံ လုပ်ကိုင်လို့ပဲဖြစ်ဖြစ်၊ မရှာကြံရတဲ့ကံအားလျောစွာ အလွယ်တကူပဲဖြစ်ဖြစ်၊ ပစ္စည်းဥစ္စာတွေ ရရှိလာတာကို လာဘ်ရတယ်လို့ ခေါ်ပါတယ်။

(၂) အလာဘ = လာဘ်မရခြင်း။

နှစ်သက်လိုချင်စဖွယ် အသုံးကျတဲ့ ၀တ်ထုပစ်စညျးတှကေို မရရှိခြင်းနဲ့ ရထားပြီးတဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရူံးသွားခြင်းတို့ကို လာဘ်မရခြင်းလို့ ခေါ်ပါတယ်။

(၃) ယသ = အခြွေအရံများခြင်း။

အိမ်ထောင်ဖက်၊ သားသမီး၊ မိတ်ဆွေသင်္ဂဟများနဲ့ တပည့်တပန်းများကို အခြွေအရံလို့ ခေါ်ပါတယ်။ ဒါတွေ ရှိတာဟာ အခြွေအရံရှိတာပါပဲ။

(၄) အယသ = အခြွေအရံမရှိခြင်း။

အထက်ကဆိုခဲ့တဲ့ အခြွေအရံမရှိဘ၀ကိုရော ၊ ရှိပြီးတဲ့ အခြွေအရံတွေ ဆုံးရူံးပျက်စီးသွားတာကိုရော အယသလို့ ခေါ်တယ်။

(၅) နိန္ဒာ = ကဲ့ရဲ့ခြင်းနဲ့ အကဲ့ရဲ့ခံရခြင်း။

(၆) ပသံသာ = ချီးမွမ်းခြင်းနဲ့ အချီးမွမ်းခံရခြင်း။

(၇) သုခ = ချမ်းသာခြင်း။

ကိုယ်ချမ်းသာခြင်းနှင့်၊ စိတ်ချမ်းသာခြင်း ၂မျိုးလုံးကိုဆိုလိုပါတယ်။

(၈) ဒုက္ခ = ဆင်းရဲခြင်း။

ကိုယ်ဆင်းရဲခြင်းနဲ့ စိတ်ဆင်းရဲခြင်း ၂-မျိုးကို ဆိုလိုပါတယ်။

အကောင်းတရားက ၄-မျိုး၊ မကောင်းတရားက ၄-မျိုး၊ ဒီတရား (၈)မျိုးဟာ သတ္တဝါတို့ရဲ့ နောက်ကို အရိပ်သဖွယ်အမြဲ လိုက်နေကြပါတယ်။

အကောင်းတရားများနဲ့ ဆုံတွေ့ရတဲ့အခါ ပုထုဇဉ်လူသားတို့က နှစ်သက် ၀မျးမွောကျ ပြုးရွှင် ပျော်မြူးကြတယ်။

ဆိုးတရားများနဲ့ ဆုံတွေ့တဲ့အခါမှာတော့ ၀မျးနညျးကွကှေဲမဲ့ရှဲ့ကာ ငိုယိုနေတတ်ကြတယ်။

Life is not a bed of roses.

ဘ၀ဆိုတာ နှင်းဆီပန်းမွေ့ရာ မဟုတ်ဘူး။

Life is full of ups and downs.

ဘ၀ဆိုတာ အတက်အကျများနဲ့ ပြည့်နှက်နေတယ်။

ဒီစာသားလေးကတော့ ဖတ်ဖူးတာလေးထည့်ရေးပြတာပါ။

လံကဓော=လောကဓံမှာ အများသူ ငါ စုန်တစ်ခါ ဆန်တစ်ချက်၊ ပေါ်တစ်လှည့် မြုပ်တစ်လီ၊ ကြည်တစ်တန် ငိုတစ်တန်နဲ့ အဖန်ဖန် ဆုံတွေ့ရမှာပဲ။ ဘုရားရဟန္တာများတောင်မှ လောကဓံတရားများနဲ့ မဆုံတွေ့အောင် မကွင်းရှောင်နိုင်ကြပါဘူး။

ဒါကြောင့် ဘယ်လိုပဲ ဆုတောင်းဆုတောင်း လောကဓံအကောင်းအဆိုးတို့နဲ့ ဆုံတိုးရစေမှာပဲ။ ဆုံတိုးတဲ့ အခါမှာသာ လှိုင်းပုတ်ခံကြရတဲ့ လှေငယ်လှေကြီးတွေလို နစ်မြုပ်မသွားဘဲ ပေါ်နေနိုင်ဖို့ အရေးကြီးပါတယ်။ ကျောက်စာတိုင်ကဲ့သို့ မယိမ်းမယိုင်ဘဲ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်နေနိုင်ရင် အကောင်းဆုံးပေါ့နော်။

ပုထုဇဉ်များအတွက် လောကဓံ လှိုင်းဂယက်မျာ နစ်မြုပ်မသွားအောင် ယောနိသော မနသိက္ခာရရှိဖို့ အလွန်လိုအပ်တယ်ဆိုတာကို အသိပေးပြောကြားလိုက်ချင်ပါတယ်။

credit..