စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Monday, August 22, 2016
ရှေးကပြုဖူး ​ကောင်းမှု့ထူး
ရှေးကတင်ကြို ပြုခဲ့ဖူးသည့် ကောင်းမှုအထူးရှိပါစေ
🌈⛅☁🌈⛅☁🌈⛅☁🌈💨
တစ်ခါတုန်းက ထင်းခွေသမားတစ်ယောက်ရှိပါတယ်။တနေ့တော့ ထင်းခွေသမားဟာ ထင်းခွေရင်းနဲ့ပဲ မှောင်သွားပါတယ်။မှောင်သွားပြီဆိုတော့ မြို့ တံခါးလည်းပိတ်သွားပြီဆိုတော့ မြို့ ထဲဝင်လို့မရတော့ပါဘူး။
ဒီတော့ နတ်ကွန်းတစ်ခုမှာဝင်အိပ်လိုက်ပါတယ်။အဲဒီနတ်ကွန်းမှာ ယတြာအဖြစ်လွှတ်ထားတဲ့ ကြက်တွေလည်း ရှိပါတယ်။မှောင်ပြီဖြစ်လို့ နတ်ကွန်းအနီး သစ်ပင်မှာ ကြက်တွေအိပ်နေကြပြီး မိုးသောက်ကာလည်းရောက်ရော အပေါ်ကိုင်းမှာ အိပ်တဲ့ ကြက်တစ်ကောင်ဟာ မစင်စွန့်လိုက်တာ အောက်ကိုင်းမှာ အိပ်နေတဲ့ ကြက်ကိုယ်ပေါ်ကို ကျသွားပါတယ်။ ပထမတစ်ကြိမ် စကားနဲ့သာ ရန်ဖြစ်ပေမယ့် ဒုတိယတစ်ကြိမ် မစင်ကိုယ်ပေါ်ကျလာတဲ့အခါ အောက်မှာရှိတဲ့ ကြက်က အပေါ်ကကြက်ကို တက်ခွပ်ပါတော့တယ်။
နှစ်ကောင် ခွပ်ရင်း မောလာတော့ ခန္ဓာကိုယ်ချင်း ဆက်ပြိုင်လို့ မဖြစ်တော့ ဒေါသကလည်း မပြေသေးတာနဲ့ နှုတ်နဲ့ တစ်ခါ ဆက်ပြိုင်ကြပြန်ပါတယ်။
အောက်ကိုင်းက ကြက်က စပြောတယ်။ “မင်းက ငါ့ကို ဘာမှတ်နေလို့လည်း၊ ငါ့အသားကို ကင်စားတဲ့သူဟာ ချက်ချင်း အသပြာတစ်ထောင်ရတယ်”
ဒီတော့ အပေါ်ကိုင်းက ကြက်က “ မင်းအသားစားလို့ အသပြာတစ်ထောင်ရတာ စကားထဲထည့်မပြောနဲ့၊ ငါ့ကို သတ်ပြီး ငါ့ရဲ့ အတွင်းသားရင်းကို စားရင် စားတဲ့သူဟာ မင်းဖြစ်မယ်၊ အပသာမန်အသားကို စားရင် ယောက်ကျားဆို သေနာပတိ၊မိန်းမဆို မိဖုရားရာထူးရမယ်။ အရိုးအကြွင်းအကျန်စားတဲ့သူဟာ လူဖြစ်ရင် ဘဏ္ဍာစိုး ရဟန်းဆိုရင် မင်းဆရာဖြစ်မယ် ဘာမှတ်နေလဲ” ဟုပြန်ပြောပါတယ်။
ထင်းခွေသမားလည်း ချက်ချင်းပဲ အပေါ်ကိုင်းက ကြက်ကို ရိုက်သတ်ပြီး အိမ်ယူလာ ဇနီးဖြစ်သူကို ချက်ခိုင်းတယ်။ပြီးတော့ ဇနီးကို “ ရှင်မရေ ဒီကြက်ဟာ အစွမ်းအာနုဘော်ကြီးတယ် ငါပြောသလို စားကြရင် ငါက မင်းဖြစ်မယ်၊မင်းက မိဖုရားဖြစ်မယ်။ ထမင်းနဲ့ ဒီကြက်သားကို ယူခဲ့ ဂင်္ဂါမြစ်မှာ သွားရေချိုးပြီးမှ စားကြတာပေါ့”
ဒီလိုနဲ့ ထမင်းနဲ့ ကြက်သားကို မြစ်ဆီယူလာပြီး ထမင်းမစားခင် ရေဆင်းချိုးကြပါတယ်။ရေချိုးနေစဉ်မှာပဲ လေပွေတစ်ချက်တိုက်လိုက်တာ ထမင်းတောင်းက မြစ်ထဲကျပြီး မျောပါသွားပါတော့တယ်။အဲဒီအချိန် မြစ်အောက်နားမှာ ဆင်ဆရာတစ်ယောက်က ရေချိုးနေပြီး မျောလာတဲ့ ထမင်းတောင်းကိုတွေ့တော့ ဆယ်ယူဖွင့်ကြည့်လိုက်ပါတယ်။ပြီးတော့ မယားဖြစ်သူဆီပို့လိုက်ပါတယ်။ သူမလာမချင်း ထမင်းတောင်းမဖွင့်ဖို့လည်း တစ်ခါတည်းမှာလိုက်ပါတယ်။
ဆင်ဆရာမှာ အမြဲဆည်းကပ်ကိုးကွယ်နေတဲ့ ရသေ့တစ်ပါးလည်းရှိပါတယ်။ရသေ့က ဒိဗ္ဗစက္ခုအဘိဥာဏ်လည်းရပြီးသားဆိုတော့ သူ့ဒကာကို ဘယ်လိုချီးမြှောက်ရမလဲလို့ ဆင်ခြင်ကြည့်နေတဲ့အချိန်ဆိုတော့ ထူးခြားမှုကိုမြင်ပြီး ဆင်ဆရာအိမ်ကို သူက အရင်ရောက်အောင် ကြွသွားပါတယ်။ ဆင်ဆရာ အိမ်ပြန်ရောက်တော့ သူ့ဆရာရသေ့ကို မြင်တာနဲ့ ကြက်သားဆွမ်းကပ်ဖို့ လုပ်ပါတယ်။ ဆရာရသေ့က “သင်တို့ ငါစီစဉ်တဲ့ အတိုင်းပြုကြ” လို့ပြောပြီး ကောင်းမြတ်တဲ့ အတွင်းသားတွေကို ဆင်ဆရာကို စားစေပါတယ်။အပသားကို ဆင်ဆရာဇနီးကိုကျွေးပြီး သူကတော့ အရိုးအရင်းလောက်ပဲ စားခဲ့ပါတယ်။ ပြီးတော့ ဆင်ဆရာအား “ သင် နောက်သုံးရက်လောက်ကြာရင် မင်းဖြစ်လိမ့်မယ်။ သတိနဲ့နေပါ” လို့ပြောပြီး ပြန်ကြွသွားပါတယ်။
မကြာခင် အိမ်နီးချင်း မင်းတစ်ပါးက စစ်လာတိုက်ပါတယ်။ဒီတော့ ဆင်ဆရာရဲ့ မင်းက ဆင်ဆရာကို မင်းအသွင်ဝတ်ပြီး ရှေ့ ကနေ တိုက်ခိုင်းပါတယ်။မင်းအစစ်က နောက်ကနေ စီမံခန့်ခွဲပေးနေပါတယ်။ဒါပေမယ့် စစ်တိုက်နေစဉ် ရန်သူပစ်လိုက်တဲ့ မြှားတစ်စင်းဟာ မင်းအစစ်ကိုမှ မှန်ပြီး ကျဆုံးသွားပါတယ်။ မင်းအစစ်ကျပြီးနောက် ဆင်ဆရာက ငွေအသပြာတွေထုတ်ပြပြီး “ နိုင်အောင်တိုက်ကြ၊ နိုင်ရင် ဆုချမယ်” လို့ပြောပြီး တိုက်စေပါတယ်။နောက်ဆုံးတော့ ဆင်ဆရာတို့ နိုင်သွားတယ်။
စစ်ပွဲပြီးတော့ မင်းမြှောက်ဖို့ ပြဿနာဟာ အချိန်တိုနဲ့ ပြေလည်သွားပါတယ်။ ဆင်ဆရာကိုပဲ မင်းမြှောက်လိုက်ကြပါတယ်။
(ငါးရားငါးဆယ်ဇာတ်ဝတ္ထု-သီရိဇာတ်)
ဒီဝတ္ထုရဲ့ ထူးခြားချက်လေးကတော့ ရှေးကပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှုအထူးပါမလာခဲ့ရင် ဘယ်လို ထူးခြားတဲ့အခြေနေနဲ့ပဲ ကြုံပါစေ ကြီးပွားမှာမဟုတ်ဘဲ ကုသိုလ်အထူးပါလာရင်တော့ ကြီးပွားတိုးတက်မှာ ဖြစ်ပါတယ်။
( ရဝေနွယ်-အင်းမ) မင်္ဂလာအတွေးမှ အကျဉ်းချုပ်ပူဇော်သည်။
Credit to original writer.
Sunday, August 21, 2016
သံသရာတစ်​လမ်းသွား
သံသရာတစ်​လမ်းသွား
🎈🎈🎈🎈🎈🎈🎈
ဒီနှစ်​လမ်းမှာ သတ္တဝါတစ်​​ကောင်​ရဲ့သွားရာလမ်းက​တော့ တစ်​လမ်းပဲရှိတယ်​။
ဒီလမ်းက ဒုဂ္ဂတိဖြစ်​တဲ့ မ​ကောင်းတဲ့လမ်း၊ တစ်​လမ်းက​တော့ သုဂတိဖြစ်​တဲ့ ​ကောင်းတဲ့လမ်းဖြစ်​တယ်​။
သတ္တဝါ​တွေဟာ ​ကောင်းတာ​တွေလုပ်​​နေရင်​ ​ကောင်းတဲ့လမ်း သွားမှာပဲ...
မ​ကောင်းတာ​တွေလုပ်​​နေရင်​ မ​ကောင်းတဲ့လမ်း သွားမှာပဲ။
ဒါ​ကြောင့်​#တစ်​လမ်းသွားလို့ ဆိုတယ်​။
            📝 အရှင်​ဇနကာဘိဝံသ
သံ​ယောဇဉ်​ မကင်းသူများ
Thursday, August 18, 2016
ခန္ဓာကို မိတ်​ဖွဲ့ရတယ်
ခန္ဓာကို မိတ်ဆွေဖွဲ့ရတယ်
,…………………
ခန္ဓာကြီးကို နေ့စဉ်ကျွေးရသလို ကျွေးရကျိုးနပ်အောင် ခိုင်းရတယ်၊
ခန္ဓာကို မိတ်ဆွေဖွဲ့ရတယ်။ ခန္ဓာက မိတ်ဆွေမဖွဲ့ ရင် အိုပစ်လိုက်ရမလား
နာပစ်လိုက်ရမလား သေပစ်လိုက်ရမလားနဲ့ အမြဲခြိမ်းခြောက်နေတာ။
အိုတာ နာတာ သေတာ ခန္ဓာရဲ့ အလုပ်ပဲ၊ ဒါပေမယ့် ခန္ဓာကို သီလဖြစ်အောင်
သမာဓိပေါ်အောင် ၀ိပဿနာပေါ်လာအောင် ကိုယ်ကကျွေးမယ်
ပြီးတော့ကျွေးရကျိုးနပ်အောင်
ဒါနစွမ်းအားနဲ့ ကျေးဇူးဆပ်ခိုင်း၊
သီလစွမ်းအားနဲ့ ပြန်တောင်း၊
သမာဓိစွမ်းအားနဲ့ ပြန်ထုတ်ခိုင်း၊
ဝိပဿနာစွမ်းအား ရအောင်တောင်းယူ
အဲသလို ဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်က ခန္ဓာကို မိတ်ဆွေဖွဲ့ပြီး စွမ်းအားကို လိမ်မာပါးနပ်စွာယူတယ်။
တိပိဋကဓရ ယောဆရာတော်
http://www.yawcommunity.com/
Ashin Indobhasa
ပျောက်​​သောသူရှာလျင်​​တွေ့
ပျောက်သောသူ ရှာလျင်တွေ့
ကိုယ်တိုင်ရှာ ရအောင်ဖြည့်
!!!!!!!!!!~~~~!!!!!!!!!!~~~~!!!!!!!!!!~~~
ကျေးဇူးတော်ရှင် တိပိဋက ယောဆရာတော်ကြီးရဲ့ သံဝေဂဓမ္မ ကဗျာကို ပြန်လည်မျှဝေအပ်ပါတယ်၊ ကိုယ်ရှာတာ ကိုယ့်အတွက်လား လူများအတွက်လားဆိုတာ စဉ်းစားစရာပါ၊ ကိုယ်ရှာတဲ့ ရှာဖွေခြင်းကကော ဗုဒ္ဓအလိုကျ ရှာဖွေခြင်းမျိုးဖြစ်ပြီလား ဆိုတာလဲ ကုသိုလ်ယှဉ်တဲ့အတွေးနဲ့ တွေးသင့်ပါတယ်၊
ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊
အဖြာဖြာသည်
ငါ့ဟာ ငါ့ဟာ သမုတ်ပါလည်း၊
ခန္ဓာကြွေပျောက် သေပြီးနောက်ဝယ်၊
ကိုယ့်နောက်မပါ၊ အိမ်ဂေဟာ၌၊
စုကာပုံလျက် ကျန်နေခဲ့၏။
ဆွေမျိုးမိဘ အ၀၀သည်၊ ချစ်ကြသော်လည်း၊
မလွဲမသွေ ကွဲရပေမည်၊
သေရာကိုယ့်နောက်၊ တစ်ယောက်မပါ၊
ငိုယိုကာဖြင့်၊ မြှုပ်ရာသင်္ချိုင်း၊
မြေလုပ်တိုင်းမှ၊ မဆိုင်းမတွ၊
ပြန်ကြလေ၏၊
ကိုယ်တိုင်စီမံ၊ ကုသိုလ်ကံသာ၊
မကွာကိုယ့်နောက်၊ တကောက်ကောက်၊
လိုက်တတ်မြဲမို့၊
ကိုယ့်ဖို့ဥစ္စာ၊ ကိုယ်တိုင်ရှာ၊
ရှိကာရှိတုန်း ရအောင်ဖြည့်။ ။
Ashin Indobhasa blog မှကူးယူ​ဖော်​ပြပါသည်​။
သီလ​စောင့်​ထိန်းပါ..
သီလစောင့်ထိန်းပါ
🙇🙇🙇🙇🙇
မကောင်းမှုဒုစရိုက် ပြုလုပ်တဲ့သူဟာ ဘေးကြီးလေးပါးနဲ့ ရင်ဆိုင်ရတယ်။
(၁) အတ္တာနုဝါဒဘေး။ ။ မိမိကိုယ်ကိုမိမိ ပြန်စွပ်စွဲတဲ့ဘေး။
“ မကောင်းမှုပြုလုပ်ဖို့ ဆိတ်ကွယ်ရာမရှိ ” ဆိုတဲ့အတိုင်း ကိုယ်မကောင်းမှုပြုတာကို အနည်းဆုံး ကိုယ်တစ်ယောက်တော့ သိနေတယ်။ ဒီအသိကပဲ “မင်းလူဆိုးပဲ၊ လူုယုတ်မာပဲ၊ သူခိုးပဲ၊ ဓားပြပဲ ” လို့ ပြန်စွပ်စွဲနေတယ်။ ဒီအသိကြောင့်ပဲ ကိုယ့်အိုးကိုယ်မလုံကာ ဘယ်လောက်ပဲ ဟန်ဆောင်ဆောင် “ ငါဟာ ဒုစရိုက်ကောင် လူယုတ်မာစာရင်းထဲ ပါနေ ပါလား ” လို့ သိမ်ငယ်ကာ စိတ်ဆင်းရဲရတယ်။
(၂) ပရာနုဝါဒဘေး။ ။
သူတစ်ပါးတို့က မိမိကိုစွပ်စွဲတဲ့ဘေး။
“ ဟုတ်ရင်ကျော်မယ်၊ ပုပ်ရင်ပေါ်မယ် ” ၊ “ ဆင်သေကို ဆိတ်ရေနဲ့ဖုံးလို့မရ ” ဆိုတဲ့ စကားတွေလို ကိုယ်မကောင်းမှုပြုနေတာကို ပတ်ဝန်းကျင်ကလူတွေ အနှေးနဲ့အမြန် သိလာကြမှာပဲ။ အဲဒီအခါ မိမိကို ၀ိုင်းပြီး ကဲ့ရဲ့ အပြစ်တင်ရှုတ်ချကြမယ်။ ဒါလည်း စိတ်ဆင်းရဲစရာကောင်းပါတယ်။
(၃) ဒဏ္ဍဘေး။ ။ မင်းပြစ်မင်းဒဏ်ခံရတဲ့ဘေး။
“ ရာဇ၀တ်ဘေး ပြေးမလွတ် ” ဆိုတဲ့အတိုင်း ခိုးဆိုးလုယက် ဓါးပြတိုက်မှု၊ မုဒိမ်းမှုကျူးလွန်ထားကြတဲ့ လူတွေဟာ မင်းဘေးမသင့်အောင် အမြဲပုန်းရှောင် ပြေးလွှားနေကြရတယ်။ နေ့စဉ်ရက်ဆက် ကျီးလန့်စာစကားသလို စိုးရိမ်ပူပန်နေကြရတယ်။ နောက်ဆုံးမှာ စုံထောက်ရဲသားတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး အချုပ်ဒဏ် ထောင်ဒဏ် သေဒဏ် စသည်ကို ကျခံရလို့ အရှင်လတ်လတ် လောကငရဲထဲ ရောက်ရတော့တယ်။
(၄) ဒုဂ္ဂတိဘေး။ ။
အပါယ်ငရဲသို့ ကျရောက်ရတဲ့ဘေး။
ဒုစရိုက်မှု ရာဇ၀တ်မှု ကျူးလွန်ထားကြတဲ့ လူတွေဟာ ဒီဘ၀မှာ ဟန်ဆောင်ကောင်းလို့ အကြံအဖန်ကောင်းလို့ အခြားဘေးတွေ လွတ်ချင်လွတ်မယ်။ သေလွန်တဲ့အခါ အကုသိုလ်ကံရဲ့ အကျိုးပေးမှုဖြစ်တဲ့ ဒုဂ္ဂတိဘေးကိုတော့ မလွတ်နိုင်ဘူး။ အပါယ်ငရဲသို့ ကျရောက်ရခြင်းဟာ ကြိုးမိန့်ချခံရတာထက် အဆပေါင်းများစွာ ပိုဆိုးရွားပါတယ်။ ငရဲသား၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်တို့ရဲ့ ဘ၀ဟာ နှစ်ရှည်လများ အလွန်ဆင်းရဲလှပါတယ်။ ဒါကြောင့် မကောင်းမှုဒုစရိုက်ကို ပြုကျင့်ထားကြတဲ့သူတွေဟာ ကြိုးမိန့်ဒဏ်အချခံထားရတဲ့ အကျဉ်းသားလို ဘယ်လိုမှ ချမ်းသာပျော်ရွှင်နိုင်ကြမှာ မဟုတ်ဘူး၊ အထက်က ဘေးကြီးလေးပါးက သူ့ကို အမြဲခြိမ်းခြောက်နေပေလိမ့်မယ်။ ယခုဘ၀မှာလည်း ခင်ပွန်း, ဇနီး, သားသမီး, ဥစ္စာ ရွှေငွေတို့နဲ့ ချမ်းသာပျော်ရွှင်စွာ နေလိုတယ်။ တမလွန်ဘ၀ အဆက်ဆက်မှာလည်း ချမ်းချမ်းသာသာနေထိုင်သွားလိုတယ် ဆိုရင် မကောင်းမှုဒုစရိုက်များကို မကျူးလွန်မိအောင် ထိန်းသိမ်းစောင့်ရှောက်ရပေမယ် ။
အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်တဲ့နည်းက ငါးပါးသီလကို မြဲမြံစွာ စောင့်ထိန်းခြင်းပဲ ဖြစ်ပါတယ်။ ကုသိုလ်အပေါင်းမှာ သီလကုသိုလ်ဟာ အမြတ်ဆုံး၊ သုဂတိဘုံသို့ တတ်လှမ်းဖို့အတွက် သီလနဲ့တူတဲ့ စောင့်တန်းလှေကား ဆိုတာ မရှိဘူး။ နိဗ္ဗာန်ရွှေပြည်မြတ်သို့ ၀င်ရောက်ဖို့အတွက်လည်း သီလနဲ့ တူတဲ့ တံခါးပေါက်ဆိုတာမရှိဘူး။ သတ္တ၀ါတို့ရဲ့ ပူပန်မှုကို ရေ၊ လေ၊ စန္ဒကူး၊ လရောင်၊ ပန်းစံပယ် စတဲ့ အအေးဓါတ်တို့နဲ့ မအေးမြစေနိုင်ဘူး။ သီလ အအေးဓါတ်နဲ့ထုံမွှမ်းပေးမှသာ အေးမြနိုင်ပါတယ်။ ဒါကြောင့် ဘ၀မချမ်းသာကို အလိုရှိတဲ့ လူတွေဟာ သူတော်ကောင်းတို့ မြတ်နိုးကြတဲ့ ဘ၀အဆင့်အတန်းကို မြင့်မားစေတဲ့ တစ်ပြားတစ်ချပ်မှလည်း ငွေကုန်ကြေးကျမရှိတဲ့ အလှဆုံးအဆင်တန်ဆာလည်း ဖြစ်တဲ့ သီလကို လုံခြုံအောင် စောင့်ထိန်းကြရတယ်။
About-buddha . Blog မှကူးယူတင်​ပြပါသည်​။
ဘဝအိပ်​မက်
ဘဝအိပ်မက်
------------------
        လောကဟူသည် အမိုက်တိုက်သဖွယ်သဖြစ်၏။ ညဥ့်သဖွယ်သာ ဖြစ်၏။ ဘဝဟူသည်
အိပ်မက်သဖွယ်သာ ဖြစ်၏။ လူဟူသည် အိမ်နေသဖွယ်သာဖြစ်၏။
    ထို့ ကြောင်း ဗြဟ္မာဘဝသည်လည်း အိပ်မက်တစ်မျိုးသာဖြစ်၏။ နတ်ဘဝသည်လည်း အိပ်
မက်တစ်မျိုးသာ ဖြစ်၏။ လူ့ ဘဝသည်လည်း
အိပ်မက်တစ်မျိုးသာ ဖြစ်၏။ တိရစ္ဆာန်ဘဝသည်
လည်းအိပ်မက်တစ်မျိုးသာ ဖြစ်၏။ လောကဖြစ်စဉ်ဟူသမျှ အားလုံးတို့ သည် အိပ်မက်သဖွယ်ချည်းသာဖြစ်ပါ၏။ အမှန်များ မဟုတ်ကြ။ အမှန်များမဟုတ်သဖြင့် လွမ်းစရာလည်းမရှိ။ ဆွေးစရာလည်းမရှိ။ တပ်မက်စရာလည်းမရှိ။ ဒေါသ
ထွက်စရာလည်းမရှိ။ သို့ ပါလျက် လွမ်းကြ၏။ဆွေးကြ၏။ တပ်မက်ကြ၏။ ဒေါသထွက်ကြ၏။
ထိုအိပ်မက်ကား အစွမ်းထက်လှသော အိပ်မက်ပေတည်း။ (စာ - ၈၉)
ဆရာကြီးဦးရွှေအောင်
ဗုဒ္ဓလောကသားတို့ ၏အနှိုင်းမဲ့ကျေးဇူးရှင်
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpage
ဓာရဏပရိတ်
ဓာရဏပရိတ္တ
*************
မြတ်စွာဘုရား၏ အာဝေဏိက ဂုဏ်တော် ၁၈ ပါး
ပါဠိတော်
><><><><><><><><><><<><><
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။
၂။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ။
၃။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ၊ သဗ္ဗံ ၀စီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ။
၎။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ၀ီရိယဿ ဟာနိ၊ နတ္ထိ ၀ိပဿနာယ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ၀ိမုတ္တိယာ ဟာနိ။
၅။ ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဒ၀ါ။ နတ္ထိ ရ၀ါ၊ နတ္ထိ အမ္ဖုဋံ၊ နတ္ထိ ဝေဂါရိတတ္တံ၊ နတ္ထိ အဗျာဝဋမနော၊ နတ္ထိ အပ္ပဋိသင်္ခါနပေက္ခာ။ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
၆။ နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ၀စီဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိအတီတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ ပစ္စုပ္ပန္နံသေ တံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ သဗ္ဗံ ကာယကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ၀စီကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ မနောကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ ဣမံဓာရဏံ အမိတံ အသမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယဘီတာနံ အဂ္ဂံ မဟာတေဇံ။
၇။ ဣမ္မံ အာနန္ဒ ဓရဏပရိတ္တံ ဓာရေဟိ ၀ါရေဟိ ပရိပုစ္ဆာဟိ၊ တဿ ကာယေ ၀ိသံ န ကေမယ်၊ ဥဒေက န လေဂၢယ်၊ အဂိၢ န ဍေဟယ်၊ နာနာဘယ၀ိကော၊ နဧကာဟာရကော၊ နဒွိဟာရကော၊ နတိဟာရကော၊ န စတုဟာရကော၊ န ဥမ္မတ္တကံ၊ န မူဠကံ၊ မနုေဿဟိ အမနုေဿဟိ န ဟိံသကာ။
၈။ တံ ဓာရဏပရိတ္တံ ယထာ ကတမေ၊ ဇာလော မဟာဇာလော၊ ဇာလိတ္တေ မဟာဇာလိတ္တေ၊ ပုဂ္ဂေ မဟာပုဂ္ဂေ၊ သမ္ပတ္တေ မဟာသမ္ပတ္တေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။ ဣမံခေါ ပနာနန္ဒ ဓာရဏ ပရိတ္တံ သတ္တသတ္တတိ သမ္မာသမ္ဗုဒ္ဓ ကောဋီဟိ ဘာသိတံ၊ ၀တ္တေ အ၀တ္တေ၊ ဂန္ဓဝေ အဂန္ဓဝေ၊ နောမေ အနောမေ၊ သေဝေ အသေဝေ၊ ကာယေ အကာယေ၊ ဓာရဏေ အဓာရဏေ၊ ဣလ္လိ မလ္လိ၊ တိလ္လိ မိလ္လိ၊ ယောရုက္ခေ မဟာယောရုက္ခေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။
၉။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ န၀ န၀ုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ဒိဋ္ဌိလာ ဒဏ္ဍိလာ မန္တိလာ ရောဂိလာ ခရလာ ဒုဗ္ဘိလာ၊ ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
ဓာရဏပရိတ္တံ နိဋ္ဌိတံ။
…………………………………………….
ဓာရဏပရိတ် နိဿယ
၁။ ဗုဒ္ဓါနံ - မြတ်စွာဘာရားတို့၏၊ ဇီဝိတဿ - အသက်တော်၏၊ အန္တရာယော - ဘေးအန္တရာယ်ကို၊ ကေနစိ - တစ်စုံတစ်ယောက်သော သူသည်၊ ကာတုံ - ပြုခြင်းငှာ၊ နသက္ကာ - မတတ်နိုင်၊ တထာ - ထို့အတူ၊ မေ - တပည့်တော်အား၊ ဟောတု - ဖြစ်ပါစေသတည်း။
၂။ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ အတီတံသေ - လွန်လေပြီးသောအတိတ်အဖို့၌၊ အပ္ပဋိဟတံဉာဏံ - အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်သည်၊ ဟောတိ - ဖြစ်၏၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ အနာဂတံသေ - နောင်လာလတ္တံ့သော အနာဂတ်အဖို့၌၊ အ,ပ္ပဋိဟတံ ဉာဏံ - အဆီးအတားအပိတ်အပင်မရှိသော ဉာဏ်တော်သည်၊ ဟောတိ - ဖြစ်၏၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပစ္စုပ္ပန္နံသေ - ပစ္စုပ္ပန် မျက်မှောက်ဖြစ်သောအဖို့၌၊ အပ္ပဋိဟတံ ဉာဏံ - အဆီးအတားအပိတ်အပင်မရှိသော ဉာဏ်တော်သည်၊ ဟောတိ - ဖြစ်၏။
၃။ တီဟိ - သုံးပါးကုန်သော၊ ဣမေဟိ ဓမ္မေဟိ - ဤဂုဏ်ကျေးဇူးတရားတော်တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံတော်မူသော၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ သဗ္ဗံ - အလုံးစုံသော၊ ကာယကမ္မံ - ကိုယ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏပုဗ္ဗင်္ဂမံ - ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည်၊ ဉာဏာနုပရိဝတ္တံ - ဉာဏ်တော်၏နောက်သို့ အစဉ်လိုက်သည်။ ဟောတိ - ဖြစ်၏၊ သဗ္ဗံ - အလုံးစုံသော၊ ၀စီကမ္မံ - နှုတ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏပုဗ္ဗင်္ဂမံ - ဉာဏ်တော်ပြဋ္ဌာန်းခြင်း ရှိသည်၊ ဉာဏာနုပရိဝတ္တံ - ဉာဏ်တော်၏နောက်သို့ အစဉ်လိုက်သည်၊ ဟောတိ - ဖြစ်၏၊ သဗ္ဗံ - အလုံးစုံသော၊ မနောကမ္မံ - စိတ်ဖြင့် ပြီးသောအမှုသည်၊ ဉာဏ ပုဗ္ဗင်္ဂမံ - ဉာဏ်တော် ပြဋ္ဌာန်းခြင်း ရှိသည်၊ ဉာဏာနုပရိဝတ္တံ - ဉာဏ်တော်၏နောက်သို့ အစဉ်လိုက်သည်၊ ဟောတိ - ဖြစ်၏။
၎။ ဆဟိ - ခြောက်ပါးကုန်သော၊ ဣမေဟိ ဓမ္မေဟိ - ဤဂုဏ်ကျေးဇူးတော်တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံတော်မူသော၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ဆန္ဒဿ - သတ္တ၀ါတို့၏အကျိုး စီးပွားကို ပြုလိုသော ဆန္ဒတော်၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္တိ - မရှိ၊ ဓမ္မဒေသနာယ - တရားတော်ကို ဟောပြောခြင်း၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္တိ - မရှိ၊ ၀ီရိယဿ - သူတပါးတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်း၌ လုံ့လ၀ီရိယတော်၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္တိ - မရှိ၊ ၀ိပဿနာယ - သင်္ခါရတရားတို့ကို အနိစ္စ အစရှိသော လက္ခဏာသုံးပါးဖြင့်ရှုမှု ၀ိပဿနာ ဉာဏ်တော်၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္ထိ - မရှိ၊ သမာဓိဿ - စိတ်တည်ကြည်မှု သမာဓိတော်၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္ထိ - မရှိ၊ ၀ိမုတ္တိယာ - အရဟတ္တဖိုလ်ကို ၀င်စားတော်မူခြင်း၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္ထိ - မရှိ။
၅။ ဒွါဒသဟိ - တစ်ဆယ်နှစ်ပါးကုန်သော၊ ဣမေဟိဓမ္မေဟိ - ဤဂုဏ်ကျေးဇူးတော် တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံတော်မူသော၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါး နှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ဒ၀ါ - ရယ်မြူးလို၍ ပြုမူပြောဆိုခြင်းသည်၊ နတ္ထိ - မရှိ၊ ရ၀ါ - သတိလွတ်၍ ချွတ်ယွင်းပြုမူပြောဆိုခြင်း သည်၊ နတ္ထိ - မရှိ၊ အဖုဋံ - ဉာဏ်တော်ဖြင့် မတွေ့ မထိ မသိအပ်သော တရားသည်၊ နတ္ထိ - မရှိ၊ ဝေဂါယိတတ္တံ - ဉာဏ်ဖြင့် မဆင်မခြင် အဆောတလျင်ပြုသောအမှု သည်၊ နတ္ထိ - မရှိ၊ အဗျာဝဋမနော - သူတစ်ပါးတို့အတွက် ကြောင့်ကြမဲ့ဖြစ်သော စိတ်နှလုံးတော်သည်၊ နတ္ထိ - မရှိ၊ အပ္ပဋိသင်္ခါနုပေက္ခာ - ဉာဏ်တော်ဖြင့် မဆင်မခြင် လျစ်လျူရှုသော အမှုသည်၊ နတ္ထိ - မရှိ။
အဋ္ဌာရသဟိ - တစ်ဆယ့်နှစ်ပါးကုန်သော၊ ဣမေဟိဓမ္မေဟိ - ဤကျေးဇူး တရားတော်တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံတော်မူသော၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ နမော - ရှိခိုးပါ၏၊ သတ္တန္နံ - ခုနှစ်ဆူကုန်သော၊ သမ္မာသမ္ဗုဒ္ဓါနံ - ၀ိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမတည်းဟူသော မြတ်စွာဘုရားရှင်တို့အား၊ နမော - ရှိခိုးပါ၏။
၆။ တထာဂတဿ - ၀ိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူ သော မြတ်စွာဘုရားအား၊ ကာယဒုစ္စရိတံ - ကိုယ်ဖြင့်ပြုအပ်သော မကောင်းမှု ကာယဒုစရိုက်သည်၊ နတ္ထိ - မရှိ၊ တထာဂတဿ - မြတ်စွာဘုရားအား၊ ၀စီဒုစ္စရိတံ - နှုတ်ဖြင့်ပြုအပ်သော မကောင်းမှု ‘၀စီဒုစရိုက်’ သည်၊ နတ္ထိ - မရှိ၊ တထာဂတဿ - မြတ်စွာဘုရားအား၊ မနောဒုစ္စရိတံ - စိတ်ဖြင့်ပြုအပ်သော မကောင်းမှု ‘မနောဒုစ္စရိုက်’ သည်၊ နတ္ထိ - မရှိ၊ အတီတံသေ - လွန်လေပြီးသော အတိတ်အဖို့၌၊ ဘဂ၀တော - ဘုန်တော်ကြီးသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပဋိဟတံဉာဏံ - ဆီးတားပိတ်ပင် ခြင်းရှိသော ဉာဏ်တော်သည်၊ နတ္ထိ - မရှိ၊ အနာဂတံသေ - နောင်လာလတ္တံသော အနာဂတ်အဖို့၌၊ ဘဂ၀တော - ဘုန်းတော်ကြီးသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပဋိဟတံဉာဏံ - ဆီးတားပိတ်ပင်ခြင်းရှိသော ဉာဏ်တော်သည်၊ နတ္ထိ - မရှိ၊ ပစ္စုပ္ပန္နံသေ - မျက်မှောက်သော အဖို့ကာလ၌၊ ဘဂ၀တော - ဘုန်းတော်ကြီးသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပဋိဟတံဉာဏံ - ဆီးတားပိတ်ပင် ခြင်းရှိသော ဉာဏ်တော်သည်၊ နတ္ထိ - မရှိ၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ သဗ္ဗံ - အလုံးစုံသော၊ ကာယကမ္မံ - ကိုယ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏပုဗ္ဗင်္ဂမံ - ဉာဏ်တော်လျှင်ရှေ့ သွားမရှိခြင်းသည်၊ နတ္ထိ - မရှိ၊ ဉာဏံ - ဉာဏ်တော်သို့၊ နာနုပရိဝတ္တံ - အစဉ်မလိုက် ခြင်းသည်၊ နတ္ထိ - မရှိ၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ သဗ္ဗံ - အလုံးစုံသော၊ ၀စီကမ္မံ - နှုတ်ဖြင့်ပြောအပ်သော အမှုသည်၊ ဉာဏာပုဗ္ဗင်္ဂမံ - ဉာဏ်တော်လျှင်ရှေ့သွားမရှိခြင်း သည်၊ နတ္ထိ - မရှိ၊ ဉာဏံ - ဉာဏ်တော်သို့၊ နာနုပရိဝတ္တံ - အစဉ်မလိုက်ခြင်းသည်၊ နတ္ထိ - မရှိ၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ သဗ္ဗံ - အလုံးစုံသော၊ မနောကမ္မံ - စိတ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏာပုဗ္ဗင်္ဂမံ - ဉာဏ်တော်လျှင်ရှေ့သွားမရှိခြင်း သည်၊ နတ္ထိ - မရှိ၊ ဉာဏံ - ဉာဏ်တော်သို့၊ နာနုပရိဝတ္တံ - အစဉ်မလိုက်ခြင်းသည်၊ နတ္ထိ - မရှိ၊ ဣမံဓာရဏံ - ဤအဆောင်သည်၊ ၀ါ - ဤဆောင်ထားအပ်သော ဓာရဏပရိတ်တော်သည်၊ အမိတံ - မနှိုင်းယှဉ်အပ်၊ အသမံ - တူမျှခြင်းလည်းမရှိ၊ သဗ္ဗသတ္တာနံ - ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့၏၊ တာဏံ - မှီခိုကိုးကွယ်ရာလည်း ဖြစ်၏၊ လေဏံ - ပုန်းအောင်းလဲလျောင်းရာလည်းဖြစ်၏၊ သံသာရဘယဘီတာနံ - သံသရာဘေးကို ကြောက်ရွံ့သော သူတို့၏၊ အဂ္ဂံ - အလွန်မြတ်သော၊ ပရိတ္တံ - အရံအတားဖြစ်၏၊ မဟာတေဇံ - ကြီးသော တန်ခိုးရှိန်စော် အာနုဘော်ရှိသော၊ ပရိတ္တံ - အရံအတားဖြစ်၏။
၇။ အာနန္ဒ - ချစ်သားအာနန္ဒာ၊ ဣမံ - ဓာရဏပရိတ္တံ - ဤသို့ တန်ခိုးရှိန်စော်အာနုဘော် ကြီးမြတ်သော ဓာရဏပရိတ်တော်ကို၊ ဓာရေဟိ - ရွတ်ဆောင်လော့၊ ၀ါရေဟိ - မှတ် သားလော့၊ ပရိပုစ္ဆာဟိ - မေးမြန်းစူးစမ်း ဆင်ခြင်လော့၊ တဿ - ထိုသို့ ရွတ်ဆောင်၊ မှတ်သား၊ မေးမြန်း၊ စူးစမ်းဆင်ခြင်သောသူ၏၊ ကာယေ - ကိုယ်၌၊ ၀ိသံ - မြွေ နဂါး စသည်တို့၏အဆိပ်သည်၊ နကမေယျ - မကျရောက်ရာ၊ ဥဒကေ - ရေ၌၊ နလဂ္ဂေယျ - မငြိတွယ်မနစ်မွန်းရာ၊ အဂ္ဂိ - မီးသည်၊ နဍဟေယျ - မလောင်ကျွမ်းရာ၊ နာနာဘယ ၀ိကော - အထူးထူးအပြားပြားများပြားစွာသော ဘေးရန်တို့သည် မထိမရောက်နိုင် ရာ၊ နဧကာဟာရကော - တစ်စုံတစ်ယောက်သောသူမျှ တစ်ရက်မကောင်းကြံသော သူသည်လည်း မကြံနိုင်ရာ၊ န ဒွိဟာရကော - နှစ်ရက်မကောင်းကြံခြင်းသည်လည်း မကြံနိုင်ရာ၊ န တိဟာရကော - လေးရက်မကောင်းကြံခြင်းသည်လည်း မကြံနိုင်ရာ၊ န ဥမ္မတ္တကံ - ရူးသွပ်ပျံ့လွင့်သော အနာလည်းမဖြစ်နိုင်ရာ၊ န မူဠကံ - တွေဝေမိုက်မဲ သော အနာလည်း မဖြစ်နိုင်ရာ၊ မနုေဿဟိ - လူတို့သည် လည်းကောင်း၊ အမနုေဿဟိ - ဘီလူးတို့သည် လည်းကောင်း၊ နဟိံသကာ - မညှင်းဆဲ မဖျက်ဆီး မနှိပ်စက်နိုင်ရာ။
၈။ တံ ဓာရဏပရိတ္တံ - ထိုဓာရဏပရိတ်တော်သည်၊ ယထာကတာမေ - အဘယ်နည်း ဟူမူကား၊ ဇာလော - စကြ၀ဠာ ကမ္ဘာတစ်သောင်းကို လောင်ကျွမ်းစေသော နေခုနှစ်စင်း၏ အရှိန်အစော်ကဲ့သို့ ဘေးရန်အန္တရာယ်အပေါင်းတို့ကို လောင်ကျွမ်း ပယ်ဖျောက်နိုင်သည့် တန်ခိုးရှိန်စော် အာနုဘော်ရှိတော်မူ၏၊ မဟာဇာလော - နတ်၊ သိကြား၊ နဂါး၊ ဂဠုန်၊ ကုမ္ဘာဏ်၊ ဘီလူး၊ ရက္ခိုက် အစရှိသည်တို့ကို တားမြစ်နိုင်သော သံကွန်ရက်နှင့်တူသော ဘုန်းတန်ခိုးရှိန်စော် အာနုဘော် ရှိတော်မူ၏၊ ဇာလိတ္တေ - ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်လိုသောသူဟု ဆိုအပ်သော ရန်သူအန္တရာယ်အပေါင်းကိုလည်း ပယ်ရှားတားမြစ်တော်မူနိုင်၏၊ မဟာဇာလိတ္တေ - ရောဂန္တရကပ်၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်ဟုဆိုအပ်သော ကပ်သုံးပါးတို့မှ လွတ်မြောက်နိုင်ရာ၏၊ ပုဂ္ဂေ - အမိဝမ်းတွင်း၌ ပဋိသန္ဓေ နေသော်လည်း အ ခြင်း၊ ဆွံ့ခြင်း၊ နားပင်းခြင်း၊ ရူးသွပ်၊ ပျံ့လွင့်ခြင်း အနာမျိုးတို့မှ လွတ်စေနိုင်ရာ၏၊ မဟာပုဂ္ဂေ - သစ်ပင်၊ တောင်ကမ်း၊ ချောက်တို့မှ ကျငြားသော်လည်း မသေနိုင်ရာ၊ သမ္ပတ္တေ - မရသေးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာအပေါင်းတို့ကိုလည်း ရစေနိုင်ရာ၏၊ မဟာသမ္ပတ္တေ - ရပြီးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာအပေါင်းတို့ကိုလည်း ကြီးကျယ်ပြန့်ပွား များနိုင်ရာ၏၊ ဘူတင်္ဂမှိ - ဟုတ်မှိန်သောအားဖြင့်၊ တမင်္ဂလံ - အမိုက်ပျောက်၍ အလင်းရောက်နိုင်တော်မူ၏။
အာနန္ဒ - ချစ်သားအာနန္ဒာ၊ ခေါ ပန - စင်စစ်၊ ဣမံဓာရဏပရိတ္တံ - ဤဓာရဏပရိတ်တော်ကို၊ သတ္တသတ္တတိ သမ္မာသမ္ဗုဒ္ဓ ကောဋီဟိ - ခုနှစ်ဆယ့် ခုနှစ်ကုဋေကုန်သော ဘုရားရှင်တို့သည်၊ ဘာသိတံ - ကောင်းစွာဟောတော်မူအပ်ပြီ၊ ၀တ္တေ -ကောင်းသောအကျိုးနှင့်ယှဉ်၏၊ အ ၀တ္တေ - မကောင်းသောအကျိုးနှင့်မယှဉ်၊ ဂန္ဓဝေ - ကောင်းသောတရားအရသာ အနံ့မျိုးကိုဆောင်၏၊ အ ဂန္ဓဝေ - မကောင်းသော တရားအရသာ အနံ့မျိုးကိုမဆောင်၊ နောမေ - ကောင်းသော စိတ်နှလုံးကိုဆောင်၏၊ အ နောမေ - မကောင်းသော စိတ်နှလုံးကို မဆောင်၊ သေဝေ - သူတော်ကောင်းတို့ နှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲရသည် ဖြစ်၏၊ အ သေဝေ - သူတော်မဟုတ် သူယုတ်တို့နှင့် မပေါင်းဖော်မယှဉ်တွဲ မမှီဝဲရသည် ဖြစ်၏၊ ကာယေ - ကောင်းသောကိုယ်ကို ဖြစ်စေ၏၊ အ ကာယေ - မကောင်းသောကိုယ်ကို မဖြစ်စေရာ၊ ဓာရဏေ - ကောင်းသော ကုသိုလ် အမှုကို ပြုဆောင်ရာ၏၊ အ ဓာရဏေ - မကောင်းသော အကုသိုလ်အမှုကို မပြုဆောင်ရာ၊ ဣလ္လိ - ကောင်းသောအိပ်မက်ကို မြင်မက်ရာ၏၊ မိလ္လိ - မကောင်းသော အိပ်မက်ကို မမြင်မက်ရာ၊ တိလ္လိ - ကောင်းသော အတိတ်နိမိတ်ကို မြင်ရ၏၊ မိလ္လိ - မကောင်းသော အတိတ်နိမိတ်ကို မမြင်ရ၊ ယောရုက္ခေ - သေပြီးသော သစ်ပင်တို့ကို ရှင်စေနိုင်၏၊ မဟာ ယောရုက္ခေ - ရှင်ပြီးသော သစ်ပင်တို့ကိုလည်း အကိုင်းအခက် အရွက်အလက်တို့နှင့် ပြည့်စုံစေနိုင် ၏၊ ဘူတင်္ဂမှိ - ဟုတ်မှန်သောအားဖြင့်၊ တမင်္ဂလံ - အမိုက်ပျောက်၍ အလင်းရောက် နိုင်၏၊
၉။ အာနန္ဒ - ချစ်သားအာနန္ဒာ၊ ခေါ ပန - စင်စစ်၊ ဣမံဓာရဏပရိတ္တံ - ဤဓာရဏပရိတ် တော်ကို၊ န၀န၀ုတိယာ သမ္မာ သမ္ဗုဒ္ဓ ကောဋီဟိ - ကိုးဆယ့်ကိုးကုဋေကုန်သော ဘုရားရှင်တို့သည်၊ ဘာသိတံ - ဟောတော်မူအပ်ပြီ၊ ဒိဋ္ဌိလာ - မကောင်းသဖြင့် ကြံသောသူတို့၏ အကြံအစည်ကိုလည်း သိမြင်နိုင်၏၊ ဒဏ္ဍိလာ - ဓား၊ လှံ၊ လက်နက်၊ လေး၊ မြား၊ မီးပေါက်၊ အမြောက်အစရှိသော ဘေးတို့သည်လည်း မထိရောက်စေနိုင်၊ မန္တိလာ - မန္တန် မန္တရား ဂါထာ အင်းအိုင်တို့သည်လည်း ထက်မြက်နိုင်၏၊ ရောဂိလာ - ရောဂါအန္တရာယ်မျိုးတို့ကိုလည်း ပယ်ဖျောက်နိုင်၏၊ ခရလာ - ကြမ်းတမ်းခက်မာသော အနာရောဂါမျိုးတို့သည်လည်း မထိမရောက်နိုင်၊ ဒုဗ္ဘိလာ - ကြိုး၊ ထိပ်၊ သံခြေကျင်း၊ အချုပ်အနှောင်၊ ထောင်သွင်း အကျဉ်းချထားခြင်းတို့မှလည်း လွတ်စေနိုင်၏၊
ဧတေန သစ္စ၀ဇ္ဇေန - ဤသို့မှန်သော သစ္စာစကား ကြောင့်၊ သဗ္ဗဒါ - အခါခပ်သိမ်း၊ (မေ - တပည့်တော်အား)၊ တေ - သင့်အား၊ (အမှာကံ - တပည့်တော့်တို့အား) (တုမှာကံ - သင်တို့အား)၊ သောတ္ထိ - ချမ်းသာခြင်း သည်၊ ဟောတု - ဖြစ်ပါစေသတည်း။
ဓာရဏပရိတ် နိဿယပြီး၏။
Ashin Indobhasa ..}}}blogspot.com {{{{မှ ကူးယူတင်​ပြပါသည်​။