*တစ်ဇွန်းဆန် ဂျွန်းပြန်အောင်ခံ*
……………………………………
ဆရာလေး ဆွမ်းခံ ပြန်လာပြီး
ဆွမ်းခံရတဲ့ ခံစားချက် နဲ့ သီလရှင်တို့ရဲ့
ဘဝကို သိရှိနိုင် အောင် ဒီစာလေး ရေး
ဖြစ်တာပါ။…
တော်တော်များများ သီလရှင် ဆို အရေး
တယူ မလုပ်တတ် ဘူးလို့ကြားဖူး တာ ပါ။
ဒါပေမဲ့ ဆရာလေး က တော့ သူများ
အရေးတယူ လုပ်ဖို့ သီလရှင် ဝတ်ခဲ့တာမဟုတ်လို့ မခံစားဘူး။
သီလရှင် ဆိုတာလဲ ဘုရားသမီး ပါဘဲ ဘုန်းကြီးမှ ဘွဲ့ရမှ ဆိုတဲ့ အ တွေးအ ခေါ် ရှိတဲ့ လူမျိုး တွေလဲ ဆရာလေး မိတ်ဆွေထဲ သိပ် မရှိဘူး။
အားလုံးသာသနာ အတွက် မိမိ သေခြင်းကောင်းဖို့ အတွက် လုပ်ကျတဲ့ သူအချင်းချင်း ခွဲခြားနေဖို့ မလိုပါ။
သီလရှင် ဘဝ ဆွမ်းဆန် ခံရမယ် မြတ်စွာဘုရား ရဲ့ ချမှတ် ထားတဲ့ စည်းကမ်း အတိုင်း လိုက်နာရမယ် လို့ ခံယူတယ်။
ဘုရင့်သား ဘုရင်ဖြစ်မည့် ဘုရားတောင် ဆွမ်းခံတာ မိမိ က ဘာမို့လဲ ဆရာသမားတွေက တော့ ဖြစ်မှ ဖြစ်ပါ့မလား စိတ်ပူပြီး နေတာပါ။
ဆွမ်းခံ ထွက်ဖို့ မနက် ၄ နာရီထ ဆွမ်းချက် ဘုရားဆွမ်း တော်ကပ် ရှိခိုး တရား၁နာရီ ထိုင် အာရုဏ်ဆွမ်း စားပြီး မနက် ၆ နာရီ ခွဲ စထွက် ကြပါတယ်။
မြို့ ထဲ ကို Bus စီး ပြီး ဆေးရုံ ရပ်ကွက် ဆင်းပြီး စ ဆွမ်းခံ ကြပါတယ်။ တချို့ အိမ်တွေက အိပ်ယာမထ သေး ပါ။
လောင်းနေကျ အိမ်များကို မှတ်သား ပြီး ဆရာလေးတွေ ခမျာ ဆွမ်းရပ် ရပါတယ်။ဘာသာခြားအိမ် မဖြစ်ဖို့လဲ ဂရုစိုက် ရပါတယ်။
စိတ်ထဲမှာတော့ ဗဟုသုတ ကြောင့် ပျော်နေတာပါ။
တချို့တွေက ချမ်းသာပေမယ့် ကန်တော့ ဆွမ်း လို့ တောင် မပြောတတ်ကြပါ။
မသိသလို ပါ။
တချို့ ဘိန်းမုန့်ဆိုင် အသုပ် ဆိုင် က လေး နဲ့ ဆင်းရဲ ကြပေမဲ့ ငွေ(၅၀) (၁၀၀) လောင်းသေးတယ်။ သူတို့ မြတ်ရော မြတ်ပါ့ မလား?
စိတ်ပူမိတယ် စိတ်မကောင်းဖြစ်မိတယ်။ ပြန်ပေးခဲ့ ချင်မိတယ်။
ဈေးတန်း ထဲ ရောက်တော့ လောင်းသူလောင်း ကန်တော့ဆွမ်း က
များပါတယ်။
လောင်းသူ မ လောင်းသူ စိတ်ကြည်ဖြူ စွာ တစိတ်ထဲ မေတ္တာ ပို့သပေးခဲ့ပါတယ်။
စိတ်ကိုသာ သတိထား ကြည့်မိနေပါတယ်။
ဆွမ်းခံချိန် က ၃နာရီ လောက် ကြာတော့
ခြေညောင်းလာတယ်။
ဒီထက်ဆိုးတာ က ဆွမ်းခံ တဲ့ မောင်းတောင်ချိုင့် ကို
ပိုက်ထား တဲ့လက် က ပို ဝေဒနာ တတ်လာတယ်။နေကလဲ ပူလာပြီလေ။
ဒါပေမဲ့ ဆရာသမား က ကိုယ့် ကို အားနာနေတော့ မခံစားသလို လေး နေပြရတယ်။ မ ပြောရဲပါ ညောင်းပြီပြန်စို့ လို့…… တကိုယ်လုံး
ချွေး နစ် နေပါ ရောလား။
အပြန်ကားစောင့် ရင်း တွေးမိတယ်။ သူများချွေး နဲစာ စားနေရတဲ့
ဘဝ ပေါ့ပေါ့ နေလို့ မ တော်ဘူး နော် ဆိုတာပါ။
ဆရာသမားကို ပြော
တော့ ဆရာသမားက ဒါ့ ကြောင့် တရားအားထုတ် သာသနာအလုပ်ကို
ပေါ့တန်တန် မလုပ် နဲ့ ကိုယ့် မှာ အပြစ် ကြီးကြောင်း ကိုဆုံးမ ပါတယ်။
ဆွမ်းခံ ရ တဲ့ ခွဲတန်း ကို ဆရာသမား အားပြန်ကန်တော့ ခဲ့ပါတယ်။
သန်လျင်က ဆရာကြီး ဒေါ် ဝဏ သင်္ဂီက
အနာဂါမ် ဆရာသက်ကြီးစခန်း
က တရားပြ အလွန်တော်တဲ့ ဆရားလေးရဲ့ ဆရာသမားပါ။
ကျောက်တန်း ဆရာကြီး ဒေါ် စန္ဒာဝတီ နဲ့
ဆွမ်းခံရတာက တော အရပ်
ဒေသ လေးမို့ ဆင်းရဲသူ များပါတယ်။
နေအိမ် လေးတွေ ချို့တဲ့ ပေမဲ့
သဒ္ဓါတရား မချို့တဲ့ တာ တွေ့ခဲ့ရ ပါတယ်။
ဘာသာ သာသနာ အကျိုး
သယ် ပိုးနေကြတဲ့ သီလရှင်.ဘဝ တွေ ဟာ တစ်ရက် ဆွမ်းခံရတာကို
တစ်ပါတ်တာ လောက်ငှ အောင်စားကြရပါတယ်။
လွယ်ကူတဲ့ အလုပ်မဟုတ်မှန်း ကိုယ်တိုင်ခံစား ခဲ့ ၍ ရေးသား တင်ပြ ပေးလိုက်ပါတယ်။
သီလရှင်မြင်လျှင် ကန်တော့ဆွမ်း ပါ လို့ မပြောမိကြ ဖို့ မေတ္တာရပ်ခံပါတယ် ။
တစ်ဖက်တစ်လမ်းက သာသနာပြုကြပါစို့……
Credit- ဒေါ်စန္ဒာသီ
No comments:
Post a Comment