စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, August 9, 2016

မေတ္တာဖြင့်​ လက်​နက်​​ဘေးကို ကာကွယ်​နိုင်

မင်္ဂလာပါ သူတော်ကောင်းတို့..

အဟောင်းအညစ်အားလုံးကိုချန်ထားခဲ့ပြီး

အကောင်းအသစ်များဖြင့် စတင်မည့်

မင်္ဂလာနေ့သစ်လေးဖြစ်ပါစေ။

🍀 မေတ္တာဖြင့် လက်နက်ဘေးကို ကာကွယ်နိုင် 🍀

   ဘုရားရှင် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူခိုက်..   ရာဇဂြိုလ်ပြည့်ရှင် ဘုရင်ဗိမ္မိသာရမင်းကြီးက ဘုရားရှင်ကို လျှောက်ထားမေးမြန်းတယ်။
     _/|\_ မြတ်စွာဘုရား ဗုဒ္ဓါနုဿတိ သည်သာလျှင် အကာအကွယ် အစောင့်အရှောက်ကို ဖြစ်စေနိုင်ပါသလား၊  သို့မဟုတ်  ဓမ္မာနုဿတိ စသည်တို့သည်လည်း အကာအကွယ် အစောင့်အရှောက်ကို ဖြစ်စေနိုင်ပါသလား...."" လို့ မေးလျှောက်ပါတယ်။

      [[[[ အဲ့ဒီမှာ ဗုဒ္ဓါနုဿတိ ဆိုတာ အများနားလည်အောင်ပြောလျှင် အရဟံဂုဏ်တော် ပုတီးစိပ် ရွတ်ဖတ်ပူဇော်တာတို့၊ ဣတိပိသော ပုတီးစိပ်တာမျိုးစတဲ့... ဘုရားရှင်ရဲ့ ဂုဏ်တော်နဲ့စပ်နွယ်ပြီး ရွတ်တာမျိုးကို ခေါ်ပါတယ်။...]]]]

    အဲ့ဒီလိုလျှောက်တဲ့အခါ ဘုရားရှင်က `` မြတ်သောမင်းကြီး၊ ဗုဒ္ဓါနုဿတိ သက်သက်သည်သာလျှင် အကာအကွယ် အစောင့်အရှောက်ကို ဖြစ်စေနိုင်တာမဟုတ်ပါ။
အကြင်သူတို့သည်...
၁..။ နေ့ညဥ့်မပြတ် ဗုဒ္ဓါနုဿတိ ပွားကြတယ်။

၂..။ နေ့ညဥ့်မပြတ် ဓမ္မာနုဿတိ ပွားကြတယ်။

၃..။ နေ့ညဥ့်မပြတ် သံဃာနုဿတိ ပွားကြတယ်။

၎..။ နေ့ညဥ့်မပြတ် ကာယဂတာသတိ ပွားကြတယ်။

၅..။ နေ့ညဥ့်မပြတ် ကရုဏာဘာဝနာ ပွားကြတယ်။

၆..။ နေ့ညဥ့်မပြတ် မေတ္တာဘာဝနာ ပွားကြတယ်။
          အဲ့ဒီသူတွေမှာ အခြားသော အစောင့်အရှောက် မန္တာန်ဆေးဝါးတို့ဖြင့် ကာကွယ်စောင့်ရှောက်ဖွယ်ကိစ္စ မရှိတော့ပါ...´´ လို့ မိန့်ကြားထားပါတယ်။

    ဒါကြောင့် မေတ္တာဘာဝနာသည် လက်နက်ဘေးကို ကာကွယ်နိုင်ပါသည်။

ဘုရားဂုဏ်မြတ် အာရုံကပ်
မပြတ်အောက်မေ့နေသူမှာ
နေ့ရောညဥ့်ပါ ခါခပ်သိမ်း
ရန်ဘေးကင်းငြိမ်းနေရမှာ။

တရားဂုဏ်မြတ် အာရုံကပ်
မပြတ်အောက်မေ့နေသူမှာ
နေ့ရောညဥ့်ပါ ခါခပ်သိမ်း
ရန်ဘေးကင်းငြိမ်းနေရမှာ။

သံဃာဂုဏ်မြတ် အာရုံကပ်
မပြတ်အောက်မေ့နေသူမှာ
နေ့ရောညဥ့်ပါ ခါခပ်သိမ်း
ရန်ဘေးကင်းငြိမ်းနေရမှာ။

ကာယဂတာသတိဓာတ် အာရုံကပ်၊
မပြတ်အောက်မေ့နေသူမှာ
နေ့ရောညဥ့်ပါ ခါခပ်သိမ်း
ရန်ဘေးကင်းငြိမ်းနေရမှာ။

ကရုဏာဓာတ် အာရုံကပ်
မပြတ်အောက်မေ့နေသူမှာ
နေ့ရောညဥ့်ပါ ခါခပ်သိမ်း
ရန်ဘေးကင်းငြိမ်းနေရမှာ။

အေးမေတ္တာဓာတ် အာရုံကပ်၊
မပြတ်အောက်မေ့နေသူမှာ
နေ့ရောညဥ့်ပါ ခါခပ်သိမ်း
ရန်ဘေးကင်းငြိမ်းနေရမှာ။'

★ ဓမ္မဒူတအရှင်ပညာဇောတ ရေးသားပြုစုသော #လက်ရွေးစင်ဆောင်းပါးများ စာအုပ်မှ ထုတ်နှုတ်ရေးသား ကုသိုလ်ပြုပါသည်။

မေတ္တာခြုံ လုံနိုင်ကြပါစေ။
ဤကမ္ဘာမြေ ငြိမ်းချမ်းပါစေ။
မြန်မာပြည်ကြီး သာယာပါစေ။
ဆန်ရေစပါးလဲ ပေါကြွယ်ပါစေ။'

မေတ္တာရည်လျှက်..
        ♕ မြတ်ပါရမီ ♕ '
          မြတ်ဗုဒ္ဓ၏ သာသနာ page..'

No comments:

Post a Comment