ဘဝအိပ်မက်
------------------
လောကဟူသည် အမိုက်တိုက်သဖွယ်သဖြစ်၏။ ညဥ့်သဖွယ်သာ ဖြစ်၏။ ဘဝဟူသည်
အိပ်မက်သဖွယ်သာ ဖြစ်၏။ လူဟူသည် အိမ်နေသဖွယ်သာဖြစ်၏။
ထို့ ကြောင်း ဗြဟ္မာဘဝသည်လည်း အိပ်မက်တစ်မျိုးသာဖြစ်၏။ နတ်ဘဝသည်လည်း အိပ်
မက်တစ်မျိုးသာ ဖြစ်၏။ လူ့ ဘဝသည်လည်း
အိပ်မက်တစ်မျိုးသာ ဖြစ်၏။ တိရစ္ဆာန်ဘဝသည်
လည်းအိပ်မက်တစ်မျိုးသာ ဖြစ်၏။ လောကဖြစ်စဉ်ဟူသမျှ အားလုံးတို့ သည် အိပ်မက်သဖွယ်ချည်းသာဖြစ်ပါ၏။ အမှန်များ မဟုတ်ကြ။ အမှန်များမဟုတ်သဖြင့် လွမ်းစရာလည်းမရှိ။ ဆွေးစရာလည်းမရှိ။ တပ်မက်စရာလည်းမရှိ။ ဒေါသ
ထွက်စရာလည်းမရှိ။ သို့ ပါလျက် လွမ်းကြ၏။ဆွေးကြ၏။ တပ်မက်ကြ၏။ ဒေါသထွက်ကြ၏။
ထိုအိပ်မက်ကား အစွမ်းထက်လှသော အိပ်မက်ပေတည်း။ (စာ - ၈၉)
ဆရာကြီးဦးရွှေအောင်
ဗုဒ္ဓလောကသားတို့ ၏အနှိုင်းမဲ့ကျေးဇူးရှင်
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpage
No comments:
Post a Comment