စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, December 25, 2016

ယနေ့ကိုတွေ့ဖြစ်အောင်သွားတွေ့ပါ

"ယနေ့ကို တွေ့ဖြစ်အောင် သွားတွေ့ပါ"

မနက်ဖြန်သည်
ငါ့အတွက်မသေချာ  သင့်အတွက်လည်းမရေရာ
သေမှာရှင်မှာ
အတတ်မသိရာသောကြောင့်တည်း

နက်ဖြန်လည်း
ငါ့အတွက်မဟုတ်  သင့်အတွက်မဟုတ်
ဘယ်လိုဂြိုဟ်ဆိုး  ကြမ္မာဆိုးများ
ဝင်တိုးမည်  မသိသောကြောင့်တည်း

နက်ဖြန်သည်
ငါ့ကိုမချိန်း  သင့်ကိုလည်းသူမချိန်း
အချိန်သည်  သူ့ဝန်သူထမ်း၍
သူလမ်းသူ  သွားနေသောကြောင့်တည်း

ယနေ့သည်
ငါ့လက်ကို ငါပိုင်ဖြစ်နေသည်
ထိုယနေ့သည်
ရွှေဆိုရွှေ  ငွေဆိုငွေ ငါ့ကိုဝေနေပြီ

ယနေ့လောက်
သေချာသောကာလ
ယနေ့လောက် သေချာသောဘဝ
ငါ့အတွက် ဘယ်မှာမှ မရှိ"

မဟာဗောဓိမြိုင် ဆရာတော်ကြီး
……………………………………
AUNG .MYAT .ZAW


No comments:

Post a Comment