စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, December 25, 2016

သတိရပါ

" မရဏာနုဿတိ  "
************
၁။ သေမယ့်အရေး၊ နေ့တိုင်းတွေး၊ ထိုတွေးကြွယ်သင့်သည်။
၂။ ငါသေရမည်၊ ငါသေမည်၊ လီလီတွေးသင့်သည်။
၃။ မသေသူက၊ ဒီလောက၊ ဘယ်မှမရှိပြီ။
၎။ လူတိုင်းပင်လျှင်၊ တစ်နေ့တွင်၊ မှန်ပင်သေရမည်။
၅။ တစ်နေ့ထက်တစ်နေ့၊ သေမယ့်နေ့၊ နီး၍လာနေပြီ။
၆။ မသေခင်လေး၊ ကုသိုလ်ရေး၊ မနှေးပြုသင့်သည်။
၇။ သေပြီးနောက်ခါ၊ ကိုယ့်နောက်မှာ၊ ဘယ်ဟာမပါပြီ။
၈။ သံသရာမှာ၊ ကိုယ့်ကံသာ၊ ကပ်ကာလိုက်ပါသည်။
၉။ မသေသေးခင်၊ ချင်းချင်းတွင်၊ ကြင်ကြင်နာနာရှိရသည်။
၁၀။ မသေသေးခင်၊ ချင်းချင်းတွင်၊ ခင်ခင်မင်မင်ရှိရသည်။
၁၁။ မသေသေးခင်၊ ချင်းချင်းတွင်၊ ကူချင်စိတ်လေး မွေးရသည်။
၁၂။ သတ္တ၀ါတိုင်းပင်၊ ထာဝစဉ်၊ သက်ရှည်ချင်ကြသည်။
၁၃။ သက်ရှည်ချင်ကြ၊ ဘယ်သူမှ၊ ဆန္ဒမပြည့်ပြီ။
၁၄။ မသေချင်ဘဲသာ၊ လူတိုင်းဟာ၊ သေကာသွားရသည်။
၁၅။ သစ်ရွက်တွေက၊ ကြွေချိန်ကျ၊ ကြွေကြရပါသည်။
၁၆။ သစ်သီးတွေက၊ ကြွေချိန်ကျ၊ ကြွေကြရပါသည်။
၁၇။ နေမင်းသော်မှ၊ ဝင်ချိန်ကျ၊ ဝင်ရပါပေသည်။
၁၈။ သတ္တဝါမှန်သမျှ၊ သေချိန်ကျ၊ သေကြရပါမည်။
၁၉။ ကုသိုလ်လီလီ၊ မသေမီ၊ သင်သည်ပြုသင့်သည်။
၂၀။ သံသရာမှာ၊ ကုသိုလ်သာ၊ ကိုယ့်မှာ ကူညီမည်။

(သာမဏေကျော်) 
မေတ္တာဖြင့် မျှဝေပါသည်။


No comments:

Post a Comment