စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, December 24, 2016

ပိုက်ဆံကိုခေါင်းပေါ်မတင်နဲ့..

*** ပိုက်ဆံကို ခေါင်းပေါ်မတင်နဲ့  ***

ရေလှူ မယ်     သက်တော်ထင်ရှားဘုရားကို
အာရုံပြု ပြီးတော့  ရေတွေကပ်မယ်။
ဒီထက်တတ်နိုင်ရင်  ဆီမီးကပ်မယ်။ပန်းကပ်မယ်။
အာရုဏ်တက်တော့ ဆွမ်းခဲဖွယ်ဘောဇဉ်တွေ လှူ နိုင်တယ်။
ဥာဏ်နဲ့ သက်တော်ထင်ရှားဘုရားထိ
အာရုံပြု ပြီးတော့  ဒါနနဲ့   စလိုက်တာပါ။
ပြီးတော့ ဘုရားရှိခိုး , သက်တော်ထင်ရှားဘုရားထိ
အာရုံပြု ပြီး  ရှိခိုး။ ဘုရားကိုခေါင်းပေါ်မှာပဲ တင်ထားလိုက်။
ဘုရားကို ရှေ့ ကပဲအမြဲထား။
ပိုက်ဆံကို ခေါင်းပေါ် မတင်နဲ့ ။ လောင်သွားလိမ့်မယ်။
ပစ္စည်းတွေ ခေါင်းပေါ်သွားသွားမတင်နဲ့ ။
လောင်သွားလိမ့်မယ်။

ယောဆရာတော် အရှင်သိရိနန္ဒာဘိဝံသ


No comments:

Post a Comment