*** ကိုယ့်စိတ် ကိုယ်စစ် ***
သူယုတ်မာက
အပြစ်လို့ ထင်တာနဲ့  ကဲ့ရဲ့ တတ်တယ်။
သူတော်ကောင်းက
အပြစ်လို့ မြင်နေရင်တောင် မကဲ့ရဲ့ ဘူး။
စေတနာနဲ့  ဝေဖန်ထောက်ပြပေးတယ်။
သူယုတ်မာက
ကောင်းတာကို မြင်နေရင်တောင် လစ်လျူ ရှုတတ်တယ်။
သူတော်ကောင်းက
ကောင်းတယ်လို့ ထင်တာနဲ့ အားပေးချီးမြှောက်တတ်တယ်။
သူယုတ်မာက
သူတော်ကောင်းကိုလည်းစော်ကား,
သူယုတ်မာအချင်းချင်းလည်း စော်ကားတတ်ပြီး
နေရာတကာ ဝင်ရှုတ်တတ်တဲ့အတွက်
ဘေးအမျိုးမျိုးနဲ့ ကြုံရတတ်တယ်။
သူတော်ကောင်းက
သူယုတ်မာကိုလည်း မစော်ကား,သူတော်ကောင်းကိုလည်း
မစော်ကားဘဲ ကိုယ့်အလုပ်ကိုလုပ်တဲ့အတွက်
ကိုယ့်မှာလည်းဘေးကင်းတယ်။
စိတ်မှာလည်း အေးချမ်းတယ်။
အရှင်တေဇာနန္ဒ (စေတနာပန်းခင်းဆရာတော်)
(ပညာရှိ သူတော်ကောင်းများ ဖြစ်ကြပါစေ။)
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Sunday, December 25, 2016
ကိုယ့်စိတ် ကိုယ်စစ်
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment