စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, December 30, 2016

သဒ္ဓါဟူသည်

{{{ သဒ္ဓါဟူသည် }}}
(၀ိသုဒ္ဓါရုံ- ဒီပဲယင်းဆရာတော်ဘုရားကြီး)
(ပရမတ္ထစက္ခုကျမ်း- ၁၉၆။ ၁၁။ ၁၅၉)
ဘုရားအစရှိသော ကောင်းသောအာရုံ၌ စိတ်ကို ကြည်လင်စေတတ်သောသဘော။ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူး၌ ယုံကြည်ပြေးဝင်ခြင်းသဘော။
ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုး၌ ယုံကြည်ပြေးဝင်ခြင်းသဘော။
ဥပမာ။ ။ မိမိသည် မြွေပွေးကိုက်၍ မသေဘူးပဲ မိမိမျက်မှောက်၌ မြွေပွေးကိုက်သည်ကို၎င်း ကိုက်၍သေသည်ကို၎င်း ကိုယ်တွေ့ဒိဋ္ဌ မမြင်ဘူးပဲ မြွေပွေးကိုက်၍ သေတတ်သည်ဟု သူပြောလူပြောကို ယုံကြည်ကြသည့်အတွက် မြွေပွေးကို မကိုင်ဝံ့ကြကုန်။ ရှောင်ကွင်းကြကုန်သကဲ့သို့ ထို့အတူ ---
ပါဏာတိပါတ အစရှိကုန်သော ဒုစရိုက်အကုသိုလ်ကံတို့၏ အကျိုးရင်း အကျိုးဖျားတို့ကို ယုံကြည်သော သဒ္ဓါတရားရှိကြပါကုန်မူကား အကုသိုလ်ကံ ပြုဝံ့စရာမရှိပါ။
ကံ-ကံ၏အကျိုး ယုံကြည်တဲ့ သဒ္ဓါတရား မရှိကြသည့်အတွက် မြိန်မြိန်ရှက်ရှက် အားတက်ရွှင်လန်း ၀မ်းမြောက်ဝမ်းသာ ပြုနိုင်ကြခြင်းဖြစ်သည်။
စိန်ကောင်းတစ်ပွင့်ကို တွေ့မြင်၍ ( ဤစိန်သည် အဘိုးထိုက်တန်- ရခဲသော ရတနာတည်း )ဟု စိန်ရတနာ၏ သတ္တိကို ယုံကြည်တဲ့သူသည် စိန်ကိုကောက်ယူပြီး လက်ဝယ်ရထားလို့ မရောင့်ရဲနိုင် အားမရနိုင်သကဲ့သို့ ထို့အတူ ---
ကုသိုလ်ကံ၏ အကျိုးကို ယုံကြည်တတ်သော သဒ္ဓါတရားရှိသောသူသည် ဒါန သီလစသော ကုသိုလ်ကိုပြု၍ အားမရနိုင်၊ သီလသီတင်း ဆောက်တည်၍ မပျင်းနိုင်၊ ကုသိုလ်ပြု၍ မပျင်းနိုင်၊ မရောင့်ရဲနိုင်။ လယ်လုပ်အခစား ကူလီသမားနှင့်လဲ နှိုင်းလေ။ ။
ဉာဏ်အမြင်နဲ၊ သဒ္ဓါကဲ၊ အလွဲလွဲဖြစ်တတ်သည်။
အလွဲလွဲ-ဆိုသည်မှာ
သဒ္ဓါလွန်လျှင် တဏှာဝင်၍ အချစ်အခင် တဏှာဇောတွေ စောတတ်သည်။
မကြည်ညိုသင့် မကြည်ညိုထိုက်သော အရာတို့၌ ကြည်ညို၍ ကုသိုလ်လိုလိုနှင့် အမိုက်ဇောတွေစောတတ်သည်။ ဤသို့ စသည်ကို ဆိုသည်။
သဒ္ဓါအသွင်၊ တဏှာဝင်၊ ခင်မင်သည်ကို အကြည်ညို။
မသိကို အသိ၊ မောဟဖိ၊ မဟုတ်သိများ၊ အဟုတ်သိကား၊ ရှားလှချေ၏။ ။
သဒ္ဓါနှင့် ဉာဏ်၊ နှစ်ခုသန်မှ၊ လမ်းမှန်သို့ရောက်သည်။ ။
သဒ္ဓါစစ် ကုသိုလ်ချစ်သည်။ ပညာစစ် ရွေးချယ်စိစစ်သည်။ ။
သဒ္ဓါလွန်လျှင် မိုက်မှားတတ်သ်ည။ ။
ပညာလွန်လျှင် ယူမှားတတ်သည်။ ။
အထူးမှတ်ချက် ---- ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ သန္တာန်၌
{{{ သဒ္ဓါတရား စစ်စစ် ဖြစ်လာဖို့ ခဲယဉ်းသလို }}}
{{{ ဖြစ်လာပြီးသာ သဒ္ဓါတရားကို မပျက်စီးရအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ရန်လည်း အလွန်ခဲယဉ်းလှပါသည် }}}
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page
https://www.facebook.com/DhammaSarpay/

အရှင်​​တေဝိဇ္ဇ(မူလအလှူရှင်​)


No comments:

Post a Comment