လေးစားမှုကို အခြေခံတဲ့ ချစ်ခြင်းက
လေးစားမှုလျော့ရင် လျော့သွားတတ်
လေးစားမှုပျက်ရင် ပျက်သွားတတ်လို့ မခိုင်မြဲဘူးဆိုပေမယ့်
လေးစားမှုကို ရေရှည်တည်တံ့အောင်
ထိန်းသိမ်းထားနိုင်ရင်တော့, အဲဒီချစ်ခြင်းက
ပိုမိုလေးနက်ပြီး ကြီးကျယ်မြင့်မြတ်နိုင်ပါတယ်။
ချစ်ခြင်းက လေးစားမှုကိုအခြေမခံခဲ့လို့ 
တည်မြဲနေတယ်ပဲထား …
လေးစားမှုရဲ့  ပံ့ပိုးမှုကို အမြဲရနေမယ်ဆိုရင် , အဲဒီ
ချစ်ခြင်းကလည်း ပိုမိုအဓိပ္ပါယ်လေးနက်ပြီး
ကြီးကျယ်မြင့်မြတ်တဲ့ ချစ်ခြင်း ဖြစ်သွားနိုင်ပါတယ်။
လေးစားမှုအတွက် အခြေခံအကျဆုံးကတော့
'' ကိုယ်ကျင့်တရား '' ပြီးတော့ ''အကျိုးဆောင်နိုင်မှု'' ပါပဲ။
'' သီလ နဲ့  မေတ္တာ '' ပေါ့။
ဆရာတော် အရှင်ဆန္ဒာဓိက
No comments:
Post a Comment