စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, January 8, 2017

ဓမ္မကထိက ဟူသည်..

ဓမ္မကထိကဟု ဆိုအပ်သူ.....။
  အဘယ်မျှဖြင့် ဓမ္မကထိကမည်ပါသနည်း ဟု
ရဟန်းတစ်ပါးကမေးလျှောက်သော်-
  " ရုပ် ဝေဒနာ စသည်တို့ကို ငြီးငွေ့ခြင်း၊ စွဲမက်မှုကင်းခြင်း၊
ချုပ်ငြိမ်းစေခြင်းငှာ ဟောလျှင် ဓမ္မကထိကမည်၏။
   ရုပ် ဝေဒနာ စသည်တို့ကို ငြီးငွေ့ခြင်း၊ စွဲမက်မှုကင်းခြင်း၊
ချုပ်ငြိမ်းခြင်းငှာကျင့်လျှင် တရားနှင့်လျော်သောအကျင့်ကို
ကျင့်သူမည်၏။
  ရုပ် ဝေဒနာ စသည်တို့ကို ငြီးငွေ့ခြင်း၊ စွဲမက်မှုကင်းခြင်း၊
ချုပ်ငြိမ်းစေခြင်းကြောင့် တစ်စုံတစ်ခုသောအာရုံကိုမစွဲယူပဲ
ကိလေသာတို့မှ လွတ်မြောက်သူသည် မျက်မှောက်၌ပင်
ငြိမ်းအေးခြင်း (နိဗ္ဗာန်) သို့ရောက်သူမည်၏ ဟု
မြတ်စွာဘုရားက ဖြေကြားတော်မူ၏...........။

(သံယုတ္တနိကာယ်၊ ဓမ္မကထိကဝဂ်၊ ဓမ္မကထိကသုတ်)
credit,ဆရာတော်ဥုးဝဏ္ဏိတ

No comments:

Post a Comment