အာဋာနာဋိယသုတ် ဖြစ်ပေါ်လာပုံ
** ** ** ** ** ** ** ** **
ဗုဒ္ဓမြတ်စွာ ဂိဇ္ဈကုဋ်တောင်၌ သီးတင်းသုံးနေစဉ်အခါက တစ်ညမှာ လောကပါလ နတ်မင်းကြီးလေးပါးတို့ ရောက်ရှိလာကြသည်။
ထိုနတ်မင်းတို့သည် ဘုရားဖူးရန်၊ တရားနာရန်၊ ပြဿနာမေးရန် လာခြင်းမျိုးမဟုတ်။ သာသနာအတွက် လျှောက်ထားစရာရှိလို့ လာခဲ့ကြခြင်းဖြစ်သည်။
သို့နှင့် ခေါင်းဆောင် ဝေဿ၀ဏ်နတ်မင်းကြီးက ဗုဒ္ဓအား ဤသို့ လျှောက်ထားသည်။
"" ဗုဒ္ဓဘုရား တန်ခိုးသိပ်ကြီးတဲ့ နတ်ဘီလူးတွေဆို အများကြိးပဲ ရှိပါတယ်။ သူတို့ဟာ သာသနာကို ကြည်ညိုသူရှိသလို.. မကြည်ညိုသူတွေလည်း ရှိပါတယ်။ မကြည်ညိုသူကများပါတယ်ဘုရား။
ဒါကလည်း ဗုဒ္ဓက သူ့အသက်မသတ်ရန် ဟောပါတယ်။ သူတို့က သူ့အသက် သတ်တဲ့ အလေ့အထတွေရှိကြပါတယ်။ ဒါကြောင့် မကြည်ညိုကြခြင်း ဖြစ်ပါတယ်။
ဗုဒ္ဓဘုရား.. တပည့်တော်တို့ နတ်မင်းကြီးတွေ `` အာဋာနာဋခေါ်တဲ့ နတ်မြို့မှာ စုပေါင်းရေးထားတဲ့ အာဋာနာဋိယသုတ်ဆိုတာ ရှိပါတယ်။ ဒီသုတ်ကို ဗုဒ္ဓရဲ့ တပည့်သာဝကတွေ ရွတ်ဖတ်သရဇ္ဈာယ်စေခြင်းဖြင့် နတ်မိစ္ဆာ၊ နတ်ဘီလူး စတာတွေရဲ့ အနှောင့်အယှက်မှ ကင်းဝေးကြပါလိမ့်မယ် ဘုရား..""
ဟု ဝေဿ၀ဏ်နတ်မင်းကြီးက ဤသို့ လျှောက်ထားပြီး အာဋာနာဋိယသုတ်ကို ဗုဒ္ဓအား ရွတ်ပြသည်။ ဗုဒ္ဓက နံနက်လင်းသည့်အခါ ရဟန်းတို့အား ထိုအကြောင်းကို ပြန်ပြော၍ အာဋာနာဋိယသုတ်ကို သင်ပေးပြီး ရွတ်စေတော်မူခဲ့သည်။
အာဋာနာဋိယသုတ် ရွတ်ရခြင်းအကျိုး
*************************
ဤသုတ်ကို ရွတ်ခြင်းဖြင့် အနှောင့်အယှက် အမျိုးမျိုးတို့မှ ကင်းလွတ်ခြင်းအကျိုး၊ နတ်အပေါင်းတို့၏ မေတ္တာကို ခံရသဖြင့် မိမိအား စောင့်ရှောက်ခြင်းအကျိုး စသည်ကို ခံယူရရှိသည်။ နေ့စဉ်ရက်ဆက် ရွတ်ပါက မခန့်မှန်းနိင်လောက်အောင် အကျိုးထူးများ ရရှိလေသည်။
ရွတ်ရမည့်အခါ
***********
လူသူကင်းဝေးရာ မိအိတစ်ဦးတည်း နေရသည့်အခါ နတ်၊ ဘီလူး ၊ သရဲတစ္ဆေ စသည်တို့ ပူးဝင်နှောင့်ယှက်သည့်အခါ စုန်းကဝေ စသည်တို့ ပူးကပ်သည့်အခါ စသည်တို့၌ရွတ်ပါ။
ဦးကျော်..( ပညာမော်ကွန်း)စုစည်းပူဇော်သည့်
” ဓမ္မမော်ကွန်း” စာအုပ်မှ ကူးယူဓမ္မဒါနပြုပါသည်။
https://www.facebook.com/DhammaSarpay/
➰➰ မြတ်ပါရမီ
ဓမ္မစာပေများ ရေးသားကုသိုလ်ပြုသူများအဖွဲ့
မြတ်ဗုဒ္ဓ၏သာသနာ pageမှ ဓမ္မဒါနပြုပါသည်။
https://m.facebook.com/story.php?story_fbid=1905623536327467&id=1526628857560272
No comments:
Post a Comment