စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, January 5, 2017

အမျိုးသမီးများ သင်္ကန်းလျှော်လျှင်..

***အမျိုးသမီးများ သင်္ကန်းလျှော်လျှင်***

            *သင်္ကန်းကို နင်း၍၊ ရိုက်၍ လျှော်ဖွပ်ရန် မလုပ်အပ်ကြောင်း သတိပြုသင့်ပါသည်။

             ကုသိုလ်လို၍ ဒကာမ (မာတုဂါမ) အမျိုးသမီးများက ရဟန်းတော်တို့၏ သင်္ကန်းတို့ကို ဖွပ်လျှော်ပေးလိုပါသည် ဆိုက မတားမြစ်ထိုက်။ လျှော်ဖွပ် ပေးခြင်းကြောင့် လျှော်ဖွပ်သူမှာလည်း ကုသိုလ်ဖြစ်ပါသည်။

             ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းဟောင်းကို ဖွတ်လျှော်မခိုင်းအပ်၊ အာပတ်သင့်သည်-ဟု ပါတိမောက် သိက္ခာပုဒ်တွင် ဆိုသည်။ သာမဏေရီ သိက္ခမာန် (ရဟန်းမလောင်း)၊ လူမိန်းမတို့နှင့် မဆိုင်၊ (လျှော်ခိုင်း)အပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ/ရဝေထွန်း-ဘာသာရေးပြဿနာများ)
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpage
https://www.facebook.com/DhammaSarpay/

No comments:

Post a Comment