စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, January 22, 2017

သမ္ဗုဒ္ဓေ ဂါထာ

သမ္ဗုဒ္ဓေ ဘုရားရှိခိုး
🍁🌿🍁🌿🍁🌿🍁🌿🍁

(က) သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ပဉ္စသတ သဟဿနိ၊ နမာမိ သိရသာမဟံ။
(ခ) အပ္ပကာ ၀ါဠုကာ ဂင်္ဂါ၊ အနန္တ နိဗ္ဗုတာ ဇိနာ။တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နာမမဟံ။
(ဂ) နမက္ကာရ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။အနေက အန္တရာယာပိ၊ ၀ိနဿန္တု အသေသတော။

သမ္ဗုဒ္ဓေ ဘုရားရှိခိုး
(က) အဋ္ဌ၀ီသဉ္စ၊ သုံးပါးဘ၀ သုံးလောကတွင် ဉာဏရောင်ဖိတ် အောင်ဘိသိက်ယူ နှစ်ကျိပ်ရှစ်ဆူကုန်သော။ သဗ္ဗုဒ္ဓေ စ။ တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကိုလည်းကောင်း။ ဒွါဒသဉ္စ သဟသကေ၊ နိဗ္ဗာန်ကိန်းအောင်း။ စံမွေ့လျောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော။ သမ္ဗုဒ္ဓေ စ၊ လရောင်ပမ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းပြောင် မြတ်ဘုန်းခေါင်တို့ကိုလည်းကောင်း။ ပဉ္စသတ သဟဿနိ၊ သောင်းတိုက်စကြ၀ဠာ ဂုဏ်ဝါရောင်ရှိန်း ငါသိန်းကုန်သော။ သမ္ဗုဒ္ဓေ စ၊ နေရောင်ပမ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းထိန် မြတ်မုနိန်တို့ကိုလည်းကောင်း။ အဟံ၊ တပည့်တော်သည်။ သိရသာ၊ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးပါ၏ အရှင်ဘုရား။

(ခ) အပ္ပကာ ၀ါဠုကာ ဂင်္ဂါ၊ ဂင်္ဂါမြစ်ထဲ ငွေသောင်ငဲကို နည်းစေထသော။ အနန္တာ၊ သင်္ချာဂဏန်း ရေတွင်မှန်းလည်း ဆုံခန်း တိုင်းမြောက် မရောက်နိုင်ထသော။ နိဗ္ဗုတာ၊ ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော်မူပြီးထသော။ ဇိနေ၊ နှောင့်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာမဂ် ဘုန်းရောင်စက်ဖြင့် ချိုးဖျက်လွယ်ကူ အောင်တော်မူသော ဘုရားရှင်တို့ကိုလည်းကောင်း။ တေသံ၊ ထိုငါးသိန်း, တစ်သောင်း, နှစ်ထောင်, နှစ်ကျိပ်ရှင်ဆူကုန်သော ဘုရားရှင်တို့၏။ ဓမ္မဉ္စ၊ တရားတော်မြတ်ကိုလည်းကောင်း သံဃဉ္စ တပည့်သား သံဃာတော် မြတ်ကိုလည်းကောင်း။ အဟံ၊ တပည့်တော်သည်။ အာဒရေန-အာဒရံ၊ ရိုသေစွာ။ နမာမိ၊ ရှိခိုးပါ၏ ရှိခိုးပါ၏ အရှင်ဘုရား။

(ဂ) နမကဉာရာ နုဘာဝေန၊ ဤရှခိုးရသော အာနုဘော်ကြောင့်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဥပဒ္ဒဝေ ဘေးရန်တို့ကို။ ဟိတွာ၊ ပယ်ဖျောက်၍။ အနေက အန္တရာယာပိ၊ များစွာကုန်သော အန္တရာယ်တို့သည်လည်း။ အသေသတော၊ အသေသတော၊ အကြွင်းအကျန် မရှိသောအားဖြင့်။ ၀ိနဿန္တု၊ ပျောက်ပျက်ပါစေကုန်သတည်း။ ဤဂါထာတော်ကို အမြဲမပြတ် ရွတ်ဖတ်သရဇဈာယ်ပါက ဘေးရန်ကင်း၍ အကြံအစည် ထမြောက်အောင်မြင်မည်။

သမ္ဗုဒ္ဓေဂါထာအကျိုးသွား

သမ္ဗုဒ္ဓေဟု၊ ဆူဝေကျော်ကြား၊ နိဒါန်းအားဖြင့်၊ ကွမ်းစား သတ္တော်၊
ခေါင်းလျှော်ဒသ၊
သတ္တ, တြိန်း၊
ဆီလိမ်းပဉ္စ၊
စီးထလှေမှ၊
ရှစ်ကြိမ်သာတည်း၊
နံ့သာပန်းမျိုး၊ ကိုးကြိမ်နှိုလော့၊
မိုးချုပ်ညဥ့်ခါ၊ အိပ်ရာဝင်မူ၊ ကိုးကြိမ်ဟူ၏၊

ရန်သူတွေ့မြောက်၊ ဆယ့်တစ်ခေါက်တည့်၊

စစ်ထိုးသောအခါ၊ ရွတ်ပါကိုးကြိမ်၊
ခပ်သိမ်းသန္တေ၊ မဖွားနေမူ၊ ရေမှာ ကိုခေါက် မန်း၍သောက်က၊ ဖွားမြောက်ခဏ၊ ချမ်းသာရ၏၊

ထိပ်ခပ်နှောင်သွင်း၊ သံခြေကျင်းနှင့်၊ အပြင်းတိုက်လှောင်၊ တစ်ထောင်ရွတ်လေ၊ လွတ်ထွက်ပေ၏။

ပန်းမွှေးနှစ်ခေါက်၊ ခရီးလျှောက်မူ
သမ္ဗုဒ္ဓေဂါထာအကျိုးသွားခေါင်းမှာ
တင်စိုက်၊ ရန်ဘေးမှလည်း မြူမှမလိမ်း၊ ကင်းလွတ်ငြိမ်း၏ ပျောက်ကင်းရောဂါ၊ ဗျာပါလည်းကင်း၊ သောက၇ှင်း၍ မင်းမင်းတည်း၊

ထွက်ဝင်ရဲရဲ၊ လူခပဲတို့၊ အံ့အဲစလောက်၊ ထွန်းတောက်ပ၀င်း၊ ပွင့်လင်းသာသနာ၊ ပွားကြောင်းရှာ၍၊

စန္ဒာလမင်း၊ ကောင်းကင်ချဉ်းသို့၊ ကောင်းခြင်းသမ္ဗုဒ္ဓေ၏ အကျိုးတည်း။

ပုံနှိပ်သု-သာခိုင်ညို မာရမာ

No comments:

Post a Comment