စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, January 31, 2017

အလှူခံ ( ၁၄) ယောက်

အလှူခံ (၁၄ )ယောက်
••"••"••"••"••"••"••"

သမ္မာသမ္ဗုဒ္ဓ.  ဘုရားရှင်
ပစ္စေကဗုဒ္ဓါ ခေါ် ဘုရားငယ်
အရိယာပုဂ္ဂိုလ်ရှစ်ယောက်
သာသနာပအခါ ကိလေသာကင်းအောင် ကျင့်သောရသေ့
သီလရှိသော လူသူတော်ကောင်း
သီလမရှိသော လူမိုက်
တိရစ္ဆာန်.. . တို့ဖြစ်ပေသည်၊။

  ထို ၁၄ ယောက်တို့တွင် တိရစ္ဆာန်တစ်ကောင်ကောင်ကို ပေးလှူလျှင် ဘ၀တစ်ရာ ချမ်းသာသည်..။

   သီလမရှိသော လူမိုက်ကို ပေးလှူလျှင် ဘ၀တစ်ထောင် ချမ်းသာမည်..။

   သီလရှိသော လူသူတော်ကောင်းကို ပေးလှူလျှင် ဘ၀တစ်သောင်း ချမ်းသာမည်။

    သာသနာပအခါ ကိလေသာကင်းအောင် ကျင့်နေသော ရသေ့ကို ပေးလှူလျှင် ဘ၀ကုဋေတစ်သိန်း ချမ်းသာမည်..။

   အရိယာ..၈ ယောက် .. ၊ ပစ္စေကဗုဒ္ဓါ ၊ သမ္မာသမ္ဗုဒ္ဓဘုရားရှင် ဤ (၁၀ ) ယောက်တို့တွင် မည်သူ့ကိုပင် လှူလှူ ဘ၀ပေါင်း မည်မျှ ချမ်းသာမည်ဟု ရေတွက်၍မရနိုင်ကြောင်း ဟောကြားထားပါသည်..။ ..။

**ဥပရိပဏ္ဏာသ ပါဠိတော် ဒက္ခိဏ၀ိဘင်္ဂသုတ်..**

No comments:

Post a Comment