စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, January 17, 2017

သာသနာမှာ ပျော်ပါစေ

သာသနာမှာ ပျော်ပါစေ
**********************

သာသနာအသက် တောအရပ်မှ
ကျောင်းသား ကိုရင် ကျောင်းမပျော်ရင်ဖြင့်
ရဟန်း ဘယ်မှာ ဖြစ်မည်နည်း။

ကိုရင်ကျောင်းသား ကျောင်းပျော်ထား၍
သာသနာအသက် ရဟန်းတက်ဖို့
မိဘဆရာ ကြိုးပမ်းပါမှ
သာသနာအရေး စိတ်အေးရပေမည်။

သာသနာမှာ နေပျော်ပါတဲ့
သားရဟန်းကိုရင် လူထွက်ချင်အောင်
မိဘမောင်ဖွား မကြိုးစားနှင့်။

သာသနာအတွက် တာဝန်ဆက်ဖို့
ကိလေသာ တဏှာတော
ဖြတ်ကျော်ကာ မမောပမ်း
အရောက်လှမ်းကာ ထမ်းဆောင်ဖို့
အင်အားအပြည့်ဖြင့် ချီတက်ကြပါစို့။

အရှင်ဣန္ဒာစက္က ပျိုးခင်းရှင်

#PYOEKHINNSHIN

No comments:

Post a Comment