****အားလုံး အဆင်ပြေစေချင်လျှင်****
လူတိုင်းလူတိုင်းမှာ အဆင်ပြေမှု့ . ... အဆင်မပြေမှု့...ဟူ၍ နှစ်မျိုး ရှိရာ #အဆင်ပြေမှု့ဟူသမျှသည် မိမိပြုခဲ့ဖူးသော ကုသိုလ်၏ ကောင်းသောအကျိုးဖြစ်သည် ။
#အဆင်မပြေမှု့ဟူသမျှသည် မိမိပြုခဲ့သော အကုသိုလ်၏ မကောင်းကျိုး ပင်ဖြစ်သည် ။
ကုသိုလ်သည် ကြီးပွားချမ်းသာခြင်း စသော ကောင်းကျိုး ကို ပေးတတ်သဖြင့် အေးမြသောရေနှင့်တူ၏ ။
#အကုသိုလ်သည် ဆင်းရဲ ဒုက္ခရောက်ခြင်း ပျက်စီးခြင်း စသော မကောင်းကျိုးကို ပေးတတ်သဖြင့် မီးနှင့်တူ၏ ။
#အဆင်မပြေမှု့ ဟူသော အကုသိုလ်မီး လောင်သောအခါ စိတ်ပူ စိတ်ညစ် နေလျှင် အကုသိုလ်မီးပို၍ လောင်မည်သာဖြစ်သည်။
သို့ဖြစ်၍ စိတ်ပူခြင်း စိတ်ညစ်ခြင်း .. စိတ်ဓာတ်ကျခြင်း.. ၀မ်းနည်းခြင်း စသည့် အကုသိုလ်မီးတောင်လောင်သောအခါ စိတ်ကို အေးအေးထား၍ ကုသိုလ်တည်း ဟူသော ရေဖြင့် နိုင်နိုင်လောင်းပေးလျှင် ထိုမီးငြိမ်း၇သည်မှာ အမှန်ဖြစ်လေသည်။
သို့ဖြစ်၍ အဆင်မပြေမှု့ နည်း၍ အစဉ်မပြတ် အစဉ်ပြေစေလိုလျှင် အဆင်ပြေစေတတ်သော ကုသိုလ်ကို များနိုင်သမျှ များများ ပြုလုပ်ပေးဖို့ သြ၀ါဒစကား မိန့်ကြားအပ်ပေသည်.. ။
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
(ကမ္ဘာ့သာသနာပြု အရှင်သေဋ္ဌိလာဘိဝံသ.ဗုဒ္ဓ ၏တရား အဆီအနှစ်များ စာအုပ်မှ... )
No comments:
Post a Comment