* နီဝရဏ တရား( ၈ )ပါး *
**************
* နီဝရဏ တရား ဟူသည် ----
* စိတ်ကိုညစ်ညူးစေတတ်သော သဘော ရှိ၏
* (ဝဋ်)မှ ထွက်မြောက်ကြောင်းကို တားဆီး
ပိတ်ပင်တတ်သော သဘော ရှိ၏
* နီဝရဏ တရား ရှစ်ပါး ရှိ၏ ---
(1) ကာမစ္ဆန္ဒ နီဝရဏ
(2) ဗျာပါဒ နီဝရဏ
(3) ထိန မိဒ္ဓ နီဝရဏ
(4) ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ
(5) ဝိစိကိစ္ဆာ နီဝရဏ
(6) အဝိဇ္ဇာ နီဝရဏ
(7) မမွေ့လျော်ခြင်း(အရတိ)နီဝရဏ
(8) အကုသိုလ်တရားအားလုံးသည် နီဝရဏ
(ရှင်သာရိပုတြာ)
(1) ကာမစ္ဆန္ဒ နီဝရဏ ကို ဈာန်အင်္ဂါ ဖြစ်သော
ဧကဂ္ဂတာ(သမာဓိ)နဲ့ ပယ်ရာ၏
(2) ဗျာပါဒ နီဝရဏ ကို ဈာန်အင်္ဂါ ဖြစ်သော
(ပီတိ) နဲ့ ပယ်ရာ၏
(3) ထိနမိဒ္ဓ နီဝရဏ ကို ဈာန်အင်္ဂါ ဖြစ်သော
(ဝိတက်) နဲ့ ပယ်ရာ၏
(4) ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ ကို ဈာန်အင်္ဂါ
ဖြစ်သော(သုခ) နဲ့ ပယ်ရာ၏
(5) ဝိစိကိစ္ဆာ နီဝရဏ ကို ဈာန်အင်္ဂါ ဖြစ်သော
(ဝိစာရ) နဲ့ ပယ်ရာ၏
(6) အဝိဇ္ဇာ နီဝရဏ ကို ညဏ်ပညာ ဖြစ်သော
(ဝိဇ္ဇာ) နဲ့ ပယ်ရာ၏
(7) မမွေ့လျော်ခြင်း(အရတိ)နီဝရဏ ကို
ဝမ်းမြောက်ခြင်း နဲ့ ပယ်ရာ၏
(8) အကုသိုလ်တရား နီဝရဏ ကို
ကုသိုလ် တရား နဲ့ ပယ်ရာ၏
ဤသို့ နီဝရဏ တရားများကို ဆိုင်ရာ ဖြစ်သော
ဆန့်ကျင်ဖက် တရားများနှင့် အသီးသီး ပယ်ရာ၏
(ဘုရားရှင်)
ဘုရားရှင် ဟောကြားသော သံယုတ်ပါဠိတော် နဲ့
ရှင်သာရိပုတြာ ဟောကြားသော ပဋိသမ္ဘီဒါ မဂ်
ပါဠိတော် တို့ကို ပေါင်းစပ်၍ ဖွင့်ဆိုထားပါသည်
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpage
https://www.facebook.com/DhammaSarpay/
Credit... ကိုဇော်
No comments:
Post a Comment