ဓဇဂ္ဂသုတ် ဖြစ်ပေါ်လာပုံ
** ^ ** ^ ** ^ ** ^ **
ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးစဉ်အခါက ရဟန်းတို့အား ဓဇဂ္ဂသုတ်တော်ကို အရံအတား ဖြစ်စေရန် ဟောတော်မူခဲ့ခြင်းဖြစ်သည်။
ဗုဒ္ဓရှိစဉ်အခါက ရဟန်းတို့မှာ စာသမားမဟုတ်ဘဲ ပဋိပတ်အလုပ်ကိုဇောက်ချ အားထုတ်သည့် ပုဂ္ဂိုလ်များဖြစ်ကြသည်။ တရားအလုပ် ဆိုတာကလည်း လူနှင့်သူနှင့်ဝေးသည့် တောထဲတောင်ထဲမှာ ၊ သို့မဟုတ် လူသူကင်းဆိတ်ရာ နေရာများမှာသာ အားထုတ်ရသော အလုပ်မျိုးဖြစ်သည်။
ထိုအခါ တစ်ပါးတည်း နေရသည့်ကြားထဲ တောစောင့်နတ်၊ တောင်စောင့်နတ် စသည်တို့၏ အခြောက်အလှန့် စသည်ကိုခံရတတ်သည်လည်း ရှိသည်။ သမာဓိအား မကောင်းသော အချိန်ဖြစ်ပါက တရားအလုပ် နှောင့်နှေးကြန့်ကြာရုံမက ပျက်ကွက်သွားရသည်လည်း ရှိသည်။
သို့ဖြင့် ဗုဒ္ဓက ထိုကဲ့သို့ အဖြစ်မျိုးမဖြစ်ရလေအောင် ဓဇဂ္ဂသုတ်တော်ကို ဟောတော်မူပြီး ထိတ်လန့်မှု့ရှိလာက ရွတ်ဖတ်ကြရန် မိန့်တော်မူခဲ့ခြင်းဖြစ်သည်။
တစ်ခါက သီဟိုဠ်ကျွန်း ( သီရိလင်္ကာကျွန်း ) ၊ ဒီဃ၀ါပီစေတီတော်၌ အင်္ဂတောအချော ကိုင်နေတုန်းတန်းလန်းက ဦးဇင်းတစ်ပါး စေတီတော် အထက်ဆင့် လက်တန်းမှလွတ်၍ စေတီဝမ်းပြင်ဖြင့် လျှောကျလေသည်။ ထိုအခါ အောက်ကကြည့်နေသော ရဟန်းတို့က "" ငါ့ရှင် ဓဇဂ္ဂသုတ် ရွတ်..ရွတ်.."" ဟု လှမ်းသတိပေးလေသည်။
ထိုအခါ ထိုရဟန်းက "" ဓဇဂ္ဂပရိတ္တံ မံ ရက္ခတု .. ဓဇဂ္ဂသုတ် ငါ့ကိုစောင့်ရှောက်ပါစေ.."" ဟု ရွတ်ဆိုလိုက်ရာ အုတ်နှစ်ချပ် ရုတ်ခနဲပေါ်လာပြီး လှေကားထစ်သဖွယ် ခံပေးလိုက်သည်။ ထိုအခါကျမှ အပေါ်ကရဟန်းများက နွယ်လှေကားချပေးရာ ထိုလှေကားပေါ် ထိုရဟန်း ရောက်သည်နှင့် အုတ်နှစ်ချပ်မှာ မူလနေရာ ပြန်ဝင်သွားလေသည်။ ဤမျှအထိ အားကိုးရသော သုတ်တော်ဖြစ်သည်။
ဓဇဂ္ဂသုတ် ရွတ်ရခြင်းအကျိုး
**~**~**~**~**~**~*
ဓဇဂ္ဂသုတ်ကို ရွတ်ဖတ်ခြင်းအားဖြင့် ကောင်းကင်၌ပင် ထောက်တည်ရာ ရနိုင်သည့်အပြင် ဘီလူး၊ သားရဲ၊ သူခိုး စသော ဘေးရန်တို့မှ လွတ်ကင်းနိုင်သည်။
ရွတ်ရမည့်အခါ
** ** ** **
စစ်ဖြစ်သည့်အခါ ၊ ကြောက်စရာ အန္တရာယ်များနှင့် ရင်ဆိုင်နေရသည့်အခါ ( အဌကတာ၏ ဖွင့်ဆိုချက်အရဆိုက ) အားကိုးရာမဲ့ အခြေအနေမျိုးနှင့် ကြုံနေရသည့်အခါတို့၌ ရွတ်ပါ။
ဦးကျော်( ပညာမော်ကွန်း) စုစည်းပူဇော်သည့်
❆ဓမ္မမော်ကွန်း ❆ စာအုပ်မှ ကူးယူဓမ္မဒါနပြုပါသည်။
ဓမ္မမိတ်ဆွေ သူတော်ကောင်းများအားလုံး ဘေးအန္တရာယ် ရန်စွယ်အသီးသီးမှ ကင်းလွတ်ကြပါစေသော်။
https://www.facebook.com/DhammaSarpay/
➰➰ မြတ်ပါရမီ
ဓမ္မစာပေရေးသား ကုသိုလ်ပြုသူများအဖွဲ့မှ ဓမ္မဒါနပြုပါ၏။
မြတ်ဗုဒ္ဓ၏သာသနာ page.
https://m.facebook.com/story.php?story_fbid=1905179279705226&id=1526628857560272
No comments:
Post a Comment