စိတ်ညစ်ခြင်းကို ဓမ္မဖြင့်ပယ်ရှားပါ
* * * * * * * * * * * * * * * *
လူတို့သည် ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရတို့ဖြင့် ရောထွေးယှက်
နွယ်နေပါသည်။ လောကကြီး၌ ကိုယ်ပြု၍ ကိုယ်ရသကဲ့သို့
ကိုယ်ပြု၍လည်း ကိုယ်ခံရတတ်ပါသည်။
စိတ်ညစ်သည်ဆိုသည်မှာလည်း ရုပ်က စိတ်ညစ်သည့်အထိ
ပထမ၌မပါ ။ စိတ်ညစ်ပါများလာမှ ရုပ်ကပါ ဖောက်ပြန်လာသည်
စိတ်ညစ်ခြင်း ဝမ်းသာခြင်း ဆိုသည်မှာ ရုပ်ကစိတ်ညစ်ခြင်း
ဝမ်းသာခြင်းဖြစ်သည်လား ? စိတ်ကစိတ်ညစ်ခြင်း ?ဝမ်းသာခြင်း ဖြစ်သည်လား ? စဉ်းစားကြည့်ပါတဲ့။
တချို့က စိတ်ညစ်လွန်းသောအခါ မစားနိုင်မအိပ်နိုင်ဖြစ်ခြင်း
တချို့ကတော့ စိတ်ပြေမည့်ထင်ရာ လျောက်သွား လျှောက်လုပ်တတ်ကြပါသည်။
လောကသည် အမြဲတမ်း ပဋိပက္ခမျာရှိနှင့်သာရှိနေ၏ ။
ပဋိပက္ခများ ရှိနေသော လောကကြီးကို နားလည်အောင်ပြုပြီး
စိတ်ညစ်စရာမှန်သမျှကို ပညာအဖြစ် အတွေ့အကြုံအဖြစ်
ဓမ္မသံဝေဂအဖြစ် ပြောင်းလဲယူရပါမည်။
စင်စစ် မိမိအားစိတ်ညစ်အောင်ပြုနိုင်သောသူသည် မိမိမှ
တစ်ပါးအခြားမည်သူမရှိပါ။
မိမိစိတ်က လက်ခံ၍သာ မိမိစိတ်ညစ်ရခြင်းဖြစ်ပါသည်။
စိတ်ညစ်စရာများကို ဥပေက္ခာ ပြုတတ်လာပါက ရှောင်ကွင်းတတ်လာပါက စိတ်၏ စိတ်ဆင်းရဲ့ခြင်းကင်း၍
စိတ်ချမ်းသာလာပါလိမ့်မည်။
စိတ်ညစ်စရာပေးသူများမှာ လူ့လောကတွင် နေရာအနှံရှိ၏ ရှောင်မရပါ။ သို့သော် ••••••••••••••
စိတ်ညစ်ခြင်းကို ဓမ္မအလင်းရောင်ဖြင့် ဖယ်ရှားရပါမယ်။
စိတ်ညစ်ခြင်းကို ပညာဥာဏ်အလင်းရောင်ဖြင့် ဖယ်ရှားရပါမည်
စိတ်ညစ်ခြင်း မှန်သမျှကို ဥပေက္ခပြုတတ်သော အကျင့်ကောင်း
ဖြင့် ဖယ်ရှား၍ သင့်ပြုကြည့်ပါတဲ့။
ချက်ချက်မဟုတ်တောင် ဓမ္မတရား တွေးကြောင့် တဖြေးဖြေး
စိတ်ချမ်းသာမှု ရလာပါလိမ့်မည်။
သုသေသီဘုန်းမြင့်သွေး
#သစ္စာရှင်>>>>ပြန်လည်တင်ဆက်သည်။
No comments:
Post a Comment