. မထိခိုက်ပါစေနဲ့
🔹🔸🔹🔸🔹🔸🔹🔸🔹🔸
မြတ်စွာဘုရားက သားတော်ရာဟုလာကို
ဆုံးမခဲ့တယ်………။
" ချစ်သား……
မင်း စကားပြောမယ် ကြံလို့ရှိရင်
ငါပြောမယ့် စကားဟာ……
တစ်ဖက်သား ထိခိုက်မှလား။
ဒီလိုမှမဟုတ် နှစ်ဦးစလုံး ထိခိုက်မှာလား။
စဉ်းစားပါ။
အဲဒီလို……ထိခိုက်မယ့်စကားဆိုရင်
အခုအချိန်ကစပြီး…တစ်သက်လုံးမပြောပါနဲ့။
"မင်းလုပ်မယ် ကြံလို့ရှိရင်……
ငါလုပ်မဟ့် အလုပ်ဟာ……
တစ်ဖက်သား……ထိခိုက်မှာလား။
ကိုယ့်ကို ပြန်ပြီး……ထိခိုက်မှလား။
နှစ်ဦးစလုံး ကို ……ထိခိုက်စေမှာလား
အဲဒီလို ထိခိုက်မယ့် အလုပ်မျိုးကို……
ယခုအချိန်ကစပြီး တစ်သက်လုံး……မလုပ်မိပါစေနဲ့။
စိတ်ကူးတွေးတောကြံစည်ရာမှာလည်း
ငါ့အကြံအစည်ဟာ
တစ်ဖက်သားကို ထိခိုက်မှာလား
မိမိကိုယ်ပြန်ပြီး ထိခိုက်စေမှာလား။
သို့မဟုတ်
နှစ်ဦးစလုံးကို ထိခိုက်စေမယ့်
အတွေးအခေါ် အကြံအစည်မျိုး ဆိုရင်လည်း
တစ်သက်လုံး
မတွေးခေါ် မကြံစည်ပါနဲ့……တဲ့……။
ကာယကံ ဝစီကံ မနောကံ
ကံသုံးပါးလုံး ဘယ်သူ့မှ မထိခိုက်စေဖို့
မြတ်စွာဘုရား ဟောတော်မူခဲ့ပါတယ်။ ။
အရှင်ပုညာနန္ဒ
credit to original uploader.
No comments:
Post a Comment