မိမိဘဝ၏
လုံခြုံမှု မလုံခြုံမှု
ချမ်းသာမှု ဆင်းရဲမှုများသည်
မိမိ၏ ကိုယ်နှုတ်စိတ်ပေါ်တွင်
အပြည့်အဝ မူတည်နေ၏။
အသိ,သတိမရှိလေက
တံခါးမရှိသော အိမ်၊
မင်းမရှိသောအရပ်တို့ကဲ့သို့
ဘေးရန်များပေါ်များနိုင်ပြီး
အကျိုးစီးပွါးပျက်စီးလွယ်၏။
ဘယ့်ကြောင့်နည်း
တံခါးသည်
အိမ်၏ဘေးရန်ပျက်စီးမှုကို စောင့်ရှောက်လုံခြုံစေနိုင်၏။
မင်းသည်
အရပ်ဒေသ၏
ဘေးရန်ပျက်စီးမှုကို
စောင့်ရှောက်လြုံခုံစေနိုင်၏။
အသိသတိများသည်
ဘဝ၏ဘေးရန်ပျက်စီးမှုကို
ဖြစ်စေနိုင်သော
ကိုယ်နုတ်စိတ်များကို
တားဆီးပိတ်ပင်နိုင်စွမ်းရှိ၍
ဘဝ၏လုံခြုံချမ်းသားမှုကို
ရရှိဖြစ်ပေါ်စေနိုင်၏။
-ထို့ကြောင့်
တံခါးရှိသော အိမ်၊
မင်းရှိသော အရပ်ကဲ့သို့
ဘေးရန်ကင်းပြီး
အေးချမ်းစေနိုင်ဖို့
အသိ သတိရှိသော
ကိုယ်နှုတ်စိတ်များဖြင့်
ဘဝကိုတည်ဆောက်သင့်၏။
#အိုင်ဒီယာလော်ဂျီ
No comments:
Post a Comment