စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, January 10, 2017
၉...အဂုင်္လိမာလသုတ်ဖြစ်ပေါ်လာပုံ
၉.. အဂုင်္လိမာလသုတ်​ ဖြစ်​​ပေါ်လာပုံ
*** *** *** *** *** *** ***
   အရှင်​အဂုင်္လိမာလ မ​ထေရ်​သည်​ အရင်​ လူဆိုးကြီးဘ၀တုန်းက လူအ​ပေါင်းကို နှိပ်​စက်​သတ်​ဖြတ်​ခဲ့ဖူး​သော​ အာရုံများ​ပေါ်​ပေါ်​နေခြင်း​ကြောင့်​ တရားအားထုတ်​ရာ၌ သမာဓိမရရုံမက ဆွမ်းခံသွားသည့်​အခါ၌လည်း လူ​တွေက ခဲနှင့်​​ပေါက်​ ၊ ​လေးခွနှင့်​ပစ်​၍ နှိပ်​စက်​သဖြင့်​ ဆွမ်းမရဘဲ အနာတရ အမြဲဖြစ်​ရရှာသည်​။
   တစ်​​နေ့တွင်​အရှင်​မြတ်​သည်​ မီးမဖွားနိုင်​၍ ပြင်းပြင်းပြပြ​ ဝေဒနာခံစား​နေရ​သော အမျိုးသမီးတစ်​ဦးကို ​တွေ့ရ၍ အထူးပင်​ကရုဏာသက်​သွားပြီး ​ဗုဒ္ဓအား ထိုအ​ကြောင်းကို ​လျှောက်​ထားသည်​။
   ထိုမှစ၍ အရှင်​မြတ်​အား လူတို့က ကြည်​ညိုလာကြသဖြင့်​ ဆွမ်းလည်း အလုံအ​လောက်​ရသည်​။ တရားအားထုတ်​ရာ၌လည်း စိတ်​ကြည်​လင်​လာသဖြင့်​ သမာဓိရကာ မကြာခင်​ ရဟန္တာဖြစ်​သွား​လေသည်​။ အရှင်​မြတ်​ သစ္စာဆို​သောစကားသည်​လည်း အဂုင်္လိမာလသုတ်​ဟု ဖြစ်​​ပေါ်လာရ​ပေသည်​။
   ဤသုတ်​​တော်​သည်​ အလွန်​ထက်​သည်​။ ဤသုတ်​ကို ရွတ်​ဆိုသူ၏ ထိုင်​​နေသည့်​​နေရာကိုပင်​ ​ရေ​ဆေးပြီး ထို​ရေကို မီးမဖွားနိုင်​သူအား တိုက်​ပါက လွယ်​ကူစွာ မီးဖွားနိုင်​သည်​ဟု ကျမ်းလာအဆို၌ ပါသည်​။
အဂုင်္လိမာလသုတ်​ ရွတ်​ရခြင်းအကျိုး
••••••••••••••••••••••••••••••••••
   ကိုယ်​၀န်​​ဆောင်​ အမျိုးသမီးများ လွယ်​ကူစွာ မီးဖွားနိုင်​ခြင်း အကျိုးရှိသည့်​အပြင်​ အခြား​ဘေးရန်​အန္တရာယ်​များကိုလည်း ​ပျောက်​ကင်း​စေနိုင်​ပါ​သည်​။
   အခြားအန္တရာယ်​များအတွက်​ဖြစ်​မူ .."" ​သောတ္ထိဂဗ္ဘဿ "" ဟူ​သော စာပိုဒ်​အစား
"" ​သောတ္ထိ​တေ ​ဟောတု..သင့်​အားချမ်းသာပါ​စေ.."" ဟုလည်း​ကောင်း..
ကိုယ့်​အတွက်​ဖြစ်​ပါမူ.."" ​သောတ္ထိ​မေ ​ဟောတု ..ငါ့အား ချမ်းသာပါ​စေ.."" ဟု လည်း​ကောင်း ပြင်​ရွတ်​ရပါမည်​။ ထို့အပြင်​ အများအတွက်​ဖြစ်​ပါမူ ..
"" ​သောတ္ထိ​ဝေါ ​ဟောတု.. သင်​တို့အား ချမ်းသာခြင်းဖြစ်​ပါ​စေ..""
မိမိနှင့်​အတူ အများအတွက်​ ဆို​ပါက "" ​သောတ္ထိ​​နော ​ဟောတု ..ငါတို့အား ချမ်းသာခြင်းဖြစ်​ပါ​စေ.."" ဟု လည်း​ကောင်း ရွတ်​ဆိုရပါမည်​။
ရွတ်​ရမည့်​အခါ
°°°°°°°°°°°°°
   ကိုယ်​၀န်​​ဆောင်​ အမျိုးသမီးများ မီးဖွားခါနီး၌ ရွတ်​ဆို​ပေးရပါမည်​။ ရွတ်​ဆိုသည့်​အခါ၌လည်း.."" ယ​တောဟံ ဘဂိနိ "".မှ စ၍ သစ္စာဆိုသည့်​ စကားကိုသာ အကြိမ်​ကြိမ်​ အခါခါ ရွတ်​ဆို​ပေးရပါမည်​။
** ဦး​ကျော်​ ပညာ​မော်​ကွန်း စုစည်းပူ​ဇော်​သည့်
” ဓမ္မမော်ကွန်း ” စာအုပ်မှ ကူးယူဓမ္မဒါနပြုပါသည်။
https://www.facebook.com/DhammaSarpay/
➰➰မြတ်ပါရမီ
ဓမ္မစာပေများရေးသား ကုသိုလ်ပြုသူများအဖွဲ့
မြတ်ဗုဒ္ဓ၏သာသနာ page.
https://m.facebook.com/story.php?story_fbid=1905627156327105&id=1526628857560272
No comments:
Post a Comment