စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, January 5, 2017

ပူတာရှုပ်တာ သူတို့ကြောင့်သာမှတ်

🎄ပူတာရှုပ်​တာသူတို့​ကြောင့်​သာမှတ်​ပါ🎄
************************************
          အသိမကူရင်​ ​လောကကြီးဟာ အရှုပ်​​တွေ သိပ်​ထူထပ်​ပါတယ်​။ အရှုပ်​အ​ထွေးထူသ​လောက်​ အပူ​တွေတကယ်​​ပေါတဲ့ ​လောကကြီးပါ။ ​လောက ကြီးကို အဝိဇ္ဇာနဲ့တဏှာဦး​ဆောင်​တာဆို​တော့ ရှုပ်​ ရမှာပဲ။ ပူလဲပူရမှာပဲ။
         ဒုက္ခမျိုးစုံကို ဦး​ဆောင်​​နေတာလဲ ``အဝိဇ္ဇာ နဲ့ တဏှာ ´´ ပဲ၊ ရှုပ်​တာလဲ သူတို့​ကြောင့်​ပါပဲ။ ပူတာ ညစ်​တာလဲ သူတို့​ကြောင့်​ပါပဲ။ ပြဿနာဆင်းရဲမျိုးစုံ ​တွေ့ကြုံ​နေရတာလဲ သူတို့​ကြောင့်​ပါပဲ။ တကယ်​​တော့ `` အဝိဇ္ဇာ နဲ့ တဏှာ ´´ ဟာ ​လောကကို လိမ်​ညာ ​သွေး​ဆောင်​ဖြား​ယောင်း​နေတာပါ။
***  တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
        (​ယော) ဆရာ​တော်​ ***
မြတ်​​သောသစ္စာ မြတ်​ဗုဒ္ဓ၏သာသနာ page
ကုသိုလ်​ပြုပါသည်​။

No comments:

Post a Comment