စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, January 10, 2017

၁၀.. ဗောဇ္ဈင်္ဂသုတ် ဖြစ်ပေါ်လာပုံ

ဗောဇ္ဈင်္ဂသုတ် ဖြစ်ပေါ်လာပုံ
******************

   ဗောဇ္ဈင်္ဂသုတ်သည် အလွန်အစွမ်းထက်သည်။ နတ်မန္တန် နတ်ဆေးကြီးဟူ၍ပင် အဆိုရှိသည်။

   အရှင်မဟာကဿပနှင့် အရှင်မောဂ္ဂလန် မထေရ်တို့ နာမကျန်းဖြစ်စဉ်က ဗုဒ္ဓကိုယ်တော်တိုင် ဗောဇ္ဈင်တရားတို့ကို ရွတ်ပေးရာ ချက်ချင်းလက်ငင်းကြီး ရောဂါပျောက်ကြသည်။

   ဗုဒ္ဓကိုယ်တော်တိုင် နာမကျန်းဖြစ်စဉ်ကလည်း အရှင်စုန္ဒထေရ်အား ယင်းဗောဇ္ဈင်သုတ်ကိုပင် ရွတ်စေရာ ဗုဒ္ဓမြတ်စွာ၏ ဝေဒနာမှာ ချက်ချင်းပျောက်ကင်းခဲ့လေသည်။ ဤသုတ်၌ ဗောဇ္ဈင်တရား ခုနှစ်ပါးတို့ ပါဝင်ရာ အကြိမ်ကြိမ်အထပ်ထပ် ပွားများအားထုတ်ရမည်ဖြစ်သည်။

   ကြားနာရုံမျှဖြင့်ပင် အနာရောဂါ ပျောက်ကင်းရခြင်းမှာ ဤသုတ်၏ ထူးခြားသောဂုဏ်ရည်ပင် ဖြစ်သည်။

ဗောဇ္ဈင်္ဂသုတ် ရွတ်ရခြင်းအကျိုး
•••••••••••••••••••••••••••••
   ဤသုတ်ကို ရောဂါဝေဒနာနှင့်ကြုံရတိုင်း ယုံယုံကြည်ကြည်နှင့် ရွတ်ဆိုပါက ရောဂါပျောက်ကင်းခြင်းအကျိုးကို ခံစားရသည်။

   ရွတ်ရမည့်အခါ
  ***********
   မိမိအိမ်၌ အိမ်သူအိမ်သား တစ်ယောက်ယောက် မကျန်းမာသည့်အခါ သို့မဟုတ် အခြားတစ်ဦးတစ်ယောက် နာမကျန်းရှိသည့်အခါ စသည်တို့၌ ရွတ်ဆိုပါ။
   မိမိကိုယ်ကိုယ် ကျန်းမာရေးမကောင်းသည့်အခါ၌ "" သောတ္ထိမေ ဟောတု "" ဟု ပြင်ရွတ်ပါ။

     ဦးကျော်( ပညာမော်ကွန်း)  စုစည်းပူဇော်သည့်
    ❆ ဓမ္မမော်ကွန်း ❆ စာအုပ်မှ ကူးယူဓမ္မဒါနပြုပါသည်။

https://www.facebook.com/DhammaSarpay/
➰➰ မြတ်ပါရမီ
ဓမ္မစာပေများ ရေးသားကုသိုလ်ပြုသူများအဖွဲ့
မြတ်ဗုဒ္ဓ၏သာသနာ page.

  ** ဤဗောဇ္ဈင်္ဂသုတ် ဖြစ်ပေါ်လာပုံအား ရေးသားပူဇော်ရသော အကျိုးအားကြောင့် ဓမ္မဒါနကုသိုလ်ပြုနေကြသော မြတ်ဗုဒ္ဓါ၏ သာသနာအဖွဲ့သားများနှင့် တကွ တရားချစ်ခင် သူတော်စင် ဓမ္မမိတ်ဆွေအပေါင်း အပါအ၀င် ကမ္ဘာသူ ကမ္ဘာသားအားလုံး ဘေးဘယာဝေးကွာကြပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရှိကြပါစေသော်ဝ်။

https://m.facebook.com/story.php?story_fbid=1906086356281185&id=1526628857560272

No comments:

Post a Comment