စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, January 17, 2017

မျက်ရည်များနဲ့ ဒို့ဘဝ

#ပြန်လည်ရှယ်ယူသွားခြင်းဖြင့်_ကုသိုလ်ယူနိုင်ကြပါစေသတည်း..

မျက်ရည်များနဲ့.. ဒို့ဘဝ
***********-******
လွမ်းမိတာပေါ့ အမေရယ်

တမ်းတမိတဲ့အဖြစ်က
ရင်နာရုံသက်သက်ပဲလား
မျက်ရည်ကို အဖော်ပြုရင်း
ညပေါင်းများစွာ ကုန်ခဲ့ရတယ်  အမေ

မညီမညာ ဝတ်သင်္ကန်းနဲ့
ပူလောင်ခြင်းရင်လွှာမှာ သပိတ်ပိုက်
အားငယ်တာပေါ့  အမေရယ်

ရွယ်တူကလေးတွေကိုမြင်တဲ့အခါ
အမေ့ကို အနားမှာရှိစေချင်တာက
အားမငယ်ဖို့ပါ  အမေ

မြင်ကွင်းစုံတစ်ခုကိုကြည့်ရင်း
ပီတိအလီလီ နဲ့ အားကျမိခဲ့
အမေ ခွံ့တဲ့ထမင်းတစ်လုပ်ကိုပေါ့
ခုတော့ အမေရယ်

သားတို့ရဲ့ဘဝလေးတွေ ထာဝရ
အပြင်မှာ အမြင်ဆန်းနေပေမဲ့
ရင်လွှာမှာ မျက်ရည်မိုးတွေ အပြိုင်ပါ အမေ

ကိုရင်လေးမို့ဆိုပြီး ဂရုမစိုက်တဲ့အခါ
အမေ့ဆီကို  အပြေးလာချင်ပေမဲ့
မွေးဌာနေ ဘယ်မှာဆိုတာ တကယ်မသိမို့
မျက်ရည်နဲ့ပဲ ပေးဆပ်ခဲ့ရတယ်  အမေ

တစ်ခါလောက်ပဲ  လာခဲ့ပါလား အမေ
သားအရမ်းလွမ်းနေလို့ပါ   အမေ
သူတို့လိုမျိုး  နွေးထွေးမူတွေကို
ခံယူရင်း နဲ့ ကြွားလိုက်ချင်တယ်  အမေ

မလျော်နိုင်  သင်္ကန်းအစုံ
ရေစိမ်ပြီး လှန်းခဲ့ရတဲ့ သားတို့အဖြစ်ကို
တစ်ခါလောက်ပဲ  နားလည်ပေးကြရင်
သိပ်ကောင်းမှာပေါ့  အမေရယ်

ခုတော့  ခုတော့  အမေရယ်
အခြေမဲ့ သားတို့ဘဝတွေက
ဖြေစရာ ရင်ဝယ်မရှိသည်မို့
အသည်းနာမိပါတယ်  အမေရယ့်

တစ်နေ့ ဆရာတော်ကြီးဖြစ်စေသော့်

ဓမ္မမာမက ၏post ကို
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpage ပြန်လည်တင်ဆက်သည်။

No comments:

Post a Comment