လောဘ နဲ့  အလောဘ
===============
#လိုချင်သဖြင့် ရအောင်အားထုတ်၍ ရသောအကျိုးထက်မလိုချင်ပဲနှင့် ဖြူစင်သော မြင့်မြတ်သော စိတ်စေတနာရင်းသက်သက်ဖြင့် အားထုတ်၍ရသော အကျိုးက အတိုင်းအဆမရှိ ကြီးမားပါ၏။
#အားထုတ်ရချင်းအတူတူ လိုချင်လေ အရနည်းလေ ဖြစ်ပြီး မလိုချင်လေ အရများလေဖြစ်သည်မှာ ဓမ္မနိယာမပင်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် လိုချင်၍ အားထုတ်ခြင်းမှာ လောဘ အပေါ်၌ အခြေခံပြီး မလိုချင်ဘဲ အားထုတ်ခြင်းမှာ အလောဘ အပေါ်၌ အခြေခံသောကြောင့် ဖြစ်၏။
#သစ္စာရှင်>>>တင်ဆက်သည်
No comments:
Post a Comment