စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Sunday, January 8, 2017
၅.. မောရသုတ်ဖြစ်ပေါ်လာပုံ
၅..​မောရသုတ်​ဖြစ်​​ပေါ်လာပုံ
**´`**´`**´`**´`**´`**
   ဘုရား​လောင်း ဥ​ဒေါင်းမင်းသည်​ ဒဏ္ဍက​တောင်​၌​နေစဉ်​ မနက်​ ဥ​ဒေတယံ- ချီ ဂါထာအား ​နေကိုကြည့်​ပြီးမှ အစာရှာထွက်​သည်​။ ည​နေ အိပ်​တန်းတက်​သည့်​အခါ၌မူ အ​ပေတယံ - ချီ ဂါထာကို ​နေကိုကြည့်​ပြီးမှ အိပ်​တန်းတက်​သည်​။ သို့ဖြင့်​ ဥ​ဒေါင်းမင်းတွင်​ သဘာဝအန္တရာယ်​ အနှစ်​ခုနစ်​ရာတိုင်​​အောင်​ မရှိခဲ့​ချေ။
   ထိုသို့​နေလာရာမှ တစ်​​နေ့တွင်​ ဗာရာဏသီမင်း၏ မိဖုရားမှာ ​ရွှေဥ​ဒေါင်းမင်း တရားကို နာရ​ကြောင်း အိပ်​မက်​, မက်​ရာမှစ၍ ဗာရာဏသီမင်း အဆက်​ဆက်​တို့ ​ရွှေဥ​ဒေါင်းမင်းကို ဖမ်းဆီးခဲ့ရာမှာ မင်း​ခြောက်​ဆက်​တိုင်​ ဖမ်းမရဘဲ ရှိခဲ့သည်​။ သတ္တမ​မြောက်​​ မင်းလက်​ထက်​ကျမှ ​စေလွှတ်​လိုက်​​သော မုဆိုးက ​ဒေါင်းမ​လေးနှင့်​ မြူဆွယ်​ဖမ်းမှ အဖမ်းခံလိုက်​ရ​ပေသည်​။
   ဤအ​ကြောင်းကို ​ဗုဒ္ဓက ဆွမ်းခံကြွရင်းမှ မိန်းမတစ်​​ယောက်​အား စွဲလမ်းလာ​သော ရဟန်းငယ်​တစ်​ပါးကို ​ခေါ်ပြီး ​ဟောပြ​တော်​မူရာ တရားအဆုံးတွင်​ ရဟန်းငယ်​မှာ ရဟန္တာဖြစ်​သွားပြီး ​မောရသုတ်​ ပရိတ်​​တော်​မှာလည်း ထိုအခါမှစ၍ ယ​နေ့ထိ​အောင်​ ဖြစ်​​ပေါ်တည်​ရှိ​နေ​ပေသည်​။
မောရသုတ်​ ရွတ်​ရခြင်းအကျိုး
•• •• •• •• •• •• •• •• •• ••
မိမိ၏ အကြံအစည်​များလည်း အ​နှောင့်​အယှက်​မရှိ ပြီးစီးနိုင်​ခြင်း အကျိုးကို ခံစားရပါသည်​။
ရွတ်​ရမည့်​အခါ
°° °° °° °° °°
   အချုပ်​အ​နှောင်​ ခံရသည့်​အခါ ၊ အန္တရာယ်​များ ကြုံ​နေသည့်​အခါတို့၌ ရွတ်​ပါ။
   မိမိဘ၀ ပျက်​စီးရာ ပျက်​စီး​ကြောင်း ကြံ​နေသူများ ရှိပါက အထူးပင်​ အာရုံပြု၍ ရွတ်​ရပြီး ​နေ့စဉ်​ရွတ်​နိုင်​ပါက အန္တရာယ်​ မှန်​သမျှ လုံခြုံစိတ်​ချရသည်​။
  ဦးကျော်( ပညာမော်ကွန်း) စုစည်းပူဇော်သည့်
                ❆ ဓမ္မ​မော်​ကွန်း❆ မှ ကူးယူဓမ္မဒါနပြုပါသည်။
https://www.facebook.com/DhammaSarpay/
🔺🔻မြတ်ပါရမီ
ဓမ္မစာပေရေးသားကုသိုလ်ပြုသည်များ အဖွဲ့
မြတ်ဗုဒ္ဓ၏သာသနာ page.
https://m.facebook.com/story.php?story_fbid=1904769909746163&id=1526628857560272
No comments:
Post a Comment